ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အမြင်

စစ်ဖိနပ်အောက်က ဖုတ်လှိုက်ဖုတ်လှိုက် ရွှေဖြူ

Dawei Watch

April 7, 2025

ဝယ်လိုအားများပြီး စျေးကောင်းရသဖြင့် ရွှေဖြူဟုတင်စားကြသည့် ရော်ဘာလုပ်ငန်းမှာ စစ်အာဏာသိမ်းပြီးချိန်မှစကာ ဖုတ်လှိုက်ဖုတ်လှိုက်ဖြင့် အသက်ငင်နေပြီဖြစ်နေသည်။ စစ်အာဏာရှင်များ၏ ဖိနှိပ်ကန့်သတ်မှု၊ တင်းကျပ်မှုများအောက်တွင် ရော်ဘာလုပ်ငန်းမှာ အခက်အခဲမျိုးစုံဖြင့် ရင်ဆိုင်လာရသည်။ အာဏာသိမ်းစစ်ခေါင်းဆောင်ကမူ ရော်ဘာကို အခြေခံပြီး ဖိနပ်မှအစ တာယာနှင့်ကျွတ်များ ထုတ်လုပ်ရန် နေပြည်တော်ရှိ လေအေးပေးစက် တပ်ထားသော ခန်းမကြီးထဲတွင် လေလုံးထွား ပြောဆိုနေသည်။ မြေပြင်တွင်မူ ရော်ဘာစတင်စိုက်ပျိုးချိန်မှ အစေးခြစ်ပြီး ရော်ဘာထုတ်လုပ်သည့် အဆင့်တိုင်းတွင် စစ်ကောင်စီ၏ တင်းကျပ်မှုမျိုးစုံကို ကြုံတွေ့နေရသည့်အတွက် ရော်ဘာတောင်သူများ အခက်တွေ့နေကြသည်။ ထို့အပြင် စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးမှုကြောင့် ရော်ဘာအစေးခြစ်ရန် အခက်တွေ့နေရသလို မြေဩဇာတင်သွင်းသယ်ဆောင်ချိန် ကန့်သတ်မှု၊ ရော်ဘာထုတ်လုပ်ရာတွင် မရှိမဖြစ်ပစ္စည်းဖြစ်သည့် အက်စစ်သယ်ဆောင်ချိန် ဖမ်းဆီးမှုများနှင့် ရော်ဘာတင်ပို့ချိန် တင်းကျပ်မှု အများအပြားရှိနေသည်။ ထိုကြောင့် ရော်ဘာတောင်သူများ ကြုံတွေ့နေရသည့် အခက်အခဲ၊ စိန်ခေါ်မှုများအကြောင်းကို သိရှိနိုင်ရန် […]

ငလျင် ၅ ရက်မြောက် စစ်ကိုင်းမြို့အခြေအနေ

Dawei Watch

April 1, 2025

အင်အားအလွန်ပြင်းထန်သည့် ငလျင်ဗဟိုချက်အနီးရှိ စစ်ကိုင်းမြို့သည် ထိခိုက်သေကြေပျက်စီးမှု အလွန်များပြား သော်လည်း ကယ်ဆယ်ရေးအင်အားနည်းသောကြောင့် ရှာဖွေကယ်ဆယ်ရေးအတွက် အခက်အခဲများစွာကြုံခဲ့ရသည်။ ငလျင် ၅ ရက်မြောက်မြောက်သည့် ယနေ့ ဧပြီလ ၁ရက်နေ့၏ ကူညီကယ်ဆယ်ရေးအခြေအနေကို သိရှိနိုင်ရန် စစ်ကိုင်းမြို့တွင် ကယ်ဆယ်ရေးလုပ်နေသည့် မုံရွာအခြေစိုက် သုခဟိတပရဟိတ နာရေးကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးကို Dawei Watch က ဆက်သွယ်မေးမြန်းထားပါသည်။ DW ။ သုခဟိတပရဟိတအဖွဲ့ စစ်ကိုင်းမြို့မှာ ဒီနေ့ ကူညီကယ်ဆယ်ရေး အခြေအနေလေးပြောပြပေးပါ။ ဖြေ ။ ကူညီကယ်ဆယ်ရေးက ကျွန်တော်တို့က ရတနာသိင်္ဂီကျောင်း အဲဒီဘက်မှာ တာဝန်ကျနေတယ်။ မနေ့က ကျွန်တော်တို့ စဝင်တယ်။ မနေ့က သုံးလောင်းချ (သင်္ဂြိုဟ်) ပေးရတယ် ။ ဒီနေ့က (သင်္ဂြိုဟ်တာ) ငါးလောင်းရှိသွားပြီ ။ DW ။ […]

စစ်ကိုင်းမြို့ ဘာဖြစ်နေလဲ

Dawei Watch

March 30, 2025

ကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူနှင့် ဆက်သွယ်မေးမြန်းချက် မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြီး၏ ဗဟိုချက်ဖြစ်သည့် စစ်ကိုင်းမြို့အတွင်း ထိခိုက်မှုများ အား ရှာဖွေကယ်ဆယ်ရေးပြုလုပ်နေသည့် မုံရွာအခြေစိုက် လူမှုကယ်ဆယ်ရေးအင်အားစုမှ တာဝန်ရှိသူတစ်ဦးကို Dawei Watch မှ ဆက်သွယ်၍ ငလျင်နောက်ဆက်တွဲ ရှာဖွေကယ်ဆယ်ရေးအခြေအနေနှင့် အကူအညီ လိုအပ်မှုအခြေအနေများကို မေးမြန်းဖော်ပြလိုက်ပါသည်။ DW ။ စစ်ကိုင်းမြို့ထဲက အခြေအနေဘယ်လိုလဲရှိလဲ။ ဘာတွေလိုအပ်နေလဲ။ ဖြေ ။ ရေသန့်လိုတယ်။ သောက်ရေသန့်လိုတယ်။ အိပ်ဖို့ ခေါင်းအုံးတွေ၊ စောင်တွေ၊ ခြင်ထောင်တွေ၊ ခြင်ဆေးတွေ အရေးပေါ်လိုအပ်နေပါတယ်။ ရေက အဓိကအလိုအပ်ဆုံးပါ။ DW ။ စားနပ်ရိက္ခာ တွေရော အဆင်ပြေရဲ့လား။ လာလှူသူတွေရှိလား။ ဖြေ ။ သင့်တင်လျောက်ပတ်စွာတော့ရှိပါတယ်။ မားမား၊ ခေါက်ဆွဲခြောက်၊ ကိတ်တွေ အဲဒီလို […]

ထားဝယ်သားတို့အတွက် ဒုက္ခအိုးစီမံကိန်း

Dawei Watch

March 30, 2025

နေရာအနှံ့တိုက်ပွဲပြင်းထန်နေပြီး စီးပွားရေး လူမှုရေး ခက်ခဲကျပ်တည်းနေချိန်တွင် ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းကို ရုရှားနိုင်ငံနှင့် ပူးပေါင်းအကောင်အထည်ဖော်ရန် စစ်ကောင်စီက တောက်လျှောက်ပြင်ဆင်နေသည်။ ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းကို အကောင်အထည်ဖော်ရန် စစ်ကောင်စီနှင့် ရုရှားနိုင်ငံတို့ နားလည်မှုစာချွန်လွှာ (MoU)ချုပ်ဆိုထားပြီးဖြစ်သလို ကြိုတင်ပြင်ဆင်မှုများလည်း ဆက်တိုက်လုပ်ဆောင်နေသည်။ အဆိုပါစီမံကိန်းနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို ဖော်ပြခြင်းမရှိသော်လည်း စီမံကိန်းအတွင်း ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ၊ ရေနံချက်စက်ရုံ၊ ဆိပ်ကမ်း တည်ဆောက်ရေးများပါဝင်ကြောင်း သတင်းထုတ်ပြန်ထားသည်။ ထားဝယ်အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်မည်ကို မကြိုက်သောသူသည် ထားဝယ်သားမဟုတ်ကြောင်း စစ်ကောင်စီခန့် တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြတ်ကိုကလည်းပြောဆိုထားသည်။ သို့သော် ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်း စတင်ခဲ့သည့် ၂၀၀၈ ခုနှစ်ကတည်း ယခုအချိန်အထိ ဒေသခံများ အကျိုးစီးပွားထက် အဓမ္မမြေသိမ်း၊ယာသိမ်းမှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများကိုသာ ဒေသခံများ ကြုံတွေ့ခံစားခဲ့ရသည်။ ယခုလည်း ထားဝယ်အထူးစီးပွားရေးဇုန် ပြန်လည်အကောင်အထည်ဖော်ရန် ပြင်ဆင်လာချိန်တွင် စစ်ကောင်စီတပ်က စီးပွားရေးဇုန်ဧရိယာအတွင်း […]

VOA၊ RFA အရပ်ခံရခြင်း မြန်မာလူထု အပေါ် ရိုက်ချက်

Dawei Watch

March 25, 2025

(၁) VOA, RFA အသံလွှင့်ဌာနတွေ တကယ်ရပ်လိုက်ပြီလား။ VOA- မြန်မာပိုင်းနဲ့ RFA -မြန်မာပိုင်းအစီစဉ်တွေအပါဝင် USAGM အောက်မှာရှိတဲ့ အသံလွှင့်ဌာနတွေကို အဆုံးစွန်အထိ လျှော့ချပြီး ဝန်ထမ်းတွေကို အနည်းဆုံးထားဖို့၊ ဥပဒေအရ လိုအပ်ချက်အဖြစ် ပြဌာန်းမထားတဲ့ လုပ်ငန်းတွေကို ဖျက်သိမ်းဖို့ဆိုပြီး သမ္မတထရမ့်က မတ်လ ၁၄ ရက်နေ့မှာ အမိန့်ထုတ်ပြီးတဲ့နောက် အပေါ်က ခေါင်းစဉ်ပါ ဆွေးနွေးချက်တွေက မြန်မာပရိသတ်အကြားရောက်လာတာပါ။ VOA-မြန်မာပိုင်းဆိုရင် မတ်လ ၁၄ ရက် ညပိုင်းကတည်းက အသံမလွှင့်နိုင်တော့တာ အခုထိပါပဲ။ RFA-မြန်မာပိုင်းက ဆက်လွှင့်နေဆဲဖြစ်ပေမယ့် နောက်ထပ် သီတင်းတပတ်အကြာ မတ်လ ၂၀ မှာ (သတင်းတွကို ပေ့ချ်မှာ တင်နေဆဲဖြစ်ပမယ့်) အသံလွှင့်တာကို ရပ်နားလိုက်ပြီလို့ နားလည်ပါတယ်။ ဆိုတော့ မနက် ၆ နာရီမှာ VOA […]

လေယာဉ်သံကြားရင် ဖျားချင်လာတယ်

Dawei Watch

March 22, 2025

စစ်ကောင်စီက တနင်္သာရီတိုင်းတွင် လက်နက်ကြီးပစ်ခတ်မှု၊ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်လာနေသည်။ မြေပြင်တွင် နယ်မြေစိုးမိုးမှု မရတော့သဖြင့် ကုန်းကြောင်းအသုံးပြု တိုက်ခိုက်ခြင်းထက် ဝေဟင်စစ်ဆင်ရေးကို ပိုမိုအားပြုလာပြီး လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ ရဟတ်ယာဉ်များပေါ်မှ စက်သေနတ်များဖြင့် ပစ်ခတ်ခြင်း၊ ဒရုန်းအသုံးပြုတိုက်ခိုက်ခြင်းတို့ ပိုမိုလုပ်ဆောင်လာနေသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီအတွင်းမှာပင် လေကြောင်းတိုက်ခိုက်မှု ၂၂ ကြိမ်ထက်မနည်းရှိခဲ့သည်။ ထိုကြောင့်လည်း အရပ်သားထိခိုက်သေဆုံးမှုများမြင့်တက်ခဲ့သလို နေအိမ်အဆောက်အအုံထိခိုက်ပျက်စီးမှုများခဲ့ပြီး ပြည်သူအများစုမှာ လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကို စိုးရိမ်လာကြသည်။ ယခင်က တနင်္သာရီတိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု မရှိသလောက်နည်းပါးသော်လည်း ယခုနှစ်ဆန်းပိုင်းမှ စကာ စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲမှုများ ဆက်တိုက်လုပ်ဆောင်လာခြင်းဖြစ်သည်။ စစ်ကောင်စီ၏ ဖိနှိပ်မှုများ၊ တိုက်ပွဲများကြောင့် အထွေထွေအကျပ်အတည်းများအကြား မလူးသာမလွန့်သာဖြစ်နေသည့် ပြည်သူလူထုမှာ လေကြောင်းတိုက်ခိုက်ခံရမှု ဘေးရန်တစ်ခုထပ်တိုးလာသည်။ ထိုကြောင့် လေကြောင်းတိုက်ခိုက်မှုအပေါ် ဒေသခံများ၏ […]

အထူးစီးပွားရေးဇုန်ကို မထောက်ခံရင် ထားဝယ်သား မဟုတ်ဘူးတဲ့လား

Dawei Watch

March 20, 2025

(၁) ထားဝယ်ဒေသဖွံ့ဖြိုးရေးကိစ္စတွေပါဝင်တဲ့ ရေနက်ဆိပ်ကမ်း၊ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံနဲ့ ရေနံချက်စက်ရုံတွေ တည်ဆောက်မယ့် စီမံကိန်းကို ရုရှားအစိုးရက တာဝန်ယူဆောင်ရွက်မယ်ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး သတင်းထောက်တဦးက မေးမြန်းစဉ် စစ်ကောင်စီခန့် တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြတ်ကိုက “ထားဝယ်အထူးစီးပွားရေးဇုန်ကို မထောက်ခံရင် ထားဝယ်သား မဟုတ်ဘူး” ဆိုပြီး ဖြေကြားခဲ့ပါတယ်။ ဒါက အငြင်ပွားဖွယ် Sound Bite ပါပဲ၊ လူစိတ်ဝင်စားအောင် ဒီလို တမင်ပြောတာလား- သူ့စိတ်ထဲမှာကို ဒီအတိုင်း တကယ်ရှိတာလား၊ ဒီလိုပြောဆိုချက်ကြောင့် ထားဝယ်သားတွေက ဒီစီမံကိန်းကို မဝေဖန်ရဲဘဲ ဖြစ်သွားစေမလား။ တကယ်ကတော့ ထားဝယ်သားပဲဖြစ်ဖြစ်- အခြားဂြိုဟ်ကလာတဲ့ လူသားတွေပဲဖြစ်ဖြစ် အကြောင်းအရာတခုကို အသေချာ လေ့လာစုံစမ်းပြီးမှ လက်ခံသင့်ရင် လက်ခံ၊ ကန့်ကွက်သင့်ရင် ကန့်ကွက် – ဒီလို လုပ်ကြရမယ် မဟုတ်ပါလား။ ဆိုတော့ အခု […]

လူထုအကျပ်အတည်းကြား တော်လှန်ဘဏ္ဍာတည်ဆောက်ရေး

Dawei Watch

March 16, 2025

ပြည်သူ့ အကျပ်အတည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ၂၀၂၁ စစ်အာဏာသိမ်းမှုသည် မြန်မာ့စီးပွားရေးကို ဒူးဆစ်မှရိုက်ချိုးလိုက်လေသည်။ စစ်အာဏာမသိမ်းမီ မြန်မာနိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုနှုန်းမှာ ၂၀၀၅ ခုနှစ်တွင် ထက်ဝက်ခန့် ရှိရာမှ ၂၀၁၇ ခုနှစ်တွင် လေးပုံတစ်ပုံသို့ ကျဆင်းခဲ့သည်။ အရပ်သားအစိုးရလက်ထက်တွင် ထိုကဲ့သို့ဆင်းရဲမွဲတေမှု နည်းပါးလာသော်လည်း ၂၀၂၁ စစ်အာဏာသိမ်းအပြီးတွင် ၅၅ သန်းသော ပြည်သူလူထု၏ ထက်ဝက်ကျော်သည် ဆင်းရဲတွင်းနွံထဲသို့ ပြန်ဆင်းသွားသည်။ ကျန်ရှိသော ၄၀ ရာခိုင်နှုန်းကျော်မှာလည်းပြေလည်ချောမွေ့နေသည်မဟုတ်ပါ။ လူမှုစီးပွားပျက်ကပ်ကို နည်းလမ်းမျိုးစုံနှင့် ခုခံရင်ဆိုင်နေရသည်။ စစ်အာဏာမသိမ်းမီက တရိပ်ရိပ်တက်နေသော မြန်မာ့စီးပွားရေးသည် ငါးနှစ်ကြာသောအခါ ၂၀၂၅ ခုနှစ်တွင် အနှုတ်ဘက်သို့ပင် ပြန်ရောက်နိုင်ကြောင်း ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသည်။ မြန်မာ့စီးပွားရေး ဦးမော့လာသည်ဟု စစ်ခေါင်းဆောင်က မည်သို့ဆိုဆို ထိုအချက်လက်များက စကားပြောနေသည်။ ပြည်တွင်းနေ မြန်မာပြည်သူလူထုတို့၏ဘဝသည် တရစ်ချင်း […]