ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ဝက်ဈေးကျသဖြင့် မွေးမြူရေးသမားများ အရှုံးပေါ်

Dawei Watch

November 16, 2023

ဝက်ဈေးကျနေသည့်အတွက် မွေးမြူရေးသမားများ အရှုံးပေါ်နေကြောင်း မြိတ်ဒေသရှိ ဝက်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူအချို့ထံမှ သိရသည်။ ယခင်က ဝက်ချော(အကောင်ဖြတ်) တစ်ပိဿာလျှင် ၁၃၀၀၀ ကျပ်ဈေးရှိရာက နိုဝင်ဘာလ ၁၃ ရက်နေ့ကစပြီး ၉၀၀၀ ကျပ်သာ ပေါက်ဈေးရှိတော့ကြောင်း ဝက်မွေးမြူရေးလုပ်ကိုင်သူအချို့က ပြောသည်။ “လောလောဆယ် ဒိုင်ကပေးတဲ့ဈေးက အရှုံးပြနေတယ်။ ရေရှည်သွားနိုင်ဖို့အတွက် မတောင့်ခံနိုင်ဘူး” ဟု ဝက်အကောင်ရေ လေးဆယ်ကျော်မွေးမြူထားသည့် ရှမ်းချောင်းကြီးရပ်ရှိ ဝက်မွေးမြူရေးလုပ်ကိုင်သူတစ်ဦးက ဆိုသည်။ ဝက်‌မွေးရာတွင် ဝက်သားပေါက်တစ်ကောင်လျှင် တစ်သိန်းခုနှစ်သောင်းကျပ်ဖြင့် ဝယ်ယူရကြောင်း ဝက်မွေးသူအချို့ထံမှ သိရသည်။ အဆိုပါဝက်အား ပြန်ရောင်းချသည့်အချိန်အထိ ငါးလဝန်းကျင်မွေးမြူရပြီး အစာဖိုး၊ ရောဂါကာကွယ်ရေးစရိတ်၊ အလုပ်သမားစရိတ်စသည့် စရိတ်များတွက်လိုက်ပါက စုစုပေါင်း ကျပ်ခြောက်သိန်းဝန်းကျင်ကုန်ကျကြောင်း ၎င်းတို့က ဆိုသည်။ မွေးမြူပြီး ရောင်းတန်းဝင်သည့် ဝက်တစ်ကောင်လျှင် ပျမ်းမျှအလေးချိန် ပိဿာခြောက်ဆယ်ခန့်ရှိသည့်အတွက် တစ်ပိဿာလျှင် ကျပ်ကိုးထောင်နှုန်းဖြင့်တွက်ပါက […]

ပေါက်တောမြို့ကို AA ထိန်းချုပ်ပြီးနောက် ရဟတ်ယာဉ်ဖြင့် လာရောက်ပစ်ခတ်

Dawei Watch

November 16, 2023

ရခိုင်ပြည်နယ် ပေါက်တောမြို့ကို ရက္ခိုင့်တပ်တော် AA က သိမ်းယူ ထိန်းချုပ်လိုက်ပြီးနောက် စစ်ကောင်စီ တပ်က ရဟတ်ယာဉ်ဖြင့် လာရောက်ပစ်ခတ်ကြောင်း ဒေသတွင်း သတင်းဌာနတို့က ဖော်ပြသည်။ ပေါက်တောမြို့က ရဲစခန်းနှင့် ဌာနဆိုင်ရာရုံးများကို AA က နိုဝင်ဘာလ ၁၅ရက် ညတွင် ထိန်းချုပ်လိုက်ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ ယင်းနောက် ယနေ့ နိုဝင်ဘာလ ၁၆ ရက် နံနက် ၈နာရီခွဲကျော်တွင် စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် လာရောက်ပစ်ခတ်ကြောင်း သတင်းများတွင် ဖော်ပြသည်။ လေကြောင်း ပစ်ခတ်မှုကြောင့် လူထိခိုက်မှုအခြေအနေကို မသိရသေးပေ။ ရခိုင်ပြည်နယ်တွင် နိုဝင်ဘာလ ၁၃ ရက်မှစတင်ကာ တိုက်ပွဲ ဖြစ်ပွားနေပြီး မင်းပြား၊ ကျောက်တော်၊ ရသေ့တောင်၊ မောင်တော မြို့နယ်တို့တွင် တိုက်ပွဲ ဖြစ်ပွားနေသည်။ တိုက်ပွဲ အတွင်း […]

CI စာအုပ်ပျောက်ဆုံးသူများကို နိုင်ငံကူးလက်မှတ်ထုတ်ပေးမည်

Dawei Watch

November 15, 2023

ထိုင်းရောက်မြန်မာအလုပ်သမားများအတွက် ထုတ်ပေးထားသော မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI စာအုပ်) ပျောက်ဆုံးသူများအနေဖြင့် နိုင်ငံကူးလက်မှတ် (PJ- Passport for Job) ကို နိုဝင်ဘာလ ၁၄ ရက်နေ့မှစ၍ လာရောက်လျှောက်ထားနိုင်ကြောင်း မြန်မာအလုပ်သမားသံအရာရှိရုံးက ထုတ်ပြန်ထားသည်။ မြန်မာအလုပ်သမားများအနေဖြင့် CI စာအုပ်ပျောက်ဆုံးသွားသဖြင့် အခက်အခဲမဖြစ်ပေါ်ရန်နှင့် အထောက်အထားခိုင်လုံစွာဖြင့် နေထိုင်လုပ်ကိုင်နိုင်ရန်အတွက် နိုင်ငံကူးလက်မှတ် (PJ) စာအုပ်ကို စိစစ်ထုတ်ပေးသွားမည်ဖြစ်ကြောင်း ကြေညာထားသည်။ နိုင်ငံကူးလက်မှတ်လျှောက်ထားရန်အတွက် CI စာအုပ်မိတ္တူ၊ ထိုင်းရဲစခန်းမှ CI စာအုပ်ပျောက်ဆုံးကြောင်း ဘာသာပြန်ထားသော ထောက်ခံစာ၊ သံရုံးထောက်ခံစာ၊ work permit ၊ နိုင်ငံသားစီစစ်ရေးကတ်ပြား (မူရင်း)နှင့် အိမ်ထောင်စုမိတ္တူများ လိုအပ်မည်ဖြစ်သည်။ အဆိုပါစာရွက်စာတမ်းများနှင့်အတူ စမွတ်စခွန်ခရိုင် မဟာချိုင်မြို့ရှိ သာမာန်နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးဌာနစိတ် ယာယီအချက်အလက်ကောက်ယူရေးစင်တာ (TDCC) ရုံးသို့ နိုဝင်ဘာ ၁၄ ရက်နေ့မှစ၍ လာရောက်လျှောက်ထားနိုင်ကြောင်း ထုတ်ပြန်ထားသည်။  CI စာအုပ်ပျောက်သူများသည် နိုင်ငံကူးလက်မှတ် (PJ) လျှောက်ထားရာတွင် ယခင်က နိုင်ငံကူးလက်မှတ် မလျှောက်ထားဖူးသူ ဖြစ်ရမည်ဖြစ်ကြောင်း မဟာချိုင် TDCC ရုံးက […]

မြိတ်၊ တုံးဗျောရွာအနီး စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲခံရ

Dawei Watch

November 15, 2023

မြိတ်မြို့နယ်၊တုံးဗျောကျေးရွာအုပ်စု မွှေးရှောင်ရွာတံတားတွင်  စစ်ကောင်စီတပ် မိုင်းဆွဲခံရကြောင်း ဒေသခံပြည်သူများနှင့် တော်လှန်ရေးအင်အားစုများ ထံမှသိရသည်။ နိုဝင်ဘာ ၁၅ ရက် ဒီကနေ့နံနက်တွင် တုံးဗျောကြီးကျေးရွာအုပ်စု၊ မွှေးရှောင်ရွာတံတားတွင် စစ်ကောင်စီ၏ ခြေလျှင်တပ် မိုင်းဆွဲခံရသည်ဟု တော်လှန်ရေးအင်အားစုများ ကပြောသည်။ “တိုက်ပွဲမဖြစ်ဘူး။ မွှေးရှောင်တံတားမှာ မိုင်းဆွဲတာ ၅ ယောက်ကြွတယ်။ ၇ ဦးဒဏ်ရာရတယ်လို့ သိထားရတယ်”ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်ရဲဘော်တစ်ဦး ကပြောသည်။ မိုင်းဆွဲမှုကြောင့် စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုကိုမူ Dawei Watch အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပါ။ မိုင်းဆွဲမှုကြောင့် ၅ ဦးသေကာ  ၇ ဦးဒဏ်ရာရကြောင်း တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေး အဖွဲ့ကလည်း ထုတ်ပြန်ထားသည်။ မိုင်းဆွဲမှုကို တောပုံးကြီးပြည်သူ့ကာကွယ်ရေးတပ်မှ လုပ်ဆောင်သည်ဟုကြားရကြောင်း ပြည်သူကာကွယ်ရေး ရဲဘော်နောက်တစ်ဦး ကဆိုသည်။ အင်အား ၁၀၀ ဝန်းကျင်ရှိ  စစ်ကောင်စီတပ်သည် မနေ့ညနေက ကြေးနန်းတိုင်တံတားမှ တုံးဗျောကျေးရွာဘက်သို့ စစ်ကြောင်း တက်သွားပြီး ယနေ့နံနက်တွင် […]

အိမ်ရှေ့ပြင်စစ်ဆေးရေးဂိတ်အနီး ပစ်ခတ်မှုဖြစ်ပြီး ဒေသခံလေးဦးခန့် ဖမ်းဆီးခံရ

Dawei Watch

November 15, 2023

ထားဝယ်မြို့ အိမ်ရှေ့ပြင်စစ်ဆေးရေးဂိတ်အနီးတွင် ယနေ့(နိုဝင်ဘာ ၁၅) မနက်ပိုင်းက ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း မြို့ခံအချို့ထံက သိရသည်။ စစ်ဆေးရေးဂိတ်နှင့် မလှမ်းမကမ်းတွင်ရှိသည့် ဇီဇဝါဝင်း စက်သုံးဆီဆိုင်အနီးတွင် ယနေ့ နံနက် ၁၀ နာရီကျော်အချိန်က ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့ကဆိုသည်။ ထားဝယ်မြို့ထဲတွင် မော်တော်ကား၊ မော်တော်ဆိုင်ကယ်များကို ရွေ့လျားပုံစံဖြင့် လိုက်လံစစ်ဆေးဖမ်းဆီးနေသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ယာဉ်ထိန်ရဲ ပူးပေါင်းအဖွဲ့တို့ စီးနင်းလိုက်ပါလာသည့်ကားကို တော်လှန်ရေးအဖွဲ့တစ်ခုက ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ “မော်တော်ပီကယ်(ယာဉ်ထိန်းရဲ)နဲ့အတူတူ ဖမ်းနေတဲ့ စစ်ကားတွေရှိတယ်လေ။ အဲဒီစစ်ကားတွေ ဒီမနက် ဇီဇဝါဆီဆိုင်ရှေ့မှာ စစ်နေတယ်လို့ပြောသံကြားတယ်။ အဲဒါကို ဟိုဘက်ခြမ်း( ပြည်သူ့ကာကွယ်ရေးအဖွဲ့) ကနေပြီး လာပစ်တယ်ဆိုပြီးပြောသံကြားရတယ်” ဟု မြို့ခံတစ်ဦးကဆိုသည်။ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ဆယ်မိနစ်ခန့်ကြာကြောင်း သိရသည်။ ပစ်ခတ်မှုဖြစ်ပွားရာအနီးရှိ လယ်ကွက်ထဲတွင် ရာသီပေါ်သီးနှံစိုက်ပျိုးနေသည့် အိမ်ရှေ့ပြင်ရွာဒေသခံ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးနှစ်ဦးကို စစ်ဆေးစရာရှိသည်ဟုဆိုကာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း […]

ခဲသတ္တုတူးရန် စက်ယန္တရားများဖြင့် ဝင်ရောက်လာသူများကို ကလုံးထာဒေသခံများနှင်လွှတ်

Dawei Watch

November 14, 2023

ရေဖြူမြို့နယ် ကလုံးထာရွာတွင် သတ္တုတူးဖော်ရန် စက်ယန္တရားများဖြင့် ဝင်ရောက်လာသူများကို ဒေသခံနှစ်ရာကျော်က ကန့်ကွက်ပြီး နှင်လွှတ်လိုက်ကြောင်း ယင်းကျေးရွာနေသူအချို့ထံမှ သိရသည်။ KNU တပ်မဟာ(၄)ထံမှ ခွင့်ပြုချက်ယူထားသည်ဆိုသော သတ္တုတူးဖော်မည့်လူ ဆယ်ဦးကျော်ခန့်သည်  နိုဝင်ဘာလ ၉ ရက်နေ့က ကလုံးထာရွာအတွင်းသို့ မြေတူးသည့် ဘတ်ဟိုးတစ်စီး၊ ကားတစ်စီးဖြင့် ရောက်လာကြောင်း ဒေသခံအချို့က ဆိုသည်။ သတ္တုတူးဖော်ပါက သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမည်ကို စိုးရိမ်သဖြင့် ကလုံးထာဘုန်းကြီးကျောင်း ဆရာတော်အပါအဝင် ကျေးရွာနေ ဒေသခံနှစ်ရာခန့်က ဝိုင်းဝန်းကန့်ကွက်ပြီး နှင်လွှတ်လိုက်ကြကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။ “ကျွန်မတို့တစ်ရွာလုံးက လက်မခံဘူး မလိုလားဘူးဆိုပြီး ဘတ်ဟိုးဝင်လာချိန်မှာ ဆန္ဒပြခဲ့ကြတယ်။ ကန့်ကွက်ခဲ့ ကြတယ်။ ကျွန်မတို့ဆီမှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းထားတာရှိတယ်။ သဘာဝပတ်ဝန်းကျင်တွေ ပျက်စီးမှာစိုးလို့ အကုန်လုံးက ကန့်ကွက်ခဲ့ကြတာ”ဟု အထက်ပါအမျိုးသမီးက ပြောသည်။ ပုလောမြို့နယ်က ဦးဇော်လွင်ဆိုသူဦးဆောင်သည့် လူတစ်စုက စက်ယန္တရားများဖြင့်ရောက်လာခြင်းဖြစ်ပြီး ကုမ္ပဏီအမည်ကိုမသိကြကြောင်း […]

စစ်စခန်းများ သိမ်းပိုက်ခံနေရချိန် ဝန်ထမ်းများ ကိုယ်အလေးချိန်လျှော့ကြရန် တိုင်းစစ်ကောင်စီညွှန်ကြား

Dawei Watch

November 14, 2023

တော်လှန်ရေးအဖွဲ့များနှင့် တိုင်းရင်းသားလက်နက်ကိုင်များက စစ်ကောင်စီစခန်းများကို နိုင်ငံအနှံ့ တိုက်ခိုက်သိမ်းပိုက်နေချိန်တွင် နိုင်ငံ့ဝန်ထမ်းများ ဒီဇင်ဘာလအပြီး ဝိတ်ချကြရန် တနင်္သာရီတိုင်းစစ်ကောင်စီက ညွှန်ကြားထားဟု ဝန်ထမ်းအသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။ နိုဝင်ဘာလ ၁၃ ရက်နေ့က ပြုလုပ်သည့် တိုင်းစစ်ကောင်စီအစည်းအဝေးတွင် ဌာနဆိုင်ရာအရာရှိများကို ညွှန်ကြားလိုက်ခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ ကိုယ်အလေးချိန် စံသတ်မှတ်ရာတွင် Body Mass Index (BMI) ကိုယ်အလေးချိန်နှင့် အရပ်အမြင့်အချိုးအစား တွက်ချက်နည်းဖြင့် အဝလွန်၊ မလွန် သတ်မှတ်ခြင်းဖြစ်သည်။ ဥပမာအားဖြင့် အရပ်အမြင့် ငါးပေလေးလက်မရှိသူသည် ကိုယ်အလေးချိန် ၁၄၀ ပေါင်ရှိပါက BMI 24 ရှိပြီး အဝမလွန်ဘဲ ပုံမှန်အနေအထားဖြစ်သည်။ သို့သော်လက်ရှိအချိန်ထိ ဌာနဆိုင်ရာ အရာရှိများက အောက်ခြေဝန်ထမ်းများကို ညွှန်ကြားခြင်းမရှိသေးကြောင်း စုံစမ်းသိရသည်။ ဒေသအတွင်း ပုံမှန်အနေအထားရှိနေကြောင်း စစ်ကောင်စီက လှည့်စားလိုသည့်အတွက် ယခုကဲ့သို့ […]

လက်နက်ကြီးဖြင့် ပစ်မည်စိုး၍ လယ်သစ်ဒေသခံများ ရွာလုံးကျွတ်ပြောင်းရွှေ့

Dawei Watch

November 14, 2023

စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မည်ကို စိုးရိမ်သည့်အတွက် တနင်္သာရီမြို့နယ် လယ်သစ်ကျေးရွာက ဒေသခံများ ရွာလုံးကျွတ်ရွှေ့ပြောင်းနေကြကြောင်း ဒေသခံများထံမှ သိရသည်။ စန်းသစ်ရွာတောင်ပေါ်ရှိ စစ်ကောင်စီတပ်က လယ်သစ်ကျေးရွာဖက်ကို လက်နက်ကြီးဖြင့် ချိန်ရွယ်ထားသည် ဆိုသည့်သတင်းများကြားရပြီးနောက် နိုဝင်ဘာ ၁၃ ရက်နေ့မှစကာ ပြောင်းရွှေ့နေခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။ ဒေသခံများက တောတောင်နှင့် ဥယျာဥ်အတွင်း ပြောင်းရွှေ့နေကြသည်ဟု ဒေသခံများ ကပြောသည်။ “ရွာမှာ လူမရှိတော့ဘူး။ညကတည်းက အကုန်(တောထဲ)ဝင်လာကုန်ပြီ။မကြောက်တဲ့ တစ်အိမ်နှစ်အိမ်လောက်ပဲ ကျန်တော့တယ်”ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ လယ်သစ်ကျေးရွာတွင် အရှေ့ကမ်းနှင့် အနောက်ကမ်း နှစ်ခုပေါင်းပါက နေအိမ်တစ်ထောင်ကျော်ရှိသည်။ ယခင်ကလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စန်းသစ်ရွာတောင်ပေါ်ရှိ စစ်ကောင်စီတပ်က ကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခဲ့ဖူးကြောင်း ဒေသခံများက ဆိုသည်။ လက်ရှိတွင် ပျူစောထီးများပါဝင်သည့် စစ်ကောင်စီတပ်စစ်ကြောင်းသည် လယ်သစ်ရွာနှင့် မဝေးသည့် မင်းဂုတ်ရွာဝန်းကျင်သို့ရောက်ရှိနေပြီး […]