ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ဖမ်းဆီးခံ ကျောက်နီမော်ရွာသားလေးဦးအနက် နှစ်ဦးပြန်လွတ်

Dawei Watch

October 5, 2023

လောင်းလုံးမြို့နယ် ကျောက်နီမော်ရွာတွင် ဒေသ PDF အဖွဲ့တစ်ခုက ဖမ်းဆီးသွားသည့် ဒေသခံလေးဦးအနက် နှစ်ဦးမှာ ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ အောက်တိုဘာလ ၄ ရက်နေ့ နံနက်ပိုင်းက ကျောက်နီမော်ရွာရှိ စစ်ကောင်စီတပ်စခန်းကို ဝင်ရောက်ပစ်ခတ်ပြီးနောက် ဒေသခံရွာသား အမျိုးသားသုံးဦးနှင့် အမျိုးသမီးတစ်ဦး ဖမ်းဆီးသွားခြင်း ဖြစ်သည်။ ယင်းအနက် အမျိုးသားတစ်ဦးမှာ အောက်တိုဘာလ ၄ရက်နေ့ကပင် ပြန်လည်လွတ်မြောက်လာပြီး အမျိုးသမီး တစ်ဦးမှာ ယနေ့ အောက်တိုဘာလ ၅ရက် နံနက်ပိုင်းက ပြန်လွတ်မြောက်ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ “ရွာပြန်ရောက်နေပါပြီ” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ကိုဂျွန်ဂို (ခေါ်) ပျူဂန်ဆိုသူနှင့် ကိုကျော်စိုးဆိုသူ နှစ်ဦးကိုမူ PDF က ဆက်လက်ဖမ်းဆီးထားသည်ဟု သိရကြောင်း ဒေသခံတို့ထံမှ သိရသည်။ ၎င်းတို့နှစ်ဦးကို မည်သည့် အကြောင်းအရင်းကြောင့် […]

စစ်ကောင်စီက သရက်ချောင်းကို စစ်ကြောင်းထိုးနေပြီး ဒေသခံ ၉ ဦးဖမ်းထား

Dawei Watch

October 5, 2023

စစ်ကောင်စီတပ်က သရက်ချောင်းအောက်ပိုင်းကို စစ်ကြောင်းထိုးနေပြီး ကမြိုင်ရွာသား ၉ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှသိရသည်။  ခြေလျင်စစ်ကြောင်းဖြင့် ယနေ့ (အောက်တိုဘာ ၅) မနက်ပိုင်းတွင် ရငဲရွာ၊ ကမြိုင်ရွာနှင့် ဝဲရစ်ရွာများသို့ ဝင်ရောက်လာပြီး လူမရှိသည့်နေအိမ်များကိုလည်း ရိုက်ဖွင့်သွားသည်ဟု ၎င်းတို့ကဆိုသည်။ “အရင်ကလို ပစ်ခတ်ပြီးဝင်လာတာတော့မဟုတ်ဘူး ။ သေနတ်တော့ပစ်ပြီးမလာဘူး“ ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ယနေ့နေ့လယ်ပိုင်းတွင် အဆိုပါ စစ်ကောင်စီစစ်ကြောင်းက ဖမ်းဆီးထားသူများကို ခေါ်ဆောင်ကာ အထိုင်ချတပ်စွဲထားသည့် ရငဲရွာ မြွေတောင်သို့ ပြန်ထွက်သွားပြီဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။ စစ်ကြောင်းထွက်ခွာသွားပြီးနောက် လက်နက်ကြီးပစ်ခတ်သံ တစ်ချက်ကြားရပြီး နောက်ဆက်တွဲ အခြေအနေကို စုံစမ်းနေဆဲဖြစ်သည်။ စက်တင်ဘာလ ၂၉ ရက်ကလည်း သရက်ချောင်းမြို့နယ် ၊ ကနက်သီရီရွာကို အင်အား ၄၀ ကျော်ရှိ စစ်ကောင်စီတပ်က ကား၃ စီးဖြင့်ရောက်လာပြီး ၅ […]

ဘန်ကောက်ပစ်ခတ်မှုတွင် သေဆုံးခဲ့သည့် မြန်မာအမျိုးသမီးအတွက် နစ်နာကြေး ဘတ် ၂ သိန်းပေးမည်

Dawei Watch

October 5, 2023

ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ် ပစ်ခတ်မှုကြောင့် သေဆုံးသွားသော မြန်မာအမျိုးသမီးအတွက် နစ်နာကြေး ဘတ် ၂ သိန်းကို ထိုင်းတရားရေးဝန်ကြီးဌာနက ပေးအပ်သွားမည်ဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ အောက်တိုဘာလ ၃ ရက်နေ့ ညနေပိုင်း Siam Paragon ရှောပင်းစင်တာအတွင်း ပစ်ခတ်မှုကြောင့် သေဆုံးသွားသော တရုတ်အမျိုးသမီးနှင့် မြန်မာအမျိုးသမီးကို နစ်နာကြေးများ ပေးအပ်သွားမည်ဖြစ်ကြောင်း ထိုင်းတရားရေးဝန်ကြီးဌာနက Sakolphat Kijdamrongsak ကပြောကြားခဲ့သည်။ သေဆုံးသွားသော မြန်မာအမျိုးသမီးသည် အသက် ၃၁ နှစ်အရွယ် မမိုးမြင့်အမည်ရှိသူဖြစ်ပြီး မွန်ပြည်နယ် သထုံမြို့ဇာတိဖြစ်ကြောင်း သံအရာရှိရုံးထံမှ သိရသည်။ နစ်နာကြေးပေးမည့်ကိစ္စနှင့် ပတ်သက်၍ ဘန်ကောက်အခြေစိုက် မြန်မာအလုပ်သမားသံအရာရှိကို မေးမြန်းရာ အဆိုပါကိစ္စနှင့် ပတ်သက်၍ မသိရှိရသေးကြောင်း ဖြေကြားခဲ့သည်။  “အဲဒါတော့ ကျွန်တော်တို့ မသိသေးပါဘူးနော်။ နာရေးကိစ္စနှင့် ပတ်သက်ပြီးတော့ ကျွန်တော်တို့ မိသားစုတွေနဲ့ ချိတ်ဆက်ပြီးတော့ ဒီမှာလည်း သူ့ရဲ့တူရှိတယ်လေ။ […]

ပုလောကို စစ်ကြောင်းထိုးနေ၍ ဒေသခံများ စစ်ဘေးရှောင်ထွက်ပြေး

Dawei Watch

October 5, 2023

မြိတ်ခရိုင်၊ ပုလောမြို့နယ်ရှိ ကျေးရွာများသို့ စစ်ကြောင်းထိုးလာသည့်အတွက် ရွာသားများ ထွက်ပြေးနေရကြောင်း ဒေသခံများ ထံမှသိရသည်။ ပုလောအရှေ့ဖျား ကျေးရွာများဖြစ်သည့် နန်းတောင်၊ဂျင့်ဂါ၊ မှော်မိ၊ကျောင်းနိမ့်၊ ပိန္နဲတောင်၊ ဒူးရင်းပင်ရှောင်၊ ပုလောကုန်းနှင့် မိကျောင်းသိုက် ကျေးရွာအုပ်စုများဘက်သို့ မနေ့ (အောက်တိုဘာ ၄) ကစတင် စစ်ကြောင်း ထိုးလာကြောင်း ဒေသခံများ ကပြောသည်။ “ဂျင့်ဂါမှော်မိဖက် အင်အားတစ်ရာနဲ့ ပုလောကုန်း၊မိကျောင်းသိုက်ဖက်ကိုလည်း အင်အားတစ်ရာကျော် စစ်ကြောင်းနှစ်ကြောင်းထိုးလာတယ်။ ရွာသားတွေတော့ အကုန်ရှောင်ပြေးကုန်ကြပြီ”ဟု ဒေသခံအမျိုးသား ကပြောသည်။ စစ်ကြောင်းထိုးလာစဥ် မှော်မိနှင့်ဂျင့်ဂါရွာ၌ နှစ်ဖက်ပစ်ခတ်မှုများဖြစ်ခဲ့ပြီး မိုင်းပေါက်ကွဲသံများ ကြားရသည်ဟု ဒေသခံများ ကဆိုသည်။ ထိတွေ့မှုများဖြစ်ပြီးနောက် စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် တစ်နေကုန် ပစ်ခတ်ခဲ့သည်ဟုလည်း ဒေသခံ အမျိုးသား နောက်တစ်ဦး ကပြောသည်။ “မိုင်းကတော့ တော်တော်ကွဲပြီး ရှေ့ကိုသိပ်မတိုးနိုင်ဘူးလို့ ကြားရတယ်။ လက်နက်ကြီးပစ်တာလည်း […]

စခန်းတိုက်ခိုက်ခံရအပြီး ကျောက်နီမော်ရွာတွင် စစ်အင်အားအများအပြားရောက်ရှိ

Dawei Watch

October 4, 2023

လောင်းလုံးမြို့နယ် ကျောက်နီမော်ရွာရှိ စစ်ကောင်စီတပ်စခန်းတိုက်ခိုက်ခံရပြီးနောက် ရေကြောင်းဖြင့် စစ်အင်အားအများအပြား ရောက်ရှိနေကြောင်း ဒေသခံများထံမှသိရသည်။ ယနေ့(အောင်တိုဘာ ၄) ညနေ ၅ နာရီ ခန့်တွင် စစ်အင်အား ၁၀၀ ဝန်းကျင်ခန့် သည်ရေကြောင်းမှ လှေ ၃ စီးဖြင့် ကျောက်နီမော်ရွာသို့ ရောက်ရှိလာခြင်းဖြစ်သည်ဟု ‌ဒေသခံအမျိုးသားတစ်ဦးကပြောသည်။ “မနက်က ပစ်ခတ်မှုမှာတောင် သွေးတိုးတက်သူက တက်နေကြပြီ အခုလည်း လူတွေဘယ်သွားရ ဘယ်လာရမှန်းမသိဘဲ ဖြစ်နေကြတယ်”ဟု ၎င်းကပြောသည်။ ယနေ့ မနက်ပိုင်းတွင် PDF တပ်ဖွဲ့တစ်ဖွဲ့က ကျောက်နီမော်ရွာ စစ်ကောင်စီတပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ၃ နာရီ ဝန်းကျင်ခန့် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် ‌စစ်ကောင်စီဘက်မှ ၃ ဦး ဒဏ်ရာရရှိခဲ့ပြီး အမည်မသိအမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ကို PDF အဖွဲ့က ဖမ်းဆီးသွား သည်ဟု ဒေသခံများ၏ အဆိုအရသိရသည်။ ဖမ်းဆီးသွားသည့် အမျိုးသားနှစ်ဦးအနက် တစ်ဦးပြန်လွတ်လာပြီဟု […]

မြိတ်ရပ်ကွက်အချို့တွင် ဧည့်စာရင်း မတိုင်လျှင် ကျပ်တစ်သိန်းအထိ တောင်းယူ

Dawei Watch

October 4, 2023

မြိတ်မြို့ပေါ်ရှိ ရပ်ကွက်အချို့တို့တွင် ဧည့်စာရင်းကြေး တိုးကောက်လာပြီး တိုင်ကြားရန် ပျက်ကွက်လျှင် ကျပ်တစ်သိန်းအထိ တောင်းယူကြောင်း ယင်းရပ်ကွက်နေသူအချို့က ပြောသည်။ ။ ဧည့်စာရင်းတိုင်ကြားပါက သက်ဆိုင်ရာ ရပ်ကွက်တို့ရှိ ရာအိမ်မှူးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ထံ တိုင်ကြားရလေ့ရှိသည်။ “အရင်တုန်းကဆိုရင် တစ်ပတ် (ခုနစ်ရက်) အတွက် (ကျပ်) ငါးရာ၊ တစ်ထောင်ပဲ ပေးရတယ်။ အခုက သုံးထောင်အထိ ပေးရတယ်” ဟု ကလွင်နယ်‌မြေရှိ ရပ်ကွက်တစ်ခုအတွင်း တည်းခိုနေထိုင်သူတစ်ဦးက ပြောသည်။ လွန်ခဲ့သည့် လေးလခန့်မှစတင်ကာ ဧည့်စာရင်းကြေးတိုးကောက်လာခြင်းဖြစ်ကြောင်း ရပ်ကွက်နေသူအချို့က ဆိုသည်။ လူတစ်ဦးအ‌တွက် သုံးရက်လျှင် တစ်ထောင်ကျပ်နှုန်း ပေးနေရခြင်းဖြစ်ပြီး မိသားစုအလိုက်ဖြစ်ပါက သုံးထောင်မှ ငါးထောင်ကျပ်အထိ ပေးနေ‌ရကြောင်း မြိတ်တောင်နယ်မြေအတွင်းနေသူတစ်ဦးက ပြောဆိုသည်။ ကလွင်နယ်မြေ၊ မြိတ်‌တောင်ကျေးရွာအုပ်စု၊ မြိတ်တောင်နယ်မြေ၊ ရေပုန်းနယ်မြေ စသည်တို့ရှိ ရပ်ကွက်အချို့တို့တွင် ယင်းသို့ […]

ကျောက်နီမော်ရွာ စစ်ကောင်စီတပ်စခန်းကို ဝင်ရောက်တိုက်ခိုက်

Dawei Watch

October 4, 2023

လောင်းလုံးမြို့နယ် ကျောက်နီမော်ရွာရှိ စစ်ကောင်စီတပ်စခန်းကို ယနေ့ (အောက်တိုဘာ ၄) မနက် ၅ နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုက ဝင်ရောက်ပစ်ခတ်ခဲ့သည်ဟု ဒေသခံများထံမှသိရသည်။ ကျောက်နီမော်ရွာရှိ စက်ရုံအဟောင်းတွင် တပ်စွဲနေထိုင်သည့် စစ်ကောင်စီ နှင့် ပျူစောထီး ပူးပေါင်းတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်က လက်နက်ကြီး လက်နက်ငယ်များဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု ဒေသခံတစ်ဦးကပြောသည်။ “လက်နက်ကြီးတွေရောပါပဲ စစ်တပ်က လူနေအိမ်တွေဘက်ကို ဆုတ်လာတော့ ရွာထဲက နေအိမ်တွေနား လက်နက်ကြီးကျတာ တွေရှိတယ်။ အိမ်တွေထိခိုက်တာတော့ ကြီးကြီးမားမားမတွေ့ရဘူး”ဟု ၎င်းဒေသခံကပြောသည်။ ယနေ့မနက် ၅ နာရီကျော် ကစပြီး ၈နာရီကျော်အထိ သုံးနာရီနီးပါးကြာ နှစ်ဖက်ပစ်ခတ်မှုကြောင့် ဒေသခံများ ဘေးလွတ်ရာထွက်ပြေးခဲ့ကြရသည်ဟု နောက်ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။ “အခုထိကျွန်မ ဘာမှမပြောထွက်ဘူး။ ပြေးဖို့တောင် ပြေးမထွက်ဘဲဖြစ်ရတယ်။ ဝပ်ဝပ် ဆိုတာနဲ့ နီးစပ်ရာ ဝပ်နေရတယ် ခုထိပဲ”ဟု […]

ဖမ်းဆီးခံရသည့် ပေါင်ဒေသခံအချို့ အကြမ်းဖက်ဥပဒေပုဒ်မများဖြင့် အမှုဖွင့်ခံရ

Dawei Watch

October 4, 2023

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဥတ္တံတားကျေးရွာက ဖမ်းဆီးခံထားရသည့် ဒေသခံများအနက် ခြောက်ဦးကို စစ်ကောင်စီက ထောင်ဒဏ်တစ်သက်အထိ ပြစ်ဒဏ်ချမှတ်နိုင်သည့် အကြမ်းဖက်ဥပဒေပုဒ်မဖြင့် အမှုဖွင့်ထားကြောင်း အမှုဖွင့်ခံရသူတို့နှင့် နီးစပ်သူတို့ထံမှ သိရသည်။ ပေါင်မြို့နယ် နယ်ထိန်းရဲတစ်ဦး ပစ်သတ်ခံရသည့်ဖြစ်စဉ်နှင့် ရဲစခန်း၊ ထွေအုပ်ရုံးတိုက်ခိုက်ခံရသည့် ဖြစ်စဉ်တို့ ဖြစ်ပွားပြီးနောက် စက်တင်ဘာလ ပထမအပတ်အတွင်းက ဒေသခံ ၁၅ ဦးထက်မနည်းကို စစ်ကောင်စီတပ်တို့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ယင်းအနက် ဥတ္တံတားကျေးရွာနေ ဒေါ်ခင်သန်းနု၊ ဒေါ်ဇင်မာထွန်းနှင့် ဒေါ်စန္ဒာလင်းတို့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က) ၊ ၅၀ (ည) တို့ဖြင့် စက်တင်ဘာလနောက်ဆုံးအပတ်က အမှုဖွင့်ခဲ့ကြောင်း နီးစပ်သူတို့ထံမှ သိရသည်။ ယင်းအပြင် ဥတ္တံတားကျေးရွာနေ ဒေါ်ချိုဝင်း၊ ဒေါ်ခင်သီတာကျော်နှင့် ကိုဖိုးချိုတို့ သုံး ဦးကိုလည်း ပြီးခဲ့သည့် စက်တင်ဘာလ ဒုတိယအပတ်က […]