ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးပိုင်သည့် ရေခဲပုံးများကို သိန်းငှက်ပြောက်ကျားတပ်ဖွဲ့က ဖမ်းဆီးမီးရှို့

Dawei Watch

November 14, 2023

သရက်ချောင်းမြို့နယ် ကျောက်ဆည်ကျေးရွာ၏ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးပိုင်ဆိုင်သည့် ရေခဲပုံးအလွတ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိန်းငှက်ပြောက်ကျားတပ်ဖွဲ့နှင့် ကာယကံရှင်ထံမှ သိရသည်။ ငါးပုဇွန်ကဲ့သို့ ရေထွက်ကုန်ပစ္စည်းထည့်သည့် နှစ်ရာလီတာဝင် ရေခဲပုံးရှစ်လုံးကို သိန်းငှက်ပြောက်ကျားတပ်ဖွဲ့က အောက်သရက်ချောင်းရွာနှင့် ပိတောက်ကြီးရွာကြားတွင် နိုဝင်ဘာလ ၁၃ ရက်နေ့က မီးရှို့ခဲ့ကြောင်း ၎င်းတို့က ပြောသည်။ ကျောက်ဆည်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းမောင်သည် စစ်ကောင်စီ ကြည်းတပ်၊ ရေတပ်များနှင့်ပေါင်းကာ သရက်ချောင်းအောက်ဘက်ခြမ်းရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းလှေများထံက ရေထွက်ကုန်များကို ဈေးနှိမ်ဝယ်နေကြောင်း သိန်းငှက်ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက ဆိုသည်။ ထို့အပြင် ၎င်းထံ ရေထွက်ကုန်မရောင်းသည့် ငါးဖမ်းလှေများကို စစ်ကောင်စီတပ်အား တိုင်ကြားကာ ဖမ်းခိုင်းခြင်းများရှိသဖြင့် မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။ “ရေလုပ်သားတွေထံက ငါးတွေကို မတန်လေး မတန်ဆနဲ့ သူ့ကိုရောင်းပေးရတယ်၊ သူ့ကိုမရောင်းပေးရင် (စစ်)ကောင်စီနဲ့ တိုင်ပြီးဖမ်းတယ်။ အဲလိုမျိုးလုပ်လို့ ကျွန်တော်တို့က ဖျက်ပစ်ရတာဖြစ်တယ်” […]

မလေးရှားတွင် မြန်မာလုပ်သားတစ်ဦး သတ်သေ

Dawei Watch

November 14, 2023

 မလေးရှားနိုင်ငံတွင် မြန်မာအလုပ်သမားတစ်ဦး နိုဝင်ဘာလ ၁၂ ရက်နေ့က ကြိုးဆွဲချသတ်သေသွားကြောင်း အဆိုပါနိုင်ငံရှိ မြန်မာလူမှုကူညီရေးအသင်းထံမှ သိရသည်။ စယ်လန်းကောပြည်နယ် ရာဝမ်းမြို့တွင်နေထိုင်သော မြန်မာအလုပ်သမား ကိုနေရှိုင်းသည် ၎င်းအလုပ်လုပ်နေသည့် စက်ရုံတွင် တစ်ဦးတည်းရှိနေချိန် သတ်သေသွားခြင်းဖြစ်ကြောင်း အထက်ပါအသင်းထံမှ သိရသည်။ ၎င်းသည် အသက် ၂၃ နှစ်အရွယ်ရှိပြီး မန္တလေးတိုင်း မြင်းခြံမြို့နယ် တောင်ကျွန်းရွာဇာတိဖြစ်သည်။ ကိုနေရှိုင်းသည် မြန်မာနိုင်ငံရှိ ချစ်သူနှင့် ဖုန်းဆက်စဉ် စကားများနေသည်ကို သူငယ်ချင်းဖြစ်သူက ကြားခဲ့ရပြီးနောက် ညစာအတွက် ဈေးဝယ်ရာကအပြန်တွင် ဆွဲကြိုးချသေဆုံးနေသည်ကို တွေ့ရကြောင်း အထက်ပါအသင်းထံမှ သိရသည်။ မွန်းလွဲ ၂ နာရီခွဲအချိန်အထိ မက်ဆေ့ဂျာကဆင့် စကားပြောနေခဲ့ပြီး နှစ်ဦးကြား စကားများရန်ဖြစ်မှု ကြီးကြီးမားမားမရှိခဲ့ကြောင်း ကိုနေရှိုင်း၏ချစ်သူက ပြောသည်။  “သူအရမ်းမူးနေတာ။ သူနဲ့ စကားများစရာ ဘာမှမရှိဘူး။ သူလည်းစိတ်ညစ် ကျွန်တော်လည်းစိတ်ညစ်နဲ့ […]

ရခိုင်တွင် ချိန်ခါလီနယ်ခြားစောင့်တပ်စခန်းကို သိမ်းယူလိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်

Dawei Watch

November 14, 2023

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်ရှိ ချိန်ခါလီ နယ်ခြားစောင့်တပ်စခန်းကို ရက္ခိုင့်တပ်တော် AA က သိမ်းယူလိုက်ပြီဖြစ်ကြောင်း မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ပူးတွဲထုတ်ပြန်သည်။ နှစ်ရက်ကြာ တိုက်ခိုက်ပြီးနောက် ယနေ့ နိုဝင်ဘာလ ၁၄ရက် နံနက် ၇ နာရီခန့်တွင် သိမ်းယူနိုင်ခြင်း ဖြစ်ကြောင်း ဖော်ပြသည်။ ရသေ့တောင်မြို့နယ် ချိန်ခါလီနှင့် ဒုံးပိုက်နယ်ခြားစောင့်စခန်း တို့ကို AA က နိုဝင်ဘာလ ၁၃ ရက်တွင် စတင် တိုက်ခိုက်ခဲ့သည်။ မင်းပြား၊ ကျောက်တော် မြို့နယ်တို့တွင်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က ပစ်ခတ်မှုကြောင့် အရပ်သား ၄ ဦးထက် မနည်း သေဆုံးပြီး ၁၀ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရကြောင်း ဒေသတွင်း သတင်းများတွင် ဖော်ပြချက်အရ သိရသည်။

ကျိုက်မရောတိုက်ပွဲတွင် စစ်​ကောင်စီတပ်သား ၂၃ ဦး လက်နက်ချ

Dawei Watch

November 13, 2023

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွသို့ စစ်ကြောင်းထိုးလာသော စစ်​ကောင်စီတပ်မှ ၂၃ ဦး လက်နက်ချ အညံ့ခံခဲ့​ကြောင်း အမျိုးသားညီညွတ်​ရေး အစိုးရက ထုတ်ပြန်သည်။ ချောင်းနှစ်ခွသို့ ယ​နေ့ (နိုဝင်ဘာ ၁၃) တွင် စစ်ကြောင်းထိုးလာသော စစ်​ကောင်စီတပ်နှင့် ​တော်လှန်​ရေးအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်​ကောင်စီ တပ်မ (၂၂) လက်အောက်ခံ အင်အား ၅၀ ပါ စစ်ကြောင်းမှ ၂၃ ဦးမှာ ပြည်သူ့တော်လှန်ရေးအဖွဲ့များထံ လက်နက်ချ အညံ့ခံခဲ့​ကြောင်း ထုတ်ပြန်ချက်ကဆိုသည်။ အဆိုပါတိုက်ပွဲတွင် တပ်ရင်းမှူးနှင့် အရာရှိ ၁ ဦး အပါအဝင် ၁၄ ဦး သေဆုံးကာ အရာရှိ ၁ ဦး အပါအဝင် ၅ ဦး အရှင်ဖမ်းမိပြီး နောက်ထပ် အရာရှိ ၁ ဦးအပါအဝင် […]

စစ်တွေတွင် ညမထွက်ရ အမိန့်ထုတ်၊ သံချပ်ကာကား သုံးစီး မြို့ထဲလှည့်နေ

Dawei Watch

November 13, 2023

ရခိုင်ပြည်နယ်တွင် တစ်ကျော့ပြန် တိုက်ပွဲဖြစ်ပွားသည့် ယနေ့ နိုဝင်ဘာလ ၁၃ ရက်တွင် ပြည်နယ်မြို့တော် စစ်တွေ၌ ညမထွက်ရအမိန့် ထုတ်လိုက်ကြောင်း မြို့ခံများထံမှ သိရသည်။ စစ်တွေခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ယနေ့အစည်းအဝေး ပြုလုပ်ကာ အမိန့်ထုတ်လိုက်ခြင်း ဖြစ်သည်။ စားသောက်ဆိုင်များနှင့် လမ်းဘေးဈေးဆိုင်များမှာ ည ၈နာရီခွဲ အပြီး ပိတ်သိမ်းရမည်ဖြစ်ပြီး ပြည်သူများမှာ ည ၉ နာရီမှစတင်ကာ အပြင် မထွက်ရန် အမိန့်ထုတ်ထားကြောင်း မြို့ခံများထံမှ သိရသည်။ မလိုက်နာလျှင် ဥပဒေအရ အရေးယူမည်ဟု ဆိုသည်။ ယင်းအပြင် ယနေ့ မြို့၏ အဓိက လမ်းမများတွင် သံချပ်ကာကားသုံးစီး လှည့်လည်နေကြောင်း ဒေသတွင်းသတင်းဌာနတစ်ခုဖြစ်သည့် Western News သတင်းတစ်ရပ်တွင် ဖော်ပြသည်။ ယခင်က တိုက်ပွဲ ဖြစ်ပွားသော်လည်း ယခုကဲ့သို့ သံချပ်ကာကားများ […]

ထားဝယ်တွင် စက်သုံးဆီပြတ်ပြီး အရောင်းဆိုင်ကြီးများ အရောင်းပိတ်

Dawei Watch

November 13, 2023

ထားဝယ်မြို့တွင် စက်သုံးဆီပြတ်လပ်နေသဖြင့် အရောင်းဆိုင်ကြီးများအားလုံး အရောင်းပိတ်ထားကြောင်း မြို့ခံအချို့ကပြောသည်။ ကမြောကင်းတံတားအနီးက DDPC စက်သုံးဆီဆိုင်၊ ဆန်ချီရှိ ရနံ့သစ်၊ ရှမ္မလည်ဆွဲရှိ Petro Green စသည့် စက်သုံးဆီဆိုင်ကြီးများ အရောင်းပိတ်ထားခြင်းဖြစ်ကြောင်း တက္ကစီသမားတစ်ဦးကပြောသည်။ “(စက်သုံး) ဆီလိုလို့ လိုက်ရှာတာ တစ်မြို့လုံးနှံ့နေပြီ။ ဘယ်မှာမှဝယ်မရဘူး” ဟု ၎င်းတက္ကစီသမားကဆိုသည်။ မြို့တွင်းရှိ တစ်နိုင်တစ်ပိုင် စက်သုံးဆီဆိုင်အသေးများနှင့် ကမ်းနားလမ်းရှိ ဆီဘောတွင်မူ ရောင်းချ‌ပေးသေးသည်ဟု မြို့ခံအချို့ကဆိုသည်။ ဆိုင်ကြီးများတွင်မူ စက်သုံးဆီပြတ်လပ်နေသည်မှာ သုံးရက်ရှိနေပြီဖြစ်ကြောင်း ထားဝယ်မြို့ရှိ စက်သုံးဆီဆိုင်ကြီး၏ မန်နေဂျာတစ်ဦးက Dawei Watch ကိုပြောဆိုသည်။ ရန်ကုန်မြို့သို့ စက်သုံးဆီတင်ရန်သွားသည့် ဆီဘောင်ဆာများပင် ယနေ့အချိန်အထိ ဆီမဖြည့်ရသေးသဖြင့် မည့်သည့်အချိန် စက်သုံးဆီပြန်ရမည်ကို အတိအကျမပြောနိုင်ကြောင်း ၎င်းကဆိုသည်။ “ဘယ်အချိန်ရမယ်ဆိုတာ မပြောနိုင်သေးဘူး။ ရန်ကုန်ရောက်နေတဲ့ဆီကားတွေပေါ်ကိုတောင် ဆီမထည့်ပေးသေးဘူး” ဟု ၎င်းမန်‌နေဂျာက […]

ထားဝယ်ထောင်မှ အရာရှိအပါအဝင် ဝန်ထမ်းခုနှစ်ဦး ထွက်ပြေး

Dawei Watch

November 13, 2023

ထားဝယ်အကျဉ်းထောင်မှ ဝန်ထမ်းများတာဝန်မထမ်းဆောင်လို၍ ထွက်ပြေးမှုများ ဆက်တိုက်ရှိနေပြီး ထောင်အရာရှိတစ်ဦးအပါအဝင် ထောင်ဝန်ထမ်းခုနှစ်ဦးအထိ ထွက်ပြေးသည်ဟု သိရကြောင်း အကျဉ်းထောင်နှင့်နီးစပ်သူအချို့က ပြောသည်။ နိုဝင်ဘာလ ဒုတိယအပတ်ထဲတွင် ကြယ်တပွင့်နှင့် ဗိုလ်လေးသန်းဌေးဆိုသူ ထွက်ပြေးခဲ့ကြောင်း အကျဉ်းထောင်နှင့်နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ “သူ့အိမ်ပြန်မယ်ဆိုပြီးထွက်ပြေးသွားတာ၊ ခွင့်ယူပြီးပြန်သွားတာမဟုတ်ဘူး၊ ရိုးရိုးအရပ်ဝတ်နဲ့ သူ့ဘာသူပြန်သွားတာ၊ ကျန်လူတွေတော့ ကျွန်တော်မသိဘူး။ ဒီတစ်ယောက်ပဲကျွန်တော်သိတယ်”ဟု ၎င်းက ပြောသည်။ ၂၀၂၁ ခုနှစ် အောက်တိုဘာလခန့်က တပ်သား ကိုနိုင်နိုင်လင်းဆိုသူ ထွက်ပြေးခဲ့ပြီးနောက် ဒုတပ်ကြပ် ကျော်စွာလင်း၊ တပ်သားနိုင်လင်းထွန်း၊ တပ်သားဝေယံတို့ ညီကိုနှစ်ဦးအပါအဝင် ထောင်ဝန်ထမ်း ခုနှစ်ဦးအထိ ထွက်ပြေးမှုများ ဆက်တိုက်ဖြစ်နေကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက ပြောသည်။ “သူတို့က CDM ဝင်ချင်လို့ထွက်ပြေးတာမဟုတ်ဘူး၊ သူတို့နေလို့ အဆင်မပြေလို့ ထွက်ပြေးတာလောက်ပဲရှိတယ်၊ ဘာလို့လဲဆိုတော့ CDM လုပ်မယ်ဆို CDM အချိတ်အဆက်တွေက ရှိပြီးသား၊ သူတို့ဘာသာ ရိုးရိုးတန်းတန်းထွက်ပြေးတာလောက်ပဲရှိတယ်” ဟု ၎င်းက သုံးသပ်ပြောဆိုသည်။ […]

ကျောက်တော် အပေါက်ဝ ရဲစခန်းကို AA သိမ်းပိုက်၊ စခန်းမှူး ထွက်ပြေး

Dawei Watch

November 13, 2023

ရခိုင်ပြည် ကျောက်တော်မြို့နယ် အပေါက်ဝနယ်မြေရဲစခန်းကို ရက္ခိုင့်တပ်တော် AA က ယနေ့ (နိုဝင်ဘာ ၁၃) နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် သိမ်းပိုက်လိုက်ပြီး လက်ရှိတွင် စခန်းမှူးထွက်ပြေးလွတ်မြောက်နေကြောင်း ဒေသခံမျက်မြင်များ၏ ပြောကြားချက်ကို ကိုးကား၍ Western News တွင်ဖော်ပြထားသည်။ ရက္ခိုင့်တပ်တော်က လက်နက်ချရန် အကြောင်းကြားပြီးနောက် အပေါက်ဝနယ်မြေရဲစခန်းရှိ ရဲတပ်သားများအားလုံး AA ထံ အလင်းဝင် လက်နက်ချသွားကြကြောင်း အပေါက်ဝ ဒေသခံများက ပြောသည်။ အပေါက်ဝဒေသခံ မျက်မြင်အမျိုးသမီးတစ်ဦးက “ကျွန်မ ရဲခစန်းရှေ့က ဖြတ်သွားတဲ့အချိန်မှာ တွေ့လိုက်ပါတယ်။ အပေါက်ဝရဲစခန်းက ရဲတပ်သား ၃ ဦးကို AA က ကားနဲ့ ခေါ်ယူသွားတယ်။ တိုက်ပွဲမဖြစ်ဘဲနဲ့ AA က သိမ်းလိုက်တာပါ။ စခန်းမှူးက လွတ်နေတယ်လို့ သိရပါတယ်။ အခု အပေါက်ဝရဲစခန်းမှာ စစ်ကောင်စီ ရဲတပ်သားတွေ တစ်ယောက်မှ မရှိဘူး” ဟု ပြောသည်။ အပေါက်ဝရဲစခန်းက စစ်ကောင်စီ ရဲတပ်သားများအားလုံးကို AA က […]