ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ဘုရားလှည့်ပွဲနေ့ ထားဝယ်မြို့အဝင်စစ်ဆေးရေးဂိတ်တွင် ပစ်ခတ်​​ပေါက်ကွဲသံများထွက်ပေါ်

Dawei Watch

November 26, 2023

ထားဝယ်မြို့အတွင်း နှစ်ကျိပ်ရှစ်ဆူဘုရားလှည့်ပွဲကျင်းပနေချိန် မြို့အဝင်စစ်ဆေးရေးဂိတ်ဖက်မှ ပစ်ခတ်ပေါက်ကွဲသံများထွက်ပေါ်လာကြောင်း ဒေသခံအချို့ကပြောသည်။ ထားဝယ်- မြိတ် ကားလမ်းမ၊ ထားဝယ်မြို့အဝင် ပေါက်တိုင်းတံတားစစ်ဆေးရေးဂိတ်အနီး လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်သံများကြားရခြင်းဖြစ်ကြောင်း ၎င်းတို့ကဆိုသည်။ “ လက်နက်ကြီးဆယ်ချက်လောက်ကြားရတယ်။ လက်နက်ငယ်အသံကအများကြီးပဲ” ဟု ပေါက်တိုင်းရွာသားတစ်ဦးက ပြောသည်။ ပစ်ခတ်ပေါက်ကွဲမှုဖြစ်ပွားသည့် အကြောင်းအရင်းကို ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။  ပစ်ခတ်ပေါက်ကွဲသံများထွက်ပေါ်ပြီးနောက် ပြောက်ကျားဝတ်စုံဝတ်ဆင်ထားပြီး  လက်နက်ကိုင်ဆောင် ထားသူများ လိုက်ပါလာသည့်ကားတစ်စီး နှင့်ဆိုင်ကယ်သုံးစီး လမ်းမပေါ်ဖြတ်သန်းသွားသည်ကို မြင်ရကြောင်း ဒေသခံများကဆိုသည်။ ပေါက်တိုင်းတံတားကိုလည်း ယာယီပိတ်ထားလိုက်ကြောင်း ဒေသခံတို့က ဆိုသည်။ လက်ရှိတွင် ထားဝယ်မြို့ထဲ၌ စစ်ကောင်စီတပ်နှင့်ရဲတပ်ဖွဲ့ဝင်များက လက်နက်အပြည့်အစုံဖြင့် စောင့်ကြပ်နေကြောင်း မြို့ခံအချို့ကဆိုသည်။ ထားဝယ်ဘုရားလှည့်ပွဲမတိုင်မီ ရက်ပိုင်းအလိုကတည်းက ပေါက်တိုင်းတံတားစစ်ဆေးရေးဂိတ်တွင်  အကာအကွယ်များတိုးချဲ့ထားခဲ့သည်ကိုတွေ့ရကြောင်း ၎င်းတို့က ပြောဆိုသည်။  ယင်းအပြင် ကျောက်ရပ်ရွာ ရွာလယ်ဇရပ်ရှိပျူစောထီးနှင့် စစ်ကောင်စီတပ်များလည်း သွားရောက် ပူးပေါင်းကာအင်အားတိုးချဲ့ထားကြောင်းဒေသခံများကပြောသည်။ ပစ်ခတ်သံများထွက်ပေါ်လာခြင်းကြောင့် […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

Dawei Watch

November 25, 2023

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ နိုဝင်ဘာလ ၁၉ ရက်နေ့မှ ၂၅ ရက်နေ့အထိ စစ်ဆင်ရေး ထပ်မံတိုးမြှင့်မယ်လို့ မြောက်ပိုင်းမဟာမိတ်ပြော တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လုပ်ဆောင်နေတဲ့ စစ်ဆင်ရေးကို ၁၀၂၇ စစ်ဆင်ရေး တစ်လပြည့်နေ့ဖြစ်တဲ့ နိုဝင်ဘာလ ၂၇ ရက်နေ့မှာ နောက်တစ်ဆင့်တက်ဖို့ အသင့်ဖြစ်နေပြီလို့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ပူးတွဲထုတ်ပြန်ပါတယ်။ ၁၀၂၇ စစ်ဆင်ရေးကို ရှမ်းမြောက်မှာ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ် MNDAA ၊ တအာင်းတပ် TNLA ၊ ရခိုင်တပ် AA တို့က အောက်တိုဘာလ ၂၇ရက်မှာ စတင်ခဲ့တာပါ။ ၁၀၂၇ စစ်ဆင်ရေး ရောက်ရှိတဲ့ ဒေသတွေမှာ စစ်ရှိန်ဆက်လက်မြင့်တက်နေပြီး စစ်ကောင်စီတပ်ရဲ့ မဟာဗျူဟာမြောက် အချက်အချာကျတဲ့ ကုန်းတွေ၊ နေရာတွေကို […]

ပလမြို့ခံ အမျိုးသားတစ်ဦးကို PDF တပ်က လာရောက်ဖမ်းဆီး

Dawei Watch

November 25, 2023

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလမြို့က အမျိုးသားတစ်ဦးကို ပုလောပြည်သူ့ကာကွယ်ရေးတပ်က လာရောက် ဖမ်းဆီးသွားကြောင်း ဒေသခံများနှင့် သက်ဆိုင်ရာတပ်ဖွဲ့ထံမှသိရသည်။ နိုဝင်ဘာ ၂၄ ရက် ညနေ ၅ နာရီဝန်းကျင်က ပလမြို့တွင်းသို့ PDF တပ်ဖွဲ့ဝင်အချို့ဝင်လာပြီး အသက် ၅၀ ကျော်အရွယ် အမျိုးသားကို ဖမ်းဆီးသွားကြောင်း ဒေသခံများက ပြောသည်။ “အဖမ်းခံရတာက အမှတ်(၃)ရပ်ကွက်က ဦးဟင်အေး လို့ပြောတယ်။ စစ်တပ်ကို သတင်းတွေ ဘာတွေပေးတာလုပ်သလား မသိရသေးဘူး” ဟု ပုလောဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ ပလမြို့နေ စစ်ကောင်စီသတင်းပေးဟု သံသယရှိသူတစ်ယောက်အား ခေါ်ယူစစ်ဆေးနေကြောင်း ပုလောပြည်သူ့ကာကွယ်ရေး၊ မြိတ်ခရိုင်တပ်ရင်း (၁) ပြန်ကြားရေး တာဝန်ခံက အတည်ပြုသည်။ “လောလောဆယ် ထိန်းသိမ်းပြီး စစ်ဆေးမေးမြန်းနေဆဲပါ” ဟု ၎င်းက ပြောသည်။ ဦးဟင်အေးအား ဖမ်းဆီးခေါ်ဆောင်ပြီး […]

ထားဝယ်အရှေ့တောဒေသကို စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က ဒေသခံအချို့ကို ဖမ်းခေါ်

Dawei Watch

November 25, 2023

ထားဝယ်မြို့နယ် အရှေ့တောဒေသကို စစ်ကြောင်းထိုးလာနေသည့် စစ်ကောင်စီတပ်က ပကာရီရွာသားနှင့် ပခပ်ရွာသား အချို့ကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံအချို့က ပြောသည်။ ယနေ့ နိုဝင်ဘာလ ၂၅ရက် နံနက် ၅ နာရီခန့်က မြေသယ်ကား ၆ စီးဖြင့် အင်အား ၂၀၀ ကျော်ခန့်ရှိသည့် စစ်ကောင်စီတပ်က ပကာရီကျေးရွာကို ရောက်ရှိနေပြီး တောလမ်းကနေ စစ်ကြောင်းနှစ်ကြောင်းခွဲဝင်ရောက်နေသည်ဟု ဒေသခံအချို့က ပြောသည်။ အဆိုပါ စစ်ကြောင်းသည် တောလမ်းကနေ စစ်ကြောင်းထိုးသွားနေပြီး ဥယျာဉ်ခြံထဲမှာတွေ့သည့် ပကာရီရွာသား ၄ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ပကာရီကျေးရွာက ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။ “ဖမ်းထားတဲ့ လူတွေကို ရိက္ခာသယ်ခိုင်းတာလည်း မတွေ့ရဘူး။ ဒီအတိုင်း ကာဗာယူဖို့ ခေါ်ထားတဲ့ပုံစံပဲ။ လမ်းပြလုပ်ခိုင်း ရအောင်ကလည်း ဒီလမ်းတွေက သူတို့သိနေတဲ့ သွားနေကြလမ်းတွေပဲ။ အခုလာတဲ့စစ်ကြောင်းမှာ အသက်ကြီးကြီး […]

လောင်းလုံး ကမ္ဘာ့ရတနာဘဏ် ရက်အကန့်အသတ်မရှိပိတ်

Dawei Watch

November 25, 2023

လောင်းလုံးမြို့ပေါ် ရှိ ကမ္ဘာ့ရတနာဘဏ်ခွဲကို ရက်အကန့်အသတ်မရှိပိတ်လိုက်ပြီဖြစ်ကြောင်း မြို့ခံအချို့ကပြောသည်။ ယနေ့ နိုဝင်ဘာလ ၂၅ ရက်တွင် ဘဏ်ရှိပစ္စည်းများကိုဖြုတ်ပြီး ထားဝယ်မြို့ဘက်ကို သယ်ယူနေသည်ကိုတွေ့ရကြောင်း မြို့ခံအချို့က ဆိုသည်။ “ပစ္စည်းတွေအကုန်သယ်နေကြတယ်။ မနေ့ကတည်းက သယ်နေကြတာ” မျက်မြင်တွေ့သည့် မြို့ခံတစ်ဦးက ပြောဆိုသည်။ လောင်းလုံးမြို့ရှိ ကမ္ဘာ့ရတနာဘဏ်ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ မြို့မရဲစခန်းနှင့် ကပ်လျက်ဖွင့်ထားခြင်းဖြစ်သည်။ မေလ ၂၃ ရက်က လောင်းလုံးမြို့မရဲစခန်းအပါအဝင် လဝကရုံး၊ စစ်ဖက်ရေးရာလုံခြုံရေးရုံတို့ တစ်ပြိုင်နက်စီးနင်းတိုက်ခိုက်ခံရဖူးသည်။ ယင်းအချိန်က ကမ္ဘာ့ရတနာဘဏ်က လုံခြုံရေး  ဝန်ထမ်းတစ်ဦးဖမ်းဆီးစစ်‌ဆေးခံရပြီး တစ်လခန့်အကြာတွင်ပြန်လွတ်မြောက်လာခဲ့ကြောင်း မြို့ခံအချို့က ပြောသည်။ ယခုလည်း လုံခြုံရေးစိတ်မချရသဖြင့် ရက်အကန့်အသတ်မရှိပိတ်လိုက်ခြင်းဖြစ်ကြောင်း ၎င်းဘဏ်နှင့်ချိတ်ဆက်ပြီး မကြာခဏ ငွေလွှဲ၊ ငွေထုတ်လုပ်ဆောင်နေသူ အမျိုးသမီးတစ်ဦးက ဆိုသည်။ “ကျွန်မတို့ကို ကြိုပြီးဖုန်းဆက်ပြီးခေါ်တယ်။ ငွေလွှဲဝင်ထားတဲ့ ပိုက်ဆံကြိုလာထုတ်ထား‌ဖို့။ ဘဏ်ပိတ်တော့မယ်။ ဒီမှာက နယ်မြေမအေးချမ်းလို့ […]

တစ်နိုင်ငံလုံးအတိုင်းအတာစစ်ဆင်ရေးကို နောက်တစ်ဆင့်တိုးမြှင့်မည်ဟု မြောက်ပိုင်းမဟာမိတ်ပြော

Dawei Watch

November 25, 2023

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်လုပ်ဆောင်နေသည့် စစ်ဆင်ရေး Nationwide Operation ကို ၁၀၂၇ စစ်ဆင်ရေး တစ်လပြည့်နေ့ဖြစ်သည့် နိုဝင်ဘာလ ၂၇ ရက်တွင် နောက်တစ်ဆင့်တက်ရန်အသင့်ဖြစ်နေပြီဖြစ်ကြောင်း မြောက်ပိုင်း မဟာမိတ်သုံးဖွဲ့ ပူးတွဲထုတ်ပြန်သည်။ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ၁၀၂၇ စစ်ဆင်ရေးကို မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့ဖြစ်သည့် ကိုးကန့်တပ် MNDAA ၊ တအာင်းတပ် TNLA ၊ ရခိုင်တပ် AA တို့က အောက်တိုဘာလ ၂၇ရက်တွင် စတင်ခဲ့ခြင်းဖြစ်သည်။ ၁၀၂၇ စစ်ဆင်ရေး ရောက်ရှိသော ဒေသများတွင် စစ်ရှိန်ဆက်လက်မြင့်တက်လျက်ရှိပြီး စစ်ကောင်စီ၏ အရေးပါသော နေရာများ၊ လက်နက်ကြီးကုန်းများကို တစ်ခုပြီးတစ်ခု ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း ဖော်ပြသည်။ လက်နက်ကြီးများဖြင့် ပစ်ခတ်နေသော စစ်ကောင်စီ စစ်စခန်းများ၊ မဟာဗျူဟာမြောက် အချက်အချာကျသောကုန်းများအား အပြီးသတ်ချေမှုန်းတိုက်ခိုက်သည့်စစ်ဆင်ရေးတိုင်းတွင် မဟာမိတ်တပ်ဘက်က အကျအဆုံးများစွာဖြင့် သိမ်းယူခဲ့ရခြင်းဖြစ်ကြောင်းလည်း […]

ထန်းရည်ချိုရာသီ

Dawei Watch

November 25, 2023

ထန်းပင်လေးများနှင့် ထားဝယ်မြို့ ကျန်းမာရေးလမ်း(လမ်းမသစ်)တွင် ဆောင်းရာသီ၏ အအေးဓာတ်နှင့်အတူ လမ်းလျှောက်သူ၊ စက်ဘီးစီးသူအချို့နှင့်အတူ ထန်းရည်ဆိုင်လေးများကို တွေ့မြင်နေရသည်။ အာဏာမသိမ်းမီကဆိုလျှင် နံနက်စောစောအချိန်ကတည်းက အဆိုပါလမ်းတွင် ကျန်းမာရေးလုပ်သူများဖြင့် စည်ကားလေ့ရှိသော်လည်း လက်ရှိအချိန်တွင်မူ အနည်းအကျဉ်းသာ တွေ့ရသည်။ လမ်းတစ်လျှောက် အစီအရီရှိနေသည့် ထန်းပင်များမှ ထွက်ရှိသည့် ထန်းရည်ချိုကို ရောင်းချသူများရှိသလို လာရောက်သောက်သုံး သူများလည်းရှိသည်။ တိုက်ပွဲများနှင့် ပဋိပက္ခများကြောင့် အဝေးတစ်နေရာမှာရောက်နေသည့် ထားဝယ်သားများအတွက်တော့ လွမ်းစရာအချိန်များပင်။ ယင်းကြောင့် ဆောင်းရာသီ ထားဝယ်မြို့ လမ်းမသစ်၏ ယနေ့ပုံရိပ်များကို ဖော်ပြပေးလိုက်ပါသည်။

နောက်ဆုံးတောင်ကုန်းကိုသိမ်းယူနိုင်ပြီးနောက် လောက်ကိုင်မြို့သို့ဦးတည်လာပြီဟု MMDAA ပြော

Dawei Watch

November 25, 2023

ကိုးကန့် တုန်းရှမ်းဒေသရှိ စစ်ကောင်စီတပ်စခန်းများ၊ တောင်ကုန်များကို သိမ်းယူပြီးနောက် လောက်ကိုင်မြို့သို့ ဦးတည်လာနေကြောင်း MNDAA အာဘော် ကိုးကန့်မီဒီယာတွင် ဖော်ပြသည်။ ၁၀၂၇ စစ်ဆင်ရေး ၂၉ရက်မြောက်ဖြစ်သည့် နိုဝင်ဘာလ ၂၄ ရက်တွင် ကိုးကန့်ဒေသ တောင်ပိုင်းနှင့် မြောက်ပိုင်းရှိ စစ်ကောင်စီတပ်စခန်း လေးခုကို သိမ်းယူနိုင်ခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း ဖော်ပြသည်။ ကိုးကန့်ဒေသ၏ နောက်ဆုံးတောင်ကုန်းဖြစ်သည့် ဆိုင်တာအိုင်တောင်ကုန်းအပြင် တုန်းရှမ်းဒေသရှိ ပါကျောက်ရွှေ၊ လွမ်းလောက်လင် တောင်ကုန်းနှင့် ကိုးကန့်မြောက်ပိုင်း ဟုန်ရှင်းဒေသရှိ ပေထန်တပ် စစ်ကောင်စီစခန်းတို့ကိုလည်း သိမ်းယူခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။ နောက်ဆုံးတောင်ကုန်းဖြစ်သည့် ဆိုင်တာအိုင်တောင်ကုန်းကို သိမ်းယူပြီးနောက် MNDAA စစ်ရေးက လောင်ကိုင်မြို့သို့ ဦးတည်လာကြောင်း ကိုးကန့်မီဒီယာက ဖော်ပြသည်။ တိုက်ပွဲတွင် ၆၀ မမ စိန်ပြောင်း ၂ လက် ၊ (၈၄ မမ) နောက်ကန်အားမဲ့အမြောက် ၁လက် ၊ စက်သေနက် အကြီး ၂ လက် […]