ကမ္ဘာ့ဖလားချန်ပီယံ အာဂျင်တီးနားအသင်းဟာ ဘင်္ဂလားဒေ့ရှ်နဲ့ ခြေစမ်းပွဲကစားပေးဖို့ နီးစပ်နေပြီလို့ ဘင်္ဂလားဒေ့ရှ်ဘောလုံးအဖွဲ့ချုပ် အသိပေး
diz_admin
January 18, 2023လက်ရှိ ကမ္ဘာ့ဖလားချန်ပီယံ အာဂျင်တီးနားအသင်းဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆီကို ခြေစမ်းပွဲလာရောက်ကစားပေးဖို့အရမ်းပဲ နီးစပ်နေပြီဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်ဘောလုံးအဖွဲ့ချုပ်က အသိပေးထားပါတယ်။ ဒီသတင်းကို ဘင်္ဂလားဒေ့ရှ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ကာဇီ ဆလာဟူဒင် က တရားဝင်ထုတ်ဖော်ပြောကြားသွားခဲ့တာဖြစ်ပြီး လာမယ့်ဇွန်လရောက်ရင် ကစားခွင့်ရှိတဲ့ ဖီဖာနိုင်ငံတကာချစ်ကြည်ရေးခြေစမ်းပွဲသီတင်းပတ်မှာ ဘင်္ဂလားဒေ့ရှ်နဲ့ အာဂျင်တီးနားတို့ ယှဉ်ပြိုင်တဲ့ ခြေစမ်းပွဲကို မြင်တွေ့ခွင့်ရဖို့အတွက် အရမ်းပဲ နီးစပ်နေပြီလို့ ကာဇီ ဆလာဟူဒင်က ပြောကြားထားပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဘောလုံးပရိသတ်တွေဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကာလတုန်းက အာဂျင်တီးနားကို အရူးအမူး အားပေးခဲ့ကြပြီး အာဂျင်တီးနားဘောလုံးအသင်း ကမ္ဘာ့ဖလားချန်ပီယံဖြစ်သွားချိန်မှာလည်း အဲ့ဒီသတင်းကိုဘင်္ဂလားဒေ့ရှ် သတင်းမီဒီယာတွေက ခေါင်းကြီးသတင်းတွေအဖြစ် တခမ်းတနားနဲ့ ရေးသားဖော်ပြခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ခ် ဟာဆီနာက အာဂျင်တီးနားဘောလုံးအသင်း ကမ္ဘာ့ဖလားချန်ပီယံဖြစ်တာကိုဂုဏ်ပြုကြောင်း သဝဏ်လွှာပေးပို့ခဲ့ပြီး အဲ့ဒီနောက်ပိုင်းမှာ အာဂျင်တီးနားက ဘင်္ဂလားဒေ့ရှ်ကို G-20 ထိပ်သီးအစည်းအဝေးဆီ ဧည့်သည်နိုင်ငံအဖြစ် တက်ရောက်ဖို့ ဖိတ်ခေါ်တာတွေ၊ […]


