ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ဘုတ်ပြင်းတွင် ခရီးသည်တင်ကားပစ်ခတ်ခံရပြီး ကလေးငယ်တစ်ဦးနှင့် အမျိုးသမီးတစ်ဦးသေဆုံး

diz_admin

February 18, 2023

ဘုတ်ပြင်းမြို့နယ်တွင် ခရီးသည်တင်ကား ပစ်ခတ်ခံရသဖြင့် အသက် ၂၁ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးနှင့် အသက် ၇ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးသွားကြောင်း ခရီးသည်တင်ကားသမားအချို့နှင့် ဒေသခံများထံမှ သိရသည်။ မြိတ်မြို့ဘက်မှလာသည့် ရွှေညီကိုယာဉ်လိုင်းမှ ခရီးသည်တင်ကားတစ်စီးမှာ မနိုးရုံးကျေးရွာအုပ်စု ခဲချောင်းရွာ ပြည်ထောင်စုလမ်းပေါ်တွင် ဖေဖော်ဝါရီ ၁၇ ရက်ညနေ ၅ နာရီခန့်က ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ အဆိုပါခရီးသည်ကားအား လက်နက်ကိုင်လူတစ်စုက စစ်ဆေးရန် ရပ်တန့်ခိုင်းရာ ရပ်မပေးဘဲ မောင်းသွားသည်ဟုဆိုကာ ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံများနှင့် ခရီးသည်တင်ယာဉ်မောင်းက ပြောသည်။ “ကားတားတာ ရပ်မပေးလို့ လှမ်းပစ်လိုက်တာ။ ဘယ်ဖက်အနောက်ဆုံးတန်းက မိန်းကလေးတစ်ယောက်နဲ့ ကလေးငယ်တစ်ဦး သေဆုံးသွားတယ်” ဟု ခရီးသည်များထံမှ သိရသည်ကို မြိတ်-ကော့သောင်း ခရီးသည်တင်ယာဉ်မောင်းတစ်ဦးက ပြန်ပြောင်း ပြောပြသည်။ ၎င်းမှာ ပစ်ခတ်မှုမဖြစ်မီ […]

ရေးဒေသခံတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက် ပြင်းထန်ဒဏ်ရာရ

diz_admin

February 18, 2023

မွန်ပြည်နယ်၊ ရေးမြို့နယ် လမိုင်းမြို့အနီးတွင် မြေမြှုပ်မိုင်းနင်းမိသည့်ဖြစ်စဥ် ဆက်တိုက်ဖြစ်ပွားနေပြီး ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ဒေသခံတစ်ဦး မိုင်းနင်းမိရာမှ ဘယ်ဘက်ခြေထောက် ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။ မော့ကနင်းကျေးရွာနေ အသက် ၅၉ နှစ်အရွယ် ဦးညွန့်ဝေဆိုသူသည် မနေ့နံနက် ၉ ခွဲအချိန်ခန့်က ကြိုးတံတားချောင်းအနီးရှိ ၎င်းပိုင်ဆိုင်သည့်ခြံမှ စျေးဝယ်ထွက်လာစဥ် မြေမြှုပ်မိုင်းနင်းမိသွားခြင်းဖြစ်သည်။ “ခြံက ကြိုးတံတားချောင်းအနီးမှာ အဲဒီခြံကနေ စျေးထွက်ဝယ်ရင်းနဲ့ မိုင်းနင်းမိသွားတယ်။ ခြေထောက်တစ်ဖက်ထိသွားတယ်။ ဒီကြိုးတံတားချောင်းတဝိုက်မှာ ဒီတခါပါဆို ၄ ခါရှိသွားပြီး မိုင်း(နင်း)မိနေတာ၊ အသွားအလာတော့ သတိထားရမယ်” ဟု လမိုင်းဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ မြေမြှုပ်မိုင်းနင်းမိ ပေါက်ကွဲမှုကြောင့် ဦးညွန့်ဝေ၏ ဘယ်ဘက်ခြေထောက် ပြင်းထန်ဒဏ်ရာရရှိပြီး လူမှုကယ်ဆယ်ရေးအဖွဲ့တို့၏ အကူအညီဖြင့် လမိုင်းဆေးရုံမှတစ်ဆင့် မော်လမြိုင်ဆေးရုံကြီးသို့  ပို့ဆောင်ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ ၂ […]

သရက်ချောင်း၊ ကတွဲရွာက ဖမ်းဆီးခံရသည့်အမျိုးသား ၁၁ရက်အကြာတွင် အလောင်းပြန်တွေ့

diz_admin

February 18, 2023

သရက်ချောင်းမြို့နယ်၊ ကတွဲရွာတွင် မျက်နှာဖုံးစွပ်လက်နက်ကိုင်လူတစ်စုက ဖမ်းဆီးခေါ်ဆောင်သွားသည့် ကိုအာကာ (ခေါ်) ကိုစိုးဝင်းနိုင်ကို ၁၁ ရက်အကြာတွင် အလောင်းပြန်တွေ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ မြိတ်-ထားဝယ်ကားလမ်းပေါ်က တံတားတစ်ခုအောက်တွင် ပုပ်ပွနေသည့် ရုပ်အလောင်းကို ဖေဖော်ဝါရီလ ၁၇ရက်က ပြန်လည်တွေ့ရှိကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။   “တံတားတစ်ခုရှိနေတာကိုး။ တံတားအောက်ကို ပစ်ချထားတယ်။ တော်ရုံတန်ရုံသွားလာရင် မမြင်ဘူး၊ ကတွဲနဲ့ဆို ၂ မိုင်လောက်ဝေးတယ်” ဟု ၎င်းက ဆိုသည်။ ကိုအာဏာသည် ပြည်သူ့စစ်အဖွဲ့ဝင်အဖြစ်လုပ်ကိုင်ဖူးပြီး စစ်ကောင်စီတပ်က ယင်းရွာသို့ ရောက်လာလျှင် လိုအပ်သည်များကို လိုက်လံလုပ်ဆောင်ပေးသဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတိပေးခြိမ်းခြောက်စာ ထုတ်ပြန်ဖူးကြောင်း အထက်ပါဒေသခံအမျိုးသားက ပြောဆိုသည်။ ယင်းနောက် ရန်ကုန်တွင် ရှစ်လခန့်သွားရောက်နေထိုင်ကာ ရွာသို့ ပြန်လာပြီး ၂ရက်အကြာ ဖေဖော်ဝါရီလ ၅ရက် ည ၈နာရီတွင် […]

ပေါင် ၄ ဒသမ ၅ ဘီလီယံဖြင့် မန်ယူကိုဝယ်ရန် ကာတာ၏အင်အားအကြီးဆုံး ဘဏ်ပိုင်ရှင် ဥက္ကဋ္ဌ ကမ်းလှမ်း

diz_admin

February 18, 2023

ကာတာနိုင်ငံ၏အင်အားအကြီးဆုံး ဘဏ်ဥက္ကဋ္ဌဖြစ်သူ ဟာမတ်ဒ် ဘင်ဂျတ်စ်ဆင်း ဘင်ဂျတ်ဘ်ဘား အယ်လ်သာနီသည် မန်ယူအသင်းကို အကြွေးမထားဘဲ ငွေသားသီးသန့် ပေါင် ၄ ဒသမ ၅ သန်း တိုက်ရိုက်ပေးချေမည့်ပုံစံဖြင့် ဝယ်ယူရန် ကမ်းလှမ်းထားပြီဖြစ်ကြောင်း အတည်ပြုချက် ထွက်ပေါ်လာခဲ့သည်။ မန်ယူကို ကာတာရင်းနှီးမြှုပ်နှံသူများက ဝယ်ယူရန် ပေါင် ၄ ဒသမ ၁ ဘီလီယံမှနေ၍ ပေါင် ၄ ဒသမ ၅ ဘီလီယံရှိသော ငွေပမာဏဖြင့် ကမ်းလှမ်းထားပြီဟူသော သတင်းများသည် လွန်ခဲ့သည့်သီတင်းပတ်ကတည်းက ထွက်ပေါ်နေခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ကမ်းလှမ်းသော လုပ်ငန်းစဉ်၊ ဝယ်ယူရန် ကမ်းလှမ်းထားသူ၏အမည်နှင့် ငွေပေးချေရန် ကမ်းလှမ်းထားသောပုံစံတို့ အတည်ပြုချက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ ကာတာနိုင်ငံ၏အင်အားအကြီးဆုံး ဘဏ်ဥက္ကဋ္ဌဖြစ်သူ ဟာမတ်ဒ် ဘင် ဂျတ်စ်ဆင်း ဘင် ဂျတ်ဘ်ဘား အယ်လ်သာနီသည် ကာတာဝန်ကြီးချုပ်ဟောင်း၏သားဖြစ်ပြီး […]

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

diz_admin

February 17, 2023

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဖေဖော်၀ဝါရီ ၁၁ ရက်နေ့မှ ဖေဖော်ဝါရီ ၁၇ ရက်နေ့အထိ အရပ်သားသတ်ဖြတ်မှုကြောင့် အင်ဒိုနီးရှားစစ်သား ၄ ဦး ထောင်ဒဏ်ချမှတ်ခံရ အင်ဒိုနီးနိုင်ငံအရှေ့ပိုင်း ပါပူဝါခရိုင်မှာ အရပ်သား ၄ ဦးကို ရက်စက်စွာ သတ်ဖြတ်မှုမှာ ပါဝင်ပတ်သက်ခဲ့တဲ့ အင်ဒိုနီးရှားစစ်သား ၄ ဦးကို စစ်ခုံရုံးကနေ ဖေဖော်ဝါရီ ၁၅ ရက်နေ့က ထောင်ဒဏ်အပြစ်ပေးလိုက်ပါတယ်။ စစ်သား ၄ ဦးဟာ လူသတ်မှုကျူးလွန်ခဲ့ကြောင်း ပါပူဝါ စစ်ခုံရုံးကနေ စီရင်ချက်ချပြီးတဲ့အခါမှာတော့ ၂ ဦးကို တသက်တကျွန်း၊ ကျန် ၂ ဦးကတော့ ထောင်ဒဏ် ၁၅ နှစ်နဲ့ အနှစ် ၂၀ အသီးသီး ချမှတ်ခံခဲ့ရတာပါ။ […]

ထားဝယ်အရှေ့တောတွင် နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်

diz_admin

February 17, 2023

ထားဝယ်အရှေ့တောဒေသတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားကြောင်း ဒေသခံတို့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ထံမှ သိရသည်။ ဝကုန်းကျေးရွာနှင့် ဗဲ့မဲ့တတ်တောင်ကြောနေရာနှစ်ခုတွင်တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်ဟု ဆိုသည်။ စစ်ကောင်စီတပ်ဖွဲ့မှာ ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ဝကုန်းရွာအနီးက ဘဝပင်လမ်းဆုံသို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။ ယင်းနေ့က ဆိတ်လိုက်ဖမ်းသည့် ဒေသခံနှစ်ဦးမှာ သေနတ်ဖြင့် ပစ်ခတ်ခံရသော်လည်း ထိခိုက်ဒဏ်ရာ မရရှိခဲ့ကြောင်း ဝကုန်းရွာမှ ဒေသခံတစ်ဦးက ဆိုသည်။ ဖေဖော်ဝါရီလ ၁၆ ရက်နံနက်ပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။ “နှစ်ဖက်ထိခိုက်မှုအခြေအနေက ကျွန်တော်တို့ဘက်မှာတော့ ဘာမှမဖြစ်ဘူး။ ရန်သူဘက်ခြမ်းမှာတော့ ထိမယ်။ ကျွန်တော်တို့က အနီးကပ်ပစ်ထားတာကိုး” ဟု ပြည်သူ့ကာကွယ်ရေးတပ်ဘက်မှ တာဝန်ရှိသူက ပြောဆိုသည်။ ယနေ့ ဖေဖော်ဝါရီလ ၁၇ ရက် နံနက် […]

ထီးခီးနယ်စပ်တွင် ကရင်တပ်ဖွဲ့နှစ်ခု ပစ်ခတ်မှုဖြစ်နေ

diz_admin

February 17, 2023

ထားဝယ်-ထိုင်းနယ်စပ် ထီးခီးနယ်စပ်တွင် ကရင်လက်နက်ကိုင်နှစ်ဖွဲ့ကြား တိုက်ပွဲဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၄ နှင့် ကော်သူးလေတပ်မတော် (KTLA) တို့အကြား ဖေဖော်ဝါရီလ ၁၆ ရက်မှ စတင်ကာ တိုက်ပွဲဖြစ်ပွားပြီး ယနေ့တွင်လည်း ဆက်လက်ဖြစ်ပွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူအချို့နှင့် KTLA တပ်ခွဲတစ်ခုမှ တာဝန်ရှိသူတစ်ဦးတို့က ပြောသည်။ ထီးခီးနယ်စပ် အမိုရွာအနီးတည်ရှိသည့် KTLA တပ်ခွဲ (၅) စခန်းကို KNU တပ်မဟာ (၄) KNLA တပ်ရင်းက ဝင်တိုက်ခြင်းဖြစ်ပြီး နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုပြင်းထန်ခဲ့ကြောင်း KTLA တပ်ခွဲ (၃) မှ တပ်ခွဲမှူး ဗိုလ်နှင်းဆီက ဆိုသည်။ ဖေဖော်ဝါရီလ ၁၆ ရက် နံနက် ၁ဝနာရီဝန်းကျင်တွင် KNLA က ကော်သူးလေ KTLA […]

လယ်သစ်ရွာ လက်နက်ကြီးဖြင့် ပစ်ခတ်ခံနေရ

diz_admin

February 17, 2023

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ လယ်သစ်ရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း ဒေသခံများထံမှ သိရသည်။ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကတည်းက စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သည် ယနေ့ နံနက်တွင် လယ်သစ် အနောက်ကမ်းအနီး တောအုပ်အတွင်းရောက်ရှိလာပြီး ရွာအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်နေကြောင်း ဒေသခံတို့က ပြောသည်။ “ဆယ်နာရီကျော်လောက်က စပစ်နေတာ။ လက်နက်ကြီး အလုံးနှစ်ဆယ်လောက်ရှိပြီ။ ဒီဖက် (ပြည်သူ့ကာကွယ်ရေးတပ်) က ပြန်ပြီးပစ်သံတော့ မကြားရသေးဘူး” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။ လက်နက်ကြီးကျည်များ လယ်သစ်အနောက်ကမ်းရွာသို့ ကျရောက်နေပြီး ထိခိုက်ပျက်စီးမှု အခြေအနေကိုမူ မသိရသေးကြောင်း ဒေသခံများက ဆိုသည်။ လက်ရှိတွင် စစ်ကောင်စီတပ်မှာ ရှေ့သို့ဆက်မတိုးသေးဘဲ ယနေ့ ညနေပိုင်းအထိ လယ်သစ်အနောက်ကမ်းအနီး တောအုပ်အတွင်း ရှိနေဆဲဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “ညဖက်တော့ သတိထားရမယ့်အခြေအနေရှိတယ်” […]