ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အမြင်

လူမျိုးစုံဖက်ဒရယ်စနစ် အလုပ်ဖြစ်မဖြစ်

Dawei Watch

September 6, 2025

နိုင်ငံရေးအာဏာရရှိရေးနဲ့ စီးပွားရေးအရင်းအမြစ်တွေကို ထိန်းချုပ်နိုင်ရေးအတွက် အချင်းချင်းပြိုင်ဆိုင်နေကြတဲ့ ၊ မတူကွဲပြားတဲ့ လူမျိုးစုတွေရှိတဲ့ နိုင်ငံတွေမှာ ရင်ဆိုင်ရလေ့ရှိတဲ့ ပြဿနာတစ်ခုက အဲဒီလူမျိုးစုတွေကို ဘယ်လိုပေါင်းစည်းရမလဲဆိုတဲ့ ပြဿနာပါပဲ။ ဖက်ဒရယ်စနစ်ဟာ နိုင်ငံအတွင်းက လူမျိုးရေးပဋိပက္ခတွေကို စီမံဖြေရှင်းနိုင်ဖို့ နည်းလမ်းတစ်ခုအနေနဲ့ မကြာခဏ ညွှန်းဆိုခံရလေ့ရှိပါတယ်။ နိုင်ငံတစ်ခုရဲ့ လူမျိုးစုစုံလင်ကွဲပြားမှုကို စီမံကိုင်တွယ်ရာမှာ ဖက်ဒရယ်စနစ်က အထောက်အကူပြုနိုင်ပါရဲ့လား။ ဒီမေးခွန်းအတွက် တစ်ခုတည်းသော ပရမတ်အဖြေ မရှိပါ။ ဒီမေးခွန်းမျိုးကို အိန္ဒိယ ၊ ကနေဒါ ၊ ဆွစ်ဇာလန်လို နိုင်ငံတွေဆီက နိုင်ငံသားအများစုကို သွားမေးရင်တော့ “Yes” ဆိုတဲ့ အဖြေမျိုး ရဖို့များပါတယ်။ အာဖရိက၊ အရှေ့ဥရောပနဲ့ အာရှရဲ့ အခြားနိုင်ငံတွေမှာတော့ ‘ဖက်ဒရယ်စနစ်’ဆိုတဲ့ စကားလုံးကိုယ်တိုင်က ခါးသီးစရာ ဖြစ်နေနိုင်ပါတယ်။ မတူကွဲပြားတဲ့ လူမျိုးစုတွေကို ဖက်ဒရယ်အင်စတီကျူးရှင်းတွေနဲ့ ပေါင်းစည်းရမယ်ဆိုတဲ့ အယူအဆကို […]

လမ်းပြန်ဖွင့်ဖို့ ဆုတောင်းနေတယ်

Dawei Watch

September 6, 2025

ရန်ကုန်-ထားဝယ် အမှတ် ၈ ပြည်ထောင်စု ကားလမ်းမကြီး တိုက်ပွဲကြောင့် လမ်းပိတ်နေတဲ့အတွက် ထားဝယ်မြို့က စီးပွားရေးလုပ်ငန်းတွေနဲ့ ဒေသခံပြည်သူတွေဟာ ကုန်ပစ္စည်းပြတ်လပ်မှု၊ ကုန်ဈေးနှုန်းမြင့်တက်မှုနဲ့ ဝင်ငွေဆုံးရှုံးမှုစတဲ့ အခက်အခဲတွေကို ရင်ဆိုင်နေကြရပါတယ်။ ရန်ကုန်ဘက်ကနေ ကုန်စိမ်းကားတွေ လုံးဝမဝင်ရောက်နိုင်တော့တဲ့အတွက် ထားဝယ်ဈေးကွက်မှာ သစ်သီး၊ ဟင်းသီးဟင်းရွက်နဲ့ ပန်းအမျိုးမျိုး ပြတ်လပ်သွားပါတယ်။ မြို့ပေါ်မှာနေထိုင်သူတွေဟာ ရန်ကုန်ကလာတဲ့ ကုန်ပစ္စည်းတွေကို အဓိကအားထားရတာကြောင့် ဟင်းသီးဟင်းရွက်နဲ့ ဘုရားပန်းလိုမျိုး မရှိမဖြစ်လိုအပ်တဲ့ပစ္စည်းတွေပါ ဝယ်ယူဖို့ခက်ခဲနေကြပါတယ်။ အခုအချိန်ဟာ ထားဝယ်ဒေသမှာ ဆွမ်းတော်ကြီးတင်တဲ့အချိန်မို့ သစ်သီးလိုအပ်ချက် မြင့်တက်နေပါတယ်။ ဒါပေမဲ့ သစ်သီးတွေဝယ်လို့မရကြဘဲ ဖြစ်နေကြပါတယ်။ လမ်းပိတ်နေတဲ့အတွက် ကုန်သည်တွေဟာ ပစ္စည်းတွေကို အရင်လို အများကြီးမတင်ရဲကြ‌တော့ပါဘူး။ ရုတ်တရက်လမ်းပိတ်သွားတော့ ရှေ့လည်းဆက်မရ၊ နောက်လည်းမဆုတ်သာတဲ့အတွက် ပုပ်သိုးလွယ်တဲ့ကုန်စိမ်းတွေ လုံးဝစွန့်ပစ်လိုက်ရပြီး ကုန်သည်တွေမှာ ဆုံးရှုံးမှု များပြားခဲ့ကြပါတယ်။ ရုတ်တရက်လမ်းပိတ်သွားတဲ့ ရန်ကုန်လာတဲ့ ကုန်းစိမ်းကို […]

ကန့်သတ်ပိတ်ဆို့မှုများနှင့် ထားဝယ်ဒေသ

Dawei Watch

August 31, 2025

ထားဝယ်ဒေသတွင် စားသောက်ကုန်များနှင့် ဆန်ရှားပါးမှုပြဿနာသည် ဒေသခံများအတွက် အဓိကစိန်ခေါ်မှုတစ်ခု ဖြစ်လာသည်။ လတ်တလော ရန်ကုန်-ထားဝယ်ကားလမ်း မလွှဲတောင်အနီးတွင် စစ်ရေးတင်းမာနေပြီး ကုန်ကားနှင့် ခရီးသည်တင်ကားများ ဖြတ်သန်းခွင့်မရဘဲ ပိတ်မိနေကြသည်။ ယင်းမတိုင်ခင်ကတည်းက စစ်ကော်မရှင်က တနင်္သာရီတိုင်းသို့ ရန်ကုန်မြို့ဘက်မှ ဆန်သယ်ယူခွင့်ကို ပိတ်ပင်ကန့်သတ်ထားခဲ့သည်။ ထိုအကြောင်းအရင်းတို့ကြောင့် တနင်္သာရီတိုင်းသို့ ကုန်စည်စီးဆင်းမှု ပြတ်တောက်ကာ ဆန်အပါအဝင် စားသောက်ကုန် စျေးနှုန်းများလည်း မြင့်တက်လာသည်။ လတ်တလောတွင် ကြက်ဥ၊ ပဲငံပြာရည်၊ ဂေါ်ဖီထုပ်၊ ခရမ်းချဉ်သီးနှင့် ဆန်ကဲ့သို့သော အခြေခံစားသောက်ကုန် ပစ္စည်းများကို ဝယ်ယူရရှိရန် အလွန်ခက်ခဲနေကြသည်။ ရန်ကုန်မှတင်သွင်းသည့် အရည်အသွေးမြင့်ဆန်များ ပြတ်လပ်နေသဖြင့် ဒေသထွက်ဆန်များကိုသာ အားထားနေရပြီး ဒေသထွက်ဆန်မှာ အရည်အသွေးညံ့သဖြင့် စားသုံးရန် ခက်ခဲကြောင်း ဒေသခံများက ညည်းတွားကြသည်။ ယင်းထက်ဆိုးသည်က စစ်ကော်မရှင်က ဒေသတွင်း ဆန်သယ်ယူခွင့်ကို ကန့်သတ်ထားသဖြင့် တစ်ရွာမှတစ်ရွာသို့ပင် […]

အငတ်ဘေးဆိုက်နေတဲ့ ရေထဲက စစ်ရှောင်တွေ

Dawei Watch

August 24, 2025

အမှတ် ၈ ပြည်ထောင်စုကားလမ်းမပေါ်က ထားဝယ် – မြိတ် လမ်းပိုင်းမှာရှိတဲ့ ပလမြို့ဝန်းကျင်မှာ ဇူလိုင်လ နောက်ဆုံးအပတ်ကစပြီး တော်လှန်ရေးတပ်တွေနဲ့ စစ်အာဏာရှင်တပ်အကြား နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ စရှိခဲ့ပါတယ်။ ပလမြို့ဝန်းကျင်မှာ သြဂုတ်လအထိလည်း တိုက်ပွဲတွေ ဆက်ရှိနေပြီး စစ်အာဏာရှင်တပ်ဘက်ကလည်း လေကြောင်းတိုက်ခိုက်မှု၊ ရေကြောင်းတိုက်ခိုက်မှုတွေအပြင် ဒရုန်းအသုံးပြု တိုက်ခိုက်မှုတွေကို တွင်တွင်ကျယ်ကျယ် အသုံးပြုခဲ့ပါတယ်။ ဇူလိုင်လ နောက်ဆုံးအပတ်ကစပြီး သြဂုတ်လ လဝက်အထိ ထိတွေ့တိုက်ပွဲ ၉ ကြိမ် အထိရှိခဲ့ပြီး နှစ်ဖက်ထိခိုက်မှု သေဆုံးမှုတွေရှိခဲ့တယ်လို့ တော်လှန်ရေးတပ်တွေရဲ့ တိုက်ပွဲ မှတ်တမ်းအရသိရပါတယ်။ စစ်အာဏာရှင်တပ်က လေကြောင်းတိုက်ခိုက်မှု ၁၁ ကြိမ်အထိပြုလုပ်ခဲ့ပြီး ရဟန်းသံဃာတွေ အပါအဝင် အရပ်သား ၂၀ ဦး သေဆုံးခဲ့ရပါတယ်။ အဲဒီလို စစ်ရေးပဋိပက္ခအရှိန်အမြှင့်ဆုံးရောက်နေတဲ့ ပလမြို့နဲ့ ဝန်းကျင် ကျေးရွာက ဒေသခံတွေက တော့ […]

စစ်ကော်မရှင် ရွေးကောက်ပွဲ ပြည်သူတွေ ဘာပြောနေလဲ

Dawei Watch

August 17, 2025

အာဏာသိမ်းစစ်တပ်က အခုနှစ် (၂၀၂၅)အကုန်မှာ ရွေးကောက်ပွဲကျင်းပဖို့ ပြင်နေပါတယ်။ ရွေးကောက်ပွဲကို တော်လှန်ရေးဒေသတွေမှာပါ ကျင်းပမယ်ဆိုပြီးလည်း ပြောဆိုနေပါတယ်။ လက်ရှိအချိန်(သြဂုတ်လ ၈ ရက်နေ့)အထိ မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီ ၆၀ ရှိပြီး နိုင်ငံအဆင့်ဝင်ပြိုင်မယ့် ပါတီ ၉ ခု၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အဆင့်ဝင်ပြိုင်မယ့် ပါတီက ၄၈ ပါတီရှိနေတယ်လို့ ကနဦးထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။ တနင်္သာရီတိုင်းမှာလည်း စစ်ကော်မရှင်ရဲ့ တိုင်းရွေးကော်က တစ်တိုင်းလုံးအတိုင်းအတာနဲ့ ရွေးကောက်ပွဲကျင်းပဖို့ ပြင်နေတယ်လို့ဖြေဆိုထားပါတယ်။ ဒါပေမဲ့ ဒေသအားလုံးမှာ ကျင်းပနိုင်ဖို့ရှိမရှိကိုတော့ မသိသေးဘူးလို့ဆိုပါတယ်။ တနင်္သာရီတိုင်းမှာ ဘယ်ပါတီတွေဝင်ပြိုင်မယ်။ ပါတီဘယ်နှစ်ခုဝင်ပြိုင်မယ် စတဲ့အချက်အလက်တွေတော့ မသိရသေးပါဘူး။ ဒါပေမဲ့ စစ်ကော်မရှင်ကတော့ ရွေးကောက်ပွဲကို မဖြစ်ဖြစ်တဲ့နည်းနဲ့ ကျင်းပဖို့ စိုင်းပြင်းနေပါပြီ။ ပြည်သူတွေကိုလည်း ရွေးကောက်ပွဲကျင်းပတာကို နှောက်ယှက်ရင် အရေးယူမယ်ဆိုပြီး ခြိမ်းခြောက်တဲ့ ဥပဒေတွေ ပြဌာန်းနေပါတယ်။ […]

အတုအယောင် ရွေးကောက်ပွဲနဲ့ တနင်္သာရီ

Dawei Watch

August 10, 2025

စစ်တပ်က တိုင်းပြည်အာဏာကို မတရားအာဏာသိမ်းယူပြီးကတည်းက တလျှောက်လုံး ပြောလာတဲ့ စကားတစ်ခွန်းရှိတယ်။ ဒီစကားကတော့ ရွေးကောက်ပွဲ ကျင်းပမယ်ဆိုတာပါပဲ။ ဒါပေမဲ့ စစ်တပ်ဟာ လေးနှစ်ကျော်ကာလအထိ ရွေးကောက်ပွဲကိုမလုပ်နိုင်ခဲ့ပါဘူး။ ဒါပေမဲ့ အခုတော့ စစ်ကော်မရှင်ကိုဆိုပြီး အမည်ပြောင်းထားတဲ့ စစ်ကောင်စီဟာ အတုအယောင်ရွေးကောက်ပွဲကို ဒီနှစ်ကုန် ဒါမှမဟုတ် လာမယ့်နှစ်ဦးမှာ ကျင်းပသွားမယ်ဆိုပြီး ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာ အတည်ပြုလိုက်ပါတယ်။ ဒီလိုအတည်မပြုခင်ကတည်းက စစ်ကောင်စီဟာ တနိုင်ငံလုံးမှာ၊ အထူးသဖြင့် သူတို့ ထိန်းချုပ်ထားနိုင်တဲ့ ဧရိယာတွေမှာ သန်းခေါင်းစာရင်း၏ ရှေ့ပြေးလူဦးရေစာရင်းကောက်ခဲ့ပါတယ်။ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလမှာ ကောက်ယူခဲ့ပြီး ဒီဇင်ဘာလအတွင်းမှာ ထုတ်ပြန်ခဲ့တယ်။ အဲဒီအဲဒီစာရင်းအရ တနင်္သာရီတိုင်းဒေသကြီးမှာလည်း ကောက်ယူခဲ့ပြီး မြေပြင်ကောက်ယူမှုနှင့် ခန့်မှန်းတွက်ချက်မှု ဆိုတဲ့ ကောက်ယူမှုပုံစံနှစ်မျိုးကို အသုံးပြုထားပါတယ်။ တနင်္သာရီတိုင်းမှာ မြေပြင်ကောက်ယူရရှိသည့်လူဦးရေ ၇၇၃,၂၄၉ ဦး ရှိပါတယ်။ မကောက်ယူနိုင်ဘဲ […]

စက္ကူကျားဖြစ်နေတဲ့ ထိုင်းက ဓမ္မတာလာရက်ခံစားခွင့်

Dawei Watch

August 8, 2025

ထိုင်းနိုင်ငံက အမျိုးသမီးအလုပ်သမားတွေအတွက် ဓမ္မတာလာတဲ့ရက်ကို လစာအပြည့်နဲ့ ခွင့်ရက်သတ်မှတ်ပေးဖို့ အစိုးရက မေလ ၂၁ ရက်နေ့က ညွှန်ကြားစာထုတ်ပြန်ခဲ့ပါတယ်။ ဒီညွှန်ကြားစာတွေကို အလုပ်ရှင်တွေသိအောင် ခရိုင်အသီးသီးကို ဖြန့်ထားသလို အွန်လိုင်းကနေလည်း ထုတ်ပြန်ထားပြီးသားဖြစ်ပါတယ်။ အလုပ်သမားတွေဘက်က ဓမ္မတာလာမယ့်ရက်ကို အလုပ်ရှင်ထံ ကြိုတင်အသိပေးပြီး ခွင့်ရက်တောင်းခံရမယ်လို့ ထုတ်ပြန်ထားပါတယ်။ ညွှန်ကြားစာအရတော့ လုပ်ငန်းခွင်တွေထဲမှာ လစဉ်သုံးပစ္စည်းတွေကိုပါ အခမဲ့ရရှိနိုင်ဖို့ စီစဉ်ထားပေးရမှာပါ။ ဒီအချက်တွေကို ထိုင်းရောက် မြန်မာအမျိုးသမီးတွေ တော်တော်များများ သိရှိထားကြပြီးဖြစ်သလို အလုပ်ရှင်တွေမှာ ခွင့်ရက်တောင်းခံမှုတွေလည်း စရှိလာနေပါပြီ။ ဒါပေမဲ့လည်း အလုပ်ရှင်အများစုက ဓမ္မတာလာတဲ့ရက်ကို ခွင့်ရက်အနေနဲ့ ပေးဖို့ အလုပ်သမားတွေကို ဆွေးနွေးပြောကြားတာ အသိပေးတာမျိုး မရှိသေးပါဘူး။ စက်ရုံ၊ ဆောက်လုပ်ရေးလုပ်ငန်းတွေက မြန်မာအမျိုးသမီးတွေကတော့ ဓမ္မတာလာတဲ့ရက်ကို နေမကောင်းတဲ့ရက်အနေနဲ့ ခွင့်တိုင်ပြီး အလုပ်နားနေကြရပါတယ်။လုပ်အားခ/လစာတွေကိုတော့ ဖြတ်တောက်ခံရပါတယ်။ စားသောက်ဆိုင်၊ ဟိုတယ်လုပ်ငန်းတွေလို ခွင့်ရက်လဲလှယ်လို့ရတဲ့ […]

စစ်အင်အားတိုးချဲ့ဖို့ ပြန်ပေးဆွဲနေတဲ့ စစ်ကောင်စီ

Dawei Watch

August 2, 2025

စစ်အာဏာသိမ်းပြီး လေးနှစ်ကျော်ကြာလာချိန်တွင် ဆိုးဆိုးရွားရွားဖြစ်လာသည်က စစ်ကောင်စီတပ် စစ်အင်အားချဲ့ရန် အဓမ္မနည်းမျိုးစုံသုံးလာခြင်းဖြစ်သည်။ လတ်တလောတွင် တနင်္သာရီတိုင်းအတွင်းရှိ မြို့ပေါ်ဒေသများတွင် လူငယ်လူရွယ်များ နေအိမ်တွင် မနေရဲသလို ညပိုင်းအပြင်မထွက် ရဲကြသည်အထိဖြစ်နေသည်။ စစ်ကောင်စီက အဓမ္မစစ်မှုထမ်းခိုင်းစေရန်အတွက် ပြန်ပေးဆွဲသလို လုပ်ဆောင်နေခြင်းဖြစ်ပြီး ညဘက်ဧည့်စာရင်း အကြောင်းပြကာ ဝင်ဆွဲသည်မျိုးရှိသလို လမ်းမပေါ်နှင့် စစ်ဆေးရေးဂိတ်များတွင်လည်း အကြောင်းအမျိုးမျိုးပြကာ ဖမ်းဆီးခေါ်ဆောင် သွားခြင်းမျိုး လုပ်လာသည်။ ဖမ်းဆီးခံရသူ အများစုမှာ စစ်သားစုဆောင်းရေးကို ပို့ဆောင်ခံလိုက်ရပြီး အလိုက်ကောင်းသူ အချို့သာ ပြန်လွတ်လာကြောင်း သိရှိရသည်။ စစ်ကောင်စီက စစ်မှုထမ်း ဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အသက်သွင်းပြီး စစ်မှုမထမ်းမနေရ စနစ်ကို ဥပဒေနှင့်အညီ လုပ်ဆောင်မည်ဆိုကာ ဥပဒေ၊နည်းဥပဒေများ ပြဌာန်းခဲ့သည်။ သို့သော်လက်တွေ့တွင်မူ ၎င်းတို့ပြဌာန်းထားသော ဥပဒေနှင့်အညီ လပိုင်းခန့်သာ လုပ်ပြခဲ့ပြီး နောက်ပိုင်းတွင် ပြန်ပေးဂိုဏ်းများကဲ့သို့ […]