ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထိုင်းခရီးသွားမြို့ ပတ္တရားတွင် မြန်မာအချင်းချင်း ခိုက်ရန်ဖြစ်ပွားမှု ထိုင်းသတင်းဌာနများဖော်ပြ

Dawei Watch

September 27, 2023

ထိုင်းနိုင်ငံ၏ ခရီးသွားမြို့ဖြစ်သော ပတ္တရားမြို့လယ်ကောင်တွင် မြန်မာနိုင်ငံသားအချင်းချင်း တုတ်များကိုင်ဆောင်ကာ အော်ဟစ်ရိုက်နှက်၍ ရန်ဖြစ်ခဲ့ကြမှုကို ထိုင်းသတင်းဌာနများတွင် ဓာတ်ပုံမှတ်တမ်းများဖြင့် ဖော်ပြခဲ့ကြသည်။ မြန်မာအချင်းချင်း ရန်ဖြစ်နေသော ဗီဒီယိုဖိုင်တစ်ခုကို လွန်ခဲ့သော ၂ ရက်ခန့်က ခရီးသွားပြည်သူတစ်ဦးက Tiktok ပေါ်တွင် တင်ခဲ့ပြီးနောက် ခရီးသွားမြို့အတွက် ပုံရိပ်ထိခိုက်နိုင်ပြီး နိုင်ငံခြားခရီးသွားများအပေါ် ထိခိုက်စေနိုင်ကြောင်း ဝေဖန်မှုများ မြင့်တက်လျက်ရှိသည်။ မြန်မာများသည် တုတ်ချောင်းရှည်များကို ကိုင်ဆောင်ကာ ဆိုင်ထဲမှ အပြင်ဘက်အထိ အော်ဟစ်ရန်ဖြစ်ခဲ့ကြပြီး အနီးရှိ အမှိုက်ပုံးကိုကိုင်၍လည်း ပစ်ပေါက်နေသည်ကို ဗီဒီယိုဖိုင်မှတ်တမ်းအရ သိရသည်။ ရန်ပွဲကြောင့် ဆိုင်ကယ်စီးခရီးသွားများ အထိတ်တလန့်ဖြစ်စေခဲ့ပြီး အနီးရှိ ခရီးသွားနှင့် ပြည်သူများကို စိတ်အနှောက်အယှက် ဖြစ်စေခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။ အဆိုပါနေရာသည် ပတ္တရားစိုင်စွန် လမ်းအမှတ် ၁၇ တွင် ရှိနေခဲ့ပြီး နာမည်ကြီး Walking Street အနီးတွင် ရှိနေကြောင်း သတင်းတွင် […]

ခမောင်းချောင်းရွာတွင်  နေအိမ်လေးလုံး မီးရှို့ခံထားရ

Dawei Watch

September 27, 2023

ရေဖြူမြို့နယ်၊ ခမောင်းချောင်းရွာတွင် စက်တင်ဘာ ၂၄ ရက်နေ့က  နေအိမ်လေးဆောင် မီးရှို့ခံထားရသည်။ ယင်းအပြင် ဖောက်ထွင်းခံရပြီး ရိက္ခာအပါအဝင် အိမ်တွင်းပစ္စည်းတွေ ယူဆောင်ခံရသည့် နေအိမ်မှာ ၁၀ လုံးထက်မနည်းရှိကြောင်း ဒေသခံများထံမှသိရသည်။ ဩဂုတ်လမှ စက်တင်ဘာလ အထိ နှစ်လအတွင်း ထားဝယ်အထူးစီးပွားရေးဇုံဒေသ ဖြစ်သည့် ခမောင်းချောင်း၊ဧကနိ၊ဝဇွမ်း တောရွာများကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်စဥ် မီးရှို့ခံရသည့်နေအိမ်မှာ ၁၈ ဆောင်ရှိသွားပြီဖြစ်သည်သည်။

ရေးမြို့  မြဝတီဘဏ်ကို ရေးဘီလူးအဖွဲ့ ပစ်ခတ်တိုက်ခိုက်

Dawei Watch

September 26, 2023

မွန်ပြည်နယ်၊ ရေးမြို့လယ်ရှိ စစ်ကောင်စီတပ်ပိုင် မြဝတီဘဏ်ကို ယနေ့ (စက်တင်ဘာ ၂၆) နေ့လယ်ပိုင်းက ရေးဘီလူးအဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မြို့ခံများထံမှ သိရသည်။ ရေးမြို့ ၊ ရန်ကြီးအောင်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ မြဝတီဘဏ်ကို ယနေ့နေ့လယ် ၁ နာရီအချိန်ခန့်တွင် ရေးဘီလူးအဖွဲ့က ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဘဏ်လုံခြုံရေးဝန်ထမ်းနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုရှိကြောင်း မြို့ခံတို့ထံမှ သိရသည်။ မြဝတီဘဏ် ပစ်ခတ်ခံရမှုဖြစ်စဥ်တွင် ဘဏ်လုံခြုံရေးဝန်ထမ်းတစ်ဦးနှင့် ဘဏ်လုံခြုံရေး ဆောင်ရွက်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးသွားခဲ့ကြောင်း မြို့ခံတစ်ဦးက ပြောသည်။ “မြဝတီဘဏ်ပစ်ခတ်ခံရမှုမှာ ဘဏ်လုံခြုံရေးဝန်ထမ်းတစ်ဦးနဲ့ ဘဏ်မှာလုံခြုံရေးယူနေတဲ့ စစ်သားတစ်ဦး သေဆုံးသွားတယ်လို့ ကနဦး သိထားရတယ်” ဟု ၎င်းမြို့ခံက ပြောသည်။ ရေးဘီလူးအဖွဲ့ကမူ မြဝတီဘဏ် ပစ်ခတ်မှုတွင် ဘဏ်လုံခြုံရေးဆောင်ရွက်နေသည့် စစ်ကောင်စီတပ်သား ၅ ဦးကို ရှင်းလင်းနိုင်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။ “ဘဏ်ရဲ့အပြင်ဘက် […]

ချင်းမိုင်တွင် MOU မြန်မာလုပ်သားများ ရက်၂၀ ကြာအထိ အလုပ်မရ

Dawei Watch

September 26, 2023

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင်တွင် နှစ်နိုင်ငံသဘောတူစာချုပ် MOU စနစ်ဖြင့် ဝင်ရောက်လာသော မြန်မာအလုပ်သမားများသည် ရက် ၂၀ ကြာသည်အထိ အလုပ်ရခြင်းမရှိသဖြင့် စားဝတ်နေရေး အခက်အခဲများ ဖြစ်ပေါ်နေကြောင်း မြန်မာအလုပ်သမားများနှင့် WAG အဖွဲ့ထံမှ သိရသည်။ မြန်မာအလုပ်သမား ၄၄ ဦးသည် ထိုင်းနိုင်ငံ ဖိချဘွန်မြို့ KTK Engineering ကုမ္ပဏီတွင် လုပ်ကိုင်ရန် မြန်မာအေဂျင်စီ Zin Tun Win 999 မှတစ်ဆင့် ၂ နှစ်စာချုပ်ချုပ်၍ ဝင်ရောက်လာခဲ့သူများဖြစ်ကြောင်း သိရသည်။ သို့သော် စာချုပ်ပါလုပ်ငန်းခွင်မဟုတ်ဘဲ ချင်းမိုင်ခရိုင် ဖယ်မြို့ရှိ AKC Construction သို့ စက်တင်ဘာလ ၅ ရက်နေ့တွင် ရောက်ရှိလာခဲ့ကြကြောင်း အလုပ်သမားများထံမှ သိရသည်။ ယင်းနောက် စက်တင်ဘာလ ၂၅ ရက်နေ့အထိ တစ်ရက်သာ အလုပ်တင်းခဲ့ရပြီး ကျန်ရက်များတွင် အလုပ်ဆင်းခဲ့ရခြင်းမရှိသဖြင့် အစားအသောက်နှင့် နေထိုင်ရေး ခက်ခဲလာနေခဲ့ကြောင်း အလုပ်သမားတစ်ဦးက ပြောသည်။  “ကျွန်တော်တို့အဆောင်တွေကလည်း မိုးမလုံဘူး။ […]

စစ်ကောင်စီတပ်က ဖမ်းထားသည့် လောင်းလုံးမြို့ခံ နှစ်ဦး ပြန်လွတ်လာ

Dawei Watch

September 26, 2023

စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည့် ‌လောင်းလုံးမြို့ (ဂ)ရပ်ကွက်တွင်နေထိုင်သော ကို‌‌အောင်ကိုဝင်း နှင့်ကိုကျော်စိုးနိုင်တို့ နှစ်ဦးပြန်လွတ်လာကြောင်း ဒေသခံများထံမှသိရသည်။ စက်တင်ဘာလ ၂၂ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီတပ်က နေအိမ်များတွင် လာရောက်ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။ လောင်းလုံးမြို့မ ရဲစခန်းနှင့် စအဖရုံး တို့တွင် သီးခြားစီစစ်ဆေးခံရပြီးနောက် ယနေ့(စက်တင်ဘာ ၂၆) ညနေပိုင်းတွင် ပြန်လွတ်လာခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။ စက်တင်ဘာလ ၂၁ ရက်‌နေ့က လောင်းလုံးအထက်တန်းကျောင်းရှေ့ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို PDF ပူးပေါင်းတပ်က ပစ်ခတ်ခံရပြီးနောက် တစ်ရက်အကြာတွင် အထက်ပါအမျိုးသား နှစ်ဦး ဖမ်းဆီးခံရခြင်း ဖြစ်ပြီး ငါးရက်ကြာ ဖမ်းဆီးခံရပြီးနောက် ပြန်လွတ်လာခြင်းလည်းဖြစ်သည်။

မဇော၊ခုံမော်ရွာနေ ရာအိမ်မှူးတစ်ဦး ပစ်သတ်ခံရ

Dawei Watch

September 26, 2023

မြိတ်မြို့နယ်၊ မဇောကျေးရွာအုပ်စု၊ ခုံမော်ကျေးရွာနေ ရာအိမ်မှူးတစ်ဦး ပစ်သတ်ခံရကြောင်း ဒေသခံများ ထံမှသိရသည်။ မနေ့ (စက်တင်ဘာ ၂၅) ညဦးအချိန်က ခုံမော်ရွာနေ စစ်ကောင်စီခန့်  အသက် ၅၀ ဝန်းကျင်ရှိ ရာအိမ်မှူး ဦးအေးပိုမှာ သေနတ်ဖြင့် ပစ်ခံရပြီး သေဆုံးသွားသည်ဟု ဒေသခံများ ကပြောသည်။ “ညတွင်းချင်းပဲ မြိတ်ကိုသယ်သွားတယ်။ ခရူပင်ဘုန်းကြီးကျောင်းမှာ အလောင်းထားတယ်”ဟု ဒေသခံ အမျိုးသမီး တစ်ဦးကပြောသည်။ ရာအိမ်မှူး ဦးအေးပို ကိုမည်သည့်အဖွဲ့က လာရောက်ပစ်သတ်သွားသည်ကိုတော့ ထုတ်ပြန်ထားခြင်း မရှိသေးသဖြင့် အတည်မပြုနိုင်ပေ။ မဇောကျေးရွာ အုပ်စုအနီးတွင် ယခုရက်ပိုင်းအတွင်း ပစ်ခတ်တိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပေါ်နေသည်။ စက်တင်ဘာ ၂၃ ရက်နေ့က မဇောကျေးရွာအုပ်စု ပြည်ထောင်စုလမ်းတွင် စစ်ကောင်စီတပ်သားများ မိုင်းဆွဲတိုက်ခိုက်ခံရပြီး စက်တင်ဘာ ၂၄ ရက်နေ့တွင်လည်း တုံးဗျောကျေးရွာအုပ်စု လသာရွာအနီးတွင် ထပ်မံမိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း […]

ထိုင်းတွင် ဒဏ်ရာရမြန်မာလုပ်သားကို လမ်းဘေးစွန့်ပစ်ခဲ့သည့် အလုပ်ရှင် ရဲစခန်းတွင်လာဖမ်းခံ

Dawei Watch

September 26, 2023

ထိုင်းနိုင်ငံတွင် ဒဏ်ရာရသည့် မြန်မာအလုပ်သမားကို လမ်ဘေးတွင်စွန့်ပစ်ပြီးနောက် ထွက်ပြေးတိမ်းရှောင်နေသည့် အလုပ်ရှင် ရဲစခန်းတွင်လာရောက်အဖမ်းခံကြောင်း မြန်မာအလုပ်သမားအရေးကူညီဆောင် ရွက်ပေးနေသည့် AAC မဟာမိတ်အဖွဲ့ထံမှ သိရသည်။ နခွန်စဝမ်ခရိုင်တွင် စက်တင်ဘာလ ၅ရက်နေ့က ဂိုဒေါင်ခေါင်မိုးပြုပြင်နေစဉ် မြန်မာအလုပ်သမားတစ်ဦး ပြုတ်ကျကာ ဒဏ်ရာရသဖြင့် အလုပ်ရှင်က ဆေးရုံသို့ ပို့ဆောင်မည်ဟုဆိုကာ ကားဖြင့်တင်ဆောင်လာပြီး လမ်းဘေးတွင် စွန့်ပစ်ခဲ့ခြင်း ဖြစ်သည်။ မြန်မာအလုပ်သမားမှာသေဆုံးသွားပြီးနောက် အလုပ်ရှင်ထွက်ပြေးသွားခြင်းဖြစ်သည်။ ယင်းနောက် စက်တင်ဘာလ ၂၀ ရက်နေ့တွင် နခွန်စဝမ်အနီးရှိ ပီကျစ်ရဲစခန်း၌ အလုပ်ရှင် လာရောက်ဝန်ခံ၍ အဖမ်းခံခဲ့ကြောင်း AAC မဟာမိတ်အဖွဲ့မှ ကိုနေလင်းသူက ပြောသည်။ “သူကိုယ်တိုင် ရဲစခန်းကို လာပြီးတော့ ဝန်ခံသွားတယ်။ မှားပါတယ်ဆိုတဲ့အကြောင်း။ သူလုပ်တာပါဆိုတဲ့အကြောင်း ဝန်ခံသွားပြီ” ဟု ၎င်းက ပြောဆိုသည်။ အလောင်းဖျောက်ဖျက်မှု၊ အထောက်မထားမရှိသော အလုပ်သမားကို ခိုင်းစေမှုဖြင့် […]

ရေဖြူ ဧကနိရွာသား စစ်ဘေးရှောင်တစ်ဦး ပစ်ခတ်ခံရ

Dawei Watch

September 26, 2023

ရေဖြူမြို့နယ် ဧကနိရွာသား အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦး စက်တင်ဘာလ ၂၅ ရက်နေ့က စစ်ဘေးရှောင်နေစဉ် သေနတ်ဖြင့်ပစ်ခတ်ခံရပြီး ဒဏ်ရာရကြောင်း ဧကနိရွာသားအချို့က ပြောသည်။ ပစ်ခံရသူမှာ ဦးသောင်းနိုင်ဆိုသူဖြစ်ပြီး ဧကနိရွာအနီးတွင် စစ်ဘေးရှောင်နေစဉ် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီစစ်ကြောင်းနှင့် တွေ့ပြီး ပစ်ခတ်ခံလိုက်ရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “လက်မှာ ရှပ်ထိသွားတယ်။ ဒဏ်ရာကတော့ မစိုးရိမ်ရဘူး” ဟု ၎င်းက ပြောဆိုသည်။ သေနတ်ဒဏ်ရာရရှိသည့် ဦးသောင်းနိုင်မှာ လက်ရှိတွင် ဆေးကုသခံယူနေရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ စစ်ကောင်စီတပ်စစ်ကြောင်းသည် ဧကနိနှင့် ဝါးဇွမ်းတောရွာအနီးတွင် လက်နက်ကြီး၊ လက်နက်ငယ်များပစ်ခတ်၍ စက်တင်ဘာလ ၂၅ ရက်နေ့ကစပြီး ယနေ့ မွန်းလွဲပိုင်းအထိ စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ စစ်ကောင်စီတပ်က စက်တင်ဘာလ၂၁ ရက်နေ့ကစပြီး ခမောင်းချောင်းရွာကို စစ်ကြောင်းထိုးစတင်ဝင်ရောက်ပြီး […]