စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလိန်အောင်မြို့အနီး ကျေးရွာအချို့က ဒေသခံများရွှေ့ပြောင်း
Dawei Watch
July 22, 2025ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့အနီးရှိ မိုင် ၆၀ ၊ သာယာမွန်နှင့် မရမ်းချောင်းရွာ များဘက်သို့ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်နေသောကြောင့် ရွာသားများ ရွှေ့ပြောင်းနေကြကြောင်း ယင်းရွာသားများထံမှ သိရသည်။ ယနေ့ ဇူလိုင်လ ၂၂ ရက် နေ့လယ်ပိုင်းတွင် မောရဝတီရေတပ်စခန်းဌာနချုပ်ဘက်က မရမ်းချောင်းရွာဘက်သို့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ရေး-ထားဝယ် ကားလမ်းမနံဘေးရှိ နေရာများတွင် ကျရောက်ပေါက်ကွဲကြောင်း မရမ်းချောင်းရွာသား တစ်ဦးက ပြောသည်။ ဓာတ်မီးတိုင်များတွင်လည်း ဝါယာကြိုးများ ပြတ်တောက်သွားသဖြင့် လတ်တလော လျှပ်စစ်ပြတ်တောက်နေကြောင်း ၎င်းက ဆိုသည်။ ဇူလိုင်လ ၂၁ ရက် ည ၁၁ နာရီခွဲခန့်တွင်လည်း မိုင် ၆၀ ရွာနှင့် သာယာမွန်ရွာများဘက်သို့ ကလိန်အောင်အခြေစိုက် စစ်ကောင်စီတပ်ရင်းက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သေးကြောင်း ဒေသခံများက ပြောဆိုသည်။ နတ်အိမ်တောင်လမ်းပိုင်းတွင် […]


