ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အမြင်

နေသားကျသွားတာလား….. မျိုသိပ်နေရတာလား……..

Dawei Watch

November 1, 2025

မြန်မာနိုင်ငံသားများမှာ အာဏာရှင်၏ အဓမ္မဖိနှိပ်မှု ခံနေရသည်မှာ လေးနှစ်ကျော်လာပြီဖြစ်သည်။ စစ်အာဏာသိမ်းမှုကို လက်မခံနိုင်သည့် ပြည်သူလူထုမှာ အာဏာသိမ်းချိန်မှစ၍ နည်းမျိုးစုံဖြင့် တွန်းလှန်ခဲ့ကြသည်။ စစ်အာဏာရှင်အဖွဲ့ကလည်း ပုံစံမျိုးစုံဖြင့် ဖိနှိပ်လာနေခြင်းကြောင့် ပြည်သူလူထုမှာ လူ့အခွင့်အရေးနှင့် တရားမျှတမှုများ ပျက်သုန်းသွားမှုကို ကြုံတွေ့နေကြရသည်။ ဖိနှိပ်မှုမျိုးစုံ ကြုံတွေ့နေရသည့် ပြည်သူလူထုမှာ ပဋိပက္ခများ၊ တိုက်ပွဲများအကြားတွင် ရှင်သန်နိုင်ရေး ကြိုးစားရုန်းကန်နေကြရပြန်သည်။ အခြားတစ်ဖက်တွင်လည်း ပွဲလမ်းသဘင်များတွင် ပါဝင်ကြသလို ဒေသဆိုင်ရာ ပွဲများလည်း ပြန်လည်ကျင်းပ လာကြပြီး ပါဝင်ဆင်နွှဲနေသည်များလည်း ရှိလာနေသည်။ ယင်းကြောင့် ပြည်သူများမှာ ရှင်သန်ရေးအတွက် နိစ္စဓူဝသွားလာလုပ်ကိုင်ရင်း အမှောင်ခေတ်တွင် နေသားကျသွားပြီဆိုသည့် ဝေဖန်ပြောဆိုမှုများလည်း ရှိလာနေသည်။ ပြည်သူလူထုမှာ အမှောင်ခေတ်တွင် အမှန်တကယ် နေသားကျသွားပြီလား သို့မဟုတ် ရှင်သန်ရေးအတွက် ရုန်းကန်ရင်း မတတ်သာ၍ မျိုသိပ်နေရခြင်းလား ဆိုသည်ကို သိရှိနိုင်ရန်အတွက် ယခုအပတ် […]

မြေပေါ်ခြေချဖို့တောင် ကြောက်နေရတဲ့ ပြည်သူတွေ

Dawei Watch

October 25, 2025

လူသူဝေးသည့် တောတောင်များတွင်သာတွေ့ရ ကြုံရလေ့ရှိသည့် မြေမြှုပ်မိုင်းများက အာဏာသိမ်းပြီးနောက်ပိုင်း လူနေအိမ်များနှင့် ဥယျာဉ်ခြံများ၊ လမ်းမကြီးများပေါ်အထိ ရောက်ရှိလာသည်။ အာဏာမသိမ်းမီက လူသူအရောက်အပေါက်နည်းသည့် တောတောင်များအတွင်းသွားမှသာ မြေမြှုပ်မိုင်းနင်းမိလေ့ရှိသော်လည်း လက်ရှိတွင် အရပ်သားပြည်သူများ၏ လက်တစ်ကမ်းသို့ ရောက်ရှိလာသည်။ တနင်္သာရီတိုင်းအတွင်း အရပ်သားမြေမြှုပ်မိုင်းနင်းမိသည့်ဖြစ်စဉ်များ လတိုင်းနီးပါးရှိနေပြီး သေဆုံးဒဏ်ရာရသူလည်း တိုးလာသည်။ အထူးသဖြင့် ဥယျာဉ်ခြံလုပ်တောင်သူများနှင့် ကျေးရွာနေပြည်သူများမှာ မြေမြှုပ်မိုင်းအန္တရာယ်ကို နဖူးတွေ့ဒူးတွေ့ရင်ဆိုင်နေကြရသည်။ ထို့အပြင် ရန်ကုန်-ထားဝယ်-မြိတ်-ကော့သောင်းကို ဆက်သွယ်ထားသည့် ပြည်ထောင်စုလမ်းမပေါ်အထိ မြေမြှုပ်မိုင်းများရောက်လာပြီး အရပ်သားပြည်သူများထိခိုက်သေဆုံးနေကြသည်။ အဆိုပါ မြေမြှုပ်မိုင်းများကို စစ်အာဏာရှင်တပ်က အဓိကအသုံးပြုနေသလို တော်လှန်ရေးတပ်များကလည်း အသုံးပြုနေကြသည်။ ထိုအခြေအနေများကြောင့် မြေမြှုပ်မိုင်းအန္တရာယ်က ပြည်သူလူထု၏ လက်တစ်ကမ်းအကွာကိုရောက်လာပြီး ခြေတစ်လှမ်းချင်းက အသက်နှင့်ရင်းရသည့် အခြေဆိုက်လာသည်။ ယခင်က လွတ်လပ်စွာသွားလာခဲ့ဖူးသည့် လမ်းများမှာ ယခုတော့ မြေမြှုပ်မိုင်းများရှိမလားဆိုသည့် စိုးရိမ်စိတ်ကြောင့် မြေပေါ်ခြေချဖို့ပင် မရဲတော့သည့် အခြေအနေမျိုးကို […]

ထိုင်းဘုရင့်မယ်တော် မိဖုရားကြီးသီရိခေတ် နတ်ရွာစံမှု ဝမ်းနည်းခြင်းကာလမှာ ထိုင်းရောက်မြန်မာတွေ ဘယ်လိုပြုမူသင့်လဲ

Dawei Watch

October 25, 2025

မဟာချိုင်အခြေစိုက် Labour Rights Foundation အဖွဲ့၏ စည်းရုံးရေးတာဝန်ခံ ကိုဇော်နှင့် ဆက်သွယ်မေးမြန်းခြင်း ထိုင်းဘုရင် မဟာ ဝချီရာလောင်ကွန်း၏မယ်တော် မိဖုရားကြီး သီရိခေတ်သည် အောက်တိုဘာလ ၂၄ ရက် ည ၉ နာရီ ၂၁ မိနစ်တွင် ချူလာလောင်ကွန်းဆေးရုံ၌ နတ်ရွာစံသည်။ မိဖုရားကြီး နတ်ရွာစံသည့်အပေါ် ပြည်သူများအနေဖြင့် ဝမ်းနည်းခြင်းကာလကို ရက် ၉၀ သတ်မှတ်ထားပြီး ယင်းကာလ အတွင်း အနက်ရောင် သို့မဟုတ် အရောင်ဖျော့ဖျော့ကိုသာ ဝတ်ဆင်ကြရန် ထိုင်းအစိုးရအဖွဲ့က မေတ္တာရပ်ခံ ပန်ကြားထား သည်။ အစိုးရဝန်ထမ်းနှင့် အရာရှိများအနေဖြင့် တစ်နှစ်ပတ်လုံး ဝမ်းနည်းခြင်း ဝတ်စုံများကိုသာ ဝတ်ဆင်ထားရန် ပန်ကြားထား သည်။ အစိုးရရုံးနှင့် ကျောင်းများတွင်လည်း တစ်လအတွင်း နိုင်ငံတော်အလံကို တစ်ဝက်လွှင့်ထူထားရန် ထိုင်းအစိုးရက ညွှန်ကြားထားသလို […]

ရွှေဥ ဥပေးသည့်ငန်းကို သတ်လိုက်မိသူများ

Dawei Watch

October 11, 2025

အာဏာသိမ်းပြီးနောက်ပိုင်း ပွစာကြဲနေသည့် သတ္တုလုပ်ကွက်များက တနင်္သာရီတိုင်းအတွင်း နေရာအနှံ့၊ မြို့နယ်အနှံ့တွင် ရှိလာသည်။ တနင်္သာရီတိုင်းတွင် ခဲမဖြူ ၊အဖြိုက်နက် ၊ရွှေ၊ သံ စသည့် သတ္တုမျိုးစုံထွက်သည့်အတွက် ခဲသတ္တုလုပ်ကွက်များက အာဏာမသိမ်းမီကတည်းက ရှိခဲ့သော်လည်း လက်ရှိအချိန်ကဲ့သို့ ပရမ်းပတာမဖြစ်လှပေ။ အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းစစ်ဖြစ်နေသည့်အချိန် အုပ်ချုပ်ရေးပါဝါလေဟာနယ်ဖြစ်လာသည့်အတွက် စစ်အာဏာရှင်တပ် ထိန်းချုပ်နေရာအပြင် တော်လှန်ရေးတပ်ထိန်းချုပ်နယ်မြေများတွင်လည်း ခဲတ္တုလုပ်ကွက်များက လက်ညှိုးထိုးမလွဲဖြစ်လာသည်။ ထို့အပြင် စစ်ကော်မရှင်၏ ဖိနှိပ်ကန့်သတ်မှုများကြောင့် စီးပွားရေးလုပ်ရ ခက်ခဲကျပ်တည်းလာသည့် လုပ်ငန်းရှင်အချို့က အလွယ်တကူငွေရနိုင်သည့် သဘာဝသယံဇာတ တူးဖော်ထုတ်လုပ်ရောင်းချသည့်ဖက်ကို ပိုမိုအားသန်လာကြသည်။ တူးဖော်ထွက်ရှိလာသည့် သတ္တုများကိုလည်း နယ်စပ်ထွက်ပေါက်များမှတစ်ဆင့် ထိုင်းနိုင်ငံသို့ အလုံးအရင်း တင်သွင်းနေကြသည့်အတွက် ခဲသတ္တုဈေးကလည်း မြောက်နေသည်။ ပျမ်းမျှအားဖြင့် အတိုင်းအတာတစ်ခုအထိ သန့်စင်ထားသည့်ခဲတ္တုတစ်ပိဿာလျှင် ကျပ်တစ်သိန်းခွဲဝန်းကျင်ဈေးပေါက်နေသည်။ ထိုအခြေအနေတွင် ခဲလုပ်ငန်းရှင်များကလည်း သတ္တုထွက်ရှိသည့် မြေယာဥယျာဉ်ခြံများကို ဈေးကောင်းပေးဝယ်နေရာ ဒေသခံများက […]

လူမျိုးရေးမိုင်းတွေကြားက ဖက်ဒရယ်ခြေလှမ်း (အပိုင်း ၃)

Dawei Watch

September 27, 2025

အာဏာရှင်တွေရဲ့ အတုအယောင် ပြည်ထောင်စုစနစ်ဆိုတာကို အမြစ်ကလှန်ပြီး တိုင်းရင်းသား လူမျိုးပေါင်းစုံ သာတူညီမျှစွာ အတူယှဉ်တွဲ နေထိုင်နိုင်မယ့် ဖက်ဒရယ်စနစ်ကို ဖော်ဆောင်နိုင်ရေးဆိုတာ နွေဦးတော်လှန်ရေးရဲ့အန္တိမ ပန်းတိုင်တစ်ခုလည်းဖြစ်သည်။ သို့သော် အာဏာသိမ်း စစ်ခေါင်းဆောင်တွေကတော့ အတုအယောင် ရွေးကောက်ပွဲကျင်းပပြီး ဖက်ဒရယ်အတုနဲ့ မျက်လှည့်ပြဖို့ကြိုးစားနေပါတယ်။ စစ်အာဏာရှင်ရဲ့ လှည့်ကွက်ကို ကောင်းစွာနားလည်နေတဲ့ တော်လှန်ပြည်သူလူထုကတော့ ဖက်ဒရယ် ခြေလှမ်းကို ရဲရဲလှမ်းနေကြပါပြီ။ ဒါပေမဲ့ လူမျိုးရေးမိုင်းတွေကတော့ အချိန်မရွေး ပေါက်ကွဲနိုင်တဲ့ အခြေအနေမှာ ရှိနေပါတယ်။ နွေဦးတော်လှန်ရေး အရှိန်ကောင်းနေတာကြောင့် ဒေသအတော်များများမှာ အာဏာရှင်စစ်တပ်က ကြီးစိုးနိုင်မှု နည်းလာနေပြီး တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေ များလာနေတဲ့ အခြေအနေမှာ လူမျိုးရေးပွတ်တိုက်မှုတွေ အနည်းငယ်ရှိလာပါတယ်။ လူမျိုးစုံအတူယှဉ်တွဲ နေထိုင်ကြတဲ့ မြန်မာနိုင်ငံရဲ့ ပထဝီအခြေအနေကြောင့် လူမျိုးရေးပွတ်တိုက်မှုတွေက အနည်းနဲ့အများ ရှိလာမယ်ဆိုတာ အားလုံးက ကြိုတင်တွက်ဆ […]

လူမျိုးရေးမိုင်းတွေကြားက ဖက်ဒရယ်ခြေလှမ်း (အပိုင်း ၂)

Dawei Watch

September 20, 2025

အာဏာရှင်တွေရဲ့ အတုအယောင် ပြည်ထောင်စုစနစ်ဆိုတာကို အမြစ်ကလှန်ပြီး တိုင်းရင်းသား လူမျိုးပေါင်းစုံ သာတူညီမျှစွာ အတူယှဉ်တွဲ နေထိုင်နိုင်မယ့် ဖက်ဒရယ်စနစ်ကို ဖော်ဆောင်နိုင်ရေးဆိုတာ နွေဦးတော်လှန်ရေးရဲ့အန္တိမ ပန်းတိုင်တစ်ခုလည်းဖြစ်သည်။ သို့သော် အာဏာသိမ်း စစ်ခေါင်းဆောင်တွေကတော့ အတုအယောင် ရွေးကောက်ပွဲကျင်းပပြီးဖက်ဒရယ်အတုနဲ့ မျက်လှည့်ပြဖို့ကြိုးစားနေပါတယ်။ စစ်အာဏာရှင်ရဲ့ လှည့်ကွက်ကို ကောင်းစွာနားလည်နေတဲ့ တော်လှန်ပြည်သူလူထုကတော့ ဖက်ဒရယ် ခြေလှမ်းကို ရဲရဲလှမ်းနေကြပါပြီ။ ဒါပေမဲ့ လူမျိုးရေးမိုင်းတွေကတော့ အချိန်မရွေး ပေါက်ကွဲနိုင်တဲ့အခြေအနေမှာ ရှိနေပါတယ်။ နွေဦးတော်လှန်ရေး အရှိန်ကောင်းနေတာကြောင့် ဒေသအတော်များများမှာ အာဏာရှင်စစ်တပ်က ကြီးစိုးနိုင်မှုနည်းလာနေပြီး တော်လှန်ရေး တပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ ဒေသတွေ များလာနေတဲ့ အခြေအနေမှာ လူမျိုးရေးပွတ်တိုက်မှုတွေ အနည်းငယ်ရှိလာပါတယ်။ လူမျိုးစုံအတူယှဉ်တွဲ နေထိုင်ကြတဲ့ မြန်မာနိုင်ငံရဲ့ ပထဝီအခြေအနေကြောင့် လူမျိုးရေးပွတ်တိုက်မှုတွေကအနည်းနဲ့အများ ရှိလာမယ်ဆိုတာ အားလုံးက ကြိုတင်တွက်ဆထားကြပေမယ့် လူမျိုးရေးပဋိပက္ခကိုဦးတည်မသွားဖို့လည်း ကြိုပြင်ထားရမယ်ဆိုတဲ့ ထောက်ပြလာတာတွေလည်း ရှိနေကြပါပြီ။ […]

လူမျိုးရေးမိုင်းတွေကြားက ဖက်ဒရယ်ခြေလှမ်း (အပိုင်း – ၁)

Dawei Watch

September 19, 2025

အာဏာရှင်တွေရဲ့ အတုအယောင် ပြည်ထောင်စုစနစ်ဆိုတာကို အမြစ်ကလှန်ပြီး တိုင်းရင်းသား လူမျိုးပေါင်းစုံ သာတူညီမျှစွာ အတူယှဉ်တွဲ နေထိုင်နိုင်မယ့် ဖက်ဒရယ်စနစ်ကို ဖော်ဆောင်နိုင်ရေးဆိုတာ နွေဦးတော်လှန်ရေးရဲ့ အန္တိမ ပန်းတိုင်တစ်ခုလည်းဖြစ်သည်။ သို့သော် အာဏာသိမ်း စစ်ခေါင်းဆောင်တွေကတော့ အတုအယောင် ရွေးကောက်ပွဲကျင်းပပြီး ဖက်ဒရယ်အတုနဲ့ မျက်လှည့်ပြဖို့ကြိုးစားနေပါတယ်။ စစ်အာဏာရှင်ရဲ့ လှည့်ကွက်ကို ကောင်းစွာနားလည်နေတဲ့ တော်လှန်ပြည်သူလူထုကတော့ ဖက်ဒရယ်ခြေလှမ်းကို ရဲရဲလှမ်းနေကြပါပြီ။ ဒါပေမဲ့ လူမျိုးရေးမိုင်းတွေကတော့ အချိန်မရွေး ပေါက်ကွဲနိုင်တဲ့ အခြေအနေမှာ ရှိနေပါတယ်။ နွေဦးတော်လှန်ရေး အရှိန်ကောင်းနေတာကြောင့် ဒေသအတော်များများမှာ အာဏာရှင်စစ်တပ်က ကြီးစိုးနိုင်မှု နည်းလာနေပြီး တော်လှန်ရေး တပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ ဒေသတွေ များလာနေတဲ့ အခြေအနေမှာ လူမျိုးရေး ပွတ်တိုက်မှုတွေ အနည်းငယ်ရှိလာပါတယ်။ လူမျိုးစုံအတူယှဉ်တွဲ နေထိုင်ကြတဲ့ မြန်မာနိုင်ငံရဲ့ ပထဝီအခြေအနေကြောင့် လူမျိုးရေးပွတ်တိုက်မှုတွေက အနည်းနဲ့အများရှိလာမယ်ဆိုတာ အားလုံးက ကြိုတင်တွက်ဆထားကြပေမယ့် […]

သွေးစွန်းနေတဲ့ ဖဲကြိုးများ

Dawei Watch

September 18, 2025

စစ်ခေါင်းဆောင်တွေ ထားဝယ်လာတိုင်း သွေးမြေကျရတယ်။ ဘယ်လိုစိတ်ဓာတ်မျိုးနဲ့များ လုပ်ရက်ကြတာလဲ။ အခုလည်း ထားဝယ်ဒေသခံတွေရဲ့ သွေးတွေ၊ မျက်ရည်တွေပေါ်မှာ ကျေကျေနပ်နပ် ပြုံးပျော်ပြီး လျှောက်လာတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်။ သွေးစွန်းနေတဲ့ ဖဲကြိုးတွေကို ဂုဏ်ယူစွာနဲ့ ဖြတ်ဖို့ရောက်လာတဲ့ လူသတ်လက်တစ်စုံ။ ထားဝယ်မြို့တော်ခန်းမသစ်ကြီးကို ခမ်းနားကြီးကျယ်လှစွာ ဖွင့်လှစ်နိုင်ဖို့အတွက် အဲဒီမြို့တော်ခန်းမနဲ့ သိပ်မဝေးတဲ့ အရပ်ဒေသတွေဆီကို လေယာဉ်တွေလွှတ်ပြီး အပြစ်မဲ့ပြည်သူတို့ရဲ့ ခေါင်းပေါ် ဗုံးကြဲချသူတစ်ယောက်ရဲ့ ခရီးစဉ်။ မနေ့ကပဲ ပကာရီ၊ ကင်းရှေ့၊ ဝေဒီ အစရှိတဲ့ ကျေးရွာတစ်ဆယ်ကျော်အပေါ် စစ်လေယာဉ်တွေပျံဝဲပြီး ဗုံးမိုးတွေရွာချခဲ့သေးတယ်။ ဘုရားစာရွတ်သံတညံညံ ထွက်ပေါ်ရာ ဘုန်းကြီးကျောင်းတွေ၊ ကလေးငယ်တို့ရဲ့ ပညာသင်ရာ စာသင်ကျောင်းတွေကိုတောင် ချမ်းသာမပေးခဲ့။ မြေပြင်ပေါ်မှာတော့ အသက်မဲ့သွားတဲ့ ခန္ဓာကိုယ်တွေ၊ သွေးအိုင်ထဲက အနာတရတွေ၊ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိအောင် ထိတ်လန့်တုန်လှုပ်နေတဲ့ မျက်လုံးတွေ၊ အော်ဟစ်ငိုကြွေးသံတွေသာ […]