ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ပေါင်တွင် ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦး ပစ်သတ်ခံရ

diz_admin

February 15, 2023

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ပြည်သူ့စစ်ခေါင်းဆောင် ဦးမြင့်ရီ (ခေါ်) ပေါပီဆိုသူသည် ယနေ့ ဖေဖော်ဝါရီလ ၁၅ ရက် နံနက်ပိုင်းက လက်ဖက်ရည်ဆိုင်တွင် ပစ်သတ်ခံရကြောင်း ဒေသခံတို့ထံမှ သိရသည်။ ဦးမြင့်ရီကို ယနေ့ နံနက် ၇နာရီ ၁၅မိနစ်ခန့်က ပေါင်မြို့နယ် ရင်းငြိမ်ကျေးရွာတောင်ဘက်ခြမ်း ငွေလျံလက်ဖက်ရည် ဆိုင်အတွင်း ဝင်ရောက်ရှင်းလင်းခဲ့ကြောင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ (S.O.F) က ထုတ်ပြန်ထားသည်။ “သူက လက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည်ထိုင်သောက်နေချိန် ဝင်ပစ်သွားတယ်။ လေးချက် ထိသွားတယ်။ ပွဲချင်းပြီးပဲ” ဟု ပေါင်မြို့ခံတစ်ဦးက ပြောသည်။ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဦးခေါင်းဒဏ်ရာတစ်ချက်၊ ရင်ဘတ်ဒဏ်ရာနှစ်ချက်နှင့် ဆီးခုံဒဏ်ရာတစ်ချက် တို့ဖြင့် အခင်ဖြစ်ပွားနေရာ နေရာတွင်ပင် သေဆုံးသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။ ပြည်သူ့စစ်ခေါင်းဆောင် ဦးမြင့်ရီကိုရှင်းလင်းစဉ် လက်ဖက်ရည်ဆိုင်အတွင်း အခြား ပျူစောထီး […]

ထားဝယ် ဝကုန်းရွာထဲ စစ်ကြောင်းဝင်လာသဖြင့် ရွာသားများထွက်ပြေးတိမ်းရှောင်နေရ

diz_admin

February 15, 2023

ထားဝယ်မြို့နယ် အရှေ့တောဒေသ ဝကုန်းရွာထဲကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီလ ၁၄ ရက် နံနက်ပိုင်းကစပြီး ဝင်ရောက်လာသောကြောင့် ဒေသခံ ရွာသူရွာသားများအားလုံး ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံအချို့က ပြောသည်။ ထားဝယ်ဘက်သို့ တက်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းသည် ကျောက်မဲတောင်ရွာဘက်မှ ၂၃ မိုင် (ဝကုန်းရွာအနီး) ဘက်သို့ ထွက်လာနေသည့်အချိန်မှစ၍ ယနေ့အထိ တစ်ရွာလုံးဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။ “လူတွေဖမ်းဆီးခံရတာ မကြားရသေးဘူး။ လူတွေကတော့ အသံကြားတာနဲ့ ဟိုနေ့တည်းကစ တစ်ရွာလုံး အားလုံး ထွက်ပြေးပြီးတော့ ကိုယ့်နေရာနဲ့ကိုယ် ရှောင်ပြေးနေကြတယ်။ အခုကတော့ (စစ်ကောင်စီတပ်က) ဘုန်းကြီးကျောင်း ရှေ့မှာ ရှိနေတယ်။ အိမ်တွေကို လိုက်ဖောက်နေတယ်ဆိုပြောတယ်” ဟု ၎င်းက ပြောသည်။ စစ်ကောင်စီတပ် ဝင်လာချိန် ရွာတွင် မနေရဲသည့် ဒေသခံများမှာ တောတောင် ဥယျာဉ်ခြံများထဲ […]

ထိုင်းဒူးရင်းခြံထဲတွင် မြန်မာလုပ်သားနှစ်ဦး အသတ်ခံရ

diz_admin

February 15, 2023

ထိုင်းနိုင်ငံ ချုံဖော်ခရိုင် ဘန့်နာ့ဒေသ ဒူးရင်းခြံထဲရှိ အလုပ်သမားတဲတွင် မြန်မာအလုပ်သမား နှစ်ဦး အသတ်ခံရကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ ဖေဖော်ဝါရီလ ၁၄ ရက်က ဓားဖြင့် ခုတ်သတ်ခံရပြီး သွေးအိုင်ထဲ လဲကျသေဆုံးနေခြင်းဖြစ်ကြောင်း ဖော်ပြသည်။ သေဆုံးသူနှစ်ဦးမှာ အသက် ၄၈ နှစ်အရွယ်ရှိ ဦးမူရိန်မောင်နှင့် အသက် ၅၈ နှစ်အရွယ်ရှိ ဦးမောင်ခင်တို့ဖြစ်ကြပြီး အနီးရှိ အိတ်များတွင် သေဆုံးသူများ၏ အလုပ်သမားကတ်များနှင့် ဘတ်ငွေများကိုပါ တွေ့ရှိခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ အလောင်းများတွင် လည်ပင်းကို ဓားဖြင့် အချက်ရေများစွာ ခုတ်ထားသော ဒဏ်ရာများတွေ့ရှိခဲ့ရပြီး အနီးတွင်လည်း သွေးစွန်းနေသော ဓါးနှစ်လက်ကိုပါ သက်သေအဖြစ် တွေ့ရှိခဲ့ရကြောင်း ဖော်ပြထားသည်။ မြန်မာအလုပ်သမားနှစ်ဦးသေဆုံးနေသည်ကို တောင်ပေါ်ခြံထဲတွင် ရော်ဘာခြစ်ရန်အတွက် အချိန်ပိုင်း ငှားရမ်းထားသော ဦးမောင်က နံနက် ၆ […]

ပလမြို့၊ တိုရွာသားတစ်ဦး ပစ်သတ်ခံရ

diz_admin

February 15, 2023

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလမြို့၊ တိုရွာသား အမျိုးသားတစ်ဦး ပစ်သတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။ ဖေဖော်ဝါရီလ ၁၃ ရက် နံနက် ၁၁ နာရီဝန်းကျင်က တိုရွာအတွင်းသို့ ဝင်ရောက်လာသည့် အသက် ၄၀ ဝန်းကျင် အရွယ် ဦးစိုးပုဆိုသူ ပစ်သတ်ခံရကြောင်း ဒေသခံများက ပြောသည်။ “ရွာထဲအဝင်မှာ ပစ်သတ်ခံရတာပါ” ဟု ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။ တိုရွာ တောင်ပေါ်ရှိ စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့သည်ဟု ပြောဆိုသူများရှိသလို စစ်ကြောင်းထိုးလာသည့် တပ်နှင့် ထိပ်တိုက်တိုးကာ ပစ်သတ်ခံရသည်ဟုလည်း ဒေသခံအချို့က ပြောဆိုကြသည်။ “အဲဒီနေ့က အင်အားတစ်ရာလောက်ရှိတဲ့ စစ်ကြောင်း တိုပလကနေ သင်္ကန်းတောရွာဖက် ထိုးသွားတာတွေ့ရတယ်” ဟု ဒေသခံအမျိုးသားနောက်တစ်ဦးက ပြောသည်။ တိုရွာတွင် တိုက်ပွဲမကြာခဏဖြစ်ပြီး နေအိမ်များလည်း မီးရှို့ခံရသည့်အတွက် ရွာသားများမှာ နီးစပ်ရာကျေးရွာများနှင့် […]

လောင်းလုံးတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်

diz_admin

February 14, 2023

လောင်းလုံးမြို့နယ်အတွင်း ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC)က ဦးဆောင်၍ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ယနေ့ (ဖေဖော်ဝါရီ ၁၄) နေ့လယ်တွင်ပြုလုပ်ခဲ့သည်။ ယင်းသပိတ်တွင် ဒေသခံပြည်သူလူထု အများအပြားပူးပေါင်းပါဝင်ခဲ့သည်။

ရှပ်ပုံရွာက စစ်ဘေးရှောင်များ ပုလောမြို့ပေါ်တွင် နေခွင့်မရ

diz_admin

February 14, 2023

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ရှပ်ပုံရွာမှ စစ်ဘေးရှောင်လာကြသည့် ပြည်သူများကို စစ်ကောင်စီဘက်က ပုလောမြို့ပေါ်တွင် နေထိုင်ခွင့်မပြုကြောင်း ဒေသခံများထံမှ သိရသည်။ ပုလောမြို့တစ်ဖက်ကမ်းရှိ ရှပ်ပုံရွာတွင် ဇန်နဝါရီလ ၁၆ ရက်နေ့က နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့သည်။ ယင်းနောက် နေအိမ်အချို့ မီးရှိုခံရခြင်း၊ ရွာသားအချို့ကို ဖမ်းဆီးခြင်း၊ ရွာအတွင်း လက်နက်ကြီးငယ်များဖြင့် ပစ်ခတ်ခြင်းတို့ကြောင့် ရွာသားတစ်သောင်းကျော်ဘေးလွတ်ရာ တောတောင်များနှင့် မြို့ပြ၊ ကျေးရွာများသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြရသည်။ ယင်းသို့ တိမ်းရှောင်ကြသည့်အထဲ ပုလောမြို့ပေါ်ရှိ အမှတ် (၁) ၊ အမှတ် (၂) ရပ်ကွက်နှင့် ဘုန်းတော်ကြီးကျောင်း အချို့တွင် ယာယီတဲထိုးနေထိုင်သူ စစ်ဘေးရှောင်သူ ခြောက်ရာနီးပါးရှိသည်။ ယင်းသို့ နေထိုင်နေစဉ် ဖေဖော်ဝါရီလ ၂ ရက်တွင် စစ်ကောင်စီက ပုလောနှင့် တနင်္သာရီမြို့နယ်တို့အားစစ်အုပ်ချုပ်ရေး ကြေညာလိုက်သည်။ ယင်းနောက် လူငါးဦးထက် […]

စပါးဈေး စံချိန်တင်မြင့်တက်

diz_admin

February 14, 2023

ထားဝယ်ခရိုင်တွင် ယခုဖေဖော်ဝါရီလမှစပြီး စပါးဈေး စံချိန်တင်မြင့်တက်လျှက်ရှိကြောင်း စပါးအဝယ်ဒိုင်အချို့နှင့် လယ်သမားအချို့ထံမှ သိရသည်။ လက်ရှိ ထားဝယ်ခရိုင်တွင် ဆန်ကြမ်းအမျိုးအစား စပါးတစ်တင်းလျှင် ၁၈၀၀၀ ကျပ်ဝန်းကျင်အထိ ဈေးပေါက်နေပြီး ဆန်ချောအမျိုးအစား စပါးတစ်တင်းလျှင် ၂၀၀၀၀ နှင့် ၂၃၀၀၀ ကျပ်အကြား ဈေးပေါက်နေကြောင်း ၎င်းတို့က ဆိုသည်။ “ဒီလိုစပါးဈေးမျိုး တစ်ခါမှ မရဖူးသေးဘူး” ဟု လယ်လုပ်သက် နှစ် ၄၀ ကျော်ရှိသည့် လောင်းလုံးမြို့နယ်မှ လယ်သမားတစ်ဦးဖြစ်သူ ဦးနိုင်လေးက ပြောသည်။ ယခုနှစ် မိုးစပါးပေါ်ချိန်မှစပြီး အတက်ဈေးဖြင့်သာ ရောင်းချနေရကြောင်း လယ်သမားအချို့က ဆိုသည်။ မိုးစပါးရာသီဖွင့်ချိန် ၂၀၂၂ ဒီဇင်ဘာလကုန်ပိုင်းက ဆန်ကြမ်းအမျိုးအစား စပါးတစ်တင်းလျှင် ကျပ် ၆၀၀၀ ကျပ် ဝန်းကျင်၊ ဆန်ချောအမျိုးအစားဆိုပါက ကျပ် ၁၀၀၀၀ ဝန်းကျင် ပေါက်ဈေးရှိခဲ့သည်။ […]

ရဲဘော် ၃ဝခန့်ကို လဝက်ခန့်အကြာတွင် အဆက်အသွယ်ပြန်ရပြီဟု ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့ဆို

diz_admin

February 14, 2023

လက်နက်သွားသယ်စဉ် လဝက်ကြာအဆက်အသွယ်ပြတ်တောက်နေသည့် ရဲဘော် ၃ဝခန့်နှင့် အဆက်အသွယ် ပြန်ရပြီဖြစ်ကြောင်း သရက်ချောင်းမြို့နယ်တွင် အဓိက လှုပ်ရှားနေသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့ထံမှ သိရသည်။ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၄ ထံတွင် လက်နက်သွားသယ်ရာ အဆက်အသွယ်ပြတ်တောက်သွားပြီ ပြန်ပေးဆွဲခံရသည့်သဖွယ်ဖြစ်နေသည်ဟု အင်တာနက်လူမှုကွန်ရက်စာမျက်နှာတွင် ဇန်နဝါရီလ ၂၈ ရက်က ဝေဖန်ပြောဆိုမှုများထွက်ပေါ်ခဲ့သည်။ ရဲဘော်များနှင့် မိခင်တပ်ရင်းတို့ အဆက်အသွယ်များ ပြန်လည်ရရှိပြီဖြစ်ကြောင်း ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့က ဖေဖော်ဝါရီလ ၁၂ ရက်တွင် အသိပေးကြေညာထားသည်။ ရဲဘော် ၃၀ ဦးခန့်မှာ KNU တပ်မဟာ ၄ ၏ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၏ အကူအညီဖြင့် လက်နက်ခဲယမ်း သယ်ယူရန် နယ်စပ်ကို ခရီးထွက်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့၏ ပြန်ကြားရေးတာဝန်ရှိသူ ပြောသည်။ ယင်းသို့သွားစဉ် လမ်းခရီးအခြေအနေကြောင့် မိခင်တပ်ရင်းနှင့် ဖုန်း ဆက်သွယ်မှုပြတ်တောက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက […]