ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ကျိုက်ထိုတော်လှန်ရေးအဖွဲ့ဝင်နေအိမ်များ ဆက်တိုက်ချိပ်ပိတ်ခံရ

Dawei Watch

September 13, 2023

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်းက ကျိုက်ထိုတော်လှန်ရေးအင်အားစုအဖွဲ့ဝင်များ၏ နေအိမ်များကို စစ်ကောင်စီတပ်က ချိပ်ပိတ်သိမ်းဆည်းမှု ဆက်တိုက်ပြုလုပ်လာကြောင်း မြို့ခံတို့ထံမှ သိရသည်။ စက်တင်ဘာလ ၁၁ ရက်နေ့က ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့၊ အမှတ် (၃) ရပ်ကွက်ကြီးရှိ ကျိုက်ထိုတော်လှန်ရေး အင်အားစု (KRF) အဖွဲ့ဝင် ဦးစံရ၏ နေအိမ်ကို စစ်ကောင်စီတပ်၊ ရဲနှင့် အုပ်ချုပ်ရေးအဖွဲ့တို့က လာရောက်ချိပ်ပိတ် ကြောင်း ဒေသခံတို့ထံမှ သိရသည်။   “PDF တွေ၊ တော်လှန်ရေးမှာပါတဲ့လူတွေရဲ့ နေအိမ်တွေ၊ ပိုင်ဆိုင်မှုတွေကို ဒီတလော ဆက်တိုက်ချိပ်ပိတ်လာတာ တွေ့ရတယ်။ အဓိက အဲဒီလူတွေကို အကြမ်းဖက်တိုက်ဖျက်မှုဥပဒေပုဒ်မတွေတပ်ပြီးတော့ သူတို့ပိုင်ဆိုင်မှုတွေကို လိုက်သိမ်းဆည်းနေတာ” ဟု ကျိုက်ထိုဒေသခံတစ်ဦးက ပြောသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၉ ရက်နေ့ကလည်း ကျိုက်ထိုမြို့၊ တောင်သူစုရပ်ကွက်ရှိ KRF တပ်ဖွဲ့ဝင် […]

ထားဝယ်တွင် စိတ်ဝေဒနာရှင်လူငယ်က ရေတွင်းထဲပစ်ချသဖြင့် KG ကျောင်းသူသေဆုံး

Dawei Watch

September 13, 2023

ထားဝယ်မြို့နယ် သဗြေချောင်းရွာတွင် စိတ်ဝေဒနာခံစားနေရသည့်လူငယ်တစ်ဦးက ရေတွင်းထဲပစ်ချခဲ့သဖြင့် အသက် ၆နှစ်အရွယ် KG ကျောင်းသူကလေးငယ်တစ်ဦး သေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။ ကျောင်းသူကလေးငယ်မှာ စက်တင်ဘာလ ၁၁ ရက်နေ့တွင် ညနေပိုင်းရောက်ချိန်အထိ အိမ်သို့ပြန်မလာသဖြင့် လိုက်လံရှာဖွေကြရာ အသက် ၂၀ကျော်အရွယ် ကိုလှိုင်ဇင်စိုးဆိုသူ ခေါ်ဆောင်သွားသည်ဟု သိရကြောင်း ဒေသခံတို့က ဆိုသည်။ အဆိုပါလူငယ်ကို စစ်ဆေးမေးမြန်းရာ ၎င်းပစ်ချထားခဲ့သည်ဆိုသည့် သဗြေချောင်းရွာရှိ ခြေမြန်တပ်ရင်း ခမရ ၄၀၁ အနီးက ရေတွင်းထဲ၌ ရုပ်အလောင်းကို တွေ့ရကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “ရေတွင်းမှာ တွေ့တယ်။ အလောင်းကတော့ မနက်မှ (ထားဝယ်) ဆေးရုံ ပို့လိုက်တာလို့သိရတယ်” ဟု ၎င်းက ဆိုသည်။ သေဆုံးသည့် ကျောင်းသူကလေးငယ်၏ မိဘနှစ်ပါးမှာ ကွဲကွာထားကြသဖြင့် ကလေးငယ်မှာ အဘိုးအဘွားဖြစ်သူတို့နှင့် ၄၀၁ […]

ဘန်လောရွာကို လက်နက်ကြီးဖြင့် နှစ်ရက်ဆက်တိုက်ပစ်ခတ်သဖြင့် ရွာသားများထွက်ပြေးနေရ

Dawei Watch

September 13, 2023

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ဘန်လောကျေးရွာကို စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ဘဲ လက်နက်ကြီးများဖြင့် နှစ်ရက်ဆက်တိုက်ပစ်ခတ်သဖြင့် ရွာသားများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။ စက်တင်ဘာလ ၁၁ ရက်နှင့် ၁၂ ရက်နေ့တို့တွင် ပစ်ခတ်ခြင်းဖြစ်ပြီး ဒေသခံများ ထွက်ပြေးနေရသဖြင့် အိုးအိမ်ထိခိုက်မှု ရှိမရှိ မသိရှိရသေးကြောင်း ၎င်းတို့က ဆိုသည်။ “ဘန်လောလမ်းဆုံမှာ (လက်နက်ကြီးကျည်တွေ) လာကျနေတယ်။ ရွာသားတွေတော့ ပြေးကုန်ကြပြီ။ အထိအခိုက်တော့ သေချာမသိရသေးဘူး” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။ စက်တင်ဘာလ ၁၁ ရက်နေ့ မွန်းတည့် ၁၂ နာရီဝန်းကျင်မှ မွန်းလွဲ ၂ နာရီဝန်းကျင်အထိ တနင်္သာရီမြို့၊ လေသာတောင်ပေါ်မှ ဘန်လောရွာဖက်သို့ လက်နက်ကြီး အနည်းဆုံး ငါးလုံး ပစ်ခတ်ကြောင်း ဒေသခံတို့က ဆိုသည်။ စက်တင်ဘာ ၁၂ ရက်နေ့ကဆိုလျှင် […]

ကလိန်အောင်တွင် အရန်မီးသတ်တပ်ခွဲမှူးတစ်ဦး သေနတ်ဖြင့်ပစ်ခံရ

Dawei Watch

September 12, 2023

ရေဖြူမြို့နယ် ၊ ကလိန်အောင်မြို့နယ်ခွဲ ၊ ကျောက်ရှပ်ကျေးရွာတွင် စက်တင်ဘာလ ၁၁ ရက် ညနေပိုင်းက အရန်မီးသတ်တပ်ခွဲမှူး အသက် ၅ဝ ဝန်းကျင်အရွယ်ရှိ ဦးတင်ဦး သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရသည်ဟု ဒေသခံများကပြောသည်။ဥယျာဥ်ခြံမှ လမ်းလျှောက်ပြီး ပြန်လာစဥ် ပစ်ခတ်ခံရခြင်းဖြစ်ပြီး ညာဘက်လက်တွင်ဒဏ်ရာ ၂ ချက်ရခဲ့ကြောင်း ၎င်းတို့ကဆိုသည်။ “မနေ့ညကတော့ ကလိန်အောင်ဆေးရုံတင်သွားတယ်။ ဒီမနက်တော့ ထားဝယ်က စစ်တပ်ဆေးရုံကိုပို့လိုက်ပြီ။ မစိုးရိမ်ရပါဘူး။ လက်ဖျံမှာ ဒဏ်ရာရသွားတာလောက်ပဲ “ ဟု ကျောက်ရှပ်ရွာသားတစ်ဦးကပြောသည်။ ဦးတင်ဦး ကို မည်သည့်အဖွဲ့အစည်းက မည်သည့်အကြောင်းအရင်းကြောင့် ပစ်ခတ်ခဲ့သည်ကိုမူ စက်တင်ဘာလ ၁၂ ရက်ညနေပိုင်းအထိ ထုတ်ပြန်ခြင်းမရှိသေးပေ။ ကလိန်အောင်မြို့နယ်ခွဲ၊ ကျောက်ရှပ်ရွာသား ဦးသိန်းစိုးကို Spring Dhamma PDF အဖွဲ့က စစ်ကောင်စီနှင့်ဆက်သွယ်သည့် အထောက်အထားများ တွေ့ရှိရသဖြင့် ပစ်သတ်ခဲ့ကြောင်း ဩဂုတ်လ […]

ကမ်းနီးငါးခိုးဆွဲသည့် ကမ်းဝေးလှေများကို ပုလောကာကွယ်ရေးတပ် ပထမဆုံးအကြိမ်ဖမ်းဆီး

Dawei Watch

September 12, 2023

ပုလောမြို့နယ်အတွင်း ကမ်းနီးတွင် ငါးခိုးဖမ်းသည့် ကမ်းဝေးငါးဖမ်းလှေများကို ပုလောပြည်သူ့ကာကွယ်ရေး တပ်မတော်က ပထမဦးဆုံးအကြိမ် ဖမ်းဆီးအရေးယူလိုက်ကြောင်း ပုလောပြည်သူ့ကာကွယ်ရေး၊ မြိတ်ခရိုင်တပ်ရင်း (၁) ယနေ့ စက်တင်ဘာလ ၁၂ရက်တွင် ထုတ်ပြန်လိုက်သည်။ ပြည်သူများ၏ တိုင်ကြားချက်အရ စက်တင်ဘာလ ၇ရက်က ပုလောမြို့နယ်၊ ညှင်းဖို ညှင်းမကျွန်း ကမ်းနီးတွင် ဝင်ရောက်ခိုးဖမ်းနေသည့် ကမ်းဝေးငါးဖမ်းလှေ ခုနစ်စီးကို သွားရောက်ဖမ်းဆီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ဖမ်းဆီးရာတွင် ငါးဖမ်းလှေအား ယူဆောင်ခြင်းမပြုဘဲ တာဝန်ရှိသည့် လှေဦးစီး ပဲ့နှင်းခုနစ်ဦးကိုသာ ခေါ်ဆောင်လာခဲ့ကြောင်း မြိတ်ခရိုင်တပ်ရင်း (၁) သတင်းနှင့် ပြန်ကြားရေးဌာနထံမှ သိရသည်။ “လှေကတော့ မသိမ်းဆည်းပါဘူး။ ပဲ့နင်း ၇ ယောက်ကိုပဲ ဖမ်းတာပါ။ သူတို့ကိုတော့ အနည်းဆုံးထောင်ဒဏ် ၂ နှစ်အထိ ‌အရေးယူဖို့တော့ ရှိပါတယ်” ဟု ပြန်ကြားရေးတာဝန်ခံက […]

ပေါင်တွင် ကိုယ်ဝန်ဆောင်တစ်ဦးအပါအဝင် ဒေသခံ ၁၅ဦးထက်မနည်း ဖမ်းဆီးခံရ

Dawei Watch

September 12, 2023

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် နယ်ထိန်းရဲ ပစ်သတ်ခံရပြီး ရဲစခန်း၊ ထွေအုပ်ရုံးတို့ တိုက်ခိုက်ခံရပြီးနောက် ဒေသခံ ၁၅ ဦးထက်မနည်းကို စစ်ကောင်စီတပ်က ဖမ်းဆီးထားကြောင်း ဒေသခံတို့က ပြောသည်။ ပေါင်မြို့မရဲစခန်းမှ နယ်ထိန်းရဲ တပ်ကြပ်ကိုကိုလွင် စက်တင်ဘာလ ၃ ရက်နေ့က မိုးနိုင်းရပ်ကွက်မှ ပေါင်မြို့မ ရဲစခန်းသို့ ဆိုင်ကယ်ဖြင့် အပြန် မော်လမြိုင်-ရန်ကုန်လမ်းတွင် ပစ်ခတ်သတ်ဖြတ်ခံရသည်။ ဩဂုတ်လအတွင်းကလည်း ပေါင်မြို့နယ်၊ ဇင်းကျိုက်နယ်မြေရဲစခန်းမှ နယ်ထိန်းရဲတစ်ဦး ပစ်သတ်ခံခဲ့ရသည့်အပြင် ပေါင်မြို့မရဲစခန်းနှင့် ပေါင်မြို့နယ်ထွေအုပ်ရုံးတို့ တိုက်ခိုက်ခံရသည်။ အဆိုပါဖြစ်စဉ်များဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၀၀ ဝန်းကျင်သည် ဥတ္တံတားကျေးရွာအတွင်းသို့ စက်တင်ဘာ ၇ ရက်နေ့က ဝင်ရောက်လာပြီး ဒေသခံများကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံတို့က ဆိုသည်။ “စစ်တပ်တွေက အင်အားနဲ့ ရွာထဲဝင်လာပြီးတော့ သူတို့ သံသယရှိတဲ့လူတွေကို ဖမ်းခေါ်သွားတာ။ […]

ပုလောတွင် လက်နက်ကြီးကျည်စထိမှန်ပြီး PDF ရဲဘော်တစ်ဦးကျဆုံး၊ နှစ်ဦးဒဏ်ရာရ

Dawei Watch

September 12, 2023

မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် လက်နက်ကြီးကျည်စထိမှန်ပြီး ပြည်သူ့ကာကွယ်ရေးတပ်က ရဲဘော်တစ်ဦးကျဆုံးကာ နှစ်ဦးဒဏ်ရာရကြောင်း ပြည်သူ့ကာကွယ်ရေး၊ မြိတ်ခရိုင်တပ်ရင်း (၁) က ယနေ့ စက်တင်ဘာလ ၁၂ရက် နံနက်တွင် ထုတ်ပြန်သည်။ ပလမြို့ တိုတောင်ပေါ်ရှိ စစ်ကောင်စီတပ်နှင့် စစ်သင်္ဘောများက လက်နက်ကြီးဖြင့် မြဒေါင်ကျေးရွာသို့ စက်တင်ဘာ ၁၁ ရက် ညဦးအချိန်မှ ညနက်သည်အထိ ပစ်ခတ်ခဲ့ကြောင်း အထက်ပါတပ်ရင်းနှင့် ဒေသခံတို့ထံမှ သိရသည်။ ယင်းသို့ပစ်ခတ်ခဲ့ရာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ပြည်သူ့ကာကွယ်ရေးအမှတ် (၁) တပ်ရင်းမှ အသက် ၃၀ နီးပါးအရွယ် တပ်စိတ်မှူး ရဲဘော်ဇင်ကို ကျဆုံးခဲ့ပြီး အနီးရှိ ရဲဘော်နှစ်ဦးလည်း ထိခိုက်ဒဏ်ရာရကြောင်း ပြည်သူ့ကာကွယ်ရေးအမှတ် ၁ တပ်ရင်းမှ ပြန်ကြားရေးတာဝန်ခံက ပြောသည်။ “လက်နက်ကြီးလာကျပြီး ရဲဘော်ဇင်ကို ကျသွားတယ်။ ကျန်တဲ့နှစ်ဦးလည်း ထိပြီး […]

အခြေခံပညာကျောင်းများတွင် ထားဝယ်စာပေ စတင်သင်ကြားတော့မည်ဟုဆို

Dawei Watch

September 12, 2023

ယခုပညာသင်နှစ်ထဲတွင် အခြေခံပညာစာသင်ကျောင်းများ၌ ထားဝယ်စာပေ စတင်သင်ကြားတော့မည်ဖြစ်ကြောင်း တိုင်းပညာရေးမှူးရုံးထံက သိရသည်။ အခြေခံပညာကျောင်းတို့တွင် လက်ရှိတာဝန်ထမ်းဆောင်နေသည့် မူလတန်း ဆရာ၊ ဆရာမ ၅၁ ဦးကို စက်တင်ဘာလ ၇ ရက်မှ ၉ ရက်အထိ ထားဝယ် အ.ထ.က (၁) တွင် ဆရာဖြစ်သင်တန်းပေးထားပြီးဖြစ်ကြောင်း တိုင်းပညာရေးမှူးရုံးမှ တာဝန်ရှိသူက ပြောသည်။ သင်တန်းဆင်း ဆရာ၊ ဆရာမများကို ပညာရေးဝန်ကြီးဌာနက ဘတ်ဂျတ်ချကာ ထားဝယ်စာပေသင်ကြားမှုအတွက် ထောက်ပံ့ကြေးပေးမည်ဖြစ်ကြောင်း ပညာရေးမှူးရုံးထံမှ သိရသည်။ ယခုနှစ်ထဲတွင် စတင်သင်ကြားနိုင်ပြီဟု လမ်းညွှန်ထားကြောင်း အထက်ပါတာဝန်ရှိသူက ပြောသည်။ “နိုင်ငံတော်က သူတို့ကို ထောက်ပံ့ကြေးပေးရမယ်။ ဒါပေမဲ့ ထောက်ပံ့ကြေးကို မစောင့်နဲ့။ ဘတ်ဂျတ်ဆိုတာကတော့ ကြာတာပေါ့နော်။ တို့က ဒီစာပေပြန့်ပွားဖို့နဲ့ ကလေးတွေသင်ရဖို့က အရေးကြီးတယ်ဆိုပြီး ဟိုနေ့ (စက်တင်ဘာ ၉ရက်) […]