ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ပေါက်တိုင်းတံတားဂိတ် ပစ်ခတ်မှုဖြစ်ပြီးနောက် ကျောက်ရပ်ရွာသားအချို့ ပြောင်းရွှေ့

Dawei Watch

November 28, 2023

ထားဝယ်မြို့နယ်၊ ကျောက်ရပ်ကျေးရွာအုပ်စုတွင် ပေါက်တိုင်တံတားဂိတ် ပစ်ခတ်ခံရမှုဖြစ်စဥ်အပြီးတွင် ရွာသားအချို့မှာ မြို့ပေါ်နှင့် အခြားဒေသများသို့ ရွှေ့ပြောင်းသွားကြကြောင်း ဒေသခံများထံမှသိရသည်။ “ အများစုကတော့ မပြောင်းကြပါဘူး။ ပြောင်းတဲ့လူတွေကတွေ့ ဖြစ်ပြီးတဲ့နောက်တစ်နေ့ကစပြီး ပြောင်းနေကြတယ်။ ကျန်နေတဲ့လူတွေကလည်းသတိနဲ့နေရတယ်။ ဘယ်အချိန်ဘာထပ်ဖြစ်မလဲမသိဘူး” ဟု ကျောက်ရပ်ကျေးရွာအုပ်စုက ဒေသခံတစ်ဦးကပြောသည်။ နိုဝင်ဘာလ ၂၆ ရက် ၊ မနက်၅နာရီနှင့် ၇နာရီအကြားက ပေါက်တိုင်းတံတား စစ်ဆေးရေးဂိတ်တွင် လက်နက်ကြီးပစ်ခတ်သံနှင့်သေနတ်ပစ်သံများ ကြားရပြီးနောက်  ကျောက်ရပ်ကျေးရွာအတွင်း နေအိမ်၂လုံး လက်နက်ကြီးထိမှန်ခဲ့ပြီး အမျိုးသား၂ ဦးလည်း ဒဏ်ရာရခဲ့ကြောင်း ဒေသခံတို့ကပြောပြသည်။ လုံခြုံရေးအရစိုးရိမ်၍ ပြောင်းရွှေ့နေကြခြင်းဖြစ်ကြောင်း ဒေသခံတို့ကဆိုသည်။ “ အနီးအနားပတ်ဝန်းကျင်က သူတွေလည်းပြောင်းနေကြတယ်။ ဘာမှထွေထွေထူးထူးမဖြစ်သေးပေမယ့် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ပြောင်းထားတယ်” ဟု ကျောက်ရပ်ရွာမှ ထားဝယ်မြို့ပေါ်သို့ ယာယီရွှေ့ပြောင်းလာသည့် အမျိုးသမီးတစ်ဦးကပြောသည်။ အဆိုပါ ပေါက်တိုင်းတံတားဂိတ်အနီး ပစ်ခတ်မှုဖြစ်စဥ်နှင့် ပတ်သက်၍ မည့်သည့်အဖွဲ့အစည်းကလုပ်ဆောင်ခဲ့ကြောင်းထုတ်ပြန်ခြင်းကို နိုဝင်ဘာလ ၂၈ ရက် နေ့လယ်ပိုင်းအထိ […]

မီးပျက်သဖြင့် ဖယောင်းတိုင်မီးထွန်းရာမှ နေအိမ်မီးလောင်ပြာကျ

Dawei Watch

November 28, 2023

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် ဂေါ့အင်းကျေးရွာတွင် နိုဝင်ဘာလ ၂၇ ရက်ညက နေအိမ်တစ်ဆောင် မီးလောင်ပျက်စီးသွားကြောင်း‌ ဒေသခံအချို့က ပြောသည်။ လျှပ်စစ်ဓာတ်အား ပြတ်တောက်သွားချိန် ဖယောင်းတိုင်မီးထွန်းရာမှတစ်ဆင့် ညဦးပိုင်း ၆နာရီဝန်းကျင်တွင် မီးလောင်ကျွမ်းခြင်းဖြစ်ကြောင်း အိမ်နီးချင်းတစ်ဦးက ဆိုသည်။ “အဲဒီအိမ်မှာက အသက် ၉၀ ကျော် အဘွားကြီးတစ်ယောက်နဲ့ ကလေးတွေပဲ ရှိတာ။ မီးပျက်တော့ ဖယောင်းတိုင်မီး ထွန်းထားတာ။ မငြှိမ်းမိဘူးထင်တယ်။ အဲဒီကနေ လောင်တာ” ဟု ၎င်းက ပြောသည်။ နေအိမ်မီးလောင်နေသည်ကို အခြားသူများက တွေ့ရှိပြီး သတိပေးမှ အိမ်ရှင်များက သိရှိပြီး မီးငြှိမ်းသတ်ခဲ့ရကြောင်း ဒေသခံတို့က ဆိုသည်။ မီးလောင်ကျွမ်းသည့်အချိန်မှာ ညနေပိုင်းဖြစ်သော်လည်း နောက်ကျမှ သိရှိသောကြောင့် အချိန်မီ မီး မငြှိမ်းသတ်နိုင်ခဲ့ကြောင်း ဆိုသည်။ အောက်ထပ် ကွန်ကရစ်၊ အပေါ်ထပ် သစ်ဖြင့် […]

မဟာချိုင်‌တွင် ပွဲစားတစ်ဦးက မြန်မာလုပ်သားများထံမှ ဘတ် ၁ သန်းကျော် လိမ်လည် 

Dawei Watch

November 28, 2023

ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင် မဟာချိုင်ဒေသရှိ နာမည်ကြီး အကျိုးဆောင်အေဂျင်စီတစ်ခု၏ မြန်မာပွဲစားတစ်ဦးက မြန်မာအလုပ်သမားများထံမှ ဘတ် ၁ သန်းကျော်ကို လိမ်လည်ယူဆောင်၍ ထွက်ပြေးသွားခဲ့ကြောင်း Union Brothers ပြည်သူ့အကျိုးဆောင်အဖွဲ့နှင့် အလုပ်သမားများထံမှ သိရသည်။ မဟာချိုင် ဝေလ ၁၀ လမ်းရှိ import system group အေဂျင်စီတွင် လုပ်ကိုင်နေသော မြန်မာပွဲစားတစ်ဦးက အလုပ်လုပ်ခွင့်လက်မှတ် (ပန်းရောင်ကတ်) ရိုက်ပေးမည်ဟုဆိုကာ မြန်မာအလုပ်သမားများထံမှ တစ်ဦးလျှင် ဘတ် ၈၂၀၀ မှ ၁၄၀၀၀ အထိ ကောက်ခံပြီး အဆိုပါငွေများကို ယူ၍ ထွက်ပြေးသွားကြောင်း မြန်မာအလုပ်သမားများထံမှ သိရသည်။ ယင်းအေဂျင်စီသည် မြန်မာအလုပ်သမားများအား ဗီဇာ၊ work permit၊ သံရုံးထောက်ခံစာ၊ သူဌေးပြောင်း စသည့် ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာကိစ္စများကို တရားဝင် ဆောင်ရွက်ပေးနေသော အေဂျင်စီဖြစ်ကြောင်း မြန်မာအလုပ်သမားများထံမှ သိရသည်။ ယခုလိမ်သွားသူသည် အေဂျင်စီတွင်လုပ်ကိုင်နေသော ကိုရဲအမည်ရှိ […]

လောင်းလုံးဘုရားလှည့်ပွဲ

Dawei Watch

November 28, 2023

‌လောင်းလုံးမြို့ ဘုရားလှည့်ပွဲကို ယနေ့(နိုဝင်ဘာ) နံနက်စောစောမှစကာ မြို့အတွင်းလှည့်လည် အပူဇော်ခံနေသည်။ အဆိုပါဘုရားပွဲကို တန်ဆောင်မုန်းလပြည့်နေ့တွင် ကျင်းပခဲ့ပြီး ထားဝယ်မြို့ပေါ် နှစ်ကျိပ်ရှစ်ဆူဘုရားပွဲထက် တစ်ရက်နောက်ကျပြီး ကျင်းပလေ့ရှိသည်။ ဘုရားလှည့်ပွဲမတိုင်မီ ရက်ပိုင်းအလိုတွင် လောင်းလုံးမြို့အတွင်း ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ကား မိုင်းခွဲပစ်ခတ်ခံရသည်။

တနင်္သာရီတွင် တပ်ဖွဲ့သုံးဖွဲ့ပေါင်းပြီး တောင်ပိုင်းညီနောင်စစ်ကြောင်းဖွဲ့စည်း

Dawei Watch

November 27, 2023

တနင်္သာရီမြို့နယ်တွင် တပ်ဖွဲ့သုံးဖွဲ့ပူးပေါင်းပြီး တောင်ပိုင်းညီနောင်စစ်ကြောင်း ဖွဲ့စည်းလိုက်ကြောင်း သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့များက ထုတ်ပြန်ကြေညာလိုက်သည်။ မဟာမိတ်ညီနောင်သုံးဖွဲ့ဖြစ်သည့် ခွပ်ဒေါင်းတမန်အထူးစစ်ကြောင်း၊ KTLA ကော်သူးလေကျားကြီး ကွန်မန်ဒိုအဖွဲ့နှင့် PLA ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့တို့ ပူးပေါင်းကာ နိုဝင်ဘာလ ၂၅ ရက်နေ့တွင် Southern Brother Army တောင်ပိုင်းညီနောင်များစစ်ကြောင်း (S B A) ကို ဖွဲ့စည်းလိုက်ကြောင်း ခွပ်ဒေါင်းတမန်အထူးစစ်ကြောင်းက ယနေ့ နိုဝင်ဘာလ ၂၇ရက်တွင် ထုတ်ပြန်သည်။ ခွပ်ဒေါင်းတမန်စစ်ကြောင်းနှင့် KTLA ကော်သူးလေတပ်မတော်တို့သည် စစ်ကောင်စီတပ်များကို တိုက်ခိုက်နေသည့် တပ်ဖွဲ့များ ဖြစ်သည်။ တပ်ပေါင်းစုစစ်ကြောင်း S B A အနေဖြင့် စစ်ရေးအရှိန် ဆက်လက်မြှင့်တင်သွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင်ရေးသားထားသည်။ ယခုကဲ့သို့ ပူးပေါင်းဖွဲ့စည်းလိုက်သည့်အတွက် စစ်ရေးအရှိန်မြှင့်ရန် အားသာချက်များစွာရှိသလို ရဲဘော်အင်အားများ လာသည့်အတွက် လိုအပ်ချက်လည်း များစွာလည်း ရှိလာကြောင်း ခွပ်ဒေါင်းတမန်အထူးစစ်ကြောင်း၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ရဲဘော်ကိုဇေက ပြောသည်။ “ဒီလိုစုပေါင်းအားနှင့် တော်လှန်မယ်ဆို ပိုပြီး ခရီးရောက်မြန်သွားတာပေါ့” ဟု ရဲဘော် ကိုဇေက ပြောဆိုသည်။ တနင်္သာရီမြို့နယ်တွင် […]

ထားဝယ်ဒေသအတွင်းရှိ သက်တမ်းရှည်နှစ်ကျိပ်ရှစ်ဆူဘုရားပွဲများ အကျဉ်းချုံးကျင်းပ

Dawei Watch

November 27, 2023

ညောင်ဇင်၊ ကံပေါက်နှင့် လောင်းလုံးမြို့ တို့တွင် ကျင်းပသည့် ထားဝယ်ခရိုင်အတွင်းရှိ သက်တမ်းရှည် နှစ်ကျိပ်ရှစ်ဆူဘုရားလှည့်ပွဲများကို ယခုနှစ်တွင်လည်း အကျဥ်းချုံးကျင်းပသွားမည်ဖြစ်ကြောင်း ဘုရားပွဲစီစဥ်သူများနှင့် ဒေသခံများထံက သိရသည်။ နှစ် ၈၀ နီးပါး သက်တမ်းရှိသည့် ညောင်ဇင်ရွာဘုရားပွဲနှင့် ကံပေါက်ရွာဘုရားပွဲကို နိုဝင်ဘာလ ၂၇ရက် (ယနေ့) မွန်းလွဲပိုင်းက ကျေးရွာအတွင်း မော်တော်ယာဥ်များဖြင့် ရုပ်ပွားတော်များပင့်ဆောင်၍ လှည့်လည်ပြီးဖြစ်ကြောင်း ပွဲစီစဥ်သူများက ပြောသည်။ “အရင်နှစ်ကလိုပဲ ဘုရားတွေ ရွာထဲကားနဲ့ပင့်ပြီးလှည့်လိုက်တယ်။ ဘုရားတွေတောင်ကျောင်း ပြန်ရောက်နေပြီ” ဟု ကံပေါက်ရွာဘုရားပွဲ စီစဥ်ရာတွင် ပါဝင်သည့် ဆရာတော်တစ်ပါးက မိန့်သည်။ ကံပေါက်ရွာနှင့် ညောင်ဇင်ရွာတွင် ယခုနှစ်ကျင်းပသည့်ဘုရားပွဲသည် ယခင်ကျင်းပသည့် ဘုရားပွဲ များကဲ့သို့ ရပ်ကွက်ပေါင်းစုံဂေါပကအဖွဲ့များ စုစည်းခြင်းမျိုးမဟုတ်ဘဲ ဘုန်းကြီးကျောင်းက စီစဥ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။ ကိုဗစ်ကာလနှင့် စစ်ရေးပဋိပက္ခများကြောင့် ညောင်ဇင်ရွာနှင့် ကံပေါက်ရွာတွင် ၂၀၁၉ ခုနှစ်ကစပြီး ဘုရားပွဲရပ်နားခဲ့ပြီး ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် မှစ၍ ပြန်လည်ကျင်းပခြင်းဖြစ်သည်။ လောင်းလုံးမြို့တွင်လည်း ပွဲတော်သက်တမ်း ၉၁ နှစ်ရှိ ဘုရားကိုးဆူလှည့်လည်ပွဲကို နိုဝင်ဘာလ ၂၈ ရက်တွင် ကျင်းပရန်စီစဥ်ထားကြောင်း မြို့ခံများထံမှ သိရသည်။ ပွဲတော်သက်တမ်း နှစ် ၅၀နှင့်အထက်ရှိသည့် ကနက်သီရီရွာဘုရားပွဲကိုမူ ဒေသခံအများစု စစ်ဘေးရှောင်အဖြစ် ထွက်ပြေးနေရသဖြင့် မကျင်းပနိုင်သလို နှစ် ၃၀နီးပါးသက်တမ်းရှိသည့် သရက်ချောင်းမြို့ ဘုရားပွဲကိုလည်း မကျင်းပဖြစ်ကြောင်း ၎င်းဒေသခံများက ပြောသည်။ ကျေးရွာအလိုက်ကျင်းပသည့် ဘုရားလှည့်ပွဲများကိုလည်း စုစုစည်းစည်းမကျင်းပနိုင်ဘဲ မိမိရပ်ရွာအလိုက် ကန့်သတ်ကျင်းပခြင်းမျိုးရှိကြောင်း ဒေသခံတို့က ဆိုသည်။ နိုဝင်ဘာလ ၂၆ တွင် ထားဝယ်မြို့တွင် ၃ နှစ်ကြာ ရပ်နားထားသည့် နှစ်ကျိပ်ရှစ်ဆူဘုရားပွဲကို ညဘက်အစား နေ့ဘက်ပြောင်းလဲကျင်းပခဲ့သည်။ အဖိတ်နေ့ည ထားဝယ်ဘုရားပွဲ ပြီးနောက် တန်ဆောင်မုန်းလပြည့်နေ့နှင့် လပြည့်ကျော်တစ်ရက်တွင် ကျင်းပလေ့ရှိသည့် ညောင်ဇင်၊ ကံပေါက်၊ သရက်ချောင်း၊ လောင်းလုံးနှင့် ကနက်သီရိဘုရားပွဲများသည် လည်း ထားဝယ်ဒေသအတွင်း နာမည်ကျော်တန်ဆောင်တိုင်ဘုရားပွဲများဖြစ်ကြသည်။

ပကာရီရွာက နေအိမ်နှစ်ဆယ်ကျော်ကို စစ်ကောင်စီတပ် ဝင်ရောက်ရှာဖွေစစ်ဆေး

Dawei Watch

November 27, 2023

ထားဝယ်မြို့နယ်၊ အရှေ့တောဒေသ ပကာရီကျေးရွာက နေအိမ်နှစ်ဆယ်ကျော်ကို စစ်ကောင်စီတပ်က ဝင်ရောက်ရှာဖွေစစ်ဆေးကြောင်း ဒေသခံအချို့က ပြောသည်။ နိုဝင်ဘာလ ၂၃ ရက် ကျောက်မဲတောင်ရဲစခန်း တိုက်ခိုက်ခံရပြီးနောက် နိုဝင်ဘာ ၂၅ ရက် နံနက် ၅ နာရီခွဲခန့်တွင် အင်အား ၂၀၀ ကျော်ပါသည့် စစ်ကောင်စီတပ်များ ပကာရီကျေးရွာကို ရောက်ရှိနေခြင်း ဖြစ်သည်။ ယင်းအနက် ကျောက်မဲတောင်ရွာတွင် အင်အား ၃၀ခန့်မှာ ကျေးရွာစာသင်ကျောင်းတွင် တပ်စွဲကျန်ရှိကာ ကျန်စစ်ကောင်စီတပ်ဖွဲ့ဝင်တို့သည် စစ်ကြောင်းနှစ်ကြောင်းခွဲကာ စစ်ကြောင်းထိုးနေကြောင်း ဒေသခံတို့ထံမှ သိရသည်။ ရွာတွင် တပ်စွဲကျန်ခဲ့သည့် စစ်ကောင်စီတပ်သားများသည် နိုဝင်ဘာလ ၂၆ ရက် မွန်းလွဲပိုင်းမှစတင်ကာ နေအိမ် နှစ်ဆယ်ကျော်ကို တစ်အိမ်တစ်ဆင်း ဝင်ရောက်ရှာဖွေ စစ်ဆေးခဲ့ကြောင်း ပကာရီကျေးရွာက ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ “ဧည့်စာရင်းစစ်တဲ့ ပုံစံမျိုးလည်း မဟုတ်ဘူး။ […]

သရက်ချောင်းတွင် စစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ် ပစ်ခတ်တိုက်ခိုက်

Dawei Watch

November 27, 2023

သရက်ချောင်းမြို့နယ်၊ သိမ်ကုန်းရေတံခွန်အနီးတွင် စစ်ကောင်စီတပ်စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်က မနေ့(နိုဝင်ဘာ ၂၆)ညနေ ၅ နာရီခွဲခန့်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့နှင့် ဒေသခံအချို့က ပြောသည်။ ခန့်မှန်းအင်အား ၃၀-၄၀ ရှိသည့် စစ်ကောင်စီတပ်စစ်ကြောင်းသည် ကတွဲမှ သိမ်ကုန်းဘက်ကိုထွက်လာပြီး စခန်းတစ်ထောက်နားနေချိန် ဒေါင်းမင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ဝါးရိပ်ခွန်အားပြောက်ကျားတပ်ဖွဲ့တို့က ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေါင်းမင်းစစ်ကြောင်းမှ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ကျောက်ခဲက ပြောသည်။ “ပစ်ခတ်မှုကြာချိန်က ၁၅ မိနစ်လောက်ရှိတယ်၊ သူတို့ဘက်က ထိခိုက်မှုကိုတော့ အတည်ပြုနေဆဲပဲ၊ သုံးယောက်လိုလို ဆယ်ယောက်လိုလိုပြောနေကြတာတော့ရှိတယ်၊ ကျွန်တော်တို့ဘက်ကတော့ အထိအခိုက်မရှိဘူး” ဟု ရဲဘော်ကျောက်ခဲက ဆိုသည်။ ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်ဘက်က PDF များရှိနိုင်သည်ထင်သောနေရာများကို လက်နက်ကြီးဖြင့် ပစ်ခတ်မှုများပြုလုပ်ခဲ့သည်ဟု ရငဲကျေးရွာမှ စစ်ဘေးရှောင်နေရသည့် ဒေသခံအမျိုးသမီးက ပြောသည်။ “ဒီနေ့လည်း လက်နက်ကြီးနဲ့ပစ်နေသေးတယ်၊ ခုဏ(မွန်းလွဲ)ကအထိ ပစ်နေတာ၊ ကျွန်မတို့နေတဲ့နေရာကနေ […]