ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မြိတ် သစ်ယာဝရွာအုပ်စုသို့ စစ်ကောင်စီတပ်ဝင်လာသဖြင့် ရွာသားများထွက်ပြေး

Dawei Watch

November 24, 2023

မြိတ်မြို့နယ်၊ သစ်ယာဝကျေးရွာအုပ်စုထဲကို စစ်ကောင်စီတပ်သားများ ဝင်ရောက်လာသည့်အတွက် ရွာသားများ ထွက်ပြေးခဲ့ရကြောင်း ဒေသခံများထံမှသိရသည်။ နိုဝင်ဘာလ ၂၃ ရက် နံနက် ၁၁ နာရီဝန်းကျင်က စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၃၀ ခန့် စစ်ကား နှစ်စီးဖြင့် ဝင်ရောက်လာသည့်အတွက် ရွာသားများ ကြောက်လှန့်တကြား ထွက်ပြေးခြင်းဖြစ်ကြောင်း ဒေသခံများ ထံမှသိရသည်။ “(သစ်ယာဝအုပ်စုထဲက) ကန်ပြင်ဘုန်းကြီးကျောင်းမှာ ကထိန်လုပ်နေချိန် ရုတ်တရက်ကြီး ဝင်လာတယ် ဆိုတော့ လူငယ်တွေက ကြောက်လန့်ပြီးပြေးကြတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ စစ်ကောင်စီတပ်များ ရောက်ရှိလာပြီးနောက် သစ်ယာဝကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ နေအိမ်အချို့အား ဓါတ်ပုံရိုက်သွားခဲ့ကြောင်း ဒေသခံများက ဆိုသည်။ “တက်ကြွလှုပ်ရှားတဲ့ သူတွေဆိုတဲ့ စွပ်စွဲချက်နဲ့ နေအိမ်တချို့ကိုတော့ ဓါတ်ပုံရိုက်သွားတယ်။ လူတွေကိုတော့ ဖမ်းတာဆီးတာမျိုး မလုပ်ပါဘူး” ဟု ဒေသခံ အမျိုးသားနောက်တစ်ဦးက ပြောသည်။ သစ်ယာဝကျေးရွာအုပ်စုရှိ သစ်ယာဝ၊ ကန်ပြင်၊ ပနာတောင် စသည့်ကျေးရွာသုံးရွာတွင် PDF ကို […]

ရေးမြို့ပေါ်တွင် PDF နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့ ပစ်ခတ်မှု

Dawei Watch

November 24, 2023

မွန်ပြည်နယ်၊ ရေးမြို့ပေါ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ကြား နိုဝင်ဘာလ ၂၃ ရက်နေ့က ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း မြို့ခံတို့ထံမှ သိရသည်။ ယမန်နေ့ မွန်းလွဲ ၁ နာရီခန့်က ရန်မျိုးအောင်ရပ်ကွက်အတွင်းရှိ အအေးဆိုင်တစ်ဆိုင်တွင် PDF တပ်ဖွဲ့ဝင် နှစ်ဦးရောက်ရှိနေစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦး ရောက်ရှိလာပြီး စတင်ပစ်ခတ်ခဲ့ရာမှ နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားကြောင်း မြို့ခံတို့က ဆိုသည်။ “သူတို့ (PDF) နှစ်ယောက်က အအေးဆိုင်မှာ ရောက်တဲ့အချိန်မှာပဲ စစ်သား သုံးယောက်က ရောက်လာပြီးတော့ ပစ်တာ။ သူတို့ သတင်းရလို့ ဖြစ်မှာပေါ့။ ပစ်ကြတာ ၁၀ ချက်ကျော်မယ်။ သူပစ် ကိုယ်ပစ်ပဲ။ နှစ်ယောက်ထဲက တစ်ယောက်က လက်မှာထိသွားပြီးတော့ ပြန်ဆုတ်သွားကြတယ်” ဟု ရပ်ကွက်နေသူတစ်ဦးက ပြောသည်။ ပစ်ခတ်မှုဖြစ်ပြီး […]

လောင်းလုံး သပြေရှောင်ရွာက ရေလုပ်သားတဲများကို စစ်ကောင်စီတပ်က ဒုတိယအကြိမ်မီးရှို့

Dawei Watch

November 24, 2023

သပြေရှောင်ကျေးရွာက ရေလုပ်သားတဲများကို စစ်ကောင်စီတပ်က ထပ်မံလာရောက်မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံအချို့က ပြောသည်။ ယင်းအပြင် ဒေသခံများ၏ ဆိုယ်ကယ်အစီးနှစ်ဆယ်ကျော်ကိုလည်း မီးပုံရှို့ခဲ့ကြောင်း ဒေသခံများက ဆိုသည်။ သပြေရှောင်ရွာမှာ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်ထဲက ရွာတစ်ရွာဖြစ်ပြီး ထားဝယ်-ရှင်မော် သွား ကားလမ်း‌မပေါ်တည်ရှိသည်။ စစ်ကောင်စီတပ်က သပြေရှောင်ရွာထဲသို့ ဇူလိုင်လ ၂၃ ရက် ညနေပိုင်းတွင် ထားဝယ်မြစ်အတိုင်း ရေလမ်းခရီးဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။ အင်အား ၇၀ ခန့်ပါသည့် စစ်ကောင်စီစစ်ကြောင်းသည် ရွာထဲရှိ နေအိမ်များကို ရိုက်ဖျက်၊ မွှေနှောက်ရှာဖွေသွားပြီး ဆိုင်ကယ်ဆယ်စီးကျော်ကို သိမ်းဆည်ခဲ့ကြောင်း ဒေသခံအချို့က ပြောဆိုသည်။ “အဲဒီဆိုင်ကယ်တွေကို စာသင်ကျောင်းရှေ့မှာ ပုံပြီးမီးရှို့ပစ်လိုက်တယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ယင်းနောက် ညအချိန်တွင် ‌ထားဝယ်မြစ်ကမ်းဘေးရှိ ရေလုပ်သားတဲ ၁၈လုံးနှင့် ဆိုင်ကယ် ဆယ်စီးခန့်ကို […]

ထားဝယ်မြို့သစ်တွင် သေနတ်သံများထွက်ပေါ်

Dawei Watch

November 23, 2023

ထားဝယ်မြို့သစ် ကညနရုံးအနီးဝန်းကျင်တွင် ယနေ့ နိုဝင်ဘာလ ၂၃ ရက် ည ၈ နာရီဝန်းကျင်က သေနတ်ပစ်ခတ်သံများ ထွက်ပေါ်ခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ သီဟဌေးမင်္ဂလာခန်းမဘက်ခြမ်းတွင် ည ၇နာရီ ၅၅ မိနစ်ခန့်က သေနတ်သံတစ်ချက် ပထမဆုံးအကြိမ် ထွက်ပေါ်လာကြောင်း မြို့ခံတစ်ဦးက ဆိုသည်။ ထို့နောက် မိနစ်အနည်းငယ်အကြာတွင် သေနတ်သံ ၁၀ ချက်ခန့် ထပ်မံထွက်ပေါ်လာပြီး လမ်းသွားလမ်းလာ ကားနှင့် ဆိုင်ကယ်များ အပြင်းမောင်းနှင် ပြေးလွှားနေသည်ကို တွေ့ရကြောင်း အထက်ပါ မြို့ခံက ပြောသည်။ “ပထမတစ်ချက်နဲ့ နောက်တစ်ချက်က တစ်မိနစ်တောင် မကွာဘူး။ အဲဒီလမ်းကနေ ကားတွေ ဆိုင်ကယ်တွေ အတင်း မောင်းလာတယ်”ဟု ၎င်းက ပြောဆိုသည်။ ယင်းနောက် တတိယအကြိမ် သေနတ်သံများ ထပ်ကြားရကြောင်း အဆိုပါ မြို့ခံက […]

မြိတ် CB တွင် ငွေကျပ်သိန်း သုံးသောင်းကျော်ပျောက်နေပြီး ဘဏ်ဒုမန်နေဂျာလည်း ထွက်ပြေးဟုဆို

Dawei Watch

November 23, 2023

မြိတ်မြို့ ထားဝယ်စုရပ်ကွက်ရှိ CB ဘဏ်ခွဲတွင် ငွေကျပ်သိန်း သုံးသောင်းကျော် စာရင်းကွာပျောက်ဆုံးနေပြီး ဒုမန်နေဂျာတစ်ဦးလည်း ထွက်ပြေးသွားကြောင်း မြိတ်အခြေစိုက် ပုဂ္ဂလိကဘဏ်အသိုင်းအဝိုင်းနှင့် စီးပွားရေး လုပ်ငန်းရှင်အချို့ထံမှ သိရသည်။ CB ဘဏ်၏ မြိတ်ဘဏ်ခွဲ ဒုမန်နေဂျာတစ်ဦးဖြစ်သူ အသက် ၃၇ နှစ်ရှိ ဦးမျိုးထွဋ်ဆိုသူသည် နိုဝင်ဘာလ ၂၀ ရက်နေ့က ထွက်ပြေးနေခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ “မန်နေဂျာ ပြေးသွားတဲ့ကိစ္စက ဘဏ်အချင်းချင်းကြားပဲ ကြားနေရတာ။ သိုသိုသိပ်သိပ်လုပ်နေကြတာထင်တယ်။ အပြင်ကို သတင်းသိပ်မထွက်ဘူး” ဟု ပုဂ္ဂလိကဘဏ်တစ်ခုမှ ဝန်ထမ်းတစ်ဦးက ပြောသည်။ အဆိုပါကိစ္စနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး လသာမြို့နယ်ရှိ CB ဘဏ်ရုံးချုပ် content center ၏ ဖုန်းနံပါတ်အား အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းခဲ့ရာ call agent များ မအားသေးသဖြင့် မေးမြန်းခွင့်မရခဲ့ပေ။ အဆိုပါ ဘဏ်ခွဲသို့ စစ်ကောင်စီက ငွေကြေးလုံခြုံမှုအတွက် ငွေများလွှဲထားခြင်းဖြစ်ပြီး ပြန်လည် ထုတ်ယူသည့် အချိန်တွင် ဘဏ်တွင် ငွေလုံးဝမရှိဘဲ ဘဏ်၏ဒုမန်နေဂျာဆိုသူလည်း ထွက်ပြေးသွားခြင်းဖြစ်ကြောင်း ပုဂ္ဂလိကဘဏ်အသိုင်းအဝိုင်းနှင့် စီးပွားရေးလုပ်ငန်းရှင်အချို့ထံမှ သိရသည်။ “ငွေရော လူပါပြေးသွားတာလို့ ကြားရတယ်။ ငွေဘယ်လောက်ပါသွားသလဲဆိုတာ သေချာမသိရဘူး” ဟု အသေးစားလုပ်ငန်းရှင်တစ်ဦးက ပြောသည်။ ထို့အပြင် ဒုမန်နေဂျာဆိုသူသည် ဘဏ်လုပ်ငန်းအတွက် အရေးပေါ်‌ငွေများလိုအပ်သည်ဟုဆိုကာ ပြင်ပရှိ ရင်းနှီးသည့်မိတ်ဆွေတချို့ထံမှ ငွေသိန်းထောင်ဂဏန်းအထိ ချေးယူထားသေးကြောင်း စီးပွားရေးလုပ်ငန်းရှင် အချို့က ပြောဆိုသည်။ ထို့ကြောင့် ငွေထုတ်ချေးထားသည့် လုပ်ငန်းရှင်အချို့က ဦးမျိုးထွဋ်ကို မြို့မရဲစခန်းက အမှုဖွင့်ထားကြောင်း လုပ်ငန်းရှင်အချို့ထံမှ သိရသည်။

ပုလောမြို့တော်ခန်းမ ဒရုန်းဖြင့်ဗုံးချခံရ၊ စစ်ကောင်စီတပ်က လက်နက်ကြီးငယ်များဖြင့် ပြန်ပစ်

Dawei Watch

November 23, 2023

မြိတ်ခရိုင်၊ ပုလောမြို့ပေါ်တွင် မြို့တော်ခန်းမ ဒရုံးဖြင့် ဗုံးချခံရပြီးနောက် စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ကြောင်း ဒေသခံများထံမှသိရသည်။ နိုဝင်ဘာလ ၂၂ ရက် ည ၈ နာရီဝန်းကျင်က လက်နက်ငယ် ပစ်ခတ်သံ အများအပြားကြားခဲ့ရသလို လက်နက်ကြီးပစ်သံများလည်း ဆက်တိုက်ကြားခဲ့ရကြောင်း ဒေသခံများက ပြောသည်။ “ဒရုန်းနဲ့ ဗုံးလာချလို့ အောက်ကနေပြီး ပြန်ပစ်တာလို့ သိရတယ်။ တစ်မြို့လုံးဆူညံနေတာပဲ” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ပုလောပြည်သူ့ကာကွယ်ရေးတပ်က စစ်ကောင်စီတပ် ဝင်ထွက်သွားလာလေ့ရှိသည့် မြို့တော်ခန်းမပေါ်သို့ ဒရုန်းဖြင့် ဗုံးသီးတစ်လုံးချခဲ့သည်ဟု သိရပြီး ထိခိုက်မှု ရှိမရှိ မသိရသေးကြောင်း ဒေသခံများက ဆိုသည်။ ဒရုန်းဖြင့် ဗုံးချချိန် မြို့တော်ခန်းမတွင် စစ်ကောင်စီတပ်သားများ စခန်းချနေထိုင်နေသည်ဟု ဒေသခံတစ်ဦးက ပြောဆိုသော်လည်း သီးခြားအတည်မပြုနိုင်သေးပေ။ ဗုံးချခံရပြီးနောက် စစ်ကောင်စီတပ်က ကျောင်းနိမ့်ကျေးရွာနှင့် ပဝတ်ကုန်းကျေးရွာများသို့ လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။ “ဒီမနက် (နိုဝင်ဘာ ၂၃) စောစောကလည်း ပဝတ်ကုန်းဖက်ကို သုံးလုံးထပ်ပစ်လိုက်သေးတယ်” ဟု ဒေသခံအမျိုးသား နောက်တစ်ဦးက ပြောသည်။ ပုလောအခြေစိုက် မြိတ်ခရိုင်အမှတ် […]

ဘုရားသုံးဆူတွင် စစ်ကောင်စီတပ် ဒုတပ်ရင်းမှူးတစ်ဦး ပစ်သတ်ခံရ

Dawei Watch

November 23, 2023

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့တွင် ယနေ့ နိုဝင်ဘာလ ၂၃ ရက်‌နေ့ နံနက်ပိုင်းက စစ်ကောင်စီ ခလရ-၉၇ တပ်ရင်းက ဒုတပ်ရင်းမှူးတစ်ဦး ပစ်သတ်ခံရကြောင်း မြို့ခံတို့ထံမှ သိရသည်။ စစ်ကောင်စီ ခလရ-၉၇ တပ်ရင်းမှ ဒုတပ်ရင်းမှူး ဗိုလ်မှူးအေးချမ်းဆိုသူသည် ယနေ့ နံနက် ၆ နာရီ ဝန်းကျင် က ဘုရားသုံးဆူမြို့၊ လမ်းမပေါ်ရှိ အလှပြင်ဆိုင်တစ်ခုတွင် ရှိနေစဉ်ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ “အလှပြင်ဆိုင်ထဲမှာ ရှိနေတဲ့အချိန်မှာ ပစ်ခတ်ခံရတယ်။ ဘယ်သူ့လက်ချက်လဲဆိုတာကတော့ သေချာ မပြောနိုင်ဘူး။ ဒီမြို့မှာက လက်နက်ကိုင်တွေကလည်း များတော့ ပြောဖို့တော့ ခက်တယ်” ဟု ဘုရားသုံးဆူမြို့ခံတစ်ဦးက ပြောသည်။ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဒုတပ်ရင်းမှူး ဗိုလ်မှူးအေးချမ်းသည် ဦးခေါင်းတွင် ရရှိသည့် ကျည်ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ကြောင်းလည်း အထက်ပါ မြို့ခံက ပြောသည်။ ဗိုလ်မှူးအေးချမ်းကို မည်သည့်အဖွဲ့အစည်းက မည်သည့်အကြောင်းအရင်းကြောင့်လာရောက် ပစ်သတ်သွားခဲ့သည်ကို သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။ ဘုရားသုံးဆူမြို့တွင် စစ်ကောင်စီတပ်ဖွဲ့အပြင် ကရင်အမျိုးသားအစည်းအရုံး KNU ၊ ကရင် နယ်ခြားစောင့်တပ် DKBA ၊ ကရင်ငြိမ်းချမ်းရေးတပ်ဖွဲ့ အစရှိသည့် ကရင်တိုင်းရင်းသား လက်နက်ကိုင်းအဖွဲ့များ၊ မွန်ပြည်သစ်ပါတီ NMSP တို့အပြင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာသည့် ပြည်သူ့ကာကွယ်ရေးတပ် PDF တပ်ဖွဲ့တို့ […]

ကျောက်မဲတောင်ရဲစခန်း တိုက်ခိုက်ခံရပြီးတိုက်ပွဲပြင်းထန်၊ လက်နက်ကြီးကြောင့် သားအမိနှစ်ဦးသေဆုံးဟုဆို

Dawei Watch

November 23, 2023

ထားဝယ်မြို့နယ်၊ ကျောက်မဲတောင်ကျေးရွာ ရဲစခန်းတွင် တိုက်ခိုက်ခံရပြီးနောက် တိုက်ပွဲပြင်းထန်နေပြီး နေအိမ်ပေါ် လက်နက်ကြီးကျည် ကျ‌ရောက်ပေါက်ကွဲမှုကြောင့် သားအမိနှစ်ဦး သေဆုံးသည်ဟု ကြားသိရကြောင်း ဒေသခံအချို့က ပြောသည်။ ယနေ့ နိုဝင်ဘာ ၂၃ရက် နံနက် ၄ နာရီ မိနစ် ၂၀ ခန့်ကစပြီး ကျောက်မဲတောင်နယ်မြေရဲစခန်းကို PDF ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်သဖြင့် နှစ်ဖက်တိုက်ပွဲပြင်းထန်နေကြောင်း Dawei Defense Team-DDT နှင့် ကျောက်မဲတောင်ရွာ ဒေသခံအချို့က ဆိုသည်။ နံနက် ၉ နာရီခွဲခန့်အထိ ကျောက်မဲတောင်ကျေးရွာတွင် နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားနေကြောင်း ဒေသခံတို့ထံမှ သိရသည်။ “အခုထိပစ်နေကြတုန်းပဲ။ လက်နက်ကြီး လက်နက်ငယ်တွေ ပလူပျံနေတယ်။ လက်နက်ကြီးကျလို့ သားအမိနှစ်ဦး သေတယ်လို့ပြောတယ်” ဟု ကျောက်မဲတောင်ရွာက အမျိုးသမီးက နံနက် ၉ နာရီခွဲခန့်တွင် ပြောဆိုသည်။ တိုက်ပွဲဆက်ဖြစ်နေသေးသဖြင့် ပုန်းအောင်းနေရပြီး ဒေသခံအချင်းချင်း ဆက်သွယ်မေးမြန်းချက်အရ နေအိမ်ပေါ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၃၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးနှင့် ၎င်း၏ ၁၀ နှစ် […]