ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထိုင်းတွင် ဆိုင်ကယ်စီးလာသော မြန်မာတစ်ဦး အသတ်ခံရ

Dawei Watch

September 28, 2023

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး စမွတ်စခွန်ခရိုင်တွင် ဆိုင်ကယ်ဖြင့် နေအိမ်ပြန်လာသော မြန်မာအလုပ်သမားတစ်ဦးကို အမည်မသိ လူငယ် ၄ ဦးက ဓါးဖြင့်ထိုးသတ်ခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ စမွတ်စခွန်မြို့ ဝတ်စရီစုတ်ထာရမ် ဘုန်းကြီးကျောင်းလမ်းတွင် စက်တင်ဘာလ ၂၆ ရက်နေ့က အသက် ၂၀ အရွယ် မောင်ကောင်းအမည်ရှိသော မြန်မာအလုပ်သမားတစ်ဦး ဓားထိုးခံရခြင်းဖြစ်သည်။ ဆိုင်ကယ်များဖြင့် အမည်မသိလူငယ် ၄ ဦးက ရှေ့နောက် တားဆီး၍ ဓါးထိုးခဲ့မှုကြောင့် မြန်မာအလုပ်သမား၏ ခန္ဓာကိုယ်နှင့် နောက်ကျောတွင် ဒဏ်ရာများ ရရှိခဲ့ပြီး သွေးထွက်လွန်ကာ သေဆုံးခဲ့ခြင်းဖြစ်သည်။ ရဲတပ်ဖွဲ့က လူသတ်မှုကျူးလွန်ခဲ့သော အမည်မသိ လူငယ် ၄ ဦးကို CCTV မှတ်တမ်းများမှတစ်ဆင့် ခြေရာခံ၍ လိုက်လံဖမ်းဆီးသွားမည်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။ Ref: MC News, Sakhon News

မြိတ်တွင် မိုးသက်လေပြင်းကြောင့် မြေပြိုပြီး လူနှစ်ဦးပိတ်မိကာ နေအိမ်အချို့ပျက်စီး

Dawei Watch

September 28, 2023

မြိတ်မြို့တွင် စက်တင်ဘာလ ၂၈ ရက်နေ့ မနက်ပိုင်းအချိန်က မိုးသက်လေပြင်းများ ကျရောက်ပြီး မြေပြိုသဖြင့် လူနှစ်ဦးပိတ်ပိကာ နေအိမ်အချို့ ပျက်စီးခဲ့ရကြောင်း သိရသည်။ အဆိုပါ မိုးသက်လေပြင်းကြောင့် စန္ဒဝတ်ကျေးရွာအုပ်စု၊ ကျွဲကူးကျေးရွာ၊ ပုလဲသွယ်ရပ်ကွက်တွင် ယနေ့ (စက်တင်ဘာ ၂၈) မနက်ရှစ်နာရီခွဲအချိန်က နေအိမ်တစ်ဆောင်ပေါ်သို့ တောင်မြေပြိုကျသဖြင့် လူနှစ်ဦး ပိတ်မိခဲ့ကြောင်း ယင်းကျေးရွာနေသူအချို့က ပြောပြသည်။ တောင်မြေပြိုကျပြီး ပိတ်မိနေသူနှစ်ဦးအား မြိတ်ခရိုင်မီးသတ်စခန်းဌာနမှ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်‌ပေးခဲ့ကြောင်း သိရသည်။ “တောင်မြေက တဖြည်းဖြည်းနဲ့ ပြိုကျဆင်းလာပြီး အိမ်ကို ဖိသွားတာ” ဟု ပုလဲသွယ်ရပ်ကွက်နေသူတစ်ဦးက ပြောသည်။ အဆိုပါ ‌တောင်မြေပိသွားသည့် နေအိမ်မှ အမျိုးသမီးကြီးတွင် ဒဏ်ရာအချို့ရရှိခဲ့ပြီး ခလေးငယ်(ယောကျာ်း)တစ်ဦး၏ ခြေတောက်‌တွင် ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် မြိတ်ဆေးရုံကြီးသို့ တင်ပို့ခဲ့ရကြောင်း ပုလဲသွယ်ရပ်ကွက်နေသူက ပြောပြသည်။ တောင်မြေများ ဆက်လက်ပြိုကျလာနေသည့်အတွက် […]

ညောင်ပင်ကွင်းတံတား စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ

Dawei Watch

September 28, 2023

မြိတ်ခရိုင်၊တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းတံတား စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရကြောင်း ဒေသခံများ ထံမှသိရသည်။ စစ်ကောင်စီတပ်နှင့် ပျူစောထီးများ အထိုင်ချ စစ်ဆေးနေသည့် ညောင်ပင်ကွင်းရွာတံတား စစ်ဆေးရေးဂိတ် ယနေ့မနက် အာရုံတက်ချိန်တွင် တိုက်ခိုက်ခံရပြီး နာရီဝက်ခန့် အပြန်အလှန် ပစ်ခတ်ခဲ့သည်ဟု ဒေသခံများနှင့် ပြည်သူ့ကာကွယ်ရေးတပ်နှင့် နီးစပ်သူများ ထံမှသိရသည်။ “မိုးတောင်မလင်းသေးဘူး သေနတ်သံ တွေကြားရတာ။ ၅၆၁ စစ်ကောင်စီတပ်ဖက်က နှစ်ဦးကျတယ်လို့ လောလောဆယ်ကြားရတယ်။ ဒဏ်ရာရသူတွေလည်း ရှိတယ်။အတိကျတော့ အတည်မပြုနိုင်သေးဘူး”ဟု ပြည်သူ့ကာကွယ်ရေးတပ်နှင့် နီးစပ်သူ ဒေသခံအမျိုးသား ကပြောသည်။ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သေးကြောင်း ဒေသခံများကပြောသည်။ ညောင်ပင်ကွင်းတံတား စစ်ဆေးရေးဂိတ်ကို မြိတ်ခရိုင်တပ်ရင်း ၂ ၊ဘက်မလိုက်ပြောက်ကျားအဖွဲ့ (တနင်္သာရီ ပကဖ) နှင့် SWDF (တနင်္သာရီ ပကဖ)ပူးပေါင်းအဖွဲ့တို့ သွားရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီအရာရှိတစ်ဦးနှင့် တပ်သားတစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရခဲ့သည်ဟု ဘက်မလိုက် […]

ကံပေါက်ရွာအဝင်လမ်း ပြန်လည်သွားလာခွင့်ရ

Dawei Watch

September 28, 2023

ရေဖြူမြို့နယ် ၊ ကံပေါက်ကျေးရွာ အဝင်လမ်းကို ပြန်လည်ဖြတ်သန်းသွားလာခွင့်ရပြီဖြစ်ကြောင်း ဒေသခံများကပြောသည်။ ကံပေါက်ရွာအဝင်ရှိ သစ်တောရုံးလမ်းဆုံ နှင့် ဆင်ကိုးရပ် ရေတံခွန်အဝင်လမ်း အနီးရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်များအနီးတွင် စက်တင်ဘာလ ၂၅ ရက် ညပိုင်းတွင် ပေါက်ကွဲပစ်ခတ်သံများထွက်ပေါ်ပြီးနောက် လမ်းပိတ်ထားခြင်းဖြစ်သည်။ စက်တင်ဘာလ ၂၇ ရက် မွန်းတည့်ပိုင်းကစပြီး စစ်ကောင်စီတပ်က ပြန်လည်သွားလာခွင့်ပြုကြောင်း ဒေသခံများကပြောသည်။ “ မနေ့ ညနေပိုင်းကတည်းက ပိတ်မိနေတဲ့ကားတွေ ဝင်လာတယ်။ အခုမနက်တော့ အားလုံးသွားနေကြပြီ။ ဂိတ်မှာတော့ စစ်သားတွေ အင်အားပိုတိုးထားတယ်“ ဟု စက်တက်ဘာလ ၂၈ ရက် မနက်ပိုင်းက ကံပေါက်သစ်တောရုံးစစ်ဆေးရေးဂိတ်ကို ဖြတ်သွားသည့် ကားသမားတစ်ဦးကပြောသည်။ ကံပေါက်ဒေသမှ ခရီးသည်တင်ယာဉ်လိုင်းများ နှင့် ကုန်စည်ပို့ဆောင်သည့်ယာဉ်လိုင်းများလည်း ပုံမှန်သွားလာနေကြပြီဖြစ်ကြောင်း ၎င်းယာဉ်လိုင်းများထံက သိရသည်။ စက်တင်ဘာလ ၂၅ ရက် ပေါက်ကွဲပစ်ခတ်မှုများဖြစ်ပြီးနောက် […]

မြိတ်တွင် ရေကြီးပြီး စာသင်ကျောင်းအချို့ပိတ်

Dawei Watch

September 28, 2023

မြိတ်မြို့တွင် မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းပြီး လမ်းမပေါ်တို့တွင် ရေကြီးရေလျှံနေသောကြောင့် စာသင်ကျောင်းအချို့ပိတ်ထားရကြောင်း မြို့ခံတို့က ပြောသည်။ စက်တင်ဘာလ ၂၇ ရက် ညဘက်မှ စက်တင်ဘာလ ၂၈ ရက်နေ့ နံနက်ပိုင်းအထိ မိုးသည်းထန်စွာရွာသွန်းနေကြောင်း မြို့ခံတို့က ဆိုသည်။ “မိုးကောင်းပြီး ကျောင်းထဲ ရေဝင်နေလို့ ကျောင်းတစ်ရက် ပိတ်ထားတယ်” ဟု ကျောင်းသားမိဘတစ်ဦးက ပြောဆိုသည်။ မြစ်ငယ်ရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်း၏ မြေညီထပ်ရှိ စာသင်ခန်းများတွင် ရေများ ဝင်ရောက်နေကြောင်း ၎င်းက ဆိုသည်။ ထို့အပြင် ကန်ဖျားရပ်ကွက် မြေနီလမ်းမကြီးတစ်လျှောက် ရေများနစ်မြုပ်နေပြီး ယင်းရပ်ကွက်ရှိ ကန်စွန်းအင်းကိုယ်ပိုင်အထက်တန်းရှိ ကျောင်းသားအချို့ ကျောင်းတက်ရောက်နိုင်ခြင်း မရှိကြောင်း ကျောင်းသားမိအချို့က ပြောသည်။ “လမ်းပေါ်မှာ ရေတွေမြုပ်နေတာ ဆိုင်ကယ်မောင်းလို့ကို မရတော့ ကျောင်းမပို့နိုင်တာပါ” ကျောင်းသားတစ်ဦး၏ မိခင်က ပြောဆိုသည်။ ထို့အပြင် […]

ပုလောတွင် နေအိမ်နှစ်ဆောင်ထပ်မံမီးရှို့ခံရ

Dawei Watch

September 27, 2023

ပုလောမြို့နယ်၊ ပဲ့ထောင့်ကျေးရွာတွင် အရပ်သားနေအိမ်နှစ်ဆောင် ထပ်မံမီးရှို့ခံရကြောင်း ဒေသခံများ ထံမှသိရသည်။ စက်တင်ဘာ ၂၆ ရက်ညဦးက နေအိမ်နှစ်ဆောင် မီးရှို့ခံရပြီး ရွာသားများ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရကြောင်း ဒေသခံများကပြောသည်။ “တစ်ဆောင်က နည်းနည်းပဲလောင်တယ်။ အိမ်နီးနားချင်းတွေ ဝိုင်းငြှိမ်းလိုက်လို့ အိမ်အနောက်ဘက်ပဲ နည်းနည်းလောင်သွားတယ်”ဟု ဒေသခံအမျိုးသား ကပြောသည်။ မီးရှို့ခံရသည့် နေအိမ်နှစ်ဆောင်စလုံးတွင် လူနေထိုင်ခြင်းမရှိဘဲ စစ်ရှောင်နေကြသည်ဟု ဒေသခံများ ထံမှသိရသည်။ “ရှို့တဲ့လူ ဘယ်သူဘယ်ဝါဖြစ်နိုင်တယ်ဆိုတာ အိမ်နီးနားချင်းတွေက ခန့်မှန်းပြောဆိုနေကြတယ်။ အတိအကျကတော့ မပြောနိုင်သေးဘူး” ဟုဒေသခံနောက် အမျိုးသားတစ်ဦးကပြောသည်။ ပဲ့ထောင့်ရွာအပါအဝင် ၊လက္ကူး၊ပိတပ်၊မြတောင်၊မှော်ကြောင်း၊ပြင်းဖြူ စသည့်ကျေးရွာတဝိုက်တွင် စက်တင်ဘာ ၁၁ မှ ၁၈ ရက်နေ့အထိ နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွါးခဲ့ပြီး ရွာသားအများစု ထွက်ပြေးတိမ်းရှောင်နေကြရသည်။ ယခုလတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လက္ကူးရွာမှ နေအိမ် ၁၇ ဆောင်၊ပြင်းဖြူရွာမှ နေအိမ် […]

တနင်္သာရီတိုင်းတွင် မျက်စိနာသူများနေ

Dawei Watch

September 27, 2023

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ထားဝယ်၊ မြိတ်နှင့် ကော့သောင်းမြို့များတွင် မျက်စိနာရောဂါ အဖြစ်များနေကြောင်း သိရှိရသည်။ မျက်စိ‌နာ‌ရောဂါသည် စက်တင်ဘာလ ပထမအပတ်မှစပြီး စတင်ဖြစ်ပွားနေခြင်းဖြစ်ပြီး စာသင်ကျောင်းများတွင် ကူးစက်မှုများလည်း ရှိနေကြောင်း ကျောင်းသားမိဘအချို့က ဆိုသည်။ “အိမ်မှာဆိုရင် မူကြိုတက်နေတဲ့ အငယ်ဆုံးကလေးက စပြီးဖြစ်တာ တစ်အိမ်သားလုံးကူးကြတာပဲ” ဟု မြိတ်မြို့၊ သာကေတရပ်နေ အသက် ၄၀ နှစ်ကျော်ရှိ အမျိုးသားတစ်ဦးက ပြောသည်။ ယင်းကဲ့သို့ တစ်အိမ်သားလုံး ကူးစက်ကြသည့်အတွက် ပုဂ္ဂလိကဆေးခန်းတစ်ခုသို့ သွားရောက်ပြသခဲ့ရာ မျက်စိနာရောဂါဖြင့် လာရောက်ပြသူ တော်တော်များများ တွေ့ရှိရကြောင်း အသက် ၄၀ နှစ်ကျော်ရှိ အမျိုးသားတစ်ဦးက ပြောပြသည်။ မျက်စိနာမှာ ပိုးရှိသည့် မျက်ရည်များ၊ မျက်ဝတ်များကို ထိတွေ့မိရာမှ တစ်ဦးမှတစ်ဦးသို့ ကူးစက်ခြင်းဖြစ်ပြီး မျက်လုံးကို ပိုးရှိသည့်လက်၊ အဝတ်တို့ဖြင့် ကိုင်တွယ်မိခြင်းကြောင့် ကူးစက်ခြင်းဖြစ်ကြောင်း […]

ထိုင်းခရီးသွားမြို့ ပတ္တရားတွင် မြန်မာအချင်းချင်း ခိုက်ရန်ဖြစ်ပွားမှု ထိုင်းသတင်းဌာနများဖော်ပြ

Dawei Watch

September 27, 2023

ထိုင်းနိုင်ငံ၏ ခရီးသွားမြို့ဖြစ်သော ပတ္တရားမြို့လယ်ကောင်တွင် မြန်မာနိုင်ငံသားအချင်းချင်း တုတ်များကိုင်ဆောင်ကာ အော်ဟစ်ရိုက်နှက်၍ ရန်ဖြစ်ခဲ့ကြမှုကို ထိုင်းသတင်းဌာနများတွင် ဓာတ်ပုံမှတ်တမ်းများဖြင့် ဖော်ပြခဲ့ကြသည်။ မြန်မာအချင်းချင်း ရန်ဖြစ်နေသော ဗီဒီယိုဖိုင်တစ်ခုကို လွန်ခဲ့သော ၂ ရက်ခန့်က ခရီးသွားပြည်သူတစ်ဦးက Tiktok ပေါ်တွင် တင်ခဲ့ပြီးနောက် ခရီးသွားမြို့အတွက် ပုံရိပ်ထိခိုက်နိုင်ပြီး နိုင်ငံခြားခရီးသွားများအပေါ် ထိခိုက်စေနိုင်ကြောင်း ဝေဖန်မှုများ မြင့်တက်လျက်ရှိသည်။ မြန်မာများသည် တုတ်ချောင်းရှည်များကို ကိုင်ဆောင်ကာ ဆိုင်ထဲမှ အပြင်ဘက်အထိ အော်ဟစ်ရန်ဖြစ်ခဲ့ကြပြီး အနီးရှိ အမှိုက်ပုံးကိုကိုင်၍လည်း ပစ်ပေါက်နေသည်ကို ဗီဒီယိုဖိုင်မှတ်တမ်းအရ သိရသည်။ ရန်ပွဲကြောင့် ဆိုင်ကယ်စီးခရီးသွားများ အထိတ်တလန့်ဖြစ်စေခဲ့ပြီး အနီးရှိ ခရီးသွားနှင့် ပြည်သူများကို စိတ်အနှောက်အယှက် ဖြစ်စေခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။ အဆိုပါနေရာသည် ပတ္တရားစိုင်စွန် လမ်းအမှတ် ၁၇ တွင် ရှိနေခဲ့ပြီး နာမည်ကြီး Walking Street အနီးတွင် ရှိနေကြောင်း သတင်းတွင် […]