ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အတွေးအမြင်

ရွှေပြည်တော် မျှော်တလင့်လင့်

diz_admin

October 18, 2020

မြန်မာနိုင်ငံကို ဘယ်လိုနိုင်ငံမျိုး ဖြစ်စေချင်လဲ။ ဒီလို နိုင်ငံ့အရေးနဲ့ ပတ်သက်ပြီး အဝေးကြီးကို မျှော်ငေးမိတော့ အကြောင်းအရာတွေက ခေါင်းထဲရှုပ်ထွေး ပွေလီပြီး ရောက်ရှိလာတယ်။ ယိုပေါက်များလှတဲ့ လှေတစ်စီးလို ဘယ်အပေါက်ကို အရင်ပိတ်ရမလဲဆိုတဲ့ ခံစားချက်မျိုးနဲ့ပါ။ ကျွန်တော်တို့နိုင်ငံကို ဘယ်လိုမျိုး ဖြစ်စေချင်လဲ ဆိုတာနဲ့ ပတ်သက်ပြီး မေးလာခဲ့ရင် ကျွန်တော် တွေးမိထားတာတွေက အများကြီး။ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး ကစလို့ အရာရာရဲ့ အားနည်းချက်ဒဏ်ကို မငြိမ်းမချမ်း ခံစားနေရတဲ့ လူငယ် တစ်ယောက်အနေနဲ့ ရင်ထဲမှာ ပြောချင်တဲ့ စကားတွေက တစ်ပုံတစ်ပင်ပဲ။ သမိုင်းတွင်မယ့် အနိဋ္ဌာရုံ မြင်ကွင်းတွေကလည်း မျက်စိထဲက မထွက်သေးတော့ ဘာလိုချင်လဲလို့ တိုတိုမေးရင် ငြိမ်းချမ်းရေးလို့ တိုတိုဖြေမိလိမ့်မယ်။ တကယ်တော့ ငြိမ်းချမ်းရေးဆိုတာ စကားသုံးလုံးတည်းပေမဲ့ သိပ်ကျယ်ပြန့်တယ်၊ သိပ်နက်ရှိုင်းတယ်၊ သိပ်သိမ်မွေ့တယ်ဆိုတာ […]

ဘာသာစကားများ၏ အနာဂတ်

diz_admin

October 17, 2020

The Voice Myanmar သီချင်းဆို ပြိုင်ပွဲကို YouTube ကတစ်ဆင့် ကြည့်ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ပြုလုပ်နေကြတဲ့ သီချင်းဆိုပြိုင်ပွဲတွေက တစ်ခုပါ။ တခြားပြိုင်ပွဲတွေနဲ့မတူဘဲ သူ့စတိုင်နဲ့ သူအဆင့်တန်းတစ်ခုတော့ ရှိနေတာ တွေ့ရတယ်။ အဲဒီပြိုင်ပွဲဝင်တွေထဲက ကလေးမလေးတစ်ယောက်က ဗမာစကား သိပ်မပြောတတ်လို့ အင်္ဂလိပ်သီချင်းနဲ့ ပြိုင်တာပါလို့ ဆိုလာပါတယ်။ နောက်ပိုင်း သူ့အင်တာဗျူးတွေမှာ ကြည့်ရသလောက်တော့ ဗမာစကားကို ကောင်းကောင်းမွန်မွန်ပြောနိုင်တာ တွေ့ရပါတယ်။ ဒါပေမဲ့ တချို့သော နက်နဲတဲ့ စကားလုံးတွေကို နားမလည်ဟန်ရှိ ပါတယ်။ အဲဒီအခက်အခဲကတော့ ခေတ်လူငယ်တော်တော်များများမှာ ရှိနေနိုင်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ဗမာစကား မပြောတတ်တာ၊ မြန်မာစာ မရေးတတ်တာ၊ မဖတ်တတ်တာဟာ ဂုဏ်ယူစရာ ဖက်ရှင်တစ်ခုဖြစ်နေပြီလား စိုးရိမ်မိပါတယ်။ မြို့ပြမှာ နေထိုင်ကြတဲ့ လူကုံထံ ကြေးရတတ်အသိုင်းအဝိုင်းတွေက သူတို့ရဲ့သားသမီးတွေကို နိုင်ငံတကာကျောင်းတွေမှာ ထားကြပါတယ်။ […]

ပလ္လင်ထက်က ပြည်သူ့ကျွန်များ ဖြစ်နေပြီလား

diz_admin

October 16, 2020

၂၀၂၀ ခုနှစ်ဟာ ထူးထူးခြားခြား အဖြစ်တွေနဲ့ အမှတ်ရစရာတွေများလှတဲ့ နှစ်တစ်နှစ်ပဲ ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးက အုန်းအုန်းကျွက်ကျွက် ဖြစ်ရတဲ့ ကိုဗစ်-၁၉ ရောဂါဟာ နှစ်ဆန်းပိုင်းက စပြီး ဖြစ်ပွားလာလိုက်တာ မြန်မာနိုင်ငံမှာ နှစ်ကုန်ပိုင်းရောက်ခါနီးလေလေ ဖြစ်ပွားမှုနှုန်း ပိုများလေလေလို့ ပြောရမလောက်ပါပဲ။ အခုဆိုရင် တစ်ရက်တည်းကို ကူးစက်ခံရသူ ထောင်ကျော်လာခဲ့ပြီး၊ သေဆုံးသူ လေးဆယ်ကျော်တဲ့အထိ စံချိန်တင်လာခဲ့ပါတော့တယ်။ စက်တင်ဘာလကစပြီး ကိုဗစ်ကူးစက် ခံရသူနဲ့ သေဆုံးသူတွေရဲ့ တရိပ်ရိပ်တက်လာတဲ့ ကိန်းဂဏန်းနဲ့အတူ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေး အခမ်းအနားတွေကလည်း စုရုံးစုရုံးနဲ့ တရိပ်ရိပ်တက် လာခဲ့ပါတော့တယ်။ ဥပဒေတွေ၊ အမိန့်တွေ ဘယ်လိုထုတ်ထားထား ထိန်းမနိုင်သိမ်းမရတဲ့ လူအုပ်ကြီးတွေကို ဖေ့ဘုတ်မှာ နေ့တိုင်း တွေ့နေမြင်နေရတော့တာ ပါပဲ။ ဒါပေမဲ့ တချို့လွှတ်တော်ကိုယ်စားလှယ်လောင်းတွေက ကိုဗစ်-၁၉ ကြောင့် မဲဆွယ်စည်းရုံးရေးကို လူတွေတရုန်းရုန်းနဲ့ မလုပ်ကြတော့ဘဲ […]

ကပ်ဘေးလွန်ကမ္ဘာရဲ့ အလွမ်းဇာတ်များ

diz_admin

October 11, 2020

အခန်း (၁၂) ချောင်းမကြီးထဲမှာ ၂၁ ရာစုကို ဖြတ်သန်းဖို့ မိုဘိုင်းဖုန်းကောင်း ကောင်းတစ်လုံးတော့ ခင်ဗျားမှာ လိုလိမ့်မယ်။ ကမ္ဘာကြီးနဲ့ အဆက်အသွယ်လုပ်ဖို့ ကမ္ဘာကြီးအကြောင်း သိနေဖို့တော့ မဟုတ်ဘူး။ ကမ္ဘာကြီးထဲကနေ လွတ်မြောက်ရာရှာဖို့ မိုဘိုင်းဖုန်းတစ်လုံး လိုတာပါ။ ဥတုဘေးသင့်ကမ္ဘာမှာ ခင်ဗျားရဲ့ အိမ်ပြတင်းပေါက်က လှမ်းကြည့်တိုင်း မကြည်မလင် မသာယာစရာတွေပဲ မြင်ရဖို့များပါလိမ့်မယ်။ အဲဒီအခါ မိုဘိုင်းဖုန်းမျက်နှာပြင်ကိုပဲ ပြေးဝင်ပြီး လွတ်မြောက် ရာရှာမယ်ပေါ့။ သာယာစရာ ပျော်ရွှင် စရာတွေကို ရှာကြည့်ပြီး အခြေအနေဆိုးတွေထဲမှာ နေတတ်အောင် နေကြမယ်ပေါ့။ လိုက်လျောညီထွေ ဖြစ်အောင်နေခြင်း (Adaptation) ဆိုတဲ့စကားကို ဥတုရာသီပြောင်းလဲမှုနဲ့တွဲပြီး ခင်ဗျားကြားမိနေမှာပါ။ ဒီအတိုင်းဆက်သွားရင် လူတိုင်း မိုဘိုင်းဖုန်းကိုယ်စီနဲ့ လိုက်လျောညီ ထွေဖြစ်အောင်နေကြတဲ့ အနာဂတ်ဟာ စိတ်ကူးယဉ်သိပ္ပံဝတ္ထု မဟုတ်ဘဲ တကယ့်ဖြစ်နိုင်ခြေ တစ်ခုပါ။ မကောင်းတဲ့အခြေအနေတွေကို […]

ကိုဗစ်ကာလ ဝိုးတဝါးအတွေးများ

diz_admin

October 8, 2020

မနက်လင်းတာနဲ့ ပထမဆုံး ဖွင့်ကြည့်မိတာ လူမှုကွန်ရက်ပေါ်က ကိုဗစ် သတင်းတွေဖြစ်သလို ညဘက်အိပ်ရာ ဝင်ချိန်မှာလည်း အဲသည် သတင်းတွေကိုပဲ ဖွင့်ကြည့်ရင်း ရင်ထဲ လေးလေးလံလံ ဖြစ်ပြီးမှ အိပ်ဖြစ်ခဲ့တဲ့ ညတွေ များခဲ့ပါပြီ။ ကမ္ဘာ့ကပ်ဘေး ဖြစ်နေတဲ့ ကိုးလကျော် သက်တမ်းမှာ ကိုဗစ်ဟာ ကျွန်တော်တို့ရဲ့ အနီးကပ်ဆုံးအထိ ထိုးဖောက် လာနိုင်ခဲ့တယ်။ ကိုယ်နဲ့ ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်မိသားစု ၊ ကိုယ့်ရပ် ကိုယ့်ရွာရဲ့ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာကိုပါ တစ်ပါတည်း ခြိမ်းခြောက်နေပြီး ဝမ်းစာရေးသာမက ကိုယ့်အသက်ရှင် ရပ်တည်နေထိုင်မှု၊ ကျန်းမာရေးအတွက်ပါ ခြိမ်းခြောက်မှုတွေနဲ့ ပြဿနာတွေ ပေးလာတာ အထင်အရှားပါပဲ။ ကိုဗစ် အလွန်ကာလမှာ ကိုယ်တွေအတွက် အနာဂတ်ဆိုတာ ရှိနိုင်ပါ့ဦးမလားဆိုတဲ့ အတွေးတွေအထိ တွေးမိသလို အဲသည်အတွက် အဖြေကလည်း ဝိုးတဝါးပါပဲ။ လမြးတှေ […]

မီးလေဝသ အခြေအနေ

diz_admin

October 6, 2020

လူသားတွေက ဘယ်ခေတ်ပဲ ဖြစ်ဖြစ် ရှေ့ကို ကြိုခန့်မှန်းပြီး သိလိုကြတယ်။ ဘာလို့လဲဆိုတော့ ရှင်းပါတယ်။ ကျွန်တော် တို့မှာ အနာဂတ်ဆိုတာ ရှိလို့ပါပဲ။ အလွယ်ပြောရရင် မိုးလင်းလက်ဖက်ရည်ဆိုင် ဘယ်အချိန်ပိတ်မလဲ သိချင်ကြ တယ်။ လိုင်းကားတွေ ဘယ်အချိန်ထွက်မလဲ ကြိုသိဖို့လိုတယ်။ တီဗီ အစီအစဉ် တွေမှာလည်း အဲဒီလိုပဲ ဘယ်အချိန်မှာ ဘာအစီအစဉ် လာမှာလဲ၊ ဘယ်လောက် အချိန်ကြာမှာလဲ၊ မြို့ပေါ်မှာဆိုရင်လည်း အမှိုက်ကား ဘယ်အချိန်လာမှာလဲ၊ အဲလိုမျိုး ကြိုသိဖို့လိုပါတယ်။ ဘာလို့လဲဆိုတော့ လူတိုင်းမှာ ပိုင်ဆိုင်တာက တစ်ရက်မှာ ၂၄ နာရီပဲ ရှိတာကိုး။ ဘယ်အချိန်မှာ ဘာလုပ်မယ်၊ ဘယ်အချိန်မှာ ဘယ်သွားမယ် စသည်ဖြင့် အစစ အရာရာ ကြိုပြင်ရတာကိုး။ ဒါက နိစ္စဓူဝ အခြေအနေမှာပါ။ ဒီထက်ပိုတစ်ဆင့်တက်ရင် ဥပမာ စည်ပင်လိုင်စင်လုပ်ရင် […]

ကပ်ဘေးလွန်ကမ္ဘာရဲ့ အလွမ်းဇာတ်များ

diz_admin

October 4, 2020

အခန်း (၁၁) ဘာကို ရွေးမလဲ မနက်ဖြန်လည်း ဒီနေ့လိုပဲ နေမှာပါလို့ တွေးတာက လူ့သဘာဝကိုး။ ဒီပစ္စုပ္ပန်အခြေအနေဟာ မတည်မြဲဘူး။ မတည်ငြိမ်ဘူး။ ပြောင်းလဲမယ်လို့ အလိုအလျောက် တွေးမိဖို့က ခက်တာကိုး။ ဒါနဲ့ပဲ လုပ်မြဲတိုင်းအလုပ်တွေ ဆက်လုပ်ကြတယ်။ ဇီဝရပ်ဝန်းတွေ ဖြိုလှဲမယ်။ ကျောက်မီးသွေးတွေ မီးရှို့ မယ်။ အဆိပ်အတောက်တွေ မြစ်ထဲမျှောမယ်။ ခင်ဗျား ကမ္ဘာဟာ ပြောင်းခဲ့ပြီလို့ သိအောင်ဘယ်လို လုပ်ကြရပါ့မလဲ။ ခင်ဗျားရောက်လာမယ်လို့ ထင်ထားတဲ့ အဆုံးမရှိသုံးစွဲနေလို့ ရတဲ့၊ အမြဲမပြတ်တိုးတက်နေမယ့် နိဗ္ဗာန်ဘုံကြီးပြိုပျက်ခဲ့ပါပြီ။ ဒါကို သဘောပေါက်ပါမှဘာ လုပ်ကြရမယ်လို့ စစဉ်းစားလို့ရ ကြမှာပါ။ အဲဒီလိုမဟုတ်တဲ့အခါ ကျုပ်တို့လုပ်နေ တာတွေက ပြိုကျလာနေတဲ့ ကမ်းပါးထိပ်မှာ အိမ်ရာစီမံကိန်းတစ်ခုပြီး တစ်ခုလုပ်နေသလိုပါပဲ။ ထည့်ဝင်လိုက်သမျှတွေ တိုက်စားမျောပါသွားတယ်။ ဒါပေမဲ့ ဒီအတိုင်း ဆက်လုပ်မှရမယ်လို့ ကြွေးကြော် […]

ကပ်ဘေးလွန်ကမ္ဘာရဲ့ အလွမ်းဇာတ်များ

diz_admin

September 26, 2020

စိတ်ပျက်ပြားမှုအနုပညာ မျှော်လင့်ချက်သိပ်မရှိတော့ဘူးဆိုတဲ့ အခြေအနေတစ်ခုကို ခင်ဗျားဘယ်လိုရင်ဆိုင်မလဲ။ ဘယ်လို တုံ့ပြန်ရင် ကောင်းမယ်လို့ ခင်ဗျားစဉ်းစားသလဲ။ ဒီမေး ခွန်းဟာ ဒီနှစ်ပိုင်းတွေမှာ စာပေ၊ ဂီတ၊ အနု ပညာရှင်တွေ၊ ပညာရှင်တွေ၊ လှုပ်ရှားတက်ကြွသူတွေ အပါအဝင် လူများစွာကို ရိုက်ခတ်တဲ့မေးခွန်း ဖြစ်ပါတယ်။ “ဟန်ဆောင်နေတာတွေကို ရပ်တန့်လိုက်ကြရင်- what if we stopped pretending” ဆိုတဲ့ ဆောင်းပါးကို ရေးသူက ဒီနေ့ခေတ်ရဲ့အကျော်ကြား ဆုံးစာရေး ဆရာတွေထဲက တစ်ယောက်ဖြစ်တဲ့ ဂျွန်နသန်ဖရန်ဇန် (Jonathan Franzen)ပါ။ “ဥတုဘေး ပျက်ပြုန်းမှု ကြီးကတော့လာနေပြီ။ ပြင်ဆင်နိုင် ဖို့အတွက်ဆိုရင် တားလို့ဆီးလို့ မရတော့ဘူးဆိုတာကို ကျုပ်တို့ဝန်ခံဖို့လိုတယ်” လို့ သူက ရေးပါတယ်။ မရေတွက်နိုင်တဲ့ မျှော်လင့်ချက်တွေရှိတယ်။ ကျုပ်တို့အတွက်သာမဟုတ်တာ (There is infinite […]