ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် PDF နှစ်ဦးနှင့် အရပ်သားသုံးဦး သေဆုံး

Dawei Watch

November 17, 2023

ကျွန်းစုမြို့နယ်၊ဝါရစ်ကျေးရွာသို့ ဈေးဝယ်ရန်လာသည့် ပြည်သူ့ကာကွယ်ရေးတပ်သား နှစ်ဦးနှင့် အရပ်သားသုံးဦးကို စစ်ကောင်စီတပ်က ပစ်သတ်ခဲ့ကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ အသိုင်းအဝိုင်းထံမှ သိရသည်။ နိုဝင်ဘာ ၁၆ ရက်နေ့နံနက်က ဝါရစ်ကျေးရွာသို့ ဈေးဝယ်လာသည့် PDF  ၃ ဦးကို စစ်ကောင်စီတပ်က စောင့်ကြို တိုက်ခိုက်ရာ နှစ်ဦးသေဆုံးခဲ့ကြောင်း   တော်လှန်ရေးရဲဘော်အချို့က ဆိုသည်။ “သူတို့လာတာက အားလုံးငါးယောက်။ နှစ်ယောက်က လမ်းမှာကင်းပုန်းချထားရစ်(ခဲ့)တယ်။ သုံးယောက်က အဝိုင်းခံရပြီး နှစ်ဦး ပေးဆပ်လိုက်ရတာပေါ့။ လက်နက်နှစ်လက်လည်း ပါသွားတယ်။ ကျန်လူတွေတော့ လွတ်သွားတယ်”ဟု ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်တစ်ဦးက ပြောသည်။ သေဆုံးသွားသည့် ရဲဘော်နှစ်ဦးမှာ အသက် ၂၅ နှစ်နှင့်  ၃၀ နှစ် ဝန်းကျင်ရှိပြီး မြိတ်ခရိုင်တပ်ရင်း ၂၊ တပ်ခွဲ ၂ မှ ဖြစ်ကြောင်း တော်လှန်ရေးရဲဘော်တစ်ဦးက ဆိုသည်။ ယင်းနောက် […]

မြိတ်မြို့ပေါ်တွင် စစ်ဘေးရှောင်များ အိမ်ငှားရခက်ခဲ

Dawei Watch

November 17, 2023

အခြားဒေသမှ စစ်ဘေးရှောင်လာသူအချို့မှာ မြိတ်မြို့ပေါ်တွင် အိမ်ခန်းငှားမရဘဲ အခက်ကြုံနေရကြောင်း မြို့ခံအချို့ထံမှ သိရသည်။ ပုလောနှင့် တနင်္သာရီမြို့နယ်တို့တွင် တိုက်ပွဲများဆက်တိုက်နီးပါး ဖြစ်နေသည့်အတွက် ဒေသခံများက မြိတ်မြို့ပေါ်သို့ ပြောင်းရွှေ့ကာ စစ်ဘေးရှောင်လာကြခြင်းဖြစ်သည်။ သို့ရာတွင် ပြီးခဲ့သည့် တစ်လခန့်မှစကာ မြိတ်မြို့ပေါ်ရပ်ကွက်အချို့တွင် အိမ်ငှားရမ်းနေထိုင်သူများနေသည့်အတွက် အိမ်ခန်းရှာမရဘဲ အခက်ကြုံနေကြခြင်းဖြစ်ကြောင်း မြို့ခံများက ဆိုသည်။ “အိမ်လိုက်ငှားတာ မလွယ်ဘူး၊ တစ်လကျော်ကြာသွားတယ် အခုထိမရသေးဘူး။ လောလောဆယ် နီးရာ ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ ခဏတည်းနေရတယ်” ဟု တနင်္သာရီမြို့နယ်မှ စစ်ရှောင်လာသူတစ်ဦးက ပြောသည်။ ထိုသို့ ငှားရမ်းမည့်အိမ်ခန်းမရသေးသည့်အတွက် အသိမိတ်ဆွေနှင့် ဆွေမျိုးအိမ်များတွင် ခေတ္တနေထိုင်သူများလည်း ရှိနေသည်။ “ဆွေမျိုးအိမ်က အကြာကြီးနေလို့အဆင်မပြေဘူးပေါ့။ အိမ်ခန်းက ရှာတုန်းပဲသေး” ဟု မြိတ်တောင်ကျေးရွာအုပ်စု ရပ်ကွက်တစ်ခုတွင် နေထိုင်သည့် စစ်ရှောင်လာသူတစ်ဦးက ပြောသည်။ တစ်ဖက်တွင်လည်း စစ်ရှောင်သူများပြားပြီး အိမ်ငှားနေထိုင်သူများလာသဖြင့် […]

ထားဝယ်မြို့နယ်ရှိ စစ်ကောင်စီတပ်ဂိတ်နှစ်ခုကို လက်နက်ကြီးဖြင့် ပစ်ခတ်ဟုဆို

Dawei Watch

November 17, 2023

ထားဝယ်မြို့နယ်ရှိ ပကာရီရဲကင်းစခန်းနှင့် မဲချောင်းကျေးရွာအနီးရှိ စစ်ကောင်စီတပ် ၈ မိုင်စစ်ဆေးရေးဂိတ်တို့ကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောာင်း Dawei Defense Team-DDT က နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ထုတ်ပြန်သည်။ နိုဝင်ဘာလ ၁၄ ရက် ည ၇ နာရီခွဲခန့်က ပကာရီရဲကင်းစခန်းကို  DDT တပ်ခွဲ ၂ နှင့် တပ်ခွဲ ၃ က ၁၂၀ မမ လက်နက်ကြီး ၃ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။ နိုဝင်ဘာ ၁၅ ရက် ည ၁၁ နာရီခွဲခန့်တွင်လည်း စစ်ကောင်စီတပ်၏ ၈ မိုင်စစ်ဆေးရေးဂိတ်ကို နေရာသုံးခုမှနေ၍ ၄၀ မမ လက်နက်ကြီး ၂ လုံး၊ ၆၀ မမ ၄ လုံး၊ ၁၂၀ မမ […]

ထိုင်းတွင် မြန်မာလုပ်သားတစ်ဦး ခေါင်းကို စက်ညှပ်မိရာမှ သေဆုံး

Dawei Watch

November 16, 2023

ထိုင်းနိုင်ငံအလယ်ပိုင်း နခွန်ပထုံခရိုင်ရှိ ပလတ်စတစ်စက်ရုံတွင် လုပ်ကိုင်နေသော မြန်မာအလုပ်သမားတစ်ဦးသည် စက်ချို့ယွင်းမှုရှိသဖြင့် ခေါင်းငုံ့ကြည့်ရာမှ စက်ညှပ်သေဆုံးခဲ့ကြောင်း သိရသည်။ နိုဝင်ဘာလ ၁၅ ရက်နေ့ နံနက် ၇ နာရီအချိန်ခန့်တွင် နခွန်ပထုံခရိုင် ဘန့်လေးဒေသရှိ ပလပ်စတစ်ဖိသောစက်တွင် ခေါင်းညှပ်ပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း  ထိုင်းသတင်းများတွင် ဖော်ပြထားသည်။ သေဆုံးသူသည် ကိုရန်အောင်ဇော်အမည်ရှိသူဖြစ်ပြီး ရဲတပ်ဖွဲ့နှင့် ဆရာဝန်များ ရောက်ရှိလာသောအချိန်တွင် သူအလုပ်လုပ်နေသော စက်ဘေးတွင် သေဆုံးနေပြီဖြစ်ကြောင်း ဖော်ပြထားသည်။ သေဆုံးသူ၏ ခေါင်းတွင် ပြင်းပြင်းထန်ထန် ထိခိုက်မိထားသော ဒဏ်ရာကို တွေ့ရှိရပြီး သေဆုံးရသည့် အကြောင်းအရင်းကို စစ်ဆေးနိုင်ရန်အတွက် ကိုရန်အောင်ဇော်၏ အလောင်းကို နခွန်ပထုံဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ဖော်ပြထားသည်။  သေဆုံးသူသည် ပုံမှန်အတိုင်း အလုပ်ကိုလာရောက်ခဲ့ပြီး သူလုပ်ကိုင်နေသော စက်ချို့ယွင်းသွားသဖြင့် ခေါင်းငုံ့ကြည့်ချိန်တွင် စက်ပြန်လည်ပတ်သွားသဖြင့် ခေါင်းကိုညှပ်မိပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းမှုရလဒ် […]

စပါးရိတ်ချိန် စစ်ကြောင်းထိုးသဖြင့် တောင်သူများ စပါးမရိတ်သိမ်းနိုင်

Dawei Watch

November 16, 2023

စပါးများမှည့်ဝင်းပြီး ရိတ်သိမ်းချိန် ရောက်ပြီဖြစ်သော်လည်း စစ်ကြောင်းထိုးသဖြင့် မရိတ်သိမ်းနိုင်ကြကြောင်း တောင်သူများ ထံမှသိရသည်။ မြိတ်ခရိုင်၊ကျွန်းစုမြို့နယ်သို့ ယခုရက်ပိုင်းအတွင်း ပျူစောထီးပါဝင်သည့် စစ်ကောင်စီတပ်က စစ်ကြောင်းဝင်လာပြီးနောက် နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ခဲ့ရာ အနည်းဆုံးကျေးရွာ လေးရွာခန့်မှ တောင်သူများ စပါးမရိတ်သိမ်းနိုင်ကြပဲ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း တောင်သူများ ထံမှသိရသည်။ “စပါးတွေက မှည့်နေပြီ၊ ရိတ်ဖို့ပြင်ဆင်တုန်း ထွက်ပြေးလာရတယ်။ မြို့ပေါ်တက်မပြေးဘဲ။ ပုန်းရှောင်ကျန်ရစ်သူ တချို့ကတော့ အဆင်ပြေသလို ရိတ်နေကြတယ်”ဟု စစ်ရှောင်နေသည့် မင်းဂုတ်ရွာနေ အမျိုးသမီး ကပြောသည်။ မင်းဂုတ်၊ပြင်ဝန်း၊တုံးဗျောကြီးနှင့် လယ်သစ်ကျေးရွာနေ တောင်သူအများစုမှာ လတ်တလော စစ်ရှောင်နေရပြီး စပါးများကို ရိတ်သိမ်းနိုင်ကြခြင်း မရှိသည့် အခြေအနေတွင် ရှိနေသည်ဟု ဒေသခံများ ထံမှစုံစမ်းသိရှိရသည်။ “စပါးက ရိတ်သိမ်းချိန်ထက် တစ်လလောက် ကျော်သွားရင် ခါးကျိုးပြီး တော်တော်ရိတ်ရ ပင်ပန်းတယ်။ ဆုံးရှုံးမှုများတယ်။ မြေကြီးဆင်းထိပြီဆိုရင်တော့ အကုန်ဆုံးပြီ”ဟု […]

ထားဝယ်ဆေးရုံတွင် ဆေးမရှိသဖြင့် လူနာများ ပြင်ပမှဆေးရှာဝယ်ပေးနေရ

Dawei Watch

November 16, 2023

ထားဝယ်ဆေးရုံတွင် တက်ရောက်ကုသနေသည့် လူနာများကို ဆေးရုံကဆေးမပေးသဖြင့် အပြင်ဆေးခန်းက ဆေးများကို ကိုယ်တိုင်ဝယ်ယူကုသနေရကြောင်း ဆေးရုံတက်‌ရောက်ခဲ့သူ အချို့ထံမှ သိရသည်။ မည်သည့်ရောဂါအတွက်မဆို စားဆေး၊ ထိုးဆေး၊ သွင်းဆေး၊ ဆေးထိုးအပ်မှစပြီး မည်သည့်ဆေးဝါးမျှ ထားဝယ်ဆေးရုံတွင်မရကြောင်း ရက်ပိုင်းအကြာကပင် ဆေးရုံမှဆင်းလာသည့် ထားဝယ်မြို့ခံတစ်ဦးကဆိုသည်။ လူနာအတွက် လိုအပ်သည့်ဆေးဝါးများကို တာဝန်ကျဆရာဝန်တစ်ဦးဦးက ရေးပေးခဲ့ပြီး ယင်းဆေးဝါးများကို အပြင်ဆေးခန်းတွင် လူနာရှင်က ဝယ်ယူပေးရ‌ကြောင်းဆိုသည်။ “အားလုံးအပြင်ဆေးခန်းမှာဝယ်ရတယ်။ ဆေးထိုးအပ်ကအစဝယ်ရဝယ်။ ဆေးပုလင်းကုန်ရင်လည်း ကိုယ့်ဘာသာဝယ်ပြီး ကိုယ့်ဘာသာသွင်းတဲ့။ ဒီလိုမှန်းသိရင် အပြင်ဆေးရုံပဲသွားတာက ပိုကောင်းသေးတယ်” ဟု၎င်းကဆိုသည်။ ထားဝယ်ဆေးရုံတွင် လူနားအားဆေးဝါးမပေးသည့်အကြောင်း အသေးစိတ်သိရှိနိုင်ရန် ထားဝယ်ဆေးရုံအုပ်ထံ ယနေ့ နိုဝင်ဘာလ ၁၆ ရက် မွန်းတည့်ပိုင်းတွင် ဖုန်းဆက်မေးမြန်းခဲ့သော်လည်း ဖြေဆိုခြင်းမရှိပေ။ “ဆေးရုံတက်ဖူးတဲ့သူတွေကို လိုက်မေးရင်သိပါတယ်နော်။ အားလုံးဝယ်ရတာတော့ မဟုတ်ပါဘူး။ ကျွန်မကလည်း ဒီမှာကိစ္စလေးတစ်ခုရှိနေလို့ ဖြေဖို့အတွက်ကျတော့ […]

‘ယှဉ်တွဲတော်လှန် လူထုတိုက်ပွဲအသံ’ လူငယ်စကားဝိုင်း လုပ်မည်

Dawei Watch

November 16, 2023

‘ယှဉ်တွဲတော်လှန် လူထုတိုက်ပွဲအသံ’ လူငယ်စကားဝိုင်းကို နိုဝင်ဘာလ ၁၇ ရက်နေ့ညတွင် ပြုလုပ်မည်ဖြစ်ကြောင်း ဦးဆောင်စီစဉ်သူအချို့ထံမှ သိရသည်။ ‘ထုဆစ်မျှော်ရည် တနင်္သာရီ’ လူငယ်စကားဝိုင်းအစီအစဉ်၏ ပဉ္စမအကြိမ်မြောက်စကားဝိုင်းဖြစ်ပြီး  ည ၇ နာရီတွင် ပြုလုပ်မည်ဖြစ်သည်။ ယင်းစကားဝိုင်းတွင် တနင်္သာရီလူမျိုးပေါင်းစုံကွန်ဂရက်၊ CDM တနင်္သာရီကျန်းမာရေးအင်အားစု၊ ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှုကော်မတီ၊ ထားဝယ်ခရိုင်အမှတ် ၂ တပ်ရင်းတို့တွင် ဦးဆောင်ပါဝင်နေသည့် လူငယ်များက ပါဝင်ဆွေးနွေးမည်ဖြစ်သည်။ လွတ်လပ်မှု၊ တရားမျှတမှု၊ သာတူညီမျှမှုနှင့်  ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသည့် အနာဂတ်ဖယ်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်လာရေးအတွက် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းဆွေးနွေးပွဲကို Dawei Watch သတင်းဌာနအပါအဝင် အခြားသတင်းဌာနများက တိုက်ရိုက်ထုတ်လွှင့်သွားမည်ဖြစ်ပါသည်။ ‘ထုဆစ်မျှော်ရည် တနင်္သာရီ’ အစီအစဉ်အား ယခုနှစ်ဇူလိုင်လမှစကာ စကားဝိုင်း လေးကြိမ်ပြုလုပ်ခဲ့ပြီးဖြစ်သည်။ ယင်းစကားဝိုင်းများကို တနင်္သာရီဒေသအခြေစိုက်  Tenasserim Student Unions’ Network – TSUN, Tanintharyi Nationalities Congress […]

ကလိန်အောင်မြို့အနီး ပစ်ခတ်သံများကြောင့် တပ်စာသင်ကျောင်းပိတ်ထား

Dawei Watch

November 16, 2023

ရေဖြူမြို့နယ် ၊ ကလိန်အောင်မြို့အနီးတွင် ယနေ့ (နိုဝင်ဘာ ၁၆) မနက် ၅ နာရီဝန်းကျင်တွင် ပစ်ခတ်သံအချို့ကြားရပြီးနောက် တပ်နယ်စာသင်ကျောင်း ပိတ်ထားကြောင်း မြို့ခံများကပြောပြသည်။ “ ချောင်းဆုံ(ကျောက်ရှပ်ရွာ) ဘက်ကကြားရတယ်။ သေနတ်သံပဲများများကြားရတယ် “ ဟု ကလိန်အောင်မြို့ခံတစ်ဦးက ပြောသည်။ အဆိုပါပစ်ခတ်မှုဖြစ်စဥ်အသေးစိတ်ကိုမူ မသိရသေးပေ။ ပစ်ခတ်သံများထွက်ပေါ်ပြီးနောက် ကလိန်အောင်တပ်နယ် ၊ ခမရ ၄ဝ၈ စစ်ကောင်စီတပ်ရင်း အနီးရှိ စစ်တပ်စာသင်ကျောင်းကို ယနေ့ပိတ်ထားကြောင်း ၎င်းတပ်နှင့်နီးစပ်သူများပြောသည်။ “ ကလိန်အောင်မြို့ထဲမှာတော့ပုံမှန်ပါပဲ။ စာသင်ကျောင်းလည်းဖွင့်တယ်။ စစ်တပ်ကျောင်းပဲပိတ်တာ” ဟု ကလိန်အောင်မြို့ခံ ကျောင်းဆရာမတစ်ဦးကပြောသည်။ ကလိန်အောင်တပ်နယ်တွင် ခမရ၄၀၈ ၊ ၄၀၉ ၊ ၄၁၀ ခြေမြန်တပ်ရင်း ၃ ခုနှင့် ခလရ ၂၈၂ ခြေလျင်တပ်ရင်း တို့ရှိကြပြီး ရေး-ထားဝယ်ကားလမ်းပေါ်ရှိ ခြေမြန်တပ်ရင်း ၃ ခု မကြာခဏ တိုက်ခိုက်ခံရလေ့ရှိသည်။