ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ပုလော ကဒဲရွာ မီးရှို့ခံရ

diz_admin

February 16, 2023

မြိတ်ခရိုင်၊ ပုလောမြို့အနီးရှိ ကဒဲရွာတွင် နေအိမ်မီးရှို့ခံနေရကြောင်း ဒေသခံများထံမှ သိရသည်။ စစ်ကောင်စီတပ်က ကဒဲရွာသို့ အင်အားအလုံးအရင်းဖြင့် ဖေဖော်ဝါရီလ ၁၅ ရက် ည ၇ နာရီဝန်းကျင်က ဝင်ရောက်ခဲ့ပြီးနောက် ယနေ့ နံနက် ၁၀ နာရီခွဲဝန်းကျင်တွင် ရွာလယ်မှ စတင်ကာ မီးရှို့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။ “မီးခိုးမဲကြီးတွေက အလိပ်လိုက်တက်နေတုန်းပဲသေး။ ကဒဲရွာက တစ်အိမ်ရှို့ရင် တစ်ရွာလုံးကုန်ပဲ။ ကျန်လှ လေးငါးဆယ်ပဲ” ဟု ကဒဲရွာဒေသခံအမျိုးသားတစ်ဦးက ယနေ့ နေ့လယ် ၁၂ နာရီခွဲက ပြောသည်။ ကဒဲရွာတွင် အိမ်ခြေ ၄၀၀ ခန့်ရှိပြီး နေအိမ်များမှာ တစ်အိမ်နှင့်တစ်အိမ် ကပ်လျက်ဆောက်ထားခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။ “ဘိတ် (မြိတ်) မြို့မျိုးပဲ။ ပူးကပ်ပြီးဆောက်ထားကြတာ” ဟု ဒေသခံနောက်တစ်ဦးက ပြောဆိုသည်။ […]

ကားမှောက်မှုကြောင့်သေဆုံးသော မြန်မာလုပ်သားနှစ်ဦးအတွက် အာမခံကြေးဘတ်နှစ်သန်းကျော်ရ

diz_admin

February 16, 2023

ထိုင်းနိုင်ငံ တာခ့်ခရိုင် မဲဆောက်မြို့အနီး မြန်မာအလုပ်သမားများလိုက်ပါလာသည့် ဘတ်စ်ကားတိမ်းမှောက်မှုတွင် သေဆုံးသွားသော မြန်မာအလုပ်သမားနှစ်ဦးအတွက် အာမခံလျော်ကြေးငွေ ဘတ် ၂၁ သိန်းကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ပေးအပ်လိုက်ကြောင်း တာခ့်ခရိုင်အလုပ်သမားရုံးက ထုတ်ပြန်သည်။ အဆိုပါမြန်မာအလုပ်သမားများမှာ နှစ်နိုင်ငံနားလည်မှုစာချွန်လွှာ (MoU) စနစ်ဖြင့် ထိုင်းနိုင်ငံတွင် တရားဝင် လာရောက် လုပ်ကိုင်နေသူများဖြစ်သည်။ ကားတိမ်းမှောက်ရာတွင် သေဆုံးသွားသည့် မရွှေရည်နှင့် မဟန်တို့နှစ်ဦးအတွက် ကားအာမခံကုမ္ပဏီက အာမခံ လျော်ကြေးငွေ တစ်ဦးလျှင် ဘတ် ၁၀၅၀၀၀၀ (ကျပ်သိန်း ၉၀၀ ခန့်) ကို မိသားစုဝင်များထံသို့ ချက်လက်မှတ်ဖြင့် ပေးအပ်ခဲ့ကြောင်း ဖော်ပြသည်။ အဆိုပါအာမခံငွေပေးအပ်ပွဲကို တာခ့်ခရိုင် မဲဆောက်ရဲစခန်းရှိ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ပြီး ထိုင်းအလုပ်သမားရုံးက တာဝန်ရှိသူများနှင့် မြန်မာအလုပ်သမားသံအရာရှိတို့လည်း တက်ရောက်ခဲ့သည်ဟု ဖော်ပြသည်။ သေဆုံးသူ၏ မိသားစုဝင်များသည် […]

ကမ္ဘာ့ရွှေဈေးထိုးကျသော်လည်း ပြည်တွင်းရွှေဈေးမကျ

diz_admin

February 16, 2023

ကမ္ဘာ့ရွှေဈေးမှာ ထိုးကျနေသော်လည်း ပြည်တွင်းဈေးနှုန်းမှာ အတက်ဈေးတွင်ပင် ဆက်ရှိနေကြောင်း ဈေးကွက်အတွင်းမှ စုံစမ်း သိရသည်။ ယခုနှစ် ဇန်နဝါရီလနှောင်းပိုင်းက ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် ၁၉၂၈ ဒေါ်လာရှိရာမှ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ၁၈၄၀ ဒေါ်လာသာ ဈေးဖွင့်ထားသည်။ ထိုကြောင့် တစ်လတာကာလအတွင်း ရွှေတစ်အောင်စလျှင် ၈၈ ဒေါ်လာ (လက်ရှိငွေဈေးအရ ကျပ်ငွေ နှစ်သိန်းခွဲကျော်) ဈေးကျသွားခဲ့သည်။ တစ်အောင်စလျှင် ၁၉၂၈ ဒေါ်လာ ဈေးပေါက်ချိန်က ပြည်တွင်းရွှေဈေးမှာ တစ်ကျပ်သားလျှင် ၂၈ သိန်းဝန်းကျင် ပေါက်ဈေးရှိနေသည်။ လက်ရှိ ကမ္ဘာ့ရွှေဈေးကျနေချိန်တွင်လည်း ပြည်တွင်းရွှေဈေးမှာ နှစ်ဆယ့်ရှစ်သိန်းခွဲဝန်းကျင်ဖြင့် ဈေးဖွင့်ရောင်းချနေကြကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ နိုင်ငံရေးတည်ငြိမ်သည့် သာမန်အခြေအနေမျိုးတွင် ကမ္ဘာ့ရွှေဈေးနှင့် ပြည်တွင်းပေါက်ဈေးမှာ ထပ်တူအချိုးကျလေ့ရှိသော်လည်း စစ်အာဏာသိမ်းပြီးချိန်မှစကာ ရွှေပေါက်ဈေးကို မှန်းဆ၍မရတော့ကြောင်း ထားဝယ်မြို့ရှိ ရွှေဆိုင်ပိုင်ရှင်တစ်ဦးက […]

ပုလောရှိ ကျေးရွာနှစ်ရွာကို စစ်ကောင်စီတပ် ဝင်ရောက်စီးနင်း၊ တိုက်ပွဲပြင်းထန်

diz_admin

February 16, 2023

မြိတ်ခရိုင်၊ပုလောမြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်၏ အမာခံကျေးရွာဟုဆိုသော ရွာနှစ်ရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းကာ နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့ကြောင်း ဒေသခံများ ထံမှသိရသည်။ စစ်ကောင်စီတပ်က အင်အားနှစ်ရာကျော်ဖြင့် မနေ့ (ဖေဖော်ဝါရီ ၁၅) ညနေမှစတင်ကာ သင်္ကန်းတောရွာသို့ ဝင်ရောက်နယ်မြေရှင်းလင်းခဲ့ပြီး ည ၇ နာရီဝန်းကျင်တွင်လည်း ကဒဲကျေးရွာအတွင်း ထိုးစစ်ဆင်ဝင်ရောက်ခဲ့သည်ဟု ဒေသခံများ ကပြောသည်။ “ကဒဲအဝင်မှာ နှစ်ဖက်တိုက်ပွဲကြမ်းတယ် နှစ်နာရီလောက်တော့ ပစ်ကြတယ်။ စစ်တပ်ဘက်က လက်နက်ကြီးတွေလည်း မနားတမ်းပစ်သံတွေကြားရတယ်”ဟု ကဒဲရွာ ဒေသခံအမျိုးသား ကပြောသည်။ ကဒဲရွာနှင့်သင်္ကန်းတောရွာကို ပြည်သူ့ကာကွယ်ရေးတပ်များက လအတန်ကြာကတည်းက သိမ်းပိုက်ထားခြင်းဖြစ်ပြီး ယာယီရှေ့တန်းစခန်းအဖြစ် အသုံးပြုနေကာ ရွာအတွင်း အရပ်သားနေထိုင်သူ မရှိသလောက်နည်းပါးသည်ဟု ဒေသခံများကပြောသည်။ “အထိအခိုက်အကျအဆုံးတော့ လောလောဆယ် မကြားရသေးဘူး။ ရွာထဲမှာ ဆိုင်ကယ်တွေကားတွေ အများကြီး ကျန်ခဲ့တယ်။ ထမင်းစားနေချိန်အတွင်း ဝင်ချလာတယ်ဆိုတော့ တချို့ပစ္စည်းမယူနိုင်ဘဲ ဆုတ်ပေးလိုက်ရတယ်လို့ ကြားရတယ်”ဟု ဒေသခံအမျိုးသား နောက်တစ်ဦးကပြောသည်။ စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် မြဒေါင်ရွာနေ […]

မြန်မာပွဲစားအသတ်ခံရမှုတွင် မြန်မာလုပ်သားလေးဦးကို ထိုင်းရဲဖမ်းဆီး

diz_admin

February 15, 2023

ထိုင်းနိုင်ငံ စမွတ်ပရကန်ခရိုင်တွင် မြန်မာပွဲစားတစ်ဦး အသတ်ခံရမှုနှင့်ပတ်သက်၍ သံသယရှိသူမြန်မာအလုပ်သမား လေးဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးထားကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ အဆိုပါမြန်မာအလုပ်သမားလေးဦးကို ယနေ့ ဖေဖော်ဝါရီလ ၁၅ ရက် နေ့လယ်ပိုင်းတွင် ဘန်ပူရဲစခန်းက အခင်းဖြစ်ပွားရာနေရာသို့ ခေါ်ဆောင်လာခဲ့ပြီး အမှုအတွက် သရုပ်ပြစေခိုင်းခဲ့သည်ဟုဆိုသည်။ ဖမ်းဆီးခံထားရသူများမှာ အသက် ၂၀ နှစ်မှ ၂၆ နှစ်အရွယ်သာရှိသေးသော မြန်မာအလုပ်သမားများဖြစ်ကြပြီး အသတ်ခံရသူမှာ အသက် ၂၃ နှစ်အရွယ်ရှိ ကိုဗိုလ်မိုးဟိန်း အမည်ရှိသူ မြန်မာပွဲစားဖြစ်ကြောင်း ဖော်ပြသည်။ ကိုဗိုလ်မိုးဟိန်းသည် မြန်မာနိုင်ငံသားများနှင့် ကမ္ဘောဒီးယားနိုင်ငံသားများကို ထိုင်းတွင် အလုပ်လုပ်ရန်အတွက် ခေါ်ယူပေးသော အလုပ်သမားပွဲစားတစ်ဦးဖြစ်ပြီး စက်ရုံများတွင် အလုပ်လျှောက်ပေးသောသူလည်းဖြစ်ကြောင်း ရေးသားထားသည်။ ကိုဗိုလ်မိုးဟိန်းကို နေထိုင်ရာ အခန်းအတွင်း၌ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ဝမ်းဗိုက်နှင့် နောက်ကျောတွင် ဓားဒဏ်ရာများဖြင့် […]

ကျောက်နီမော် ပျူစောထီးဒုခေါင်းဆောင်၏ သမီးနှင့်မြေး ပြန်လွတ်လာ

diz_admin

February 15, 2023

လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ရွာ ပျူစောထီး ဒုခေါင်းဆောင်၏ သမီးနှင့်မြေးတို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း ပြန်လွတ်လာသူတစ်ဦးက ပြောသည်။ ဖေဖော်ဝါရီလ ၁၄ ရက် ည ၈ နာရီခွဲဝန်းကျင်တွင် ကျောက်နီမော်ရွာအနီး ဇလွတ်ရွာအထိ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က လာရောက် ပို့ဆောင်ပေးခဲ့ကြောင်း ၎င်းက ဆိုသည်။ “ကောင်းကောင်းမွန်မွန်ပဲ ဆက်ဆံတယ်။ စားစရာ၊ သောက်ရေ၊ ဆေးဝါး၊ အဝတ်စားမှအစ အစစအရာရာ အဆင်သင့်ပါပဲ။ ရိုက်နှက်နှိပ်စက်တာမျိုး လုံးဝမရှိပါဘူး” ဟု အထက်ပါပြန်လွတ်လာသူက ပြောဆိုသည်။ ပြန်လွတ်လာသူနှစ်ဦးမှာ ပျူစောထီးဒုခေါင်းဆောင်ဟုဆိုသူ ဦးစိုးသန်း၏သမီးဖြစ်သူ ဒေါ်ချိုလွင်ဦးနှင့် မြေးဖြစ်သူ မောင်ယဉ်ကိုထက်တို့ဖြစ်သည်။ ဒေါ်ချိုလွင်ဦးနှင့် မောင်ယဉ်ကိုထက်မှာ သားအမိတော်စပ်သည်။ ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၈ ရက်က ထားဝယ်မြို့သို့ ကင်းမွန်သွားရောင်းပြီး ပြန်လာစဉ် လောင်းလုံးမြို့နယ်ရှိ လမ်းပိုင်း တစ်နေရာ၌ […]

မောတောင်တွင် စစ်ကောင်စီတပ်ထောက်ပို့ယာဉ်တန်း အပြန်တွင်တိုက်ခိုက်ခံရ

diz_admin

February 15, 2023

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ မောတောင်တွင် စစ်ကောင်စီတပ်ထောက်ပို့ယာဉ်တန်း ရိက္ခာပို့ပြီးအပြန်တွင် တိုက်ခိုက်ခံရကြောင်း ကားသမားအချို့နှင့် ကော်သူးလေတပ်မတော်၊ ကျားကွန်မန်ဒိုတပ်ဖွဲ့ (KTLA-TCJF) ၏ ထုတ်ပြန်ချက်တို့အရ သိရသည်။ မောတောင်-ကော့သောင်းလမ်းဆုံ ရေဖြူရွာနှင့် ထုံခါရွာကြားတွင် ဖေဖော်ဝါရီလ ၁၃ ရက် ည ၆ နာရီက စစ်ကောင်စီ တပ်သား ၄၀ ကျော် လိုက်ပါလာသည့် ယာဉ်ငါးစီးကို တိုက်ခိုက်ခဲ့ကြောင်း KTLA-TCJF က ရုပ်သံမှတ်တမ်းနှင့်တကွ ဖေဖော်ဝါရီလ ၁၄ရက် ထုတ်ပြန်ထားသည်။ စစ်ကောင်စီ၏ ထိုင်း-မြန်မာနယ်စပ်ရှိ လေးကေစခန်းအား ရိက္ခာပို့ပြီး ကြိမ်ချောင်းကျေးရွာမှ တနင်္သာရီမြို့ဖက်သို့ မောင်းနှင်လာစဉ် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ အပြန်အလှန်ပစ်ခတ်မှု ၁၅ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုများရှိခဲ့ပြီး အရေအတွက် အသေးစိတ်ကို စုံစမ်းနေဆဲဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ KTLA-TCJF […]

ထားဝယ်ဒေသတွင် ဓနိထွက်စားသောက်ကုန် ဈေးကောင်းရနေ

diz_admin

February 15, 2023

ထားဝယ်ဒေသတွင် ဓနိထွက် စားသောက်ကုန်များ ယခုနှစ်တွင် ဈေးကောင်းရနေကြောင်း ယင်းလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။ ဒေသထွက် စားသောက်ကုန်တစ်မျိုးဖြစ်သည့် ဓနိပွင့်ယို တစ်ပိဿာလျှင် ယမန်နှစ်က ကျပ်သုံးထောင်ခန့်သာရှိရာမှ ယခုနှစ်တွင် တစ်ပိဿာကျပ် ငါးထောင်ဝန်းကျင်ခန့်အထိ ဈေးရနေကြောင်း ဓနိတောင်သူများထံမှ သိရသည်။ “ဈေးထဲမှာတစ်ပိဿာကို ငါးထောင်လောက်ရတယ်” ဟု ဓနိတောင်သူတစ်ဦးက ပြောသည်။ အွန်လိုင်းဈေးကွက်တွင်ဆိုလျှင် ရှစ်ထောင်ဝန်းကျင်အထိ ဈေးရသည်ဟုဆိုသည်။ ထားဝယ်ဒေသတွင် ယခင်က ဓနိပွင့်ယိုကို လက်ဆောင်ပေးခြင်းနှင့် စားသောက်ရန်သာ ကျိုချက်လေ့ရှိကြသော်လည်း ယခုအခါ အွန်လိုင်းကပင် ရောင်းချနေရကြောင်း အွန်လိုင်းကနေရောင်းချသည် အမျိုးသမီးတစ်ဦးက ဆိုသည်။ “ကျွန်မ စရောင်းတုန်း (တစ်နှစ်ကျော်လောက်က) က တစ်ပိဿာမှ ငါးထောင်ဝန်းကျင်ပဲရတယ်။ အခုက ဈေးပိုရလာတယ်။ တစ်ပိဿာ ကျပ်ရှစ်ထောင်လောက် ထိရတယ်” ဟု ၎င်းက ပြောဆိုသည်။ ဓနိပွင့်ယိုကို […]