ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ဖမ်းဆီးခံ ထားဝယ်အရှေ့တောဒေသခံ လေးဆယ်နီးပါးပြန်လွတ်၊ မိန်းကလေးငယ်နှစ်ဦးအပါအဝင် သုံးဦး မလွတ်သေး

Dawei Watch

November 29, 2023

ထားဝယ် အရှေ့တောဒေကို စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းက ဖမ်းဆီးသွားသည့် ဒေသခံ လေးဆယ်နီးပါး ပြန်လွတ်လာပြီး သုံးဦးပြန်မလွတ်လာသေးကြောင်း ဒေသခံများက ပြောသည်။ ကျောက်မဲတောင်ရဲစခန်း တိုက်ခိုက်ခံရပြီးနောက် နိုဝင်ဘာလ ၂၅ ရက် နံနက် ၅ နာရီခန့်တွင် အရှေ့တောနယ်မြေ ပကာရီကျေးရွာကို မြေသယ်ကား ၆ စီးဖြင့် အင်အား ၂၀၀ ကျော်ပါသည့် စစ်ကောင်စီတပ် စစ်ကြောင်း ရောက်လာသည်။ အင်အား ၃၀ ကျော်မှာ ပကာရီကျေးရွာတွင် ကျန်ခဲ့ပြီး ကျန်တပ်ဖွဲ့ဝင်များမှာ စစ်ကြောင်း နှစ်ကြောင်းခွဲကာ ကျောက်မဲတောင် ရဲစခန်းဘက်ကို ပခပ်ရွာလမ်းမှတဆင့် တောလမ်းအတိုင်း စစ်ကြောင်းထိုးခဲ့ကြောင်း ဒေသခံများက ပြောသည်။ အဆိုပါစစ်ကြောင်းသည် ဥယျာဉ်ခြံထဲတွင် တွေ့သည့် ပကာရီ၊ ပခပ်၊ ဝကုန်းရွာသူရွာသား အမျိုးသား၊ အမျိုးသမီး လေးဆယ်ဦးခန့်ကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း […]

မြိတ်တွင် စစ်ကောင်စီယာဉ်တန်း ထပ်မံမိုင်းဆွဲတိုက်ခိုက်ခံရ

Dawei Watch

November 29, 2023

မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းပေါ်တွင် စစ်ကောင်စီတပ်ယာဉ်တန်းကို ယနေ့ နံနက်ပိုင်းက ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးအင်အားစုများထံမှ သိရသည်။ စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရမှုမှာ လေးရက်အတွင်း ဒုတိယအကြိမ်ဖြစ်သည်။ ယနေ့ နိုဝင်ဘာလ ၂၉ ရက် နံနက် ၉ နာရီခွဲဝန်းကျင်တွင် ကျောက်တင်ကား နှစ်စီးဖြင့် မြိတ်ဖက်မှ လာသည့် စစ်ကောင်စီယာဥ်နှစ်စီးကို ပြည်ထောင်စုလမ်းပေါ် ကမ်းတိုရွာအနီးတွင် မိုင်းဆွဲခဲ့ခြင်းဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများထံမှ သိရသည်။ “မြိတ်ဘက် တက်လာချိန်  ပဒေသာမိုင်းနဲ့ ဆွဲလိုက်တာ။ စရဖ တစ်ဦး သေတယ်လို့တော့ ကြားရတယ်။ အတိအကျ စုံစမ်းနေတုန်းပါ” ဟု ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်တစ်ဦးက ပြောသည်။ ဘန်းလမွတ်ကျေးရွာအုပ်စု၊ ကမ်းတိုရွာအနီးတွင် စစ်ကောင်စီကားနှစ်စီးအား ပဒေသာမိုင်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း တနင်္သာရီပြည်သူ့ကာကွယ်ရေးအဖွဲ့ကလည်း ထုတ်ပြန်ထားသည်။ မိုင်းဆွဲခံရသည့်အတွက် စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးနိုင်ပြီး ထိခိုက်မှုကို စုံစမ်းနေဆဲဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ မိုင်းဆွဲခံရပြီးနောက် စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဘေးပတ်ဝန်းကျင်ကို အဆက်မပြတ်ပစ်ခတ်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ထိခိုက်မှု မရှိကြောင်း ဖော်ပြသည်။ ယင်းတိုက်ခိုက်မှုကို တနင်္သာရီ ပကဖ၊ မြိတ် […]

ချင်းမိုင်တွင် ဓာတုပစ္စည်းပေါက်ကွဲမှုကြောင့် မြန်မာလုပ်သား အပါအဝင် ၃ ဦးသေဆုံး

Dawei Watch

November 29, 2023

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင်ရှိ သစ်သီးခြံတွင် ဓာတုပစ္စည်း ပေါက်ကွဲမှုကြောင့် မြန်မာအလုပ်သမားအပါအဝင် ၃ ဦး သေဆုံးခဲ့ကြောင်း ထိုင်းသတင်းဌာနများနှင့် ထိုင်းပြည်သူ့ဆက်ဆံရေး နယ်မြေ ၃ က ဖော်ပြထားသည်။ ချင်းမိုင်ခရိုင် ဖလောင်းဝူးဒေသ မဲ့ဝဲရွာရှိ လမ်ယိုင်သစ်သီးခြံ (လုံငန်းသီးခြံ) တွင် နိုဝင်ဘာလ ၂၈ ရက်နေ့ ညနေ ၃ နာရီခွဲ အချိန်က ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ ပေါက်ကွဲမှုဖြစ်ပွားချိန်တွင် ခြံအတွင်း မြန်မာအလုပ်သမား ၂ ဦးနှင့် ထိုင်းအလုပ်သမားတစ်ဦး လုပ်ကိုင်နေကြောင်း သိရသည်။ ပေါက်ကွဲမှုကြောင့် နန်းဒဲအမည်ရှိ မြန်မာအလုပ်သမားတစ်ဦးနှင့် ထိုင်းနိုင်ငံသား အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး အလောင်းများကို ခြံအတွင်းရှိ အလုပ်ရုံနှင့် သစ်ပင်ပေါ်တွင် တွေ့ရှိခဲ့ရခြင်းဖြစ်သည်။ ကိုအောင်အမည်ရှိ မြန်မာအလုပ်သမားတစ်ဦးလည်း ကိုယ်ပေါ်တွင် မီးလောင်ဒဏ်ရာများဖြင့် အပြင်းအထန်ဒဏ်ရာရရှိခဲ့သဖြင့် ဖလောင်းဝူဆေးရုံသို့ […]

လောက်ကိုင်မြို့တွင် ပိတ်မိသူ သုံးသောင်းကျော်ထွက်ခွာ

Dawei Watch

November 29, 2023

တိုက်ပွဲများကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း လောင်ကိုင်မြို့ထဲတွင် တစ်လနီးပါး ပိတ်မိနေသူများကို ကိုးကန့်တပ် MNDAA က လမ်းဖွင့်ပေးပြီးနောက် သုံးရက်အတွင်း လူသုံးသောင်းကျော် ထွက်ခွာသွားကြောင်း MNDAA အာဘော် ကိုးကန့်မီဒီယာက ဖော်ပြသည်။ လောက်ကိုင်ဒေသတွင် စားနပ်ရိက္ခာ ပြတ်တောက်မှု၊ ဆေးကုသခွင့်မရမှုတို့ကြောင့် လောင်ကိုင်နှင့် ချင်းရွှေဟော်ကြားရှိ စစ်ဆင်ရေးများကို ဖြေလျှော့ကာ လမ်းကြောင်း ဖွင့်ပေးခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ ထွက်ပြေးတိမ်းရှောင်သည့် ဒုက္ခသည်နှင့် ကား၊ ဆိုင်ကယ် အလွန်များပြားသောကြောင့် လောက်ကိုင်မှ ချင်းရွှေဟော် လမ်းတစ်လျှောက် လမ်းပိတ်ဆို့ခဲ့ကြောင်း ဆိုသည်။ နိုဝင်ဘာလ ၂၆ ရက်မှ ၂၈ ရက်အထိ လောင်ကိုင်မြို့မှ ထွက်ခွာလာသူ သုံးသောင်းကျော်မှာ လားရှိုးနှင့် ‘ဝ’ ပြည် နမ့်တစ် မြို့များသို့ ရောက်ရှိသွားပြီဖြစ်ကြောင်းလည်း ကိုးကန့်မီဒီယာက ဖော်ပြသည်။ ကိုးကန့်ဒေသတွင် စစ်ကောင်စီတပ်စခန်းများ၊ […]

ရေဇွာမြို့ကို ချင်းတော်လှန်ရေးတပ်ဖွဲ့များ သိမ်းယူ

Dawei Watch

November 29, 2023

ချင်းပြည်နယ် မတူပီမြို့နယ်ထဲရှိ ရေဇွာမြို့ကို ချင်းတော်လှန်ရေးတပ်ဖွဲ့များက ယနေ့ နံနက်ပိုင်းတွင် သိမ်းယူလိုက်ကြောင်း ချင်းတော်လှန်ရေးတပ်ဖွဲ့တို့ထံမှ သိရသည်။ ZZLMS Operation အမည်ပေးထားသည့် ရေဇွာမြို့သိမ်းတိုက်ပွဲကို နိုဝင်ဘာလ ၂၆ ရက်တွင် စတင်ခဲ့ပြီး ယနေ့ နိုဝင်ဘာလ ၂၉ရက် နံနက် ၁၀နာရီတွင် စစ်ကောင်စီတပ်စခန်းကို သိမ်းယူနိုင်ကာ မြို့ကိုသိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ကြောင်း CDF- Zotung က ထုတ်ပြန်သည်။ ရေဇွာမြို့သိမ်းတိုက်ပွဲကို ချင်းအမျိုးသားတပ်မတော် CAN နှင့် ချင်းကာကွယ်ရေးတပ်များဖြစ်သည့် CDF Zotung၊ CDF Zophei ၊ CDF Lautu ၊ CDF Mara ၊ CDF Sengthang တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ရေဇွာတွင် တိုက်ပွဲပြင်းထန်နေချိန် စစ်ကောင်စီဘက်က လေကြောင်း တိုက်ခိုက်ခဲ့ကြောင်းလည်း ဒေသတွင်း သတင်းများတွင် ဖော်ပြသည်။ ယင်းအပြင် နိုဝင်ဘာလ ၁၃ ရက်တွင် ဖလမ်းမြို့နယ်ရှိ အိန္ဒိယ-မြန်မာနယ်စပ်မြို့ ရိဒ်ခေါဒါရ်၊ နိုဝင်ဘာလ ၂၄ ရက်တွင် မတူပီမြို့နယ်ထဲရှိ လိုင်းလင်းပီမြို့တို့ကို ချင်းတော်လှန်ရေးအဖွဲ့များက သိမ်းယူခဲ့သေးသည်။ 

ရှင်မုတ္ထီးကျေးရွာက အမျိုးသမီးတစ်ဦးကို စစ်ကောင်စီတပ်ပစ်သတ်

Dawei Watch

November 29, 2023

ထားဝယ်မြို့နယ်၊ ရှင်မုတ္ထီးကျေးရွာမှ နေအိမ်များကို ဝင်ရှောက်ရှာဖွေစစ်ဆေးနေသည့် စစ်ကောင်စီတပ်က အမျိုးသမီးတစ်ဦးကို ပစ်ခတ်သဖြင့် သေဆုံးသွားကြောင်း ဒေသခံအချို့က ပြောသည်။ “စစ်သားတွေက အိမ်တံခါးဖွင့်ပေးဖို့အပြင်ကနေ ပြောတာကို သူတို့သားမိနှစ်ယောက်က ကြောက်လန့်တကြားနဲ့ အိမ်နောက်ကနေ ထွက်ပြေးတယ်ဆိုပြောတယ်။ အဲ့မှာ စစ်သားတွေက သေနတ်နဲ့ပစ်လို့ သေသွားတယ်ဆိုပြောတယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ဖြစ်စဉ်ကို ရှင်းပြသည်။ သေဆုံးသူ အမျိုးသမီးမှာ အသက် ၅၀ ကျော်အရွယ် ဒေါ်မြင့်ဖြစ်ပြီး နိုဝင်ဘာလ ၂၈ ရက်နေ့ညက ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။ ရှင်မုတ္ထီးကျေးရွာတွင် သေနတ်ပစ်ဖောက်ကာ အိမ်များကိုမွှေနှောက်ရှာဖွေသလို လူများကိုလည်း စစ်ဆေးမေးမြန်းခဲ့သည်ဟု ဒေသခံများကပြောသည်။ ယင်းအပြင် စစ်ကောင်စီတပ်သည် ကင်းရှေ့ရွာထဲမှ နေအိမ်များကိုလည်း တစ်အိမ်တက် တစ်အိမ်ဆင်း မွှေနှောက်ရှာဖွေခဲ့သည်ဟု ယင်းရွာက အမျိုးသမီးတစ်ဦးက ပြောသည်။ “လူရှိတဲ့အိမ်က လူတွေကို […]

လောင်းလုံးဘုရားလှည့်ပွဲလိုက်သည့် အမျိုးသားတစ်ဦး မတော်တဆထိခိုက်မှုကြောင့် ဆေးရုံရောက်

Dawei Watch

November 28, 2023

ယနေ့ နံနက်ပိုင်းက ကျင်းပသည့် လောင်းလုံးဘုရားလှည့်ပွဲတွင် လိုက်ပါသည့် အမျိုးသားတစ်ဦး မတော်တဆထိခိုက်ပြီး ဆေးရုံသို့ ပို့ဆောင်လိုက်ရကြောင်း မြို့ခံအချို့က ပြောသည်။ မတော်တဆမှုကြောင့် ဦးခေါင်းဒဏ်ရာရရှိသူ အသက် ၃၀ ကျော်အရွယ် အမျိုးသားကို ယနေ့ နံနက် ၁၀ နာရီတွင် ထားဝယ်မြို့ရှိ ပုဂ္ဂလိကဆေးရုံတစ်ခုသို့ ပို့ဆောင်ခဲ့ရကြောင်း ၎င်းတို့က ဆိုသည်။ လောင်းလုံးမြို့အနီးဝန်းကျင် ကျေးရွာတို့တွင်မူ အဆိုပါအမျိုးသားမှာ ဘုရားလှည်းပေါ်မှ ပြုတ်ကျသဖြင့် ပွဲချင်းပြီး သေဆုံးသွားသည်ဟု သတင်းပြန့်လျက်ရှိကြောင်း ဒေသခံအချို့က‌ ပြောဆိုသည်။ မတော်တဆမှုတစ်ခုကြောင့် ထိခိုက်မှုဖြစ်သည်မှာ မှန်ကန်သော်လည်း အသက်သေဆုံးခြင်း မရှိကြောင်း ဆေးရုံပို့ပေးရန် ကူညီလုပ်ကိုင်ပေးသူတစ်ဦးက ပြောသည်။ ဆေးရုံတွင် ဦးခေါင်း လေးချက်ချုပ်ပြီး နေ့လည် ၁၂ နာရီတွင် လောင်းလုံးမြို့ကို ပြန်ရောက်လာခဲ့ကြောင်း ၎င်းကအတည်ပြုပြောဆိုသည်။ လောင်းလုံးမြို့ ဘုရားလှည့်ပွဲကို […]

ပလမြို့ တိုတောင်ရှိ စစ်ကောင်စီတပ်စခန်းကုန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဝင်တိုက်

Dawei Watch

November 28, 2023

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလမြို့ တိုတောင်ပေါ်ရှိ စစ်ကောင်စီတပ်စခန်းကုန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများနှင့် ပြည်သူ့ကာကွယ်ရေး၊ မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းထံမှ သိရသည်။ နိုဝင်ဘာလ ၂၇ ရက် နံနက် ၁၁ နာရီခွဲတွင် သွားရောက်တိုက်ခိုက်ခဲ့ပြီး မွန်းလွဲ ၁ နာရီတွင် ပြည်သူ့ကာကွယ်ရေးတပ်က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းက ယနေ့ နိုဝင်ဘာလ ၂၈ရက် မွန်းလွဲပိုင်းတွင် ထုတ်ပြန်ထားသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားတစ်ဦး သေဆုံးပြီး ဒဏ်ရာရသူများလည်း ရှိနိုင်ကြောင်း မြိတ်ခရိုင်တပ်ရင်း (၁) ထံမှ သိရသည်။ “ဘယ်နှစ်ဦးဒဏ်ရာရတယ်ဆိုတာကတော့ အတိအကျမသိဘူး” ဟု မြိတ်ခရိုင်တပ်ရင်း (၁) ပြန်ကြားရေးတာဝန်ခံက ပြောသည်။ ပြည်သူ့ကာကွယ်ရေးတပ်အနေဖြင့် စခန်းတစ်ခုလုံးကို ချေမှုန်းနိုင်ခြေရှိခဲ့သော်လည်း စစ်ကောင်စီတပ်က ဖြတ်သန်း သွားလာသည့် အရပ်သားများကို ပစ်ခတ်နေသည့်အတွက် ပြည်သူထိခိုက်မည် စိုးရိမ်ကာ ပြန်ဆုတ်ခွာလိုက်ရသည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ တိုတောင်ပေါ်တွင် စစ်ကောင်စီတပ်က […]