ရခိုင်တွင် ရေလမ်း၊ ကုန်လမ်းအားလုံးကို စစ်ကောင်စီက သွားလာခွင့် ပိတ်ဆို့ထား
Dawei Watch
November 13, 2023စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲစတင်ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်ရှိ မြို့နယ်များ၏ ကုန်းလမ်း၊ ရေလမ်း အားလုံးကို စစ်ကောင်စီက ပိတ်ဆို့ထားလိုက်ပြီဖြစ်ကြောင်း ခရီးသွားလာနေသူများကိုးကားကာ Western News သတင်းဌာနတွင် ဖော်ပြထားသည်။ လက်ရှိပိတ်ဆို့ထားသည့်အခြေနေမှာ မြို့အနှံ့ကုန်းလမ်းရေလမ်းအားလုံးအပြင် ရန်ကုန်၊ စစ်တွေအဝေးပြေးကား လမ်းတစ်လျှောက်သွားလာခွင့်များကို ခွင့်မပြုဘဲ အားလုံးနီးပါးကို စစ်ကောင်စီဘက်မှ ပိတ်ဆို့လိုက်ခြင်း ဖြစ်သည်။ မြို့နယ်အလိုက် ရေလမ်းကြောင်း အဓိကပြေးဆွဲလျှက်ရှိသည့် ရွှေပြည်တန်အမြန်ရေယာဉ်မှ စစ်တွေမှ ကျောက်ဖြူ၊ ရမ်းဗြဲ၊ ကျောက်နီမော်၊ တောင်ကုတ်၊ စစ်တွေ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ပေါက်တော၊ မင်းပြား၊ မြောက်ဦး စသည့်ခရီးစဉ်များကို ယာယီရပ်နားကြောင်း ယနေ့ နိုဝင်ဘာ ၁၃ ရက်နေ့ တွင် ထုတ်ပြန်လိုက်သည်။ ရေလမ်းကြောင်းအပြင် မြို့နယ်အနှံ့ဆက်သွယ်ထားသည့် ကုန်လမ်းကြောင်းများအားလုံးပါ စစ်ကောင်စီမှ ဂိတ်အလိုက်ပိတ်ဆို့မှုတို့ပြုလုပ်ထားသည့်အတွက် အကြောင်းအမျိုးမျိုးဖြင့် ခရီးသွားလာနေသူအများအပြား […]


