ချွန်ဘူရီတွင် မြန်မာလုပ်သား ၁၈ ဦး လုပ်အားခမရသဖြင့် အခက်အခဲဖြစ်နေ
Dawei Watch
November 30, 2023ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် လုပ်ကိုင်နေသော မြန်မာအလုပ်သမား ၁၈ ဦးသည် လုပ်အားခ မရရှိသဖြင့် အခက်အခဲများ ကြုံတွေ့နေရကြောင်း လိုက်ပါကူညီဆောင်ရွက်ပေးနေသော WAG မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့ထံမှ သိရသည်။ ချွန်ဘူရီခရိုင် နောင်းလွန်ဒေသရှိ ဖိုးလက်မောင်း (ဆောက်လုပ်ရေး) ဆိုဒ်တွင် လုပ်ကိုင်နေသော မြန်မာအလုပ်သမားများသည် ၃ လနီးပါးကြာသည်အထိ လုပ်အားခ ထုတ်ပေးခြင်းမရှိသဖြင့် စားဝတ်နေရေးအတွက် အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။ အလုပ်သမားတစ်ဦးလျှင် လစာငွေ ဘတ် ၃၀၀၀၀ ကျော် ရရန်ရှိနေပြီး အလုပ်သမားအားလုံး စုစုပေါင်း ဘတ် ၅ သိန်းကျော် အထိရမည်ဖြစ်သည်။ လုပ်ငန်းခွင်တွင် လုပ်အားခလည်းမှန်မှန်မပေးသလို အချိန်ပိုကြေးများကိုလည်း စာရွက်စာတမ်းကြေးဟုဆိုကာ အလုပ်သမားခေါင်းဆောင်က ဖြတ်တောက်ထားခဲ့ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။ အလုပ်သမားခေါင်းဆောင်က လုပ်အားခထုတ်ပေးရမည့်အစား ချေးငွေများကို အတိုးယူ၍ ထုတ်ပေးထားသဖြင့် အလုပ်သမားများ လုပ်အားခမရရှိဘဲ […]


