သမ္မတ ထွက်ပြေးသွားသည့် မဒါဂတ်စကားတွင် စစ်တပ်က နိုင်ငံ့အာဏာကို ထိန်းချုပ်
Dawei Watch
October 15, 2025မဒါဂတ်စကားနိုင်ငံတွင် Gen Z လူငယ်ဆန္ဒပြသူများ ဦးဆောင်သည့် လူထုအုံကြွဆန္ဒပြမှုများကြောင့် သမ္မတဖြစ်သူ နိုင်ငံမှ ထွက်ပြေးသွားခဲ့ပြီးနောက် နိုင်ငံ့အာဏာကို စစ်တပ်က ထိန်းချုပ်ထားလိုက်ပြီ ဖြစ်သည်။ “ကျွန်တော်တို့ အာဏာကို ရယူလိုက်ပါပြီ” ဟု နိုင်ငံအတွင်း အာဏာအရှိဆုံး အထူးတပ်ဖွဲ့ဖြစ်သည့် CAPSAT ၏ အကြီးအကဲဖြစ်သူ ဗိုလ်မှူးကြီးမိုက်ကယ်ရန်ဒရီယာနီရီနာက အစိုးရပိုင်ရေဒီယိုမှတစ်ဆင့် အောက်တိုဘာလ ၁၄ ရက်နေ့တွင် ကြေညာခဲ့သည်။ တနင်္ဂနွေနေ့တွင် နိုင်ငံမှ ထွက်ပြေးသွားခဲ့သည့် သမ္မတ အန်ဒရီ ရာဂျိုလီနာအား ရာထူးမှ ဖယ်ရှားရန် အမျိုးသားညီလာခံက မဲခွဲဆုံးဖြတ်လိုက်ပြီးနောက်တွင် စစ်တပ်က ယင်းသို့ ကြေညာလိုက်ခြင်း ဖြစ်သည်။ အင်္ဂါနေ့ နံနက်ပိုင်းတွင် သမ္မတရာဂျိုလီနာသည် ၎င်းအား ရာထူးမှ ဖယ်ရှားရန် မဲခွဲဆုံးဖြတ်မှုကို ဟန့်တားနိုင်ရေး အမျိုးသားညီလာခံကို ဖျက်သိမ်းရန် ကြိုးပမ်းခဲ့သည်။ စစ်တပ်၊ […]


