ထောင် ၁၁နှစ်ချခံထားရသည့် တိုင်းဝန်ကြီးချုပ် ဦးမြင့်မောင်ကို အမှုနှစ်ခုဖြင့်ထပ်တိုးတရားစွဲ
diz_admin
November 28, 2022NLD အစိုးရလက်ထက်က တနင်္သာရီတိုင်းဝန်ကြီးချုပ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့သူ ဦးမြင့်မောင်ကို စစ်ကောင်စီက အမှုနှစ်ခုဖြင့် ယခုရက်ပိုင်းအတွင်း ထပ်မံတရားစွဲဆိုကြောင်း ထားဝယ်နိုင်ငံရေးအကျဉ်းသားများကွန်ရက် (DPPN) က ယနေ့ နိုဝင်ဘာလ ၂၈ သတင်းထုတ်ပြန်သည်။ ဦးမောင်မြင့်မှာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (ခ) ၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၀၉၊ သဘာဝဘေးဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ စသော အမှုသုံးခုအတွက် ထောင်ဒဏ် ၁၁နှစ် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၁၁ ရက်တွင် ပြစ်ဒဏ်ချမှတ်ခံထားရသူ ဖြစ်သည်။ လက်ရှိ နိုဝင်ဘာလ နောက်ဆုံးပတ်တွင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၃၀ (က) ဖြင့် အမှုနှစ်ခု ထပ်တိုးတရားစွဲဆိုခြင်း ဖြစ်ကြောင်း DPPN ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်များကို ဖျောက်ဖျက်ခြင်း၊ ဘာသာရေးကိုအကြောင်းပြပြီး မဲဆွယ်စည်းရုံး ဟောပြောခြင်း၊ ကြေညာချက်ထုတ်ပြန်ခြင်းတို့ကို […]


