ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

သထုံတွင် ကားတစ်စီး ပစ်ခတ်ခံရပြီး ယာဉ်မောင်းသေဆုံး

diz_admin

February 20, 2023

ရန်ကုန်-မော်လမြိုင် အဝေးပြေးကားလမ်းမပေါ်ရှိ မွန်ပြည်နယ်၊ သထုံမြို့နယ် ကမာစိုင်ရွာသစ်ကျေးရွာ လမ်းဝတွင် ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့ နံနက်ပိုင်းက ကုန်တင်ကားတစ်စီး ပစ်ခတ်ခံရပြီး တိမ်းမှောက်ကာ ယာဉ်မောင်းသေဆုံးသွားကြောင်း ဒေသခံနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။ ယနေ့ နံနက် ၆ နာရီခွဲအချိန်ခန့်တွင် စားသောက်ကုန်များ တင်ဆောင်လာသည့် ဟိုင်းလတ်ယာဥ်တစ်စီး သထုံမြို့ဘက်မှ ဘီးလင်းမြို့ဘက်သို့ မောင်းနှင်လာစဥ် ကမာစိုင်ရွာသစ်ကျေးရွာ လမ်းဝအရောက်တွင် လက်နက်ငယ်များဖြင့် ပစ်ခတ်ခံရပြီး ကားမှာလမ်းဘေးထိုးဆင်း တိမ်းမှောက်သွားကြောင်း သိရသည်။ ပစ်ခတ်ခံရပြီး တိမ်းမှောက်သွားသည့်ကားမှ ယာဥ်မောင်းဖြစ်သူ အသက် ၃၄ နှစ်အရွယ် ကိုနိုင်မင်းထွန်း (ခ) ဝက်ကလေးသည် အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးသွားခဲ့သည်ဟု ဒေသခံတို့က ပြောသည်။ “ကားက အပစ်ခံရပြီးတော့ လမ်းဘေးကို ထိုးကျသွားတာ ရွာသစ်ကျေးရွာအဝင်ဇရပ်ကို ဝင်တိုက်ပြီးတော့ ရပ်သွားတယ်။ ယာဥ်မောင်းကတော့ […]

ဦးထွန်းမင်းလတ်နှင့် ထိုင်းလွှတ်တော်အမတ်ကြား အတွင်းကျကျ ပတ်သက်နေဟု လွှတ်တော်တွင်ဆွေးနွေး

diz_admin

February 20, 2023

မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ ငွေကြေးခဝါချမှုများဖြင့် တရားစွဲခံထားရသော မြန်မာစီးပွားရေးလုပ်ငန်းရှင် ဦးထွန်းမင်းလတ်နှင့် ထိုင်းလွှတ်တော်အမတ် ဥပကစ်ပါချမ်ရီယန်ခွန်းတို့ အတွင်းကျကျ ပါဝင်ပတ်သက်နေသည်ဟု ထိုင်းလွှတ်တော်တွင် ထုတ်ဖော်ခဲ့ကြောင်း Prachatai သတင်းဌာနက ဖော်ပြထားသည်။ ထိုင်းအတိုက်အခံပါတီဖြစ်သော Move Forward Party (MFP) မှ လွှတ်တော်အမတ် ရန်စီမန်ရွမ်း က ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ကျင်းပခဲ့သော လွှတ်တော်ဆွေးနွေးပွဲတွင် ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။ ဦးထွန်းမင်းလတ်နှင့် ပတ်သက်နေကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည့် ရန်စီမန်ကိုလည်း လွှတ်တော်အမတ် ဥပကစ်က အသရေဖျက်မှုဖြင့် ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် တရားပြန်စွဲထားခဲ့သည်။ ဆွေးနွေးချက်တွင် ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယွတ်ချာအိုချာသည် အကျင့်ပျက် ခြစားနေသော ခေါင်းဆောင်တစ်ချို့နှင့် ပါဝင်ပတ်သက်နေသူဖြစ်ပြီး မူးယစ်ဆေးဝါးနှင့်ပတ်သက်သော အမှုများကို စနစ်တကျ ကိုင်တွယ်ဖြေရှင်းမည်ဟူသော ကတိပေးချက်ကိုလည်း လျစ်လျူရှုထားနေသည်ဟု စွပ်စွဲထားခဲ့သည်။ ထိုင်းလွှတ်တော်အမတ် ဥပကစ်သည် ထိုင်းအခြေစိုက် Allure Group ကုမ္ပဏီကို တည်ထောင်ခဲ့သူလည်းဖြစ် […]

သံဖြူဇရပ်တွင် ကလေးသုံးဦးအပါအဝင် ရိုဟင်ဂျာ ၄၀ဦး ဖမ်းဆီးခံရ

diz_admin

February 20, 2023

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝဲကလိကျေးရွာအနီး ဓနိတောစပ်တနေရာတွင် ဖေဖော်ဝါရီလ ၁၉ ရက် နံနက်ပိုင်းက ရိုဟင်ဂျာလူမျိုး ၄၀ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။ ဓနိတောအစပ်တွင် ရိုဟင်ဂျာများ ရောက်ရှိနေစဉ် စစ်ကောင်စီတပ်ဖွဲ့တို့က သွားရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ရိုဟင်ဂျာ အမျိုးသား ၂၅ ဦး၊ အမျိုးသမီး ၁၂ ဦးနှင့် ကလေး သုံးဦးတို့ကို ဖမ်းဆီးရမိကြောင်း ဒေသခံတို့က ပြောသည်။ “သူတို့က စက်လှေနဲ့ ရောက်လာကြပြီးတော့ ဓနိတောမှာ နေနေတာ။ သူတို့ပြောတာက ထိုင်းကိုသွားဖို့ ရောက်လာတာလို့ ပြောတယ်။ ကလေးတွေလည်း ပါတယ်” ဟု ၎င်းဒေသခံက ပြောသည်။ ၎င်းတို့မှာ ရခိုင်ပြည်နယ်ဘက်မှ လာကြခြင်းဖြစ်ပြီး ပွဲစားဖြင့် ထိုင်းနိုင်ငံသို့ဝင်ပြီး ထိုမှတစ်ဆင့် မလေးရှားနိုင်ငံသို့ ဆက်သွားရန်ဖြစ်သည်ဟု သိရကြောင်း […]

ကရင်လက်နက်ကိုင်နှစ်ဖွဲ့ အမြန်ဆုံးစေ့စပ်ဆွေးနွေးကြရန် ကရင်ပြည်သူများ ထပ်မံတောင်းဆို

diz_admin

February 20, 2023

တနင်္သာရီတိုင်းအတွင်းရှိ ကရင်လက်နက်ကိုင်တပ်ဖွဲ့နှစ်ခု ထိပ်တိုက်ထပ်မဖြစ်စေရေးအတွက် အဓိကခေါင်းဆောင်များ စေ့စပ်ဆွေးနွေးရေး အမြန်ဆုံးလုပ်ကြရန် တိုင်းအတွင်းနေ ကရင်ပြည်သူများက ယနေ့ ဖေဖော်ဝါရီလ ၂၀ ရက်တွင် တောင်းဆိုလိုက်သည်။ ပြည်ပရောက် ကရင်အဖွဲ့အစည်း ၄၆ ဖွဲ့ကလည်း တိုင်းအတွင်းနေ ကရင်ပြည်သူများ၏ တောင်းဆိုချက်ကို ထောက်ခံကြောင်း ဖော်ပြထားသည်။ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၄ နှင့် ကော်သူးလေတပ်မတော် (KTLA) တို့မှာ စစ်ရေးတင်းမာနေပြီး ပြီးခဲ့သည့်လကုန်ပိုင်းနှင့် ယခုလလယ်ပိုင်းတွင် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။ ထို့ကြောင့် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၇ ရက်နေ့ကလည်း ကရင်လက်နက်ကိုင်နှစ်ဖွဲ့ ငြိမ်းချမ်းသည့်နည်းလမ်းဖြင့် ဆွေးနွေးအဖြေရှာကြရန် တနင်္သာရီတိုင်းအတွင်းနေ ကရင်ပြည်သူများက မေတ္တာရပ်ခံတောင်းဆိုထားသည်။ ထိုသို့တောင်းဆိုပြီးနောက် နှစ်ဖက်ပစ်ခတ်မှုငြိမ်သက်သွားသော်လည်း ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှစကာ စစ်ရေး ပြန်လည်တင်းမာလာပြီး တိုက်ခိုက်ခဲ့ကြသည့်အတွက် စိုးရိမ်ဝမ်းနည်းရကြောင်း […]

ထိုင်းသို့ လာသည် နိုင်ငံခြားသားများကို ဘတ် ၃၀၀ အခွန်ကောက်မည်

diz_admin

February 20, 2023

ထိုင်းနိုင်ငံသို့ လာရောက်မည့် နိုင်ငံတကာခရီးသွားများထံမှ ဝင်ကြေးအဖြစ် ဘတ် ၃၀၀ ကို လာမည့် ဇွန်လ ၁ ရက်နေ့မှ စတင်ကောက်ခံသွားမည်ဖြစ်ကြောင်း ထိုင်းအစိုးရ ကြေညာသည်။ နိုင်ငံတကာလေကြောင်းလိုင်းမှတစ်ဆင့် ထိုင်းနိုင်ငံသို့ ဝင်ရောက်လာကြမည့်ခရီးသွားများထံတွင် အမေရိကန်ဒေါ်လာ ၈ ဒသမ ၉ နှင့်ညီမျှသော ဘတ် ၃၀၀ ကို စတင်ကောက်ခံရန် အမျိုးသားခရီးသွားလုပ်ငန်း မူဝါဒကော်မတီ၏ အဆိုပြုချက်ကို ထိုင်းအစိုးရက အတည်ပြုပေးခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံကဲ့သို့ အိမ်နီးချင်းနိုင်ငံ နယ်စပ်ဂိတ်များမှတစ်ဆင့် ရေလမ်း သို့မဟုတ် ကုန်းလမ်းဖြင့် ဝင်ရောက်လာမည်ဆိုပါက တစ်ဦးလျှင် ဘတ် ၁၅၀ ကောက်ခံသွားမည်ဖြစ်ကြောင်း ခရီးသွားဝန်ကြီးက ပြောသည်။ ကောက်ခံရရှိသော အခွန်ငွေများကို ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးမှုအတွက် အသုံးပြုသွားမည်ဖြစ်ပြီး အခွန်ငွေတစ်စိတ်တစ်ပိုင်းကို ခရီးသွားများ ထိုင်းနိုင်ငံအတွင်း နေထိုင်စဉ် ကျန်းမာရေးနှင့် အာမခံကိစ္စရပ်များအတွက် […]

ဓာတ်မြေဩဇာတစ်အိတ် ကျပ်တစ်သိန်းကျော်အထိ မြင့်တက်လာ၍ တောင်သူများအခက်တွေ့

diz_admin

February 20, 2023

ဓာတ်မြေဩစာတစ်အိတ် ကျပ်တစ်သိန်းကျော်အထိရောက်ရှိလာသဖြင့် ဝယ်ယူအသုံးပြုရန် အခက်အခဲဖြစ်နေကြောင်း ထားဝယ်မြို့ရှိ တောင်သူများကဆိုသည်။ လတ်တလောတွင် ထားဝယ်ဒေသရှိ လယ်သမားများ အများဆုံးသုံးပြုလေ့ရှိကြသည့် သုံးမျိုးစပ် ဓာတ်မြေဩဇာတစ်အိတ်လျှင် ၁၀၅၀၀၀ ကျပ်၊ မြင်းတံဆိပ်တစ်အိတ်လျှင် ၁၁၀၅၀၀ ကျပ်၊ မြှားကမ္ဘာ တစ်အိတ်လျှင် ၇၅၀၀၀ ကျပ် ဈေးပေါက်နေကြောင်း ထားဝယ်မြို့ရှိ ဓာတ်မြေဩဇာ အရောင်းဆိုင်ပိုင်ရှင် တစ်ဦးကပြောသည်။ အာဏာမသိမ်းခင်ကမူ မြှားကမ္ဘာတစ်အိတ်လျှင် ၂၅၀၀၀ ကျပ်ဝန်းကျင်သာပေးရပြီး သုံးမျိုးစပ်တစ်အိတ်လျှင်လည်း ၄၀၀၀၀ ကျပ်ဝန်းကျင်သာ ဝယ်ယူရကြောင်း လယ်သမားအချို့ကဆိုသည်။ “ဓာတ်‌ေမြသြဇာ‌‌ဈေးက တစ်ခါမှမကြားဖူးတဲ့ ဈေးဖြစ်နေတော့ ဝယ်ထားရမလား။ မဝယ်ရဘူးလား တွေဝေနေရတယ်” ဟု လောင်းလုံးမြို့နယ်မှ လယ်သမားတစ်ဦးဖြစ်သူ ဒေါ်အင်ကြူကဆိုသည်။ ထားဝယ်ဒေသတွင် မိုးဦးမကျမီ လယ်ယာလုပ်ငန်းအတွက် မျိုးစပါးနှင့် ဓာတ်မြေဩဇာကို ကြိုတင်ဝယ်ယူ စုဆောင်းထားလေ့ရှိသည်။ လယ်လုပ်ချိန်နီးကပ်လာပါက ဓာတ်မြေဩဇာဈေး ထပ်တက်လာနိုင်ကြောင်း […]

မယ်ဆိုင်-တာချီလိတ် ချစ်ကြည်ရေး အမှတ် ၁ တံတား ပြန်လည်ဖွင့်လှစ်

diz_admin

February 20, 2023

ကိုဗစ်ကပ်ရောဂါကြောင့် ၃ နှစ်နီးပါး ပိတ်ထားခဲ့သော ထိုင်း-မြန်မာနယ်စပ် ရှမ်းပြည်နယ်အရှေ့ပိုင်း မယ်ဆိုင်-တာချီလိတ် ချစ်ကြည်ရေး အမှတ် ၁ တံတားကို ယနေ့ ဖေဖော်ဝါရီလ ၂၀ ရက် နံနက်ပိုင်းအချိန်တွင် စတင် ဖွင့်လှစ်လိုက်ပြီဖြစ်သည်။ မယ်ဆိုင်-တာချီလိတ် ချစ်ကြည်ရေး အမှတ် ၁ တံတား ပြန်လည်ဖွင့်လှစ်နိုင်ရန် ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံ အကြိမ်ကြိမ် ဆွေးနွေးခဲ့ပြီးနောက် ယနေ့တွင် ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ခြင်းဟု ဆိုသည်။ ထိုင်း-မြန်မာနယ်စပ် မြဝတီ-မဲဆောက် ချစ်ကြည်ရေးအမှတ် ၁ တံတားကို ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပြီးနောက် ၁ လကျော်အကြာတွင် မယ်ဆိုင်-တာချီလိတ် ချစ်ကြည်ရေး အမှတ် ၁ တံတားကို ယနေ့တွင် ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ဖွင့်လှစ်ခဲ့သည့် မယ်ဆိုင်-တာချီလိတ် ချစ်ကြည်ရေး အမှတ် ၁ […]

ကော့သောင်းတွင် ကျေးရွာသုံးရွာကို ထိန်းချုပ်ထားပြီဟု ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ကြေညာ

diz_admin

February 19, 2023

ကော့သောင်းခရိုင်အတွင်းရှိ ကျေးရွာသုံးရွာကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များ ထိန်းချုပ်စိုးမိုးထားပြီ ဖြစ်ကြောင်း ကော့သောင်းပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) တပ်ရင်းက ယနေ့ ကြေညာသည်။ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်ရှိ ဝိုင်ဒင်း၊ အေးမြမင်္ဂလာနှင့် တပ်ဦးမြိုင်သာယာကျေးရွာတို့ကို ကော့သောင်းတပ်ရင်း (၁) ၊ KNU နှင့် ကော်သူးလေတပ်မတော်ပူးပေါင်းအဖွဲ့များက ထိန်းချုပ်ထားကြောင်း ကြေညာချက်တွင် ဖော်ပြသည်။ ယင်းကျေးရွာတို့အား မည်သည့်အချိန်က စတင်ထိန်းချုပ်ထားသည်ကိုမူ ထည့်သွင်းရေးသားထားခြင်း မရှိပေ။ ယင်းကျေးရွာများတွင် မိဘပြည်သူများ အေးချမ်းစွာနေထိုင်လျက်ရှိကြောင်း ရေးသားဖော်ပြထားသည်။ ထိန်းချုပ်လိုက်သည့် အဆိုပါကျေးရွာသုံးရွာသည် ထိုင်း-မြန်မာနယ်စပ်တွင်ရှိပြီး ရှမ်းကိုးရွာအထက်ဖက် ရွာဟွေ့လူရွာနှင့် နမ်မတွန်ကျေးရွာအနီးတွင်ရှိသည့် ကျေးရွာများဖြစ်ကြသည်။ “နမ်မတွန်ဖက်မှာ အရင်က စစ်တပ်စခန်းငယ်တစ်ခု ရှိတယ်။ အခုတော့ ရှိမရှိ မသိရတော့ဘူး” ဟု ဒေသခံအမျိုးသား တစ်ဦးက ပြောသည်။ အဆိုပါရွာသားများသည် ရော်ဘာနှင့် ကော်ဖီခြံကို […]