ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထိုင်းတွင် နေစရာ စားစရာ မရှိသဖြင့် သတ်သေသည်ဟုယူဆရသည့် မြန်မာတစ်ဦးအလောင်းတွေ့

diz_admin

February 22, 2023

ထိုင်းနိုင်ငံ နခွန်ပထုန်ခရိုင် ဘန်လေ့ဒေသရှိ ရေသွယ်တန်းထားသော မြောင်းထဲတွင် မြန်မာနိုင်ငံသားတစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိရကြောင်း ထိုင်းသတင်းဌာနအချို့တွင် ဖော်ပြထားသည်။ ဖေဖော်ဝါရီလ ၂၀ ရက် နံနက် ၁၁ နာရီခန့်တွင် မြန်မာနိုင်ငံသား၏ ရုပ်အလောင်းကို ထိုင်းအမျိုးသမီးတစ်ဦးက တွေ့ရှိခဲ့ပြီးနောက် ဘန်လေ့ရဲစခန်းသို့ အကြောင်းကြားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ သေဆုံးသူမှာ အသက် ၃၉ နှစ်အရွယ် ကိုသန်းရွှေအမည်ရှိသော မြန်မာနိုင်ငံသားတစ်ဦးဖြစ်ပြီး ရခိုင်လူမျိုးတစ်ဦးလည်းဖြစ်ကြောင်း အနီးတွင် တွေ့ရသော မှတ်ပုံတင် အထောက်အထားအရ သိရသည်။ ကိုသန်းရွှေသည် မြောင်းအတွင်း၌ မှောက်လျက်အနေအထားဖြင့် သေဆုံးလျက်စစ်ဆေးတွေ့ရှိခဲ့ရပြီး ၎င်း၏ အိတ် အတွင်းမှ မြန်မာနိုင်ငံသား မှတ်ပုံတင်ကတ်နှင့် ထိုင်းဘာသာဖြင့် ရေးသားသော စာတစ်စောင်ကို တွေ့ရှိကြောင်း ဖော်ပြထားသည်။ ထိုင်းဘာသာဖြင့် ရေးသားထားသောစာအရ မိမိကိုယ်ကို အဆုံးစီရင်သည်ဟု ထိုင်းရဲတပ်ဖွဲ့က ကနဦး […]

မြိတ်တွင် ရော်ဘာခြံထဲ ဒဏ်ရာများဖြင့်သေဆုံးနေသည့် အမျိုးသမီးရုပ်အလောင်းတွေ့

diz_admin

February 22, 2023

မြိတ်မြို့နယ် စန္ဒဝတ်ကျေးရွာအုပ်စု ရွှေဒူးကျေးရွာအနီး ရော်ဘာခြံတစ်ခုအတွင်း ယနေ့ ဖေဖော်ဝါရီလ ၂၂ ရက် နံနက်က အမျိုးသမီးတစ်ဦး ဒဏ်ရာများဖြင့် သေဆုံးနေသည်ကိုတွေ့ရကြောင်း ယင်းရွာနေသူအချို့ထံမှ သိရသည်။ ရွှေဒူးနှင့် သာရမဲရွာအကြားရှိ ရော်ဘာခြံတစ်ခုတွင် အမျိုးသမီးတစ်‌ဦး သေဆုံးနေသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူတို့က လာရောက်စစ်ဆေးခဲ့ကြောင်း ရွှေဒူးရွာနေသူအချို့က ပြောသည်။ “ကော်ပတ်ခြံ (ရော်ဘာခြံ) ထဲမှာ မိန်းမတစ်ယောက်သေနေတာပဲကြားရတယ်။ ဘာကြောင့်သေနေလဲဆိုတာ မသိဘူး။ (ရွှေဒူး) ရွာသားတော့ မဟုတ်ဘူး” ဟု ရွှေဒူးရွာသားတစ်ဦးက ပြောဆိုသည်။ အဆိုပါအမျိုးသမီးသည် ဝဲဘက်နဖူးစောင်း ပေါက်ပြဲဒဏ်ရာနှစ်ချက်နှင့် ဦးခေါင်း အလယ်တည့်တည့်တွင် ပေါက်ပြဲဒဏ်ရာတစ်ချက်တို့ ရရှိကာ သေဆုံးနေကြောင်း ဒေသခံအချို့ထံမှ သိရသည်။ သေဆုံးသူ အမျိုးသမီးမှာ အသက် ၃၈နှစ်အရွယ်ဖြစ်ပြီး ရွှေပေးရွာသူဖြစ်ကာ ဆိုင်ကယ် တက္ကစီမောင်းသူဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။ […]

FOEIM အွန်လိုင်းကျောင်းက ကျောင်းသားများ၏ အချက်အလက်ပေါက်ကြား

diz_admin

February 22, 2023

မြေပြင်တွင် ကျောင်းမတက်နိုင်သူများကို အွန်လိုင်းစနစ်ဖြင့်ပို့ချနေသည့် FOEIM (Free Online Educational Institution Myanmar) ကျောင်းတွင် တက်ရောက်သင်ယူနေသည့် ကျောင်းသားများ၏ စာရင်းပေါက်ကြားလျက်ရှိသည်။ လုံခြုံရေး ကျိုးပေါက်ကာ ကျောင်းသား၊ ကျောင်းသူ ၃၀၀ ကျော်၏ အချက်အလက်များ ဖေဖော်ဝါရီလ ၂၁ ရက်တွင် အွန်လိုင်းပေါ်သို့ ပေါက်ကြားလာခြင်းဖြစ်သည်။ ပေါက်ကြားလာသည့်အချက်အလက်များတွင် ကျောင်းသားအမည်၊ ဖခင်အမည်၊ ဖုန်းနံပါတ်နှင့် အီးမေလ်းလိပ်စာများ ပါဝင်သည်။ အဆိုပါကျောင်းတွင် မြန်မာတစ်နိုင်ငံလုံးက သူငယ်တန်းမှ တက္ကသိုလ်ဝင်တန်းအထိ ကျောင်းသား၊ ကျောင်းသူ သောင်းနှင့်ချီတက်ရောက်နေခြင်းဖြစ်သည်။ “Join ထားတဲ့ သင်ကြားရေး Group တွေထဲက ထွက်ထားရတယ်။ သူများတွေလည်း ထွက်နေကြတယ်။ ကလေးတွေအန္တရာယ်ဖြစ်မှာစိုးလို့” ဟု တနင်္သာရီတိုင်းရှိ ကျောင်းသားမိဘတစ်ဦးက ပြောသည်။ FOEIM ကျောင်းဘက်ကမူ ပေါက်ကြားနေသည့် ကျောင်းသူ၊ […]

သရုပ်ဆောင် သီဟတင်စိုး ကွယ်လွန်

diz_admin

February 21, 2023

ထပ်ဆင့်အကယ်ဒမီ သရုပ်ဆောင် သီဟတင်စိုး နှလုံးရောဂါဖြင့် ယနေ့ ဖေဖော်ဝါရီလ ၂၁ ရက်တွင် ကွယ်လွန်သွားပြီ ဖြစ်ကြောင်း သရုပ်ဆောင်ဝေဠုကျော်၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။ နှလုံးရောဂါဖောက်လာသဖြင့် သင်္ဃန်းကျွန်းမြို့နယ် ဆေးရုံသို့ အရေးပေါ်ပို့ဆောင်စဉ် လမ်းခရီးတွင် ကွယ်လွန်သွားခြင်းဖြစ်ကြောင်း မိသားစုဝင်များက မီဒီယာများတွင် ပြောဆိုထားသည်။ သီဟတင်စိုး ကွယ်လွန်ချိန်တွင် အသက် ၅၅ နှစ်ရှိပြီဖြစ်သည်။ သရုပ်ဆောင် သီဟတင်စိုးသည် ငရဲသား ရုပ်ရှင်ဇာတ်ကားဖြင့် သရုပ်ဆောင်နှင့် ဒါရိုက်တာ အကယ်ဒမီဆုတို့ကို ၂၀၀၀ ပြည့်နှစ်တွင် ရရှိခဲ့သည်။ ၎င်းသည် တော်လှန်ရေးဇာတ်ကားများဖြင့် နာမည်ကျော်ကြားခဲ့သည့် ဝါရင့်သရုပ်ဆောင်တစ်ဦးဖြစ်သည်။ သရုပ်ဆောင် သီဟတင်စိုး၏ဇနီး အကယ်ဒမီဇင်မာဦးမှာလည်း ၂၀၂၁ ခုနှစ်တွင် အဆုတ်ကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့သည်။

ပုလော ကဒဲရွာတွင် မီးရှို့ခံရသည့် လူနေအိမ် ၁၆၀ ကျော်အထိရှိလာ

diz_admin

February 21, 2023

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ကဒဲကျေးရွာတွင် မီးရှို့ဖျက်ဆီးခံရသဖြင့် လူနေအိမ်ထက်ဝက်နီးပါး ပျက်စီးကြောင်း ပုလောပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း (၁) နှင့် ဒေသခံအချို့ထံမှ သိရသည်။ ကဒဲရွာတွင် နေအိမ်လေးရာခန့်ရှိသည့်အနက် ၁၆၅ လုံး မီးရှို့ခံခဲ့ရကြောင်း တပ်ရင်း (၁) ၏ ပြန်ကြားရေးဌာနမှ သိရသည်။ ယင်းစာရင်းမှာ တပ်ရင်း (၁) က ယခုရက်ပိုင်းအတွင်း မြေပြင်သို့ ကွင်းဆင်းကောက်ယူထားသည့် စာရင်းဖြစ်သည်ဟု ဆိုသည်။ ကဒဲကျေးရွာကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီလ ၁၅ ရက်ညတွင် အင်အားအလုံးအရင်းဖြင့် ဝင်ရောက် စီးနင်းခဲ့ပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်နှင့် နှစ်ဖက်ပစ်ခတ်မှုဖြစ်ခဲ့ရာ ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ဆုတ်ခွာပေးခဲ့ရသည်။ ယင်းနောက် ဖေဖော်ဝါရီလ ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် နေအိမ်များ မီးရှို့ခံရကာ ပျက်စီးဆုံးရှုံးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။ “ရွာမှာက […]

ထားဝယ်တွင် ကြက်သွန်ဖြူဈေးပြန်ကျ

diz_admin

February 21, 2023

ကြက်သွန်ဟောင်းပြတ်ချိန် အတက်ကြမ်းခဲ့သည့်ကြက်သွန်ဖြူဈေးသည် ထားဝယ်ဈေးကွက်တွင် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဈေးပြန်ကျလာကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။ ကြက်သွန်ဟောင်းပြတ်ချိန်ဖြစ်သည့် ဒီဇင်ဘာလ ပထမပတ်ကစပြီး ဖေဖော်ဝါရီ ပထမပတ်အထိ တစ်လအတွင်း ကြက်သွန်ဖြူတစ်ပိဿာ ၄၅၀၀ ကျပ်မှ ၇၀၀၀ ကျပ်အထိ ဈေးတက်သွားသည်။ ယင်းနောက် ကြက်သွန်သစ် ဈေးကွက်ထဲ ဝင်ရောက်လာချိန်ဖြစ်သည့် ဖေဖော်ဝါရီလ ၁၀ ရက် နောက်ပိုင်းကစပြီး ဈေးပြန်ကျလာခြင်း ဖြစ်သည်။ ထားဝယ်ဈေးကွက်တွင် ဖေဖော်ဝါရီလ ၁၀ ရက်က ကြက်သွန်နီတစ်ပိဿာ ၆၅၀ဝကျပ်ရှိရာမှ ယနေ့ ဖေဖော်ဝါရီလ ၂၁ ရက်တွင် ၆၀၀ဝကျပ်ဖြစ်လာသဖြင့် တစ်ပိဿာလျှင် ၅၀ဝကျပ် ဈေးကျသွားခြင်းဖြစ်သည်။ “အဓိက ကြက်သွန်အသစ်ထွက်လာလို့ ဈေးကျသွားတာပါ” ဟု ထားဝယ်မြို့ရှိ စားသုံးကုန်ပွဲရုံ ပိုင်ရှင်တစ်ဦးက ပြောသည်။ လက်ရှိ ထားဝယ်မြို့ရှိ လက်ကားဈေးကွက်တွင် ဆယ်ပိဿာပါ […]

ဖူးခက်တွင် ကားတိုက်မှုကြောင့် မြန်မာလုပ်သားတစ်ဦးသေဆုံး၊ ရှစ်ဦးဒဏ်ရာရ

diz_admin

February 21, 2023

ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်ခရိုင်တွင် မြန်မာအလုပ်သမား ကိုးဦးကို တင်ဆောင်လာသော ကားသည် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ရှိ အရှိန်သတိပေးချက်ဆိုင်းဘုတ်ကို ဝင်တိုက်ခဲ့မိကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ဖေဖော်ဝါရီလ ၂ဝရက် နံနက် ၈နာရီခွဲခန့်တွင် ထလာင်းဒေသ ထေ့ပ်ကစပ်ရီလမ်းမပေါ်တွင် ယင်းသို့ဖြစ်ပွားခြင်းဖြစ်ပြီးမြန်မာအလုပ်သမား နှစ်ဦး ဒဏ်ရာအပြင်းအထန်ရကာ ခုနစ်ဦး ဒဏ်ရာအနည်းငယ်ရရှိကြောင်း ဖော်ပြသည်။ ရဲတပ်ဖွဲ့များ၊ ထလာင်းဆေးရုံနှင့် ကယ်ဆယ်ရေးအဖွဲ့များက ဒဏ်ရာရရှိသည်သူများကို ရှေးဦးသူနာပြုစုနည်းဖြင့် ကုသပေးခဲ့ပြီး ဒဏ်ရာပြင်းထန်သူ နှစ်ဦးကို ဆေးရုံသို့ ပို့ဆောင်ပေးခဲကြောင်း ရေးသားထားသည်။ ဒဏ်ရာပြင်းထန်သူ နှစ်ဦးအနက် တစ်ဦးမှာ ဆေးရုံတွင် သေဆုံးသွားကြောင်း ဖော်ပြသည်။ ကားတိုက်မှုကြောင့် သေဆုံး ဒဏ်ရာရကြခဲ့သည် မြန်မာအလုပ်သမားများ၏ ကိုယ်ရေးအချက်အလက်များကို သတင်းများတွင် ဖော်ပြထားခြင်း မရှိပေ။ သေဆုံးသူ၏ အချက်အလက်များကို ရဲတပ်ဖွဲ့ဝင်များက ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး ယာဉ်တိုက်မှုဖြစ်ခဲ့ခြင်း၏ သက်သေအထောက်အထားများကို […]

သုံးရက်ကြာ ထားဝယ်အရှေ့တောတိုက်ပွဲတွင် PDF ရဲဘော်တစ်ဦးကျဆုံး

diz_admin

February 21, 2023

ထားဝယ်အရှေ့တောဒေသတွင် ဖေဖော်ဝါရီလ ၁၆ ရက်မှ ၁၈ ရက်နေ့အထိ ၃ ရက် ဆက်တိုက်ဖြစ်ခဲ့သည့် တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်မှ PDF ရဲဘော်(တပ်စိတ်မှူး)တစ်ဦး ကျဆုံးခဲ့ပြီး စစ်ကောင်စီဘက်က ၈ ဦးခန့် ကျသည်ဟုဆိုသည်။ ဖေဖော်ဝါရီလ ၁၆ ရက်က ဝကုန်းရွာလယ်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ မိနစ် ၃၀ ခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ၁၇ ရက်နေ့တွင် ဝကုန်းနှင့် သင်္ကန်းတုံးရွာကြားရှိ ဗဲ့မတပ်တောင်ကြောတွင် ၁ နာရီခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ထုတ်ပြန်မှုအရသိရသည်။ ဖေဖော်ဝါရီလ ၁၈ ရက် နေ့လယ် ၁ နာရီခွဲခန့်တွင် သင်္ကန်းတုံးရွာအနီးတွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ (ခန့်မှန်း) မိနစ် ၃၀ ခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း လည်းထုတ်ပြန်မှုအရသိရသည်။ ဖေဖော်ဝါရီလ ၁၇ […]