ဘန်ကောက်ရှိ ဈေးဝယ်စင်တာတွင် ပစ်ခတ်မှုကြောင့် သေဆုံးသူနှစ်ဦးတွင် မြန်မာအမျိုးသမီးတစ်ဦးပါဝင်
Dawei Watch
October 3, 2023ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်မြို့လယ်ရှိ Siam Paragon ဈေးဝယ်စင်တာတွင် ပစ်ခတ်မှုကြောင့် သေဆုံးသွားသူ နှစ်ဦးတွင် မြန်မာအမျိုးသမီးတစ်ဦးပါဝင်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ပစ်ခတ်မှုသည် ဈေးဝယ်စင်တာအတွင်း ယနေ့ အောက်တိုဘာလ ၃ရက် ညနေ ၄ နာရီ ၅၀ မိနစ်အချိန်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ပစ်ခတ်မှုကြောင့် အသက် ၃၄ နှစ်အရွယ် တရုတ်နိုင်ငံသူတစ်ဦး နေရာတွင် သေဆုံးခဲ့ပြီး မြန်မာအမျိုးသမီးတစ်ဦးက ဒဏ်ရာအပြင်းအထန်ဖြင့် ရဲဆေးရုံသို့ ပို့ဆောင်ကုသစဉ် ဆေးရုံတွင် သေဆုံးသွားကြောင်း ဖော်ပြထားသည်။ သေဆုံးသူ မြန်မာအမျိုးသမီး၏ အမည်နှင့် ကိုယ်ရေးအချက်အလက်များကို ရဲတပ်ဖွဲ့များက ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။ ပစ်ခတ်မှုကြောင့် နောက်ထပ် ၅ ဦး ဒဏ်ရာရရှိခဲ့ပြီး တစ်ဦးမှာ စိုးရိမ်ရအခြေအနေတွင် ရှိနေကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။ သေနတ်သမားသည် အသက် […]


