ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ကွမ်းသီးဈေးမရသဖြင့် ထားဝယ်ဒေသက ကွမ်းသီးစိုက်တောင်သူများအခက်ကြုံ 

Dawei Watch

September 15, 2023

ကွမ်းသီးဈေးမရသောကြောင့် ကွမ်းသီးစိုက်တောင်သူများ အခက်အခဲကြုံနေရကြောင်း ဒေသခံတောင်သူများက ပြောသည်။ ကွမ်းသီးစမှည့်နေပြီဖြစ်သည့် ဩဂုတ်လနှင့် စက်တင်ဘာလတို့တွင် ကွမ်းသီးအဝယ်တော်များ နယ်ဖက်သို့ လာရောက်ခြင်း မရှိသေးကြောင်း ရေဖြူနှင့် သရက်ချောင်းမြို့နယ်တို့မှ တောင်သူများ၏ ပြောဆိုချက်အရသိရသည်။ ကွမ်းသီးဈေးမရသဖြင့် ကွမ်းသီးတောများကို ပစ်ထားရသလို စစ်ကောင်စီတပ် ရုတ်တရက် စစ်ကြောင်းဝင်ရောက်မှု များကြောင့်လည်း ကွမ်းသီးတောများသို့ မသွားရဲကြကြောင်း ဒေသခံတောင်သူတို့က ဆိုသည်။  စစ်ကောင်စီတပ် ရုတ်တရက်စစ်ကြောင်းထိုးဝင်ရောက်ပြီး တိုက်ပွဲများဖြစ်ပွားသည့်အပြင် ဒေသခံများကိုလည်း ပစ်ခတ်ဖမ်းဆီးသောကြောင့် ရေဖြူမြို့နယ်တွင် ခမောင်းချောင်း၊ ဧကနိ၊ ရငဲကျေးရွာများနှင့် သရက်ချောင်း မြို့နယ်တွင် တောင်ပျောက်တိုက်နယ်တို့တွင် ဒေသခံများ ထွက်ပြေးနေကြရကြောင်း ဒေသခံတို့ထံမှ သိရသည်။ ထွက်ပြေးတိမ်းရှောင်နေရသူများမှာ ကွမ်းသီးလုပ်ငန်းလည်း မလုပ်ကိုင်နိုင်ကြကြောင်း ၎င်းတို့က ဆိုသည်။ “(ကွမ်းသီးတွေ) မှည့်ပြီး (ကြွေ) ကျနေပြီ ဒီအချိန်ဆို။ ဒီအတိုင်းပဲ ပစ်ထားရတယ်။ […]

MOU မြန်မာလုပ်သားများ အလုပ်မရသဖြင့် ဘန်ကောက်မြန်မာသံရုံးရှေ့ဆန္ဒပြ

Dawei Watch

September 14, 2023

နှစ်နိုင်ငံသဘောတူစာချုပ် MOU စနစ်ဖြင့် တရားဝင် ဝင်ရောက်လာသော မြန်မာအလုပ်သမားများမှာ တစ်လနီးပါးကြာသည်အထိ အခြားအလုပ်ထပ်မရရှိခဲ့သဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးရှေ့တွင် ယနေ့နေ့လယ်ပိုင်းက ဆန္ဒပြခဲ့ကြသည်။ မြန်မာအလုပ်သမားများမှာ နေထိုင်စားသောက်ရန် အခက်အခဲများစွာ ရှိလာသဖြင့် အေဂျင်စီနှင့် မြန်မာသံရုံးက ကူညီဖြေရှင်းပေးရန် မြန်မာအလုပ်သမား ၃၀ ခန့်က ဆန္ဒပြတောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း အလုပ်သမားများနှင့် WAG အလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့ထံမှ သိရသည်။ မြန်မာအလုပ်သမားများသည် မြန်မာအေဂျင်စီ Big Money မှ တစ်ဆင့် ထိုင်းနိုင်ငံသို့ ဩဂုတ်လ ၁၅ ရက်နေ့တွင် ထိုင်းကုမ္ပဏီ Go Merry တွင် လုပ်ကိုင်ရန် တရားဝင် စာချုပ်ဖြင့် ဝင်ရောက်လာခဲ့ကြောင်း သိရသည်။ ထိုင်းနိုင်ငံသို့ ရောက်ရှိလာသောအခါ စာချုပ်ပါလုပ်ငန်းတွင် မဟုတ်ဘဲ နခွန်ပထုံရှိ ကြက်သားစက်ရုံတစ်ရုံသို့ ပို့ဆောင်၍ […]

ကော်သူးလေတပ်က ထားဝယ်အရှေ့တောဒေသရှိ အရက်ဆိုင်များမှ အရက်၊ ဘီယာများဖျက်ဆီးပြီး အဓမ္မငွေတောင်းခံ

Dawei Watch

September 14, 2023

ကော်သူးလေတပ်မတော် ဗိုလ်ကော်လဖိုးဦးစီးအဖွဲ့က ထားဝယ်အရှေ့တောဒေသ ရမ္မဇူ၊ လိပ်ကြယ်ပြောင် ကျေးရွာများရှိ အရက်ဆိုင်များမှ ဘီယာနှင့်အရက်များကို ဖျက်ဆီးခဲ့သလို အဓမ္မငွေတောင်းခံခဲ့ကြောင်း ဒေသခံများက ပြောသည်။ ယနေ့(စက်တင်ဘာ ၁၄)မနက်က ဗိုလ်ကော်လဖိုးဦးဆောင်သည့် အဖွဲ့သည် ဝကုန်းရွာမှ ရမ္မဇူ၊ လိပ်ကြယ်ပြောင်ကျေးရွာများဘက်သို့ ဝင်လာပြီး ဆိုင်အချို့ကို ရှာဖွေစစ်ဆေးမှုများပြုလုပ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။ ရမ္မဇူကျေးရွာရှိ အရက်ဆိုင် သုံးဆိုင်ကို ဝင်ရောက်ရှာဖွေခဲ့ပြီး ဆိုင်ရှေ့တွင် အရက်၊ ဘီယာများကိုပုံထားကြောင်း၊ ယင်းနောက် အရက်၊ ဘီယာရောင်းသည့် ဆိုင်များကို ငွေကျပ် သိန်း ၁၀၀ မှ သိန်း ၂၀၀ အထိ ပေးဆောင်ရန်ပြောဆိုကြောင်း ရမ္မဇူဒေသခံတစ်ဦးက ပြောသည်။ “တောင်းတဲ့ငွေကြေးက အရမ်းများတော့ ရွာသားတွေက ငိုပဲငိုနေကြတယ်” ဟု၎င်းက ပြောသည်။ ကော်လဖိုးအဖွဲ့နှင့် ဒေသခံများ ညှိနှိုင်းပြောဆိုအပြီး အရက် […]

အာဏာသိမ်းကာလ တနင်္သာရီတိုင်းတွင် အရပ်သား ၁၅၀ ကျော်သေဆုံး

Dawei Watch

September 14, 2023

အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်ကြောင့် တနင်္သာရီတိုင်းအတွင်း သေဆုံးသည့်အရပ်သား ၁၅၀ ကျော် ရှိလာနေပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ယနေ့ စက်တင်ဘာလ ၁၄ရက်တွင် ထုတ်ပြန်ထားသည်။ စစ်ကောင်စီတပ်နှင့် လက်အောက်ခံအဖွဲ့များကြောင့် ၂၀၂၁ ဖေဖော်ဝါရီမှ ၂၀၂၃ စက်တင်ဘာလအထိ ဒီမိုကရေစီ အရေးလှုပ်ရှားသူနှင့် ပြည်သူ ၄၀၇၅ ဦး သေဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ သေဆုံးသူများထဲတွင် တနင်္သာရီတိုင်းထဲက ၁၅၅ ဦးပါဝင်ပြီး ယင်းအနက် ၁၀၂ ဦးမှာ ပစ်ခတ်ခံရမှုကြောင့် သေဆုံး ရခြင်းဖြစ်ကြောင်း AAPP က ထုတ်ပြန်သည်။ ကျန် ၄၃ ဦး သေဆုံးရသည့်အကြောင်းအရင်း အသေးစိတ်ကိုမူ ထည့်သွင်း ဖော်ပြထားခြင်းမရှိပေ။ နှစ်အလိုက်ဆိုလျှင် ၂၀၂၁ ခုနှစ်တွင် အရပ်သား သေဆုံးရသူ ၅၃ ဦး၊ […]

ရေဖြူမြို့နယ်တွင် အမျိုးသားနှစ်ဦးပစ်ခတ်ခံရပြီး တစ်ဦးသေဆုံး

Dawei Watch

September 14, 2023

ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ၊ ဇာဒီကျေးရွာအုပ်စုတွင် ယနေ့ စက်တင်ဘာလ ၁၄ရက် နံနက် ၇ နာရီခွဲခန့်က အမျိုးသားနှစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရကြောင်း ဒေသခံများက ပြောသည်။ ပစ်ခတ်ခံရသူနှစ်ဦးမှာ ဇာဒီရွာမှ ဦးသက်မောင်နှင့် ခေါင်ပြန်ရွာမှ ဦးကြည်စိုးတို့ဖြစ်ကြပြီး ကျည်ထိမှန်ဒဏ်ရာဖြင့် ဦးကြည်စိုး သေဆုံးခဲ့ကာ ဦးသက်မောင်တွင် လက်မောင်း ကျည်ထိမှန်ဒဏ်ရာရကြောင်း ဒေသခံတို့က ဆိုသည်။ အမည်မသိ အမျိုးသားသုံးဦး ဆိုင်ကယ်တစ်စီးဖြင့် လာရောက်ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ဇာဒီရွာသားတစ်ဦးက ပြောဆိုသည်။ “ဦးကြည်စိုးက သူ့အိမ်ရှေ့မှာ ပစ်ခံရတာ။ (ဦး) သက်မောင်က ရွာလယ်က လက်ဘက်ရည်ဆိုင်မှာ ခေါ်ထုတ်ပြီး ပစ်မလို့ လုပ်တာ ထွက်ပြေးသွားတယ်။ လှမ်းပစ်တော့ လက်မောင်းမှာထိတယ်” ဟု ၎င်းက ပြောသည်။ ဦးသက်မောင်သည် အာဏာမသိမ်းမီကပင် လက်ရှိအချိန်အထိ ဇာဒီကျေးရွာတွင် စာရေးအဖြစ် လုပ်ကိုင်နေသူ ဖြစ်ကြောင်း […]

ဘန်ကောက်ရှိ MBK ဈေးဝယ်စင်တာတွင် မြန်မာအလုပ်သမားများ ဖမ်းဆီးခံရ

Dawei Watch

September 14, 2023

ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ် ဈေးဝယ်စင်တာတစ်ခုကို ထိုင်းလဝကရဲတပ်ဖွဲ့များက ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့သဖြင့် တရားမဝင် လုပ်ကိုင်နေသော မြန်မာ ၁၈ ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ မြို့လယ်နာမည်ကြီး ပထူဝမ်ဒေသရှိ MBK ရှောပင်းစင်တာတစ်ခုကို ထိုင်းလူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့များက ယမန်နေ့ (စက်တင်ဘာ ၁၃) တွင် ဝင်ရောက် ဖမ်းဆီးစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသူ၊ တရားမဝင် အလုပ်လုပ်ကိုင်နေသူ မြန်မာအလုပ်သမား ၁၈ ဦးကို ဖမ်းဆီးခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။ ရှောပင်းစင်တာများတွင် အလုပ်ရှင်မှ ငှားရမ်းထားသော အလုပ်သမားများသာ ဈေးရောင်းပိုင်ခွင့်ရှိပြီး ကိုယ်ပိုင်ဆိုင်ဖွင့်ရောင်းချခြင်း၊ စာရွက်စာတမ်းမပြည့်စုံဘဲ ရောင်းချခွင့်များ မရှိကြောင်း ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက် (MWRN) မှ ကိုဇော်က ဆိုသည်။ “ဈေးရောင်းရင် အလုပ်ရှင် အလုပ်သမား သဘောတူငှားရမ်းထားရင်တော့ ရောင်းလို့ရတယ်။ […]

ပုလော ပိတပ်ကျေးရွာက ဖမ်းဆီးခံရသည့် အမျိုးသားကိုးဦး ပြန်မလွတ်သေး

Dawei Watch

September 14, 2023

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပိတပ်ကျေးရွာသို့ စစ်ကောင်စီတပ်စစ်ကြောင်း ဝင်ရောက်ပြီးနောက် ဖမ်းဆီးခေါ်ဆောင် သွားသည့် ဒေသခံအမျိုးသားကိုးဦး ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။ စစ်ကောင်စီတပ်က ပိတပ်ကျေးရွာကို စက်တင်ဘာလ ၁၁ ရက်နေ့က စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်နှင့် ခုနစ်နာရီကြာ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ဒေသခံတို့က ပြောသည်။ တိုက်ပွဲပြီးနောက် ပြန်ဆုတ်ချိန်တွင် အရပ်သားပြည်သူ ၁၅ ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် အမျိုးသမီးများကို ပြန်လွှတ်ခဲ့ပြီး အမျိုးသားကိုးဦးမှာမူ ယနေ့ စက်တင်ဘာလ ၁၄ရက်အထိ ရွာသို့ ပြန်မရောက်လာသေးကြောင်း ဒေသခံများက ဆိုသည်။ “အမျိုးသမီးတွေကိုတော့ ပြန်လွှတ်ပေးလိုက်ပြီ။ အမျိုးသားတွေ မလွှတ်လာကြသေးဘူး” ဟု ဒေသခံအမျိုးသားတစ်ဦးက ယနေ့ နံနက်ပိုင်းတွင် ပြောဆိုသည်။ ဖမ်းဆီးခေါ်ဆောင်ခံရသူများမှာ သာမန်အရပ်သားများဖြစ်ကြပြီး အများစုမှာ တံငါလုပ်ငန်းလုပ်ကိုင်ကြသူများဖြစ်ကြောင်း ဒေသခံများက ဆိုသည်။ […]

ရေးတွင် လက်နက်ကြီးကျည်စထိမှန်ပြီး ဒေသခံငါးဦး ဒဏ်ရာရ

Dawei Watch

September 13, 2023

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာတွင် စက်တင်ဘာလ ၁၂ ရက်နေ့ ညနေပိုင်းက လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံ ငါးဦး ထိခိုက်ဒဏ်ရာရကြောင်း ဒေသခံတို့ထံမှ သိရသည်။ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့်ပစ်ခတ်ခံရခြင်းဖြစ်ပြီး နေအိမ်ဈေးဆိုင်ပေါ်တွင် လက်နက်ကြီးကျည် တစ်လုံး၊ ရွာဈေးတွင် တစ်လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံတို့က ဆိုသည်။ “ဘယ်ကလာတဲ့ လက်နက်လည်းတော့ ကျွန်တော်တို့လည်း မသိနိုင်ဘူး။ တိုက်ပွဲကတော့ မရှိဘူး။ လက်နက်ကြီးပဲ ကျလာတာ။ နေအိမ်တွေပေါ်ကျတော့ လူတွေ ထိကုန်တယ်လေ။ ဒါပေမဲ့ ပြင်းပြင်းထန်ထန် ထိတာတော့ မရှိဘူး” ဟု ကျောင်းရွာမှ အမျိုးသားတစ်ဦးက ပြောသည်။ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၅၅ နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် အမျိုးသမီး လေးဦး ကျည်စထိမှန် ဒဏ်ရာရကြောင်း ဒေသခံတို့ထံမှ သိရသည်။ […]