ရုရှားခရီးသည်တင်လေယာဉ် ပျက်ကျ
Dawei Watch
July 24, 2025လူ ၄၉ ဦးလိုက်ပါလာသည့် ရုရှားခရီးသည်တင်လေယာဉ်တစ်စင်းသည် ယနေ့ ဇူလိုင်လ ၂၄ ရက်တွင် ရုရှားနိုင်ငံအရှေ့ပိုင်း ၊ တရုတ်နယ်စပ်အနီးတွင် ပျက်ကျကြောင်း ရုရှားပြည်တွင်းသတင်းမီဒီယာများက ဖော်ပြသည်။ ကနဦးသိရသည့် အချက်အလက်များအရ အသက်ရှင်ကျန်ရစ်သူမရှိကြောင်း ဖော်ပြသည်။ ပျက်ကျခဲ့သည့် လေယာဉ်မှာ ရုရှားနိုင်ငံ၊ ဆိုက်ဘေးရီးယားအခြေစိုက် Angara လေကြောင်းလိုင်းက An-24 လေယာဉ် ဖြစ်သည်။ အဆိုပါ လေယာဉ်သည် ၎င်း ဆင်းသက်မည့် တရုတ်နယ်စပ်အနီး Amur ဒေသ Tynda မြို့အနီး ချဉ်းကပ်လာစဉ် ရေဒါပေါ်က ပျောက်ကွယ်သွားကြောင်း ရုရှားအစိုးရ အရေးပေါ်အခြေအနေဝန်ကြီးဌာနက ဆိုသည်။ ပျက်ကျလေယာဉ်၏ အပျက်အစီးများကို အဆိုပါ Amur ဒေသတွင် တွေ့ရှိခဲ့ပြီဖြစ်ကြောင်း ရုရှားပြည်တွင်းသတင်းမီဒီယာ Interfex က ဖော်ပြသည်။ သို့သော် ပျက်ကျလေယာဉ်၏ အပျက်အစီးများ […]


