ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထားဝယ် နှစ်ကျိပ်ရှစ်ဆူဘုရား ပို့ဆောင်မှုပုံရိပ်များ

Dawei Watch

November 22, 2023

နှစ်ကျိပ်ရှစ်ဆူ ဘုရားများကို ရပ်ကွက်အလိုက်ပင့်ထားကြရာမှ ‌ထားဝယ်မြို့ရှိ လောကမာရဇိန် ဘုရားကြီးဝင်းအတွင်းသို့ ယနေ့ (နိုဝင်ဘာလ ၂၂ ရက်နေ့) ပို့ဆောင်နေသည့်မြင်ကွင်းများကို ​ဖော်ပြလိုက်ပါသည်။ ၁၁၂ ကြိမ်မြောက်အဖြစ် ကျင်းပမည့် တန်ဆောင်တိုင် နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲကို တန်ဆောင်မုန်းလဆန်း ၁၁ ရက်နေ့မှ လပြည့်နေ့အထိ(နိုဝင်ဘာလ ၂၃ မှ ၂၇ အထိ) ငါးရက်ကြာမည်ဖြစ်သည်။

မြိတ်ခရိုင်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများ CDM လုပ်ရန် ပကဖ သတိပေး

Dawei Watch

November 22, 2023

မြိတ်ခရိုင်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်း Non CDM များအနေဖြင့် ပြည်သူနှင့်အတူပူးပေါင်းပြီး CDM ပြုလုပ်ရန် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့  (ပကဖ) က နိုဝင်ဘာလ ၂၁ ရက်နေ့က သတိပေးစာ ထုတ်ပြန်သည်။ ဝန်ထမ်းများအနေဖြင့် နီးစပ်ရာပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့် အမြန်ဆုံးချိတ်ဆက်ပြီး စာရွက်စာတမ်းများ အပ်နှံကြရန် နောက်ဆုံးအနေဖြင့် သတိပေးသည်ဟုလည်း ဖော်ပြသည်။ မြန်မာနိုင်ငံအနှံ့အပြားတွင် တော်လှန်ရေးအင်အားစုများက မြို့သိမ်း၊ စခန်းသိမ်း တိုက်ပွဲများ ဆင်နွဲနေရာ လက်ရှိအချိန်ထိ NUG အမျိုးသားညီညွတ်ရေးအစိုးရ အောက်သို့  ခိုလှုံလာသည့် CDM ဝန်ထမ်း ၁၄၀၀၀ ကျော်ရှိနေပြီဖြစ်ကြောင်း NUG က ထုတ်ပြန်ထားသည်။ တနင်္သာရီတိုင်းအတွင်းတွင်လည်း လက်ရှိအချိန်အထိ CDM လုပ်လာသည့် ရဲနှင့် စစ်သည် ၂၃၇ ဦးရှိလာပြီဖြစ်ကြောင်း တနင်္သာရီတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။ CDM လုပ်လာသည့် ရဲနှင့် စစ်သည်တို့မှာ ထားဝယ်ခရိုင်တွင် ၉၈ ဦး၊ မြိတ်ခရိုင်တွင် ၁၁၀ ဦး၊ ကော့သောင်းခရိုင်တွင် ၃၉ဦး ရှိကြောင်း ဆိုသည်။ CDM ပြုလုပ်လာသည့် ဝန်ထမ်းများကိုလည်း ဂုဏ်ပြုဆုကြေးငွေများထောက်ပံ့ပေးအပ်ကာ သွားရောက်လိုသည့် နေရာများသို့ လုံခြုံစွာပို့ဆောင်ပေးခဲ့ကြောင်း NUG ၏ ထုတ်ပြန်ချက်အရသိရသည်။ “ဝန်ထမ်းတွေအနေနဲ့ လက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေအချိန်ခါအပေါ်မှာ မှန်မှန်ကန်ကန် ဆုံးဖြတ်ဖို့ အချိန်ရောက်လာနေပြီလို့ မြင်တယ်” ဟု မြိတ်ခရိုင်ရှိ အမည်မဖော်လိုသည့် CDM ကျောင်းဆရာမတစ်ဦးက ပြောသည်။ မြိတ်ခရိုင်တွင် CDM မလုပ်သည့် ဝန်ထမ်းများကို တည်ဆဲဥပဒေနှင့်အညီ ထိရောက်စွာ အပြစ်ပေးမည်ဟုလည်း သတိပေးထားသည်။ NUG အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၏ နိုဝင်ဘာလ ၁၆ ရက်က စစ်ကိုင်းတိုင်းရှိ Non CDM ဝန်ထမ်းများသို့ နောက်ဆုံး အသိပေးထုတ်ပြန်ချက်တွင် CDM မလုပ်သည့် ဝန်ထမ်းများတည်ဆဲဥပဒေများအရ ပြင်းထန်စွာအရေးယူအပြစ်ပေးခြင်း ခံရမည်ဟု သတိပေးထားသည်။ လက်ရှိအချိန်တွင် မြိတ်မြို့ပေါ်၌ စစ်ကောင်စီတပ်က လုံခြုံရေးတင်းကျပ်ထားပြီး ဌာနဆိုင်ရာအပါအဝင် စာသင်ကျောင်းများ ပုံမှန်လည်ပတ်လျက်ရှိနေကြောင်း မြို့ခံများထံမှသိရသည်။

အာဏာသိမ်းပြီးနောက် အကြီးဆုံးတိုက်ပွဲဖြစ်ပွားနေကြောင်း ကုလပြော

Dawei Watch

November 22, 2023

မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက် လက်ရှိကာလတွင် တိုက်ပွဲအကြီးမားဆုံးဖြစ်ပွားနေပြီး မြေပြင်ပထဝီဝင် အနေအထားအရလည်း အကျယ်ပြန့်ဆုံးဖြစ်ပွားနေကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး UNOCHA က ထုတ်ပြန်သည်။ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ၁၀၂၇ စစ်ဆင်ရေးစတင်ပြီးနောက် လက်နက်ကိုင်ပဋိပက္ခ အရှိန်အဟုန် မြင့်လာပြီး ရှမ်းမြောက်အပြင် ရှမ်းတောင်၊ စစ်ကိုင်း၊ ကယား၊ ရခိုင်နှင့် ချင်းပြည်နယ်တို့တွင် တိုက်ပွဲ ပြင်းထန်လာကြောင်း ယနေ့ နိုဝင်ဘာလ ၂၂ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းသို့ လက်နက်ကိုင်ပဋိပက္ခပြင်းထန်လာသည့် တစ်လနီးပါးကာလအတွင်း ပြည်သူ နှစ်သိန်း ရှစ်သောင်းကျော် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရကြောင်း ကုလက ဆိုသည်။ ပြည်သူများ နေရပ်စွန့်ခွာတိမ်းရှောင်ရသည့် အခြေအနေမှာ စိုးရိမ်ဖွယ်ရာ မြင့်တက်လာနေပြီး ပြီးခဲ့သည့် နိုဝင်ဘာလ ၉ရက်အထိ မြန်မာနိုင်ငံတွင် နေရပ်စွန့်ခွာ ထွက်ပြေးရသူ နှစ်သန်းကျော်သွားပြီဖြစ်ကြောင်းလည်း UNOCHA […]

ရန်ကုန် ရေတပ်သင်္ဘောကျင်းက တပ်ကြပ်ကြီး ပုလောပြည်သူ့ကာကွယ်ရေးတပ်သို့ ခိုလှုံ

Dawei Watch

November 22, 2023

ရန်ကုန်တိုင်း၊ သံလျင်မြို့အခြေစိုက် လွန်းကျင်းဌာန၊ ရေတပ်သင်္ဘောကျင်းဌါနချုပ် (သီလဝါ) က တပ်ကြပ်ကြီးတစ်ဦး CDM လုပ်ပြီး ပုလောပြည်သူ့ကာကွယ်ရေးတပ်မတော်သို့ ခိုလှုံလာကြောင်း  မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းထံမှ သိရသည်။ နိုဝင်ဘာလ ၂၀ ရက်နေ့တွင် တပ်ကြပ်ကြီး အောင်ကျော်မျိုးသည် ပုလောအခြေစိုက် မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းသို့ ခိုလှုံလာကြောင်း ယင်းတပ်ရင်းက ထုတ်ပြန်ထားသည်။ လက်ရှိတွင် ၎င်းအား လုံခြုံသည့်နေရာတွင် ကောင်းမွန်စွာစောင့်ရှောက်ထားကြောင်း ဖော်ပြသည်။ CDM ဝင်လာသည့် တပ်ကြပ်ကြီီးအား အမျိုးသားညီညွတ်ရေးအစိုးရ အတိုင်ပင်ခံကောင်စီ (NUCC) နိုင်ငံ့ဝန်ထမ်း CDM မူဝါဒနှင့်အညီ ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း ဆိုသည်။ “တစ်ဦးတည်းလာတာပါ။ လက်နက်တော့ မပါပါဘူး။ လက်ရှိသူ့ကျန်းမာရေးအခြေအနေလည်း ကောင်းပါတယ်” ဟု ပြည်သူ့ကာကွယ်ရေး မြိတ်ခရိုင်၊ အမှတ် (၁) တပ်ရင်းက ပြန်ကြားရေးတာဝန်ခံက ပြောသည်။ စစ်ကောင်စီတပ်သားများအနေဖြင့် ပြည်သူ့ကိုမျက်နှာမူကာ နီးစပ်ရာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ ပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့် အမြန်ဆုံးဆက်သွယ်ပြီး CDM ပြုလုပ်ကြရန် တိုက်တွန်းကြောင်းလည်း ထုတ်ပြန်ထားသည်။ စစ်အာဏာသိမ်းပြီးနောက် တနင်္သာရီတိုင်းအတွင်း CDM လုပ်ပြီး ခိုလှုံလာသည့် ရဲနှင့် စစ်သည် ၂၃၇ ဦးရှိနေပြီ ဖြစ်ကြောင်း တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ထုတ်ပြန်ထားသည်။ မြိတ်ခရိုင်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်း CDM ပြုလုပ်ရန် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့  (ပကဖ) က နိုဝင်ဘာလ ၂၁ ရက်နေ့တွင် သတိပေးစာ ထုတ်ပြန်ထားသည်။

ထားဝယ်ဒေသတွင် ဆားရောင်းအားကျ

Dawei Watch

November 22, 2023

ထားဝယ်ဒေသတွင် ဆားရောင်းအားကျ သိသိသာသာလျော့ကျနေကြောင်း ဆားလုပ်ငန်းရှင်အချို့က ပြောသည်။ ဆားအသုံးပြုမှုများသည့် ငါးဆားထိုးလုပ်ငန်း၊ လှေလုပ်ငန်းများနှင့် ငပိ၊ ငါးခြောက်လုပ်ငန်းအချို့ ရပ်နား ထားကြသဖြင့် ဆားအရောင်းအဝယ်ကျဆင်းလာကြောင်း ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်မှ ရွှေပြည်သား ဆားစက်ရုံပိုင်ရှင် ဦးသန်းဝင်းက ဆိုသည်။ မိမိကွင်းက ထွက်သည့် ဆားမှာ ဈေးကွက်လိုအပ်ချက် မလုံလောက်သဖြင့် မွန်ပြည်နယ်၊ ပင ဘက်က ဆားကို ပြန်လည်ဝယ်ယူပြီး ဖောက်သည်များကို နှစ်စဉ်နီးပါး ဖြည့်ပေးခဲ့ရသော်လည်း ယခုနှစ်တွင် မိမိကွင်းက ထွက်သည့် ဆားပင်ရောင်းမကုန်ဖြစ်နေကြောင်း ၎င်းက ပြောဆိုသည်။ “ခါတိုင်းနှစ် ဒီအချိန်ဆို ဆားကုန်သလောက်ဖြစ်နေပြီ။ အခုက ပိဿာချိန် ငါးသိန်းလောက် ကျန်သေး တယ်။ ဟိုတုန်းက အိတ် ၁၀၀ ယူရင် အခု အိတ် ၅၀ လောက်ပဲယူတာမျိုးပေါ့။ မြိတ်ဘက်ကဆို မဝယ်သလောက် ဖြစ်သွားပဲ။ ပုလောဘက်က ဆားမှာတာ တင်ပေးမယ့်ကားမရှိလို့ မတင်ပေးရဘူး” ဟု ဦးသန်းဝင်းက ပြောသည်။ တိုက်ပွဲများကြောင့် လမ်းခရီး […]

ထိုင်းတွင် မြန်မာတစ်ဦး အွန်လိုင်းက ဖုန်းဝယ်ရာ iPhone အတုဖြင့်လိမ်လည်ခံရ

Dawei Watch

November 22, 2023

ထိုင်းနိုင်ငံ နွန်ထဘူရီခရိုင်တွင် မြန်မာနိုင်ငံသားတစ်ဦးသည် အွန်လိုင်းမှတစ်ဆင့် ဖုန်းဝယ်မိရာ iPhone အတုဖြင့် လိမ်လည်ခံလိုက်ရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ အသက် ၃၆ နှစ်အရွယ် မြန်မာနိုင်ငံသားအမျိုးသားသည် နိုဝင်ဘာလ ၂၀ ရက်နေ့က ထိုင်းနိုင်ငံသားတစ်ဦး Facebook စာမျက်နှာပေါ်မှတစ်ဆင့် ရောင်းချသည့် iPhone Xs max ကို ဘတ် ၈၉၀၀ ဖြင့် ဝယ်ယူခဲ့ကြောင်း ဖော်ပြသည်။  ဖုန်းဝယ်ယူမည်ဟုပြောဆိုပြီး ၂ နာရီခန့်အကြာတွင် မြန်မာနိုင်ငံသားနေထိုင်ရာ အခန်းသို့ ပစ္စည်းပို့သမားက ရောက်ရှိလာခဲ့ကြောင်း ရေးသားထားသည်။ အွန်လိုင်းပေါ်က ရောင်းသူကို iPhone အစစ်ဟုတ်မဟုတ် အတည်ပြုမေးမြန်းရာ အစစ်ဖြစ်ကြောင်း အာမခံပြောကြားသဖြင့် ဘဏ်အကောက်ထဲသို့ ဘတ် ၈၉၀၀ ကို ငွေလွှဲပေးခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။ ပါဆယ်ထုပ်ကို ဖွင့်ဖောက်ကြည့်ပြီး မိမိကိုင်ဆောင်ထားသော မော်ဒယ်တူ iPhone နှင့် နှိုင်းယှဉ်ကြည့်ရာ အစစ်ကဲ့သို့ လုပ်ဆောင်ချက်များ မတူညီနေသည်ကို တွေ့ရှိခဲ့ရကြောင်း ဆိုသည်။ ယင်းနောက် ဖုန်းဆိုင်တစ်ဆိုင်သို့ သွားရောက်စစ်ဆေးခဲ့ရာမှ တရုတ်ထုတ် […]

စစ်ကြောင်းဝင်သည့်လေးရက်အတွင်း မူးဒူးရွာသားတစ်ဦး ပစ်ခတ်ခံရပြီး နှစ်ဦးဖမ်းဆီးခေါ်ဆောင်ခံရ

Dawei Watch

November 22, 2023

ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေဇုန်ဒေသရှိ မူးဒူးရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်ခဲ့သည့်လေးရက်အတွင်း အမျိုးသားတစ်ဦး ပစ်ခတ်ခံရပြီး နှစ်ဦးဖမ်းဆီးခေါ်ဆောင်ခံရကြောင်း ဒေသခံများက ပြောသည်။ ယင်းအပြင် နေအိမ်တစ်ဆယ်ကျော်လည်း မီးရှို့ခံလိုက်ရကြောင်း ၎င်းတို့က ဆိုသည်။ ပစ်ခတ်ခံရသည့် အမျိုးသားမှာ အသက် ၂၀ ဝန်းကျင်အရွယ်ရှိ မူးဒူးရွာသား ကိုဝိုင်လူးဆိုသူဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ အဆိုပါအမျိုးသားသည် နိုဝင်ဘာလ ၁၈ ရက်နေ့က ဖမ်းဆီးခံခဲ့ရပြီးနောက် ထွက်ပြေးရာမှ စစ်ကောင်စီတပ်က သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံတို့က ဆိုသည်။ ကိုဝိုင်လူးသည် ဘယ်ဘက်ခြောက်ထောက် ကျည်ဆံထိမှန်ဒဏ်ရာဖြင့် ငါးရက်တိတိ မူးဒူးရွာအနီး ချောင်းနံဘေးတွင် အစာရေစာ မစားရဘဲ ပုန်းအောင်းနေခဲ့ရကြောင်း မူဒူးရွာသားတစ်ဦးက ပြောဆိုသည်။ “ကျွန်တော်တို့ မနေ့ကလည်းရှာတယ်။ သူက ကျွန်တော်တို့ ခေါ်သံကြားပေမယ့် စစ်တပ်တွေ ထင်လို့ မထူးရဲဘူးတဲ့။ ဒီနေ့ သူအမေ ကိုယ်တိုင် လိုက်ခေါ်လို့ အသံကြားမှ ပုန်းအောင်းနေရာကနေ ထွက်လာတာ။ ခြေထောက်တွေမှာ […]

ပေါက်တောမြို့ပေါ်တွင် တိုက်ပွဲပြင်းထန်၊ ပြည်သူတစ်ရာကျော်ကို ကယ်ထုတ်နိုင်ခဲ့ကြောင်း AA ပြော

Dawei Watch

November 22, 2023

ရခိုင်ပြည်နယ် ပေါက်တောမြို့ပေါ်တွင် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားပြီး ပြည်သူ တစ်ရာကျော်ကို ကယ်ထုတ်နိုင်ခဲ့ကြောင်း ရက္ခိုင့်တပ်တော် AA က နိုဝင်ဘာလ ၂၁ရက် ညတွင် ထုတ်ပြန်သည်။ နိုဝင်ဘာလ ၁၆ ရက်တွင် AA က ပေါက်တောမြို့ရှိ ရဲစခန်းနှင့် ဌာနဆိုင်ရာရုံးများကို သိမ်းယူကာ မြို့ကို ထိန်းချုပ်လိုက်ပြီးနောက် စစ်ကောင်စီတပ်က တိုက်ခိုက်ရေးရဟတ်ယာဉ်နှင့် စစ်သင်္ဘောတို့ဖြင့် ပြန်လည်တိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီတပ်က ယင်းနေ့တွင်ပင် မြို့ကို ပြန်လည်ထိန်းချုပ်ခဲ့ပြီး မြို့ထဲတွင် ပြည်သူများပိတ်မိနေခဲ့ကြောင်း ဒေသတွင်း သတင်းများတွင် ဖော်ပြချက်များအရ သိရသည်။ ယင်းနောက် နိုဝင်ဘာလ ၂၁ ရက် နေ့လယ်ပိုင်းတွင် ပေါက်တောမြို့တွင်း နေရာအချို့နှင့် လောကထိပ်ပန် ဘုရားကုန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တို့ကို AA က ဝင်ရောက်တိုက်ခိုက်ကြောင်း AA က ထုတ်ပြန်သည်။ စစ်ကောင်စီတပ်က […]