ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ပီအက်စ်ဂျီတိုက်စစ်မှူး နှစ်ယောက်နဲ့ မန်ယူခံစစ်မှူး နှစ်ယောက် အားပြိုင်မယ့် ဗိုလ်လုပွဲ

diz_admin

December 16, 2022

ကမ္ဘာ့ဖလားဗိုလ်လုပွဲကြီးကို ဒီဇင်ဘာလ ၁၈ ရက်နေ့ရောက်ရင် ကြည့်ရှုကြရပါတော့မယ်။ ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ဗိုလ်လုပွဲဆီကို တက်ရောက်လာတဲ့ အသင်းနှစ်သင်းကတော့ လက်ရှိချန်ပီယံ ပြင်သစ်နဲ့ တောင်အမေရိကထိပ်သီး အာဂျင်တီးနားတို့ပါပဲ။ ဒီပွဲစဉ်ကို အဆုံးအဖြတ်ပေးမှာက ခံစစ်နဲ့ တိုက်စစ်ရဲ့အရေးပါတဲ့ ကစားသမားတွေပဲဖြစ်ပါတယ်။ ထူးခြားချက်တစ်ရပ်က နှစ်သင်းလုံးရဲ့တိုက်စစ်နဲ့ ခံစစ်ကို ဦးဆောင်နေကြသူတွေဟာ ကလပ်အသင်းတွေမှာ တွဲဖက်ညီတဲ့ အသင်းဖော်တွေ ဖြစ်နေတဲ့အချက်ပါပဲ။ ဒါကြောင့် အခုတစ်ကြိမ် ကမ္ဘာ့ဖလားဗိုလ်လုပွဲဟာ အသင်းဖော်ဟောင်းတွေ အားပြိုင်ရမယ့် ဗိုလ်လုပွဲစဉ်သဘောမျိုး ဖြစ်လာနိုင်ပါတယ်။ ပြင်သစ်တိုက်စစ်မှာ အဓိကကျနေသူက အမ်ဘတ်ပေ ပါ။ အာဂျင်တီးနားရဲ့တိုက်စစ်အင်အားစုကို ဦးဆောင်နေသူက မက်ဆီ ဖြစ်ပါတယ်။ ဒီကစားသမား နှစ်ယောက်က ပီအက်စ်ဂျီမှာ အသင်းဖော်တွေပါ။ အခုတော့ သက်ဆိုင်ရာ နိုင်ငံလက်ရွေးစင်အသင်းတွေမှာ အခရာကျတဲ့ တိုက်စစ်မှူးတွေအဖြစ် သူတို့ အားပြိုင်ရပါတော့မယ်။ ခံစစ်တွေကို ကြည့်လိုက်ရင် […]

မြိတ်ခရိုင်တွင် ပြည်သူ့ကာကွယ်ရေးတပ်များ ဒေသခံလူထုနှင့်တွေ့ဆုံဆွေးနွေး

diz_admin

December 15, 2022

မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်များက ကျေးလက်တောရွာနှင့် ပင်လယ်ရွာများအထိ လာရောက်ကာ ပြည်သူများနှင့် တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်နေကြောင်း မြိတ်ခရိုင်တပ်ရင်း(၂) နှင့် ဒေသခံများ ထံမှသိရသည်။ ယင်းသို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့် ဒေသခံများတွေ့ဆုံမှုမှာ ပထမဆုံးအကြိမ်လည်း ဖြစ်သည်။ ဒီဇင်ဘာ ၁၂  ရက်နှင့် ၁၄ ရက်တို့တွင် မြိတ်ခရိုင်၊တနင်္သာရီမြို့နယ်၊ ကျေးရွာများသို့ သွားရောက်ကာ ပြည်သူလူထုနှင့် တွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊မြိတ်ခရိုင်တပ်ရင်း(၂)မှ ဒီဇင်ဘာ ၁၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။ တွေ့ဆုံဆွေးနွေးရာတွင် ရပ်ရွာအတွင်းရှိ အုပ်ချုပ်ရေး၊ လုံခြုံရေးနှင့် ကာကွယ်ရေးလုပ်ငန်းများကို ဆွေးနွေးခဲ့ကြပြီး တပ်ရင်းတာဝန်ခံများမှလည်း ပြည်သူလူထုကို အားပေးစကားပြောကြားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း ကျွန်းစုမြို့နယ်ရှိ ပင်လယ်ရွာများသို့ ပြည်သူ့ကာကွယ်ရေးတပ်များ ရောက်ရှိလာပြီး ပြည်သူလူထုနှင့် တွေ့ဆုံခဲ့ကြောင်း ဒေသခံများကပြောသည်။ “တစ်ဆယ့်ငါးရွာပိုင်တဲ့ ကဘင်၊ရေကန်အော်အုပ်စုနဲ့ […]

အာဖဂန် တာလီဘန်အစိုးရနှင့် မြန်မာစစ်ကောင်စီ ကုလသမဂ္ဂတွင် ကိုယ်စားပြုခွင့်မရ

diz_admin

December 15, 2022

ကုလသမဂ္ဂစီစစ်ရွေးချယ်ရေးကော်မတီက အစီရင်ခံစာထုတ်ပြန်ခဲ့ရာ အာဖဂန်နစ္စတန်မှ အစွန်းရောက် တာလီဘန် အုပ်စုနှင့် မြန်မာပြည်မှ အာဏာသိမ်းစစ်ကောင်စီတို့ ကုလသမဂ္ဂတွင် ကိုယ်စားပြုကိုယ်စားလှယ် ထားရှိရေးကိစ္စကို ဒုတိယအကြိမ် နောက်ဆုတ်ရွှေ့ဆိုင်းလိုက်ကြောင်း ပါဝင်သည်။ နောက်ထပ် (၉)လအကြာတွင် အဆိုပါ ဆုံးဖြတ်ချက်ကို ပြန်လည် သုံးသပ်သွားမည် ဖြစ်ကြောင်းလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ ယင်းကြောင့်ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းမှာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အနေဖြင့် ဆက်ရှိနေမည်ဖြစ်သည်။ သို့သော် ဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံကိုယ်စားပြုခွင့်ပေးရန်ကိုမူ ကော်မတီဘက်က ဆိုင်းငံ့ထားဦးမည်ဖြစ်ကြောင်း ဗီအိုအေ သတင်းဌာန၏ သတင်းဖော်ပြချက်အရသိသည်။ လစ်ဗျားနိုင်ငံမှ ပြိုင်ဘက်အစုအဖွဲ့တစ်ခုက ကုလသမဂ္ဂနေရာ တောင်းဆိုမှုအရေးကိုလည်း နောက်ဆုတ်ထားခဲ့သည်။ အဆိုပါ အစီရင်ခံစာကို လာမည့် သောကြာနေ့တွင် အဖွဲ့ဝင် ၁၉၃ နိုင်ငံက အတည်ပြုမည်ဖြစ်သည်။ ကုလသမဂ္ဂ အဖွဲ့ဝင် အရည်အချင်းစစ်ဆေးရေး ကော်မတီ ၉ နိုင်ငံတွင် […]

မြိတ်တွင် မျက်စိနာသူများလာ

diz_admin

December 15, 2022

မြိတ်မြို့တွင် ဒီဇင်ဘာလဆန်းမှစပြီး လက်ရှိအချိန်အထိ မျက်စိနာရောဂါအဖြစ်များနေကြောင်း ရပ်ကွက်နေသူနှင့် ဆေးခန်းအချို့ထံမှ သိရသည်။ လက်ရှိတွင် ရပ်ကွက်များအတွင်း မိသားစုအလိုက်ဖြစ်ပွားနေကြောင်း ၎င်းတို့ထံမှ သိရသည်။ “ဒီရောဂါမျိုးက ရာသီအပြောင်းအလဲကြောင့် ဖြစ်တတ်တယ်။ အပူကန်ပြီး ဖြစ်တာမျိုးပေါ့။ အခုက တော်တော် များများကို ဖြစ်နေကြတာ။ ရှေ့နှစ်တွေက ဒီလိုဖြစ်တာမျိုးမရှိဘူး။ ဆေးခန်းလာပြနေတာ နေ့တိုင်းနီးပါး ရှိနေတယ်” ဟု ပုဂ္ဂလိက ဆေးခန်းတစ်ခန်းမှ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောသည်။ မျက်စိနာရောဂါဖြစ်သူတို့သည် ဆေးအရောင်းဆိုင်တို့မှ မျက်စ‌ဉ်းခတ်ဆေးရည်၊ အင်္ဂလိပ်ဆေး (သောက်ဆေး) တို့အား ဝယ်ယူသောက်သုံးလေ့ရှိပြီး ရက်ပိုင်းအတွင်း ပြန်လည်သက်သာလေ့ရှိကြကြောင်း မြိတ်တောင်နယ်မြေအတွင်း နေထိုင်သူအချို့က ဆိုသည်။ “တစ်အိမ်လုံး မျက်စိနာလို့ အလုပ်နားပြီး လေးရက်လောက် အိမ်တွင်းအောင်းလိုက်ရတယ်။ အခြားသူတွေလည်း ဖြစ်နေကြတာပဲ။ အိမ်လမ်းထဲမှာတောင် လေးအိမ်ရှိတယ်၊ မျက်စိနာဖြစ်နေကြတာ” ဟု မြိတ်တောင်နယ်မြေ […]

နယ်စည်းမခြားအဖွဲ့ တနင်္သာရီတိုင်းတွင် အိတ်ခ်ျအိုင်ဗွီလူနာ အသစ်လက်ခံခြင်းရပ်နား

diz_admin

December 15, 2022

တနင်္သာရီတိုင်းတွင် HIV လူနာများကို ကုသပေးနေသည့် နယ်စည်းမခြား ဆရာဝန်များအဖွဲ့(MSF) အနေဖြင့် လူနာအသစ်များကို လက်မခံတော့ကြောင်း စုံစမ်းသိရှိရသည်။ HIV လူနာများအားလုံးကို ပြည့်သူ့ကျန်းမာရေးဦးစီးဌာနအောက်ရှိ National AISD Program သို့ လွှဲပြောင်းပေးနေသောကြောင့် လူနာအသစ် လက်မခံတော့ခြင်းဖြစ်သည်။ နယ်စည်းမခြား ဆရာဝန်များအဖွဲ့အနေဖြင့် HIV လူနာများကို National AIDS Program သို့ နှစ်စဉ် တစ်သုတ်ပြီးတစ်သုတ် တစ်ဆင့်ချင်းလွှဲပြောင်းပေးလျက်ရှိပြီး HIV ရောဂါတိုက်ဖျက်ရေးတွင် မိတ်ဖက်ကျန်းမာရေးအဖွဲ့အဖြစ်သာ ဆက်လက်ရပ်တည်သွားမည်ဟု သိရသည်။ “လူနာအသစ်တွေ ထပ်ဝင်နေရင် လွှဲပြောင်းလို့ပြီးနိုင်တော့မှာ မဟုတ်ဘူးလေ” ဟု MSF အဖွဲ့နှင့် လက်တွဲပြီး HIV ရောဂါတိုက်ဖျက်ရေးလုပ်ဆောင်နေသည့် အဖွဲ့တာဝန်ရှိသူတစ်ဦးက ဆိုသည်။ လူနာအဟောင်းများအနေဖြင့်မူ ၂၀၂၃ ခုနှစ် မတ်လမတိုင်မီအထိ MSF အဖွဲ့၏ ပုံမှန် ကျန်းမာရေးဝန်ဆောင်မှုကို ဆက်လက်ရရှိနေမည်ဖြစ်သည်။ ယင်းအတွက်‌ကြောင့် HIV လူနာအသစ်များအနေဖြင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ချိတ်ဆက်ပြီး တိုက်ရိုက်ကုသမှုခံယူရမည်ဖြစ်သည်။ နယ်စည်းမခြား ဆရာဝန်များအဖွဲ့နှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့သည် အရည်အသွေးတူညီသည့် ဆေးအမျိုးအစားကိုသုံးစွဲပြီး HIV လူနာများကို ကုသမှုပေးနေခြင်းဖြစ်သည်။ “တစ်ခုတော့ရှိတာပေါ့လေ။ ဆေးရုံတွေမှာကျတော့ ဝန်ထမ်းအင်အားနည်းတော့ လူနာတွေကို နှစ်သိမ့်ဆွေးနွေးပေးတဲ့နေရာမှာတော့ အခက်အခဲလေးနည်းနည်းရှိတယ်” ဟု […]

စံချိန်သစ်နဲ့အတူ ပြင်သစ်ဖိုင်နယ် တက်ပြီ

diz_admin

December 15, 2022

ပြင်သစ်အသင်းဟာ ခြေစွာနေတဲ့ မော်ရိုကို,ကို နှစ်ဂိုး ဂိုးမရှိ ရလဒ်နဲ့ အနိုင်ယူပြီး ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ဗိုလ်လုပွဲဆီကို တက်လှမ်းရောက်ရှိသွားခဲ့ပြီဖြစ်ပါတယ်။ သက္ကရာဇ် ၂၀၀၀ ပြည့်နှစ်က အစပြုခဲ့တဲ့ ၂၁ ရာစုအတွင်း ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ ဗိုလ်လုပွဲဆီကို နှစ်ကြိမ်ဆက်တိုက် ပထမဆုံး တက်ရောက်နိုင်တဲ့အသင်းဆိုတဲ့ စံချိန်ကိုလည်း ပြင်သစ်က ရရှိသွားခဲ့ပါတယ်။ ခံစစ်မာကျောလှပါတယ်ဆိုတဲ့ မော်ရိုကို ဟာ ပြင်သစ်ကို ပွဲစပြီး ၅ မိနစ်အကြာမှာ ဂိုးပေးလိုက်ရတာကြောင့် ဟန်ချက်ပျက်သလို ဖြစ်သွားခဲ့ပြီး အဲ့ဒီနောက်မှာတော့ ပြင်သစ်ကပဲ ပွဲကို အသာစီးကနေ ထိန်းချုပ်ကစားသွားခဲ့ပါတယ်။ ပြင်သစ်အတွက် အဖွင့်ဂိုးကို နောက်ခံလူ ဟာနန်ဒက်ဇ်က သွင်းယူပေးသွားခဲ့ပြီး အနိုင်သေချာစေမယ့် ဒုတိယမြောက်ဂိုးကိုတော့ တိုက်စစ်မှူး ကိုလို မူအာနီက ပွဲကစားချိန် ၇၉ မိနစ်မှာ သွင်းယူပေးသွားခဲ့ပါတယ်။ […]

စံချိန်သစ်နဲ့အတူ ပြင်သစ်ဖိုင်နယ် တက်ပြီ

diz_admin

December 15, 2022

ပြင်သစ်အသင်းဟာ ခြေစွာနေတဲ့ မော်ရိုကို,ကို နှစ်ဂိုး ဂိုးမရှိ ရလဒ်နဲ့ အနိုင်ယူပြီး ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ဗိုလ်လုပွဲဆီကို တက်လှမ်းရောက်ရှိသွားခဲ့ပြီဖြစ်ပါတယ်။ သက္ကရာဇ် ၂၀၀၀ ပြည့်နှစ်က အစပြုခဲ့တဲ့ ၂၁ ရာစုအတွင်း ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ ဗိုလ်လုပွဲဆီကို နှစ်ကြိမ်ဆက်တိုက် ပထမဆုံး တက်ရောက်နိုင်တဲ့အသင်းဆိုတဲ့ စံချိန်ကိုလည်း ပြင်သစ်က ရရှိသွားခဲ့ပါတယ်။ ခံစစ်မာကျောလှပါတယ်ဆိုတဲ့ မော်ရိုကို ဟာ ပြင်သစ်ကို ပွဲစပြီး ၅ မိနစ်အကြာမှာ ဂိုးပေးလိုက်ရတာကြောင့် ဟန်ချက်ပျက်သလို ဖြစ်သွားခဲ့ပြီး အဲ့ဒီနောက်မှာတော့ ပြင်သစ်ကပဲ ပွဲကို အသာစီးကနေ ထိန်းချုပ်ကစားသွားခဲ့ပါတယ်။ ပြင်သစ်အတွက် အဖွင့်ဂိုးကို နောက်ခံလူ ဟာနန်ဒက်ဇ်က သွင်းယူပေးသွားခဲ့ပြီး အနိုင်သေချာစေမယ့် ဒုတိယမြောက်ဂိုးကိုတော့ တိုက်စစ်မှူး ကိုလို မူအာနီက ပွဲကစားချိန် ၇၉ မိနစ်မှာ သွင်းယူပေးသွားခဲ့ပါတယ်။ […]

မြိတ်-တနင်္သာရီပြည်ထောင်စုလမ်းပေါ် ပစ်ခတ်မှုဖြစ်ပြီး လေးနာရီခန့်လမ်းပိတ်ခဲ့

diz_admin

December 14, 2022

မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းမပေါ်  ယနေ့ နံနက် ၉ နာရီဝန်းကျင်က နှစ်ဖက်ပစ်ခတ်မှုဖြစ်ခဲ့ပြီး လေးနာရီအကြာ လမ်းပိတ်မိခဲ့သည်ဟု ကားသမားများကပြောသည်။ မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းပေါ် မော်တုံးနှင့် ဘန်းလမွတ်ကျေးရွာအနီးတွင် နှစ်ဖက်ပစ်ခတ်မှုဖြစ်ခဲ့ပြီး မြိတ်မှလာသည့် ကုန်တင်ကား၊ခရီးသည်တင်ကား အပါအဝင်ယာဥ်အားလုံးကို   နံနက် ၈ နာရီခွဲခန့်မှစပြီး သွားခွင့်မပေးတော့ဘဲ မွန်းတည့် ၁၂ အထိစောင့်ဆိုင်းခဲ့ရသည်ဟု ကားသမားများ ကပြောသည်။ “ဇဝဲရွာမှာ ပိတ်မိနေတာ ကားတန်းကအရှည်ကြီးပဲ။ ရှေ့မှာတိုက်ပွဲဖြစ်နေတယ်လို့ပဲ သိရတယ်။ ကျန်တာမသိရဘူး”ဟု မြိတ်-ကော့သောင်းသို့သွားသည့် ကားသမားတစ်ဦးကပြောသည်။ မြိတ်နှင့်တနင်္သာရီမြို့အကြား မော်တုံးကျေးရွာအနီးရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရသည်ဟု ကြားသိရပြီး ၅၅၆ အမြှောက်တပ်မှလည်း မော်တုံးကျေးရွာအောက်ဖက် ဘန်းလမွတ်ကျေးရွာနှင့် ယမ်းဖိုကျေးရွာဖက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည်ကို ကြားရသည်ဟု ဇဝဲကျေးရွာနေ အမျိုးသမီး ကပြောသည်။ “ပျူစောထီးတွေ သေတယ်လို့ကြားရတယ်။ ကျွန်မတို့လည်း အတိအကျမသိဘူး”ဟု […]