သွေးလွန်တုပ်ကွေးဖြစ်ပွားမှု ယမန်နှစ်ထက် လျော့ကျ

0
437

တနင်္သာရီတိုင်းတွင် ရှစ်လအတွင်း သွေးလွန်တုပ်ကွေးဖြစ်ပွားသူ လေးရာကျော်ရှိခဲ့ပြီး ပြီးခဲ့သည့်နှစ်ကထက် ဖြစ် ပွားမှုလျော့ကျလာကြောင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနရှိ ပိုးမွှားများမှတဆင့် ကူးစက်တတ်သော ရောဂါများ ကာကွယ်နှိမ်နှင်းရေးအဖွဲ့ (ရပကန)ထံမှ သိရသည်။

အထက်ပါဌာန၏ စာရင်းများအရ ယမန်နှစ် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ သြဂုတ်လ ၂၄ ရက်အထိ သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၆၄၉ ဦး ရှိခဲ့ပြီး ယခု ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ဇူလိုင်လကုန်အထိ သွေးလွန် တုပ်ကွေးဖြစ်ပွားသူ ၄၇၆ ဦးသာရှိခဲ့ရာ ၁၇၀ ကျော် လျော့ကျခဲ့ခြင်း ဖြစ်သည်။

ကူးစက်မြန် ဒုတိယလှိုင်း အန္တရာယ်နှင့် ကိုဗစ်ကာလ အားကစားပွဲ

ပြီးခဲ့သည့်နှစ်က သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုကြောင့် သေဆုံးသူ သုံးဦးရှိခဲ့ပြီး ယခုနှစ်တွင် ဖြစ်ပွားသူ ဦးရေ နည်းပါးသည့်အပြင် သေဆုံးသူလည်း မရှိသေးကြောင်း (ရပကန)အဖွဲ့ ခေါင်းဆောင် ဒေါက်တာနန္ဒဝင်းက ပြောသည်။

“ဆရာတို့က ဖြစ်ပွားသူများတာကို တတ်နိုင်သမျှ ဖိဖိစီးစီး လိုက်ပြီးတော့ အခြားအဖွဲ့အစည်းအကူအညီယူ၊ လိုအပ်တဲ့ နည်းစနစ်ပိုင်းဆိုင်ရာ ပြောင်းလဲလိုက်တော့ ဖြစ်ပွားသူအရေအတွက်က တအားကျသွားတယ်” ဟု ဒေါက်တာ နန္ဒဝင်းက ဆိုသည်။

သွေးလွန်တုပ်ကွေးရောဂါပိုးသယ် ဆောင်သည့်ခြင်မှာ ကလေးတစ်ယောက်မှ အခြားတစ်ယောက်ကို ထပ်မံကိုက်ခံရသဖြင့် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွား ရခြင်းဖြစ်ပြီး ယခုနှစ်တွင် ထူးခြားချက်အနေနှင့် ကျူရှင်နှင့် ကျောင်းများ ပိတ်ထားသဖြင့် ဖြစ်ပွားမှုနည်းနေခြင်း ဖြစ်နိုင်သည်ဟု ၎င်းက သုံးသပ်ပြောဆိုသည်။

သွေးလွန်တုပ်ကွေးရောဂါသည် အသက်တစ်နှစ်မှ လေးနှစ်အရွယ် ကလေးများနှင့် အသက် ငါးနှစ်မှ ကိုးနှစ်ကြားရှိ ကလေးငယ်များတွင် ဖြစ်ပွားမှုအများဆုံးဖြစ်ပွားသည်ဟု အထက်ပါဌာန၏ အချက်အလက်များက ဆိုသည်။

ဦးနှောက်ကို ထိစေသော ကိုဗစ်နဲ့ ကုစားနည်း

သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု အောက်တိုဘာလကုန်အထိ စောင့်ကြည့်သွားမည်ဖြစ်ပြီး မိဘများအနေဖြင့်လည်း သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရန်အတွက် ကလေးစဖျားပါက နီးစပ်ရာကျေးလက်ကျန်းမာရေးဌာနများတွင် ဆေးစစ်မှုများပြုလုပ်ကာ ကျန်းမာရေးဝန်ထမ်းများ၏ အကြံပြုချက်များကို ရယူသင့်ကြောင်း ၎င်းက ပြောသည်။

သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု လျော့နည်းစေရန်အတွက် ခြင်ဆေးဖျန်းခြင်း၊ ဆေးမှုတ်ခြင်း၊ ပိုးလောက်လန်းသေဆေးခတ်ခြင်းစသဖြင့် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများကို ဖိဖိစီးစီးပြုလုပ်လျက်ရှိကြောင်း ဒေါက်တာနန္ဒဝင်းက ပြောသည်။

၂၀၁၈ ခုနှစ်တွင် သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားသူ ၁၄၆၂ ဦးရှိခဲ့ပြီး သေဆုံးသူ ကိုးဦးရှိခဲ့ကြောင်း အထက်ပါ ဌာနထံမှ သိရသည်။

မြို့နယ်အမည်ဖြစ်ပွားသူဦးရေ စုစုပေါင်း
ထားဝယ်၁၀၉
ရေဖြူ၁၁၃
သရက်ချောင်း၆၇
လောင်းလုံး၂၇
မြိတ်၂၆
တနင်္သာရီ၂၄
ပုလော၃၂
ကျွန်းစု၁၉
ကော့သောင်း၅၅
ဘုတ်ပြင်း