ပုလော မိန်းမမြို့ရွာ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု ကလေးတစ်ဦးသေဆုံးပြီး ခုနစ်ဦးဒဏ်ရာရ
Dawei Watch
July 21, 2025ပုလောမြို့နယ်၊ မိန်းမမြို့ရွာနှင့် ဘိုင်းပြင်ရွာကြားကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးတစ်ဦး သေဆုံးပြီး ခုနစ်ဦးဒဏ်ရာရကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU)၊ မြိတ်-ထားဝယ်ခရိုင်က ဇူလိုင်လ ၂၀ ရက်တွင် သတင်းထုတ်ပြန်သည်။ ဇူလိုင်လ ၁၉ ရက် နံနက် ၁၀နာရီခွဲခန့်တွင် အာဇာနည်နေ့အခမ်းအနားပြုလုပ်ရန် ပြင်ဆင်နေစဥ် စစ်ကောင်စီက တိုက်လေယာဥ်ဖြင့် ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ပြီး စက်သေနတ်ဖြင့်လည်း ပစ်ခတ်ကြောင်း ဒေသခံအချို့ ထံမှ သိရသည်။ “ရွာသား အိမ်သုံးလုံးထိတယ်၊ ပျက်တယ်။ အရပ်သား လူကြီးနဲ့ ကလေး ခုနစ်ယောက်ဒဏ်ရာရတယ်။ ကလေး တစ်ယောက် ဆုံးတယ်” ဟု KNU မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။ အဆိုပါလေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၁၂ အရွယ် မောင်သားတုတ်သေဆုံးပြီး အသက် ၈၀ ဝန်းကျင်အရွယ် […]


