ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ကဒဲရွာစီးနင်းခံရမှုတွင် ကျဆုံးသူမရှိဟု PDF ပြော၊ အဖမ်းခံရသူ ၁၃ဦး ကယ်နိုင်ခဲ့သည်ဟု စစ်ကောင်စီဆို

diz_admin

February 17, 2023

ပုလောမြို့နယ် ကဒဲရွာစီနင်းတိုက်ခိုက်ခံရမှုတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ဘက်က ကျဆုံးသူမရှိကြောင်း ပြောဆိုပြီး စစ်ကောင်စီဘက်ကမူ ဖမ်းဆီးခံထားရသူ ၁၃ဦးကို ကယ်တင်နိုင်ခဲ့သည်ဟု ပြောဆိုသည်။ ဖေဖော်ဝါရီလ ၁၆ ရက်က ကဒဲရွာသို့ စစ်ကောင်စီတပ်က အင်အားသုံးဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာမှ နှစ်ဖက် တိုက်ပွဲဖြစ်ပွားခဲ့၍ ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ဆုတ်ခွာပေးခဲ့ရသည်။ ယင်းတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ငါးဦးကျဆုံးကာ သေနတ်သုံးလက်အပါအဝင် ဆက်စပ်ပစ္စည်း များ သိမ်းဆည်းရမိကြောင်း စစ်ကောင်စီဘက် ထောက်ခံရေးသားလေ့ရှိသူများက လူမှုကွန်ရက်တွင် ရေးသားဖြန့်ဝေခဲ့ကြသည်။ မြိတ်ခရိုင်၊ တပ်ရင်း (၁) ၊ ပုလောပြည်သူ့ကာကွယ်ရေတပ်မတော် (PPDF) ပြန်ကြားရေးဌာနကမူ ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ကျဆုံးသူမရှိဘဲ တစ်ဦးသာ ထိခိုက်ဒဏ်ရာရကြောင်း တုံ့ပြန်ထားသည်။ “ကျွန်တော်တို့ဘက်က အကျအဆုံးမရှိပါဘူး။ ရဲဘော်တစ်ဦးပဲ အနည်းငယ်ထိခိုက်ဒဏ်ရာရသွားတယ်” ဟု အဆိုပါဌာနမှ တာဝန်ခံက ပြောသည်။ PPDF က […]

ကံပေါက်ဒေသခံ ၇ ဦး ပြန်လွတ်လာသော်လည်း အမျိုးသမီး ၁ ဦး အဖမ်းခံထားရဆဲ

diz_admin

February 17, 2023

စစ်ကောင်စီကဖမ်းဆီး စစ်ဆေးနေသည့် ရေဖြူမြို့နယ် ကံပေါက်ဒေသခံ ၇ ဦးမှာပြန်လွတ်လာသော်လည်း အမျိုးသမီး တစ်ဦးကိုမူ ဆက်လက်ဖမ်းထားဆဲဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။ ပြန်လွတ်လာသူများမှာ ကံပေါက်ကျေးရွာ ဗိုလ်ချုပ်ရပ်ကွက်မှ မဝင်းစန္ဒီကျော်(ခ)အသေးလေး၊ လှည်းကုန်း (၁)ရပ်ကွက်မှ မချိုချိုအောင်၊ မိသန်းကြွယ်နှင့် သမီးဖြစ်သူ မရွက်နုဝေ၊ ကိုသက်ဦးနှင့် ဇနီးဖြစ်သူ မမာဝေ၊ မသန်းသန်းစိုးတို့ ဖြစ်သည်။ ၄င်းတို့အနက် ကိုသက်ဦးနှင့် မဝင်းစန္ဒီကျော်တို့မှာ ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ကျန် အမျိုးသမီး ၅ ဦးမှာ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ မနက်ပိုင်းတွင် ကံပေါက်နယ်မြေရဲစခန်းမှတစ်ဆင့် မောရဝတီ ရေတပ်သို့ ခေါ်ဆောင် စစ်ဆေးခံရခြင်းဖြစ်သည်။ ဖေဖော်ဝါရီလ ၄ ရက်နေ့ကတည်းက မောရဝတီရေတပ်တွင် ဖမ်းဆီးစစ်ဆေးခံနေရသည့် မမီးသက်မှာမူ ၁၀ ရက်ကျော်သည်အထိ ပြန်လည်လွတ်မြောက်ခြင်းမရှိသေးပေ။ “လှည်းကုန်း […]

မယ်တော်ဆေးခန်းတည်ထောင်သူ ဒေါက်တာစင်သီယာမောင် ထိုင်းနိုင်ငံသားခံယူရန်လျှောက်ထား

diz_admin

February 17, 2023

ထိုင်း-မြန်မာနယ်စပ်တွင် မယ်တော်ဆေးခန်းတည်ထောင်ကာ မြန်မာဒုက္ခသည်များနှင့် ရွှေ့ပြောင်းအလုပ်သမားများ၏ ကျန်းမာရေးဆိုင်ရာ ကူညီထောက်ပံ့ပေးနေသည့် ဒေါက်တာစင်သီယာမောင်သည် ထိုင်းနိုင်ငံသားအဖြစ်ခံယူရန် လျှောက်ထားလိုက်ကြောင်း Bangkok Post သတင်းဌာနက ယနေ့ ဖော်ပြသည်။ နယ်စပ်တစ်လျှောက် လူနာများကို နှစ် ၃၀ကျော်ကြာ ကျန်းမာရေးဆိုင်ရာထောက်ပံကူညီမှုများပေးခဲ့ပြီးနောက် ဒေါက်တာစင်သီယာမောင်သည် ထိုင်းနိုင်ငံသားဖြစ်ခွင့် လျှောက်ထားကြခြင်းဖြစ်ကြောင်း ဖော်ပြသည်။ ဖေဖော်ဝါရီလ ၁၅ ရက်တွင် မဲဆောက်ခရိုင်ရုံးသို့ သွားရောက်လျှောက်ထားခဲ့ခြင်းဖြစ်ပြီး Hill Area and Community Development Foundation (HADF) အဖွဲ့ဝင်များပါလိုက်ပါခဲ့ကြကြောင်း ရေးသားထားသည်။ ထိုင်းနိုင်ငံသားကတ်ကိုင်ဆောင်ခြင်းက ကျန်းမာရေးစောင့်ရှောက်ရေးလုပ်ငန်းအတွက် နိုင်ငံတကာနှင့် ထိုင်းအဖွဲ့အစည်းများ ထံမှ အကူအညီများစွာရရှိနိုင်ကြောင်း ဒေါက်တာစင်သီယာမောင်က ပြောဆိုထားသည်။ ထိုင်းနိုင်ငံသား လျှောက်ထားသော်လည်း ထိုင်း-မြန်မာနှစ်နိုင်ငံ နယ်စပ်တစ်လျှောက်ရှိ မည်သည့်နိုင်ငံသားပင် ဖြစ်ဖြစ် ဒုက္ခသည်များကိုမူ ကျန်းမာရေးစောင့်ရှောက်မှု ဆက်လက်လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း ၎င်းက […]

မြိတ်၊ တုံးဗျောရွာတွင် တိုက်ပွဲဖြစ်

diz_admin

February 17, 2023

မြိတ်မြို့နယ်၊ တုံးဗျောကျေးရွာတွင် တိုက်ပွဲဖြစ်နေကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ ဖေဖော်ဝါရီလ ၁၇ရက် နံနက် ၅ နာရီဝန်းကျင်ကစပြီး တုံးဗျောရွာတွင် တိုက်ပွဲဖြစ်ပွားပြီး နံနက် ၁၀ နာရီအထိ လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း ဒေသခံများက ပြောသည်။ “တုံးဗျောငယ် လမ်းဆုံမှာစဖြစ်တယ်လို့ကြားတယ်။ စစ်ကောင်စီနဲ့ ပျူစောထီးတပ်ကို PDF တွေ လာပစ်တယ်လို့ သိရတယ်။ အခုထိလက်နက်ကြီးအသံတွေ ကြားနေရတုန်းပဲ” ဟု တုံးဗျောရွာအနီးနေ ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်နေသည့်အတွက် ရွာသားများမှာ နေအိမ်အတွင်း ပုန်းအောင်းနေရပြီး ယာဉ်များကိုလည်း ကြေးနန်းတိုင်တံတားဂိတ်မှ ပိတ်ကာ ဖြတ်သန်းသွားလာခွင့် မပြုတော့ကြောင်း ဒေသခံများက ဆိုသည်။ “PDF တွေ လာပစ်ပြီး ၇ နာရီလောက်ကတည်းက ပြန်ဆုတ်သွားကြပြီလို့ကြားရတယ်။ လူထိခိုက်သေဆုံးမှုတော့ အတိအကျ […]

လောင်းလုံးတွင် ပြည်သူ့စစ်အဖွဲ့ဝင်ဟုဆိုသူတစ်ဦး ပစ်သတ်ခံရ

diz_admin

February 16, 2023

လောင်းလုံးမြို့ပေါ် (ဃ) ရပ်ကွက်တွင် ယနေ့ ဖေဖော်ဝါရီ ၁၆ ရက် ယနေ့ညနေပိုင်းက ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦး ပစ်သတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။ ပစ်သတ်ခံရသူမှာ အသက် ၄၀ ကျော်ဝန်းကျင်အရွယ်ရှိ ဦးအောင်ဆန်းဦးဆိုသူဖြစ်ပြီး ယနေ့ ည ၆ နာရီ ၄၅ မိနစ်ခန့် တွင် လက်နက်ကိုင်လူတစ်စုက လာရောက်ပစ်သတ်သွားခြင်း ဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ ၎င်းသည် ယူနီဖောင်းဝတ်ကာ လက်နက်ကိုင်ဆောင်လေ့ရှိကာ လုံခြုံရေးတာဝန်များလည်း ထမ်းဆောင်သည်ကို တွေ့ရလေ့ရှိကြောင်း ဒေသခံအချိုက ပြောဆိုကြသည်။ “သူအိမ်နောက်က မီးပုံဘေးမှာသေနေတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ ညဘက်မေးရိုးအောက်နှင့် ဦးခေါင်းတို့တွင် ကျည်ထိမှန်ဒဏ်ရာများဖြင့် သေဆုံးနေခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ ဦးအောင်ဆန်းဦးကို မည်သူတို့က မည်သည့်အကြောင်းရင်းကြောင့် လာရောက်ပစ်ခတ်သွားသည်ကို Dawei Watch အနေဖြင့် […]

ဖမ်းထားသည့် သရက်ချောင်းမြို့နယ်၊ ကျွဲဇပ်ရွာသားကို သတ်လိုက်ပြီဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထုတ်ပြန်

diz_admin

February 16, 2023

သရက်ချောင်းမြို့နယ်၊ ကျွဲဇပ်ရွာသား ဦးတင်လတ်မှာ သတင်းပေးဒလန်ဖြစ်၍ သတ်လိုက်ပြီဖြစ်ကြောင်း သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့က ယနေ့(ဖေဖော်ဝါရီ ၁၆) ညနေပိုင်းတွင် ထုတ်ပြန်လိုက်သည်။ ဦးတင်လတ်ကို စစ်ကောင်စီ၊ ပျူစောထီးတို့နှင့် ပူးပေါင်း ဆက်သွယ်သည်ဆိုသော စွပ်စွဲချက်ဖြင့် သရက်ချောင်းမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့က ဖမ်းဆီးကာ သတ်ခဲ့ခြင်းဖြစ်သည်။ ဦးတင်လတ်မှာ ၂၀၂၂ ခုနှစ် ၁၂ လပိုင်း ၁၇ ရက်က စစ်ကောင်စီတပ်သားများ၊ ပျူစောထီးအဖွဲ့ဝင်များနှင့်အတူ ကင်းရှေ့ရွာရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို ဝင်ရောက်ရှာဖွေခဲ့သည်ဟု သတင်းရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ၂၀၂၂ ခုနှစ် ၁၂ လပိုင်း ၁၉ ရက်ကလည်း ဥတ္တူရွာကို စစ်ကောင်စီတပ်၊ ပျူစောထီးအဖွဲ့များနှင့်အတူ လိုက်ပါလာသည်ကို မျက်မြင်တွေ့ရှိသည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။ သို့သော် ယင်းပြောဆိုချက်များအပေါ် ဦးတင်လတ်၏ သမီးဖြစ်သူ မမေမြတ်နိုး ကန့်ကွက်လိုက်ပြီး […]

ကော့သောင်းတွင် အမျိုးသားတစ်ဦး ပျောက်ဆုံးပြီးသုံးရက်ကြာမှ အလောင်းပြန်တွေ့

diz_admin

February 16, 2023

ကော့သောင်းမြို့တွင် အမျိုးသားတစ်ဦးပျောက်ဆုံးပြီး သုံးရက်အကြာတွင် ရုပ်အလောင်းအား ပြန်လည်တွေ့ရှိကြောင်း ကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်ပေးသည့် ပရဟိတအသင်းတစ်သင်းထံမှ သိရသည်။ ရုပ်အလောင်းကို ဖေဖော်ဝါရီလ ၁၅ ရက် မွန်းလွဲပိုင်းတွင်တွေ့ရှိခြင်းဖြစ်ကြောင်း ယင်းအသင်းထံမှ သိရသည်။ အသက် ၄ဝအရွယ် အဆိုပါအမျိုးသားသည် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် နေအိမ်မှပျောက်ဆုံးနေသဖြင့် သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံးထံ အကြောင်းကြားထားပြီးဖြစ်ကြောင်း ပရဟိတအသင်းဝင်တစ်ဦးက ပြောသည်။ ယင်းနောက် အုပ်ချုပ်ရေးဘက်က တာဝန်ရှိသူတို့က ရှာဖွေခဲ့ရာ သေဆုံးပြီး ပုပ်ပွနေသည့် ရုပ်အလောင်းအား ဆယ်မိုင်ကျေးရွာ အောင်ချမ်းသာကွက်သစ် စက်မှုအထက်တန်းကျောင်းအနီး ဥယျာဉ်ခြံတစ်ခုတွင် ပြန်လည် တွေ့ရှိကြောင်း ၎င်းက ဆိုသည်။ “မြိတ်ဘက်ကလာပြီး မိုင်းလုပ်ငန်း လာလုပ်နေသူလို့ ကြားရတယ်” ဟု ၎င်းက ပြောဆိုသည်။ အဆိုပါအမျိုးသား ပျောက်ဆုံးပြီး သေဆုံးလျက် ပြန်လည်တွေ့ရှိခြင်းနှင့် ပတ်သက်ပြီး […]

တနင်္သာရီတိုင်းတွင် နေရာကွက်ကျား မိုးထစ်ချုန်းဆက်ရွာနိုင်

diz_admin

February 16, 2023

တနင်္သာရီတိုင်းတွင် ဖေဖော်ဝါရီလ ၁၈ ရက်နေ့အထိ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်သေးကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။ ဖေဖော်ဝါရီလ ၁၆ ရက်မှ ၁၈ ရက်အထိ ခန့်မှန်းချက်အရ တနင်္သာရီတိုင်းတွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ဖေဖော်ဝါရီလ ၁၅ ရက် မနေ့က ညနေပိုင်းတွင် ထားဝယ်၊ သရက်ချောင်း‌၊ ရေဖြူစသည့်မြို့နယ်အချို့တွင် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်ခဲ့သေးသည်။ သရက်ချောင်းမြို့နယ်နှင့် ပြင်ကြီးကျွန်းတွင် မိုးအနည်းငယ်ရွာခဲ့သော်လည်း ဆားချက်လုပ်သည့် လုပ်ငန်းထိခိုက်မှု မရှိကြောင်း ဆားချက်တောင်သူအချို့က ပြောသည်။ “ရေကြိုပြီးတော့ အုပ်ထားနိုင်တယ်။ မိုးလာမယ်ဆိုတာ ကြိုသိတယ်လေ” ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်မှ နေလှန်းဆားလုပ်ငန်းရှင် ဦးသန်းဝင်းက ပြောသည်။ မိုးအနည်းငယ်သာ ရွာသွန်းခဲ့ခြင်းကြောင့် ဆားလုပ်ငန်းကို ထိခိုက်မှုမရှိခဲ့ကြောင်း သရက်ချောင်းမြို့နယ် ပြင်းဖြူသားကျေးရွာမှ မီးချက်ဆားလုပ်ငန်းလုပ်ကိုင်သည့် ကိုမိုးဇော်က […]