ကူးစက်မြန် ဒုတိယလှိုင်း အန္တရာယ်နှင့် ကိုဗစ်ကာလ အားကစားပွဲ

0
561

မြန်မာရွှေ့ပြောင်းလုပ်သားအများစုမှာ ထိုင်းနိုင်ငံသို့ သွားရောက်ချိန်တွင် တနင်္သာရီတိုင်းနှင့် ထိစပ်နေသည့် ထိုင်း-မြန်မာနယ်စပ်များမှတစ်ဆင့် ဝင်ထွက်သွားလာလေ့ရှိသည်။ ယင်းတို့တွင် ရခိုင်ပြည်နယ်မှ ရွှေ့ပြောင်း အလုပ်သမားများလည်း ပါဝင်နေသည်။

လက်ရှိဖြစ်နေသည့် ရောဂါအနေအထားအရ တနင်္သာရီတိုင်းတွင်းနေ ပြည်သူများက ကိုဗစ်ကူးစက်မှု စိုးရိမ် ရသည့်အခြေအနေ ရှိနေကြောင်း ပူပန်သူများလည်းရှိလာသည်။

ဟိန္ဒားသတ္တုတွင်းတူးခွင့်ရကုမ္ပဏီအား ဆက်လုပ်ခွင့်ပြုမည်ကို ဒေသခံများစိုးရိမ်

“စိုးရိမ်နေရတဲ့ပုံစံက ရာနှုန်းပြည့် ပဲဗျ။ အချိန်မရွေး ထဖြစ်နိုင်တယ်လို့တောင် တွေးထားတယ်” ဟု ဦးနိုင်မျိုးသွင် က ဆိုသည်။

ကူးစက်မြန် ဒုတိယလှိုင်းအန္တရာယ်
လတ်တလောအနေအထားတွင် ထိုင်းနိုင်ငံသို့ ထီးခီးလမ်းမှတစ်ဆင့် သွားရန် ထားဝယ်အဝေးပြေးဂိတ်သို့ နေ့စဉ် လူသုံးဆယ်ထက်မနည်း လာရောက်နေကြသည်ကို မျက်မြင်တွေ့ခဲ့ရသည်ဟု ကိုဗစ်ကပ်ဘေးကာကွယ်ရေးကို အစဉ်တစိုက်လုပ်လာသူ ဦးနိုင်မျိုးသွင် က ဆိုသည်။

မကြာမီရက်ပိုင်းတွင် မလွှဲတောင်ဂိတ် အပါအဝင် တိုင်းအတွင်းရှိနေရာ အချို့တွင် စစ်ဆေးရေးဂိတ်များ ပြန်ဖွင့် ရန်ရှိသည်ဟု တိုင်းအစိုးရအဖွဲ့ တာဝန် ရှိသူတစ်ဦး၏ ပြောဆိုမှုကို ကိုးကား၍ ၎င်းက ပြောဆိုသည်။

ကူးစက်မှုမြန်ဆန်သည့် မျိုးရိုးဗီဇပြောင်း ကိုဗစ်ဗိုင်းရပ်စ်ပိုးမှာ လတ်တလောတွင် ရခိုင်ပြည်နယ်တွင် အလျင် အမြန် ကူးစက်နေပြီဖြစ်သည်။ မျိုးရိုး ဗီဇပြောင်းသွားသည့် ဗိုင်းရပ်က ယခင်ထက် ကူးစက်မှုနှုန်း ၁၀ဆ မြန်ကြောင်း ဆေးပညာရှင်များက ထုတ်ဖော်ပြောဆို ထားသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ငါးရက်တာကာလအတွင်း ကိုဗစ်ဖြစ်ပွားသူ ၄၅ ဦးအထိ ရှိခဲ့ပြီး ပြည်သူများအကြားတွင်လည်း ရောဂါလက္ခဏာ မပြဘဲ ကူးစက်နေသူများရှိနေကြောင်း ကျန်းမာရေးဝန်ကြီးဌာနကလည်း ထုတ်ပြန်ထားသည်။

ထိုကြောင့် မြန်မာနိုင်ငံအတွင်း ကိုဗစ်ကပ်ဘေး ဒုတိယလှိုင်းဖြစ်လာမည်ကို အစိုးရကိုယ်တိုင်ကလည်း စိုးရိမ်နေသည်ဟု ထုတ်ဖော်ပြောဆိုလာသည်။

ကိုဗစ်ကာလ အားကစားပွဲ
ကိုဗစ်အရေးနှင့် ပတ်သက်၍ ပြည်သူများကိုယ်တိုင်ကလည်း ပေါ့ဆ မှုများရှိနေသည်။ နေအိမ်မှအပြင်ထွက် ရာတွင် နှာခေါင်းစည်းဝတ်ဆင်သူ မရှိ သလောက်နည်းလာပြီး ၃၀ ဦးထက်ပိုသည့် လူစုလူဝေးများလည်း လုပ်ဆောင် နေကြသည်။ ရပ်ရွာအတွင်း ဘောလုံးပွဲ၊ ခြင်းလုံးခတ်ပွဲများတွင် လူဦးရေ အများအပြားကို တွေ့နိုင်မည်ဖြစ်သလို လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်၊ ဘီယာ ဆိုင်များတွင်လည်း ကိုဗစ်စည်းကမ်း ချက်များမှာ အိပ်ပျော်နေသည်။

ကိုဗစ်ကာလ လူသုံးဆယ်ဦးထက် မကျော်ရဆိုသည့် ထိန်းချုပ်မှုကြားထဲတွင်ပင် ဈေး၊ ဘာသာရေး၊ နာရေး အခမ်းအနား၊ လူစု၊ လူဝေးများက ရှိနေလာနေသည်။ ယင်းအပြင် နောက်ထပ် လူစုလူဝေးတစ်ခု ထပ်တိုးလာသည်မှာ အားကစားပွဲများဖြစ်သည်။

လောင်းလုံးမြို့နယ် သပြေရှောင် ကျေးရွာနှင့် ကျောက်တွင်းကျေးရွာတို့တွင် သြဂုတ်လ ၁၇ ရက်က ရာနှင့် ချီသော လူစု၊ လူဝေးဖြင့် ဘောလုံးပြိုင်ပွဲ ကျင်းပနေကြသည်။ ယင်းဘောလုံးပွဲများမှာ ရွာနီးချင်း လူငယ်များအချင်းချင်း ချိန်းကန်သည့် ဘောလုံးပွဲများ ဖြစ်သည်။

ရွှေအရောင်းအဝယ် ကျနေဆဲ

ထားဝယ်ခရိုင်တွင် မိုးရာသီဆိုပါက ကျေးရွာအလိုက် ကျင်းပလေ့ရှိသည့် အုပ်ချုပ်ရေးမှူးဖလား ဘောလုံးပြိုင်ပွဲများမှာ ကျေးရွာအတော်တော်များများတွင် ကျင်းပလေ့ရှိသည်။ ကိုဗစ်ထိန်းချုပ်မှုကြောင့် ယင်းကျေးရွာအုပ်ချုပ် ရေးမှူးဖလားပြိုင်ပွဲများ မရှိချိန်တွင် ချိန်းပွဲများ ပေါ်လာခြင်းဖြစ်သည်။

လောင်းလုံးမြို့နယ်တွင် ကိုဗစ်ကာလ လူသုံးဆယ်ဦးထက်ပိုမစုရ အချိန်တွင် ဘောလုံးပွဲများ မကြာခဏကျင်းပ လေ့ရှိကြောင်း သပြေရှောင်နှင့် ကျောက်တွင်းကျေးရွာဘောလုံးပွဲလာ ပရိသတ်အချို့ထံမှ သိရသည်။ အထူးသဖြင့် တနင်္ဂနွေနှင့် ဥပုသ်နေ့မျိုးတွင်ဖြစ်သည်။

သပြေရှောင်ကျေးရွာ အုပ်ချုပ်ရေးမှူးကမူ ယင်းဘောလုံးပွဲများကို ကျင်းပ ခွင့်မပြုထားဘဲ လူငယ်များက တာဝန်ယူကာ ကျင်းပခြင်းဖြစ်ကြောင်း ပြောသည်။

“ခွင့်ပြုထားက လူသုံးဆယ်ပဲရှိ သေးတယ်ဆိုတော့ ဒီလိုဘောလုံးပွဲတွေက ရုပ်ဆိုးနေတယ်ပေါ့” ဟု သပြေရှောင်အုပ်ချုပ်ရေးမှူး ဦးမျိုးအောင်က ဆိုသည်။

ဘောလုံးကန်သူအချို့ကမူ ၎င်းတို့အနေဖြင့် လူစု၊ လူဝေးကို ဖန်တီး ခြင်းမဟုတ်ပါဟု ဆိုသည်။ အစိုးရက ၂၉ ဦးထက် ပိုပြီး မစုဝေးရန် တားမြစ်ထားပြီး နှစ်ဖက်ဘောလုံးအသင်းတွင် ကစားသမားသည် ထိုပမာဏကို ကျော်လွန်ခြင်းမရှိဟု တုံ့ပြန်သည်။

အမှန်တကယ်တွင်မူ ၎င်းတို့ ဘောလုံး ကစားနေသည်ကို လူစုလူဝေးဖြင့် လာရောက်ကြည့်ရှုနေကြခြင်းသာ ဖြစ်သည်ဟု ဆိုသည်။

“ကျွန်တော်တို့ နှစ်သင်းစလုံးပေါင်း လိုက်ရင်တောင်မှ လူသုံးဆယ်မပြည့်ဘူး။ အဲဆိုရင် ကျွန်တော်တို့က လူစု၊ လူဝေးလုပ်တယ်လို့ ပြောလို့ရမလား” ဟု အမည်မဖော်လိုသည့် အားကစားသမားတစ်ဦးက မေးခွန်းထုတ်သည်။

ဘေားလုံးကန်သူတို့ကမှု လူစု၊ လူဝေးဖြစ်စေရန် မရည်ရွယ်သော်လည်း ပွဲကြည့်ပရိသတ်များမှာ နဂိုကတည်းက ဘောလုံးအားကစားကို ဝါသနာကြီးခြင်း၊ ကိုဗစ်ကာလအတွင်း ဘောလုံးပွဲများ ငတ်မွတ်နေခြင်းက လူစုလူဝေးဖြစ်စေရန် တွန်းပို့နေသည်။

ရုံးခန်းမရှိက ကုမ္ပဏီများ ဒဏ်ငွေလေးသိန်း

ပွဲကြည့်ပရိသတ်များက သူတို့သဘောဖြင့် လာကြည့်ခြင်းကို အားကစားသမားတို့ဘက်ကလည်း တားဆီးရန် အခက်အခဲရှိနေသည်။ အုပ်ချုပ်ရေးမှူး ဘက်တွင်လည်း အခက်အခဲရှိသည်။ အုပ်ချုပ်ရေးမှူးမဆိုထားနှင့်။ တိုင်းအစိုးရသည်ပင် အမျိုးမျိုးသော လူစုလူဝေးများကို ထိရောက်စွာ တားနိုင်ခြင်းမျိုး မတွေ့ရပေ။

တိုင်းအစိုးရ ရုံးစိုက်ရာ ထားဝယ်မြို့ပေါ်တွင်ပင် လူစုလူဝေးဖြင့် လာရောက်အားပေးနေကြသည့် ပိုက်ကျော် ခြင်းခတ်ပွဲများကိုတွေ့မြင် နေရသည်။

သရက်ချောင်းမြို့နယ် ရငဲကျေးရွာတွင် သြဂုတ်လ တတိယအပတ်က ကျင်းပသည့် အပျော်တမ်း ခြင်းခတ်ပြိုင်တွင်လည်း လူစုလူဝေးဖြင့် ပရိသတ်များက လာရောက် အားပေးခဲ့ကြသည်။ မြန်မာ့လက်ရွေးစင် ပိုက်ကျော်ခြင်း သမားတစ်ဦးလည်း ယင်းပွဲတွင် ပါဝင် ကစားခဲ့သည်။

အစိုးရ၊ တိုင်းအားကစားနှင့် ကာယပညာဦးစီးဌာနက ဦးဆောင်ကျင်းပသည့် အားကစားပွဲများအားလုံး ကိုမူ ရပ်နားထားဆဲဖြစ်သည်။

အစိုးရအနေနှင့် ကိုဗစ်ရောဂါကို ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ကြေညာမှသာ အားကစားပြိုင်ပွဲများ ပြန်လည် ကျင်းပမည်ဖြစ်ကြောင်း အထက်ပါဌာန ညွှန်ကြားရေးမှူး ဦးစိုးမိုးနိုင်က ပြောသည်။

နှာခေါင်းစည်းတပ်ရန်၊ လူသုံး ဆယ်ဦးထက်ပိုမစုရန် စသည်ဖြင့် အစိုးရကထုတ်ပြန်ထားသော အမိန့်များမှာ ယခင်အတိုင်း တည်မြဲနေဆဲဖြစ်ကြောင်း တိုင်းအစိုးရ တာဝန်ရှိသူတစ်ဦး က ပြောဆိုသည်။

ရငဲကျေးရွာသားတစ်ဦးကမူ “(အား ကစား) ပြိုင်ပွဲတွေ၊ ဖိတ်ခေါ်ပွဲတွေကတော့ ရွာတွေမှာ မလုပ်သေးတာ ကောင်းတယ်။ ရောဂါကလည်း ပြန့်နေ သေးတာကိုး” ဟု ဆိုသည်။

ကြိုတင်ကာကွယ် ဘေးအန္တရာယ်
ထိုကဲ့သို့ လျော့ရဲလာသည့် ကိုဗစ် ကာကွယ်ရေး စည်းကမ်းများကို ပြန်လည်တင်းကျပ်သင့်ကြောင်း ဦးနိုင်မျိုးသွင် က အကြံပြုသည်။

“အခုလိုပေါ့လျော့သွားတာသည် အခြေအနေတစ်ခုကို အရေးပေါ်ဖြစ် သွားနိုင်တယ်ဆိုတာကို ဦးတည်နေတယ်” ဟု ဦးနိုင်မျိုးသွင်က ပြောသည်။

တနင်္သာရီတိုင်းအစိုးရ အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးဦးကျော်မင်းကမူ အစိုးရက ထုတ်ပြန်ထားသည့် ကိုဗစ်ကာလ စည်းကမ်းသတ်မှတ်ချက်များမှာ ပြန်လည်ရုပ်သိမ်းခြင်း မပြုသေးသည့်အတွက် အသက်ဝင်နေဆဲဖြစ်သည်ဟု ဆိုသည်။

တိုင်းအစိုးရက အပြင်ထွက်ချိန် နှာခေါင်းစည်းတပ်ရန်၊ လူစုလူဝေး ရှောင်ရန်အစရှိသည့် ကျန်းမာရေးဌာန ညွှန်ကြားချက်များအတိုင်း လိုက်နာနေထိုင်ရန် အမိန့်ထုတ်ပြန်ထားသည်။

“အဲဒါကလည်း မရုပ်သိမ်းသေးတဲ့အတွက် ဒါက တည်မြဲနေဆဲပဲဖြစ် ပါတယ်။ ဒီအတိုင်းပဲ ပြည်သူတွေ အနေနဲ့ လိုက်နာဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံ ပါတယ်” ဟု ဝန်ကြီးဦးကျော်မင်းက ပြောသည်။

လက်ရှိတွင် စစ်တွေဖြစ်စဉ်ကဲ့သို့သော ကိုဗစ်ကပ်ဘေးနှင့်ပတ်သက်၍ မည်ကဲ့သို့ ဆက်လက်လုပ်ဆောင်မည် ဆိုသည့် အကြောင်းအရာအား ပြည်ထောင်စုအစိုးရထံ တင်ပြထားကြောင်း ဝန်ကြီးဦးကျော်မင်းက ပြောသည်။ သို့သော် မည်သည့်အချက်များပါဝင်သည်ကိုမူ ၎င်းက မပြောပေ။

ကိုဗစ်ကာလစည်းကမ်းသတ်ချက်များ လိုက်နာကြရန် အစိုးရက ထုတ်ပြန်ထားသော်လည်း ယခင်ကတည်းကပင် စိစစ်ကြပ်မတ်မှု အားနည်းခဲ့သည်ကို တွေ့ရကြောင်း ဦးနိုင်မျိုးသွင်က ပြောသည်။

ထိုကြောင့် လက်ရှိတွင် သီးခြားအဖွဲ့ဖွဲ့စည်းပြီး ကြပ်ကြပ်မတ်မတ် ကိုင်တွယ်သင့်သည်ဟု ၎င်းက ထောက် ပြသည်။

တနင်္သာရီတိုင်းတွင် ကိုဗစ်ကပ် ရောဂါ အစုလိုက်ဖြစ်ပွားလာပါက တုံ့ပြန်ဆောင်ရွက်ရန်အတွက် နေရာ သုံးခုတွင် လေ့ကျင့်ခန်းလုပ်ရန် စီစဉ်ထားကြောင်း ပြည်သူ့ကျန်းမာရေး/ ကုသရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီး မှူး ဒေါက်တာထွန်းမင်းက ဆိုသည်။

ကိုဗစ်ကူးစက်သူ များပြားလာပါက နိုင်နင်းစွာ ကိုင်တွယ်နိုင်ရန် ဆေးရုံအပိုင်း၊ ပြည်သူ့ကျန်းမာရေးအပိုင်းနှင့် ကိုဗစ်အရေးပေါ် တုံ့ပြန်ရေး ကော်မတီများက သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ဆောင်ရမည့်အပိုင်းများကို လေ့ကျင့် မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“ပစ္စည်းကိရိယာကတော့ အကုန်ရှိ ပါတယ်။ အဆင်သင့်။ PPE တို့ ဘာတို့က အလုံအလောက်ရှိတယ်၊ ပူစရာမလို ဘူး” ဟု ဒေါက်တာထွန်းမင်းက ဆိုသည်။

ထို့အပြင် NGO အဖွဲ့များ၊ ပရဟိတ အသင်းအဖွဲ့များက ကူညီဆောင်ရွက်ပေးနိုင်မည့်အပိုင်းများကို ကြိုတင်ဆွေး နွေးမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယင်းကဲ့သို့ ကိုဗစ်ကပ်ဘေးကိုင် တွယ်ရန်အတွက် လေ့ကျင့်ခန်းများ လုပ်နေသကဲ့သို့ ကိုဗစ်ရောဂါရှိ/မရှိ အရေး ပေါ်စစ်ဆေးမည့် စက်သုံးလုံးကိုလည်း တပ်ဆင်ရန်လည်း စီစဉ်ထားသည်။ လက်ရှိတွင် ကော့သောင်းဆေးရုံ၌ တပ်ဆင်ပြီးဖြစ်ကာ ထားဝယ်နှင့် မြိတ်တွင်လည်း တပ်ဆင်ရန် ကျန်ရှိသည်။ တိုင်းအတွင်း တပ်ဆင်မည့်စက်များမှာ တစ်ကြိမ်စစ်ဆေးလျှင် နှစ်နာရီကြာမြင့်ပြီး နှစ်ခုကို စစ်ဆေးနိုင်သည်။

ကိုဗစ်ပထမလှိုင်းဟု ဆိုနိုင်သည့် သြဂုတ်လမတိုင်မီက တနင်္သာရီတိုင်းအတွင်း နေသူနှစ်ဦး ကိုဗစ်ရောဂါ ဖြစ်ပွားခဲ့သည်။