BREAKING
October 30, 2025

သတင်း

စစ်ကြောရေးတွင် နှိပ်စက်မှုဒဏ်ကြောင့် သေဆုံးခဲ့သည့် မ၀တ်ရည်အောင်၏ စျာပန

Dawei Watch

July 22, 2025

စစ်ကောင်စီတပ်၏ စစ်ကြောရေးတွင် နှိပ်စက်မှုဒဏ်ကြောင့် သေဆုံးခဲ့သည့် ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဗဟိုအလုပ်အမှုဆောင် မ၀တ်ရည်အောင်၏ စျာပနအခမ်းအနားကို ယနေ့ (ဇူလိုင် ၂၂ ရက်) နံနက် ၁၁ နာရီခန့်တွင် ရန်ကုန်မြို့ရှိ ရေဝေးသုသာန်တွင် ပြုလုပ်ခဲ့သည်။ အင်းစိန်ထောင်အတွင်း အကျဥ်းကျခံနေရသည့် မဝတ်ရည်အောင်သည် အရေးပေါ်ကျန်းမာရေး အခြေအနေကြောင့် အင်းစိန်ထောင်မှ အင်းစိန်ဆေးရုံကို ပို့ဆောင်ကုသခဲ့သော်လည်း ဇူလိုင်လ ၂၀ ရက် နံနက် ၃ နာရီခွဲခန့်တွင် ကွယ်လွန်ခဲ့သည်။ အသက် ၂၆ နှစ်အရွယ် မ၀တ်ရည်အောင်သည် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်တွင် ရန်ကုန်မြို့၌ ဖမ်းဆီးခံရပြီးနောက် ပုဒ်မ ၅၀၅(က) ဖြင့် ထောင်ဒဏ် သုံးနှစ်၊ ပုဒ်မ ၅၂(က) ဖြင့် ထောင်ဒဏ်လေးနှစ် စုစုပေါင်း ထောင်ဒဏ် […]

ထားဝယ်အရှေ့တောတွင် စစ်ကောင်စီ လက်နက်ကြီးထိ၍ ကားသမားသေဆုံးပြီး ခရီးသည်ငါးဦး ဒဏ်ရာရ

Dawei Watch

July 22, 2025

ထားဝယ်အရှေ့တောဒေသ ၊ မေတ္တာမြို့နယ် ၊ ဟိန္ဒူးချောင်းရွာအနီးတွင် ဇူလိုင်လ ၂၁ ရက် နံနက်ပိုင်းက စစ်ကောင်စီ ၏ လက်နက်ကြီးကျည်စထိမှန်၍ ကားသမားတစ်ဦးသေဆုံးကာ ခရီးသည်ငါးဦး ဒဏ်ရာရသွားကြောင်း ဒေသခံများထံမှ သိရသည်။ သေဆုံးသူသည် ပကာရီ-ထီးခီးကားဆွဲနေသည့် အသက် ၃၉ နှစ်အရွယ် ကိုရန်နိုင် ဖြစ်သည်ဟု ၎င်း၏မိတ်ဆွေများ ထံမှသိရသည်။ ” (ကားက)တံတားကမ်းနားမှာ လှေနဲ့ကူးဖို့လုပ်နေချိန် ကင်းပုန်းဝပ်နေတဲ့ စစ်သား(စစ်ကောင်စီ တပ်သား) က သေနတ်တစ်ချက်စပစ်ပြီးတာနဲ့ မေတ္တာဗျူဟာ(စစ်ကောင်စီ စခန်း) ဘက်က လက်နက်ကြီး ပစ်တယ်။ အဲဒီမှာ ထိသွားတယ် “ ဟု ကိုရန်နိုင် ၏ မိတ်ဆွေတစ်ဦးကပြောသည်။ ကားပေါ်ပါသည့် ခရီးသည်များသည် မေတ္တာဒေသခံများဖြစ်ကြပြီး ထားဝယ်မြို့ဘက်သို့လာစဥ် ဟိန္ဒူးချောင်းရွာ တံတားတွင် ရေကြီးနေသဖြင့် လှေဖြင့်ကူးရန် လုပ်နေသည့်အချိန်၌ […]

အပူပိုင်းမုန်တိုင်းဝီဖာ၏ အရှိန်ကြောင့် တနင်္သာရီ အပါအဝင် နိုင်ငံအနှံ့ နေရာကွက်၍ မိုးကြီးမည်

Dawei Watch

July 21, 2025

တောင်တရုတ်ပင်လယ်ပြင် တွင်ဖြစ်ပေါ်နေသည့် “ဝီဖာ” အမည်ရှိ အပူပိုင်း မုန်တိုင်းသည် အနောက်ဘက်နှင့် အနောက်တောင်ဘက်သို့ ဆက်လက်ရွေ့လျားနေပြီး ဇူလိုင်လ ၂၂ ရက်တွင် ပြန်အားကောင်းလာနိုင်ကာ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ကို ဖြတ်ကျော်ဝင်ရောက်နိုင်သည်ဟု စစ်ကောင်စီလက်အောက်ရှိ မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ယနေ့(ဇူလိုင်လ ၂၁ ရက်)တွင် ခန့်မှန်းဖော်ပြသည်၊ ယင်းမုန်တိုင်း၏ အရှိန်ကြောင့် ဇူလိုင်လ ၂၁ ရက်မှ ၂၆ ရက်အတွင်း တနင်္သာရီ အပါအဝင် နိုင်ငံအနှံ့အပြား နေရာကွက်၍ မိုးကြီးခြင်းနှင့် မိုးထစ်ချုန်းခြင်းတို့ ဖြစ်ပေါ်နိုင်ကြောင်း စစ်ကောင်စီ မိုးဇလ ကဆိုသည်။ မိုးလေဝသ လေ့လာသုံးသပ်သူ ဦးဝင်းနိုင် ကလည်း ဇူလိုင်လ ၂၂ ရက်မှစ၍ တနင်္သာရီဒေသအပါအဝင် တိုင်းနှင့် ပြည်နယ်အချို့တွင် မိုးများ၍ ရေကြီးနိုင်ကြောင်း ခန့်မှန်းဖော်ပြထားသည်၊ […]

“ဂျပန်လူမျိုး ပထမ”ကြွေးကြော်သံနှင့်ပါတီ ရွေးကောက်ပွဲအနိုင်ရမှု မြင့်တက်လာ

Dawei Watch

July 21, 2025

ဇူလိုင်လ ၂၀ ရက်နေ့က ကျင်းပပြီးစီးခဲ့သည့် ဂျပန်နိုင်ငံ၊ အထက်လွှတ်တော် ရွေးကောက်ပွဲတွင် မဲအနိုင်ရမှုအများဆုံး ပါတီများထဲမှ တစ်ခုအဖြစ် “ဂျပန်လူမျိုး ပထမ” ကြွေးကြော်သံနှင့် လက်ယာစွန်းပါတီငယ်တစ်ခုဖြစ်သည့် Sanseito ပါတီက ထွက်ပေါ်လာခဲ့သည်။ Sanseito ပါတီသည် တနင်္ဂနွေနေ့ ရွေးကောက်ပွဲရလဒ်အရ အထက်လွှတ်တော်အတွက် နေရာ ၁၄ နေရာ အနိုင်ရခဲ့ပြီး အတိုက်အခံအင်အားစုများအနက် တတိယမြောက်မဲအများဆုံးအနိုင်ရသည့် ပါတီဖြစ်လာခဲ့သည်။ အထက်လွှတ်တော်အတွင်း စတုတ္ထမြောက်အင်အားအကြီးဆုံး ပါတီလည်း ဖြစ်လာခဲ့သည်။ Sanseito ပါတီသည် ရွှေ့ပြောင်းနေထိုင်သူများ၏ ‘တိတ်တဆိတ်ကျူးကျော်မှု’ဟု ခေါင်းစဉ်တပ် ဆန့်ကျင်သတိပေးမဲဆွယ်မှုများ၊ အခွန်လျှော့ချရေးနှင့် လူမှုဖူလုံရေးအသုံးစရိတ်ရရှိရေး ကတိကဝတ်များဖြင့် မဲဆန္ဒရှင်များ၏ ထောက်ခံမှု ရလာခဲ့ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြသည်။ ပါတီသည် ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ကာကွယ်ဆေးကိစ္စများ၊ ကမ္ဘာပေါ်ရှိ အထက်တန်းလွှာ လူတစ်စုအကြောင်း ဇာတ်လမ်းဆင် […]

ကော့သောင်း ဆီအုန်းခြံက လုပ်သားနှစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံး

Dawei Watch

July 21, 2025

ကော့သောင်းမြို့နယ်၊ ဖော့သုတ်ကျေးရွာရှိ ဆီအုန်းခြံအနီးတွင် ဇူလိုင်လ ၁၈ရက် နံနက်က ဆီအုန်းခြံအလုပ်သမားနှစ်ဦး သေနတ်ဒဏ်ရာဖြင့် သေဆုံးကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ဖော့သုတ်ကျေးရွာရှိ ယုဇနဆီအုန်းကုမ္ပဏီ စိုက်ခင်းတွင် အလုပ်နေသည့် အသက် ၄၀ နှစ်အရွယ် စိုက်ခင်းတာဝန်ခံ ဦးထွန်းထွန်းအောင်နှင့် အသက် ၆၈ နှစ်အရွယ် စိုက်ခင်းအလုပ်သမား ဦးမှတ်ကြီးတို့ ဦးခေါင်းနှင့် ရင်ဘတ်တွင် သေနတ် ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း ဒေသခံအချို့က ပြောသည်။ “ညကတည်း (ဇူလိုင် ၁၇ရက်ည) ကတည်းက ပစ်သတ်ထားခဲ့တယ် ထင်တယ်။ ဆီအုန်းခြံက ရွာနဲ့လှမ်းတော့ ဘယ်လို ဘယ်ပုံလည်း ဆိုတာတော့ သေချာမသိကြဘူး။ သေနတ်သံ သုံးလေးချက်တော့ ကြားလိုက်တယ်” ဟု ရွာခံအမျိုးသားတစ်ဦးက ပြောသည်။ ၎င်းတို့နှစ်ဦးကို မည်သည့်အဖွဲ့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်သတ်သွားသည်ကို မသိရသေးကြောင်း […]

စစ်ကောင်စီ တပ်သားတစ်ဦး အသက်စွန့်ထွက်ပြေးပြီး KNLA ထံခိုလှုံ

Dawei Watch

July 21, 2025

ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်လမ်း တနင်္သာရီမြို့နယ်ရှိ သိန်ခွန်းရွာတွင် စစ်ကောင်စီတပ်သားနှစ်ဦး ထွက်ပြေးလာချိန် စစ်ကောင်စီဘက်က လိုက်လံပစ်ခတ်သဖြင့် တစ်ဦးသာလွတ်မြောက်ပြီး KNLA တပ်ရင်း ၁၁ ထံ ဘက်ပြောင်းခိုလှုံလာကြောင်း တော်လှန်တပ်ဖွဲ့ဝင်များထံမှ သိရသည်။ ဇူလိုင်လ ၁၉ ရက်နေ့က သိန်ခွန်းရွာရှေ့တန်းတွင် တာဝန်ကျနေသည့် စစ်ကောင်စီတပ်သားနှစ်ဦးက လက်နက်မပါဘဲ ထွက်ပြေးလာချိန် အခြားစစ်ကောင်စီတပ်သားများက သေနတ်ဖြင့် လိုက်လံပစ်ခတ်ခဲ့ကြောင်း လွတ်မြောက်လာသူ၏ ပြောဆိုချက်ကို ကိုးကားပြီး KNLA တပ်ရင်း ၁၁ က တပ်ဖွဲ့ဝင်တစ်ဦးကဆိုသည်။ စစ်မှုထမ်းစုဆောင်းခံရသည့် အထက်ပါ စစ်ကောင်စီတပ်သားနှစ်ဦးအတူ ထွက်ပြေးလာချိန် လူချင်းကွဲသွားသဖြင့် တစ်ဦးသာ KNLA တပ်ရင်း ၁၁ ထံ ရောက်ရှိလာကြောင်း ၎င်းက ပြောသည်။ “တစ်ယောက်က သေနတ်နဲ့လိုက်အပစ်ခံရပြီး လမ်းကွဲသွားတယ်။သေလား ရှင်လားတော့ မသိရသေးဘူး။ ရောက်လာတဲ့သူလည်း အသက်လုပြီးပြေးလာရတယ်”ဟု အထက်ပါရဲဘော် […]

သရက်ချောင်း ရန်တောင်ရွာက အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ် ပစ်သတ်ပြီးအလောင်းဖျောက်

Dawei Watch

July 21, 2025

သရက်ချောင်းမြို့နယ် ထားဝယ်-မြိတ်သွားကားလမ်းပေါ်ရှိ ရန်တောင်ရွာက အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ် စစ်ကြောင်းက သေနတ်ဖြင့်ပစ်သတ်ပြီး အလောင်းဖျောက်ထားခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။ သရက်နှစ်ခွ၊ သင်းကျွန်း၊ ရန်တောင်၊ ညောင်ဇင်ရွာများကို လှည့်လည်စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ဖွဲ့သည် ဇူလိုင်လ ၁၄ ရက်တွင် ညောင်ဇင်ရွာနှင့် ရန်တောင်ရွာတို့တွင် နှစ်ဖွဲ့ခွဲပြီး တပ်စွဲကြောင်း ဒေသခံအချို့က ဆိုသည်။ ယင်းသို့ စစ်ကြောင်းထိုးစဉ် ဇူလိုင်လ ၁၆ ရက် တွင် ရန်တောင်ရွာက ဒေသခံလေးဦး၊ အခြားရွာက ဒေသခံလေးဦးခန့်ကို လေးရက်ကြာ ဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင်း ရန်တောင်ရွာက ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ ဇူလိုင်လ ၁၉ ရက် နံနက် ၉ နာရီခန့်တွင် ရန်တောင်ရွာလယ် ဘုန်းကြီးကျောင်းမှာတပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့က ရန်တောင်ရွာသား အသက် ၄၀ခန့်ရှိ ကိုဝင်းအေးဆိုသူကို ဆိုင်ကယ်ပြန်လှည့်ပြေးသည်ဟုဆိုကာ ပစ်ခတ်သဖြင့် […]

ပုလော မိန်းမမြို့ရွာ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု ကလေးတစ်ဦးသေဆုံးပြီး ခုနစ်ဦးဒဏ်ရာရ

Dawei Watch

July 21, 2025

ပုလောမြို့နယ်၊ မိန်းမမြို့ရွာနှင့် ဘိုင်းပြင်ရွာကြားကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးတစ်ဦး သေဆုံးပြီး ခုနစ်ဦးဒဏ်ရာရကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU)၊ မြိတ်-ထားဝယ်ခရိုင်က ဇူလိုင်လ ၂၀ ရက်တွင် သတင်းထုတ်ပြန်သည်။ ဇူလိုင်လ ၁၉ ရက် နံနက် ၁၀နာရီခွဲခန့်တွင် အာဇာနည်နေ့အခမ်းအနားပြုလုပ်ရန် ပြင်ဆင်နေစဥ် စစ်ကောင်စီက တိုက်လေယာဥ်ဖြင့် ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ပြီး စက်သေနတ်ဖြင့်လည်း ပစ်ခတ်ကြောင်း ဒေသခံအချို့ ထံမှ သိရသည်။ “ရွာသား အိမ်သုံးလုံးထိတယ်၊ ပျက်တယ်။ အရပ်သား လူကြီးနဲ့ ကလေး ခုနစ်ယောက်ဒဏ်ရာရတယ်။ ကလေး တစ်ယောက် ဆုံးတယ်” ဟု KNU မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။ အဆိုပါလေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၁၂ အရွယ် မောင်သားတုတ်သေဆုံးပြီး အသက် ၈၀ ဝန်းကျင်အရွယ် […]