ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

အယ်လ်နတ်စ်ဆာ အမျိုးသမီးအသင်း အမှတ်ပေးချန်ပီယံဆု ပထမဆုံးအကြိမ် ဆွတ်ခူး၊ အသင်းနည်းပြက စီရော်နယ်ဒိုကို ကျေးဇူးတင်စကားဆို

diz_admin

February 19, 2023

ဆော်ဒီအာရေဗျ အမျိုးသမီးလိဂ်ပြိုင်ပွဲတွင် အယ်လ်နတ်စ်ဆာ အမျိုးသမီးအသင်းက အသင်းသမိုင်းကြောင်းတလျှောက် အမှတ်ပေးချန်ပီယံဆုကို ပထမဆုံးအကြိမ်အဖြစ် ဆွတ်ခူးရရှိသွားခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။ အယ်လ်နတ်စ်ဆာ အမျိုးသမီးအသင်းသည် ရာသီသိမ်း နောက်ဆုံးပွဲစဉ်တွင် အမှတ်ပေးဇယား၏အဆင့် ၁၄ နေရာတွင် ရှိနေသော အယ်လ်ယာမာမာ အမျိုးသမီးအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရပြီး အဆိုပါပွဲစဉ်ကို အယ်လ်နတ်စ်ဆာ အမျိုးသမီးအသင်းက သုံးဂိုး နှစ်ဂိုးဖြင့် အနိုင်ကစားကာ ချန်ပီယံဆုကို ဆွတ်ခူးရယူသွားခဲ့ခြင်းဖြစ်သည်။ အယ်လ်နတ်စ်ဆာ အမျိုးသမီးအသင်းသည် စုစုပေါင်းရမှတ် ၃၅ မှတ်ဖြင့် အမှတ်ပေးချန်ပီယံဆုကို အသင်းသမိုင်းကြောင်းတလျှောက် ပထမဆုံးအကြိမ် ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်ပြီး အမှတ်ပေးချန်ပီယံဆုအတွက် အယ်လ်နတ်စ်ဆာ အမျိုးသမီးအသင်းက အယ်လ်ဟီလယ်လ် အမျိုးသမီးအသင်းနှင့် ပြင်းပြင်းထန်ထန် အားပြိုင်ခဲ့ရခြင်းဖြစ်သည်။ ရာသီသိမ်းချိန်တွင် အယ်လ်နတ်စ်ဆာ အမျိုးသမီးအသင်းက အယ်လ်ဟီလယ်လ် အမျိုးသမီးအသင်းကို ရမှတ် ၁ မှတ် အသာစီးယူကာ ချန်ပီယံဖြစ်သွားခဲ့ခြင်းဖြစ်ပြီး ယခုအောင်မြင်မှုအတွက် […]

တနင်္သာရီနှင့် ပုလောတွင် ပြည်သူ့ကာကွယ်ရေး ရဲဘော်နှစ်ဦးကျဆုံး

diz_admin

February 19, 2023

မြိတ်ခရိုင်၊ တနင်္သာရီနှင့် ပုလောမြို့နယ်တို့တွင် ပြည်သူ့ကာကွယ်ရေးတပ်သားနှစ်ဦး ကျဆုံးသွားကြောင်း သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့များထံမှ သိရသည်။ တနင်္သာရီမြို့နယ်၊ ဘန်လောရွာတွင် ဖေဖော်ဝါရီလ ၁၇ ရက်က နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ကြီးကျည်စ ထိမှန်၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က ရဲဘော်တစ်ဦးကျဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။ ကျဆုံးသူမှာ ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်နေသူ အသက် ၃၃နှစ်အရွယ် ရဲဘော် မရင်းကြီး (၂) ဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ ကျဆုံးခဲ့သည့် ရဲဘော်သည် အသက် ၃၃ နှစ်အရွယ်ရှိပြီး ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်နေသူ မရင်းကြီး (၂) ဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ “ဒီနေ့ပဲ တကူရွာမှာ သင်္ဂြိုဟ်လိုက်ပါပြီ” ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တာဝန်ရှိသူ ကပြောသည်။ ယင်းအပြင် ပုလောပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း (၁) […]

ပုလော၊ နန်းတောင်ရွာတွင် တိုက်ပွဲဖြစ်နေ

diz_admin

February 19, 2023

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ နန်းတောင်ကျေးရွာတွင် ယနေ့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ ဖေဖော်ဝါရီလ ၁၉ ရက် နံနက်အစောပိုင်းတွင် နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုများဖြစ်နေပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးများဖြင့်လည်း ပစ်ခတ်နေကြောင်း ဒေသခံများက ပြောသည်။ “လက်နက်ကြီးတွေနဲ့ ထုနေတာ အချက်ပေါင်း မနည်းတော့ဘူး” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။ တိုက်ပွဲအခြေအနေကိုမူ Dawei Watch က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။ “မနေ့က နန်းတောင်ဖက်ကို စစ်ကြောင်းထိုးတယ်။ ရွာကလူတွေကိုလည်း ပေါ်တာအဖြစ်ခေါ်သွားကြတယ်။ အခုတော့ ပြန်လွတ်လာပါပြီ” ဟု မင်းထိန်ရွာနေ အမျိုးသားတစ်ဦးက ပြောသည်။ နန်းတောင်ကျေးရွာတွင် ၂၀၂၂ ခုနှစ်အတွင်း တိုက်ပွဲများ မကြာခဏဖြစ်ပြီး စစ်ကောင်စီတပ်က နန်းတောင်အပါအဝင် အနီးအနားရွာများသို့ လက်နက်ကြီးဖြင့် မကြာခဏပစ်ခတ်သဖြင့် ရွာသားအများစုမှာ တိမ်းရှောင်နေကြရသည်။ ပြီးခဲ့သည့် ငါးလခန့်ကာလအတွင်း […]

မုဒုံ ကန်ကြီးရေကန်တွင် သားအဖနှစ်ဦး ရေနစ်သေဆုံး

diz_admin

February 18, 2023

မွန်ပြည်နယ်၊ မုဒုံမြို့ ကန်ကြီးရေကန်တွင် ယနေ့ ဖေဖော်ဝါရီလ ၁၈ ရက် ညနေ ၅ နာရီကျော်က သားအဖနှစ်ဦး ရေနစ်သေဆုံးသွားကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။ မုဒုံမြို့ မြို့မ (၂) ရက်ကွက်၊ ကုက္ကိုတန်းရပ်တွင်နေထိုင်သည့် အသက် ၅၃ နှစ်အရွယ် ဦးရွှေမြင့်နှင့် အသက် ၁၂ အရွယ် မောင်သိန်းထူးဇော်တို့ သားအဖနှစ်ဦးသည် ကန်ကြီးကန်အတွင်း ရေဆင်းကူးရာမှ ရေနစ်မြုပ်ခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ အဆိုပါသားအဖနှစ်ဦးကို မုဒုံမြို့အခြေစိုက် ပရဟိတလူမှုကူညီကယ်ဆယ်ရေးအဖွဲ့တို့ ပူးပေါင်းပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်ခဲ့ကြောင်း ယင်းအဖွဲ့များထံမှ သိရသည်။ “ရေနစ်နေတဲ့ သားအဖနှစ်ဦးရဲ့ ရုပ်အလောင်းကို ၅ နာရီခွဲလောက်မှာ ရှာဖွေတွေ့ရှိခဲ့တယ်” ဟု မုဒုံမြို့မှ လူမှုကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ရုပ်အလောင်းများကို မုဒုံမြို့ရှိ လူမှုကူညီကယ်ဆယ်ရေးအသင်းအဖွဲ့တို့၏ အကူအညီဖြင့် […]

ကဒဲရွာတွင် နေအိမ် ၆ဝခန့် မီးရှို့ခံရပြီး ရဟန်းနှစ်ပါးနှင့် လူငယ်နှစ်ဦးပျောက်နေ

diz_admin

February 18, 2023

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ကဒဲကျေးရွာတွင် နေအိမ်ခြောက်ဆယ်ခန့် မီးရှို့ခံရပြီး ရဟန်းနှစ်ပါးနှင့် လူငယ်နှစ်ဦးလည်း ဆက်သွယ်မရဘဲ ပျောက်ဆုံးနေကြောင်း ဒေသခံများက ပြောသည်။ ကဒဲကျေးရွာသို့ ဖေဖော်ဝါရီလ ၁၅ ရက် ညတွင် စစ်ကောင်စီတပ်က အင်အားသုံးဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာမှ ပြည်သူ့ကာကွယ်ရေးတပ်နှင့် နှစ်ဖက် တိုက်ပွဲဖြစ်ပွားခဲ့ကာ ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ဆုတ်ခွာပေးခဲ့ရသည်။ ယင်းနောက် ဖေဖော်ဝါရီလ ၁၆ ရက် နံနက်ပိုင်းတွင် နေအိမ်များစတင်မီးရှို့ခံရခြင်းဖြစ်ပြီး ဖေဖော်ဝါရီလ ၁၇ ရက်အထိ မီးလောင်ကျွမ်းနေခဲ့ကြောင်း ဒေသခံတို့က ဆိုသည်။ “ကားတွေ၊ ဆိုင်ကယ်တွေ အကုန်မီးရှို့ခံရတယ်။ ဒီနေ့အထိ မီးကတငွေ့ငွေ့လောင်နေတုန်း။ဘုန်းကြီး နှစ်ပါးနဲ့ ကဒဲကကောင်လေး တစ်ယောက်နဲ့ ကြဲ (ရွာ) က တစ်ယောက် ပျောက်နေတယ်” ဟု ကဒဲရွာမှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ နေအိမ်များ မီးရှို့ခံရသည့်အထဲ ဘုန်းကြီးကျောင်းတစ်ကျောင်းလည်း […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

diz_admin

February 18, 2023

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ မှ ၁၈ ရက်နေ့အထိ အာဏာသိမ်းမှုကြောင့် ငြိမ်းချမ်းရေးရပ်ပြီး ပိုကျယ်ပြန့်သည့်ပြည်တွင်းစစ်ပုံစံသစ်သို့ ဦးတည်သွားပြီ မြန်မာနိုင်ငံတွင် အရှိန်ရနေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အာဏာသိမ်းမှုကြောင့် ရပ်ဆိုင်းသွားသည့်အပြင် ပိုမိုကျယ်ပြန့်သည့် ပြည်တွင်းစစ်ပုံသဏ္ဍာန်အသစ်သို့ ဦးတည်နေပြီဟု စစ်ကောင်စီနှင့် ငြိမ်းချမ်းရေးဆွေးနွေးနေသည့် အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့က ပြောသည်။ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်ကော်မတီ (PPST) ၏ ပြည်ထောင်စုနေ့ သဝဏ်လွှာတွင် ဖော်ပြခြင်းဖြစ်သည်။ အရှိန်ရနေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် နိုင်ငံရေးဆွေးနွေးပွဲများ ရပ်ဆိုင်းသွားပြီး အာဏာသိမ်းမှု အကျိုးဆက်ကြောင့် နိုင်ငံတကာက အရေးယူဒဏ်ခတ်ပိတ်ဆို့မှုများအပါအဝင် အထွေထွေအကျပ်အတည်းများ နှင့် ရင်ဆိုင်နေရကြောင်း ဆိုသည်။ […]

တနင်္သာရီ၊ ဘန်လောရွာတွင် တိုက်ပွဲဖြစ်၍ ဒေသခံများ စစ်ဘေးရှောင်

diz_admin

February 18, 2023

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ဘန်လောကျေးရွာတွင် တိုက်ပွဲဖြစ်ပွားနေ၍ ဒေသခံများ စစ်ဘေးရှောင်နေရကြောင်း သိရသည်။ ယနေ့ နံနက်ပိုင်းတွင် အနည်းငယ်ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး နေ့လယ်ပိုင်းတွင် ပိုမိုပြင်းထန်ကြောင်း ဒေသခံများကပြောသည်။ “ပစ်ခတ်မှုက မနေ့ကတည်းကစဖြစ်တာ မနေ့က ၅ မိုင်၊၆ မိုင်ဘက်မှာဖြစ်ပြီး ဒီကနေ့ဘန်လောဘက် ရောက်လာတယ်”ဟု ဘန်လောဒေသခံအမျိုးသား ကပြောသည်။ စစ်ကောင်စီတပ်က မနေ့ကတည်းက လက်နက်ကြီးဖြင့်ပစ်ကာ ၎င်းတို့၏ တပ်ရှိရာသို့ ရိက္ခာပို့ရန် ရောက်ရှိလာပြီး ယနေ့အပြန်တွင်လည်း ထိတွေ့တိုက်ပွဲဖြစ်ပွါးခဲ့သည်ဟု ဒေသခံများကပြောသည်။ “ရွာသားတွေကတော့ မနေ့ကတည်းက အကုန်ပြေးကုန်ကြပြီ”ဟု ဒေသခံနောက်တစ်ဦး ကပြောသည်။ မနေ့ကတိုက်ပွဲတွင် စစ်ကောင်စီတပ်က ပစ်လိုက်သည့် လက်နက်ကြီးကျည်ကျရောက်ပြီး ပြည်သူ့ကာကွယ်ရေးဘက်မှ ရဲဘော်တစ်ဦးဒဏ်ရာရကာ တစ်ဦးကျဆုံးခဲ့သည်ဟုကြားသိရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်နှင့် နီးစပ်သည့် အမျိုးသား ကပြောသည်။ ပြည်သူ့ကာကွယ်ရေး တပ်ဘက်က ယနေ့ည ၆ နာရီတွင် ပစ်ခတ်မှုရပ်နားပြီးသော်လည်း စစ်ကောင်စီဘက်ကမူ ည […]

ထားဝယ်၊ သင်္ကန်းတုံးရွာတွင် နေအိမ်မီးရှို့ခံရ၊ လက်နက်ကြီးကျ၍ ကလေးတစ်ဦး ဒဏ်ရာရ

diz_admin

February 18, 2023

တိုက်ပွဲဖြစ်ပွားနေသည့် ထားဝယ်အရှေ့တောဒေသ ပကာရီကျေးရွာအုပ်စု၊ သင်္ကန်းတုံးရွာမှ နေအိမ်တချို့ မီးရှို့ခံရကြောင်း ဒေသခံအချို့က ပြောသည်။ ယနေ့(ဖေဖော်ဝါရီ ၁၈) နေ့လယ်ပိုင်းခန့်က မီးရှို့ခံရခြင်းဖြစ်ပြီး ကျေးရွာစာသင်ကျောင်းဘေးပတ်လည်မှ နေအိမ်နှစ်လုံးနှင့် ကျေးလက်ကျန်းမာရေးဌာနဆေးပေးခန်းတို့ မီးလောင်ခဲ့ကြောင်း သင်္ကန်းတုံးရွာမှ ဒေသခံအချို့က ပြောသည်။ စာသင်ကျောင်းပတ်လည်ကို အုတ်တံတိုင်းကာထားသဖြင့် အဝေးကမြင်ရသည့် အနေအထားအရ ကျောင်းကိုမီးစွဲလောင်ခြင်းမရှိသေးဟု သင်္ကန်းတုံးရွာမှ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ “စစ်ကြောင်းပြန်ထွက်ချိန်မှာ ရှို့ခဲ့တာ” ဟု ၎င်းက ပြောသည်။ အိမ်များ မီးလောင်နေသည်ကို စစ်ဘေးရှောင်နေသည့် ရွာသားအချို့က တောထဲမှမြင်နေရသော်လည်း မီးလာငြှိမ်းသူများကို ကင်းပုန်းဝပ်ကာ ပစ်ခတ်သတ်ဖြတ်မည်စိုးသဖြင့် မည်သူမျှ မီးသွားမငြှိမ်းရဲကြဟု ဒေသခံအချို့က ဆိုသည်။ မီးငြိမ်းသတ်သူမရှိသဖြင့် ယနေ့ ည ၆ နာရီခွဲအထိ မီးစွဲနေသေးပြီး နောက်ထပ် အိမ်ဘယ်နှစ်လုံး မီးလောင်သည်ဆိုသည်ကိုမူ မသိရသေးကြောင်း အထက်ပါအမျိုးသမီးက […]