သန့်ဇင်ကို အလဲထိုးထားတဲ့ ဂင်ဆန်လက်က သွေးလင်းထက်ကို စိန်ခေါ်၊ ဝိတ်ချပြီးထိုးပေးမယ်လို့ဆို
Dawei Watch
August 27, 2025မြန်မာဖိုက်တာ သန့်ဇင်ကို ပထမပွဲချီမှာတင် အလဲထိုးနဲ့ အနိုင်ရခဲ့တဲ့ PK ဆန်ချိုင်း Gym ကလပ်ရဲ့ထိုင်းဖိုက်တာ ဂင်ဆန်လက်က သူ့ကို သွေးလင်းထက်နဲ့ ပေးတွေ့ဖို့ တောင်းဆိုလိုက်ပါတယ်။ ဂင်ဆန်လက်က သွေးလင်းထက်သာ ပွဲထိုးဖို့ လက်ခံပေးမယ်ဆိုရင် သူ့ဘက်က ဝိတ်ကို ၁၀ ပေါင်လောက်လျှော့ပြီး သွေးလင်းထက် အဆင်ပြေမယ့် Straweight တန်းမှာ ပွဲကို ထိုးပေးမယ်လို့လည်း စိန်ခေါ်စကားဆိုထားပါတယ်။ ဂင်ဆန်လက် ဟာ ဖလိုင်းဝိတ်တန်းဖိုက်တာတစ်ယောက်ဖြစ်ပြီး သွေးလင်းထက် ကစားနေတဲ့ Straweight တန်းထက် ဖလိုင်းဝိတ်တန်းက ၁၀ ပေါင် ပိုမြင့်ပါတယ်။ သွေးလင်းထက်ကတော့ သူနဲ့ ဝိတ်တန်းတူမယ်ဆိုရင် ONE က စီစဉ်ပေးတဲ့ ဘယ်ဖိုက်တာနဲ့မဆို ပွဲထိုးဖို့ အသင့်ပါပဲလို့ ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာ ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။ PK ဆန်ချိုင်း Gym ကလပ်ပိုင်ရှင်ဟာလည်း […]


