ကလိန်အောင် ဇင်းဘာရွာရှိ ဥယျာဥ်ခြံလုပ်ငန်းများ စစ်ကောင်စီတပ်က ယာယီရပ်ခိုင်း
Dawei Watch
January 8, 2024ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့ ၊ ဇင်းဘာရွာပတ်ဝန်းကျင်ရှိ ဥယျာဥ်ခြံလုပ်ငန်းများကို စစ်ကောင်စီက ဇန်နဝါရီလ ၁၄ ရက်နေ့အထိ သွားရောက်လုပ်ကိုင်ခွင့် ကန့်သတ်ထားကြောင်း ဥယျာဥ်ခြံပိုင်ရှင်များထံက သိရသည်။ နယ်မြေရှင်လင်းရေးနှင့် လက်နက်ကြီး စမ်းသပ်ပစ်ခတ်ခြင်းမည်ဖြစ်သဖြင့် သွားလာခွင့်ကန်သတ်ခြင်း ဖြစ်သည်ဟု စစ်ကောင်စီတပ်က ပြောဆိုကြောင်း ဥယျာဉ်ခြံပိုင်ရှင်တို့က ဆိုသည်။ “အခုရက်ပိုင်း သူတို့ (စစ်တပ်) လုပ်စရာရှိတယ်ပေါ့။ အဲဒါကြောင့် မလာကြနဲ့ပြောတယ်။ တကယ်လို့ ပြောထားတဲ့ရက်အတွင်း တစ်ခုခုထိခိုက်မိရင်တာဝန်မယူဘူးလို့ လည်းပြောတယ်” ဟု ကလိန်အောင်မြို့က ဥယျာဥ်ခြံလုပ်ငန်းရှင်တစ်ဦးက ပြောသည်။ စာထုတ်ပြန်သတိပေးခြင်းမျိုးမဟုတ်ဘဲ ဥယျာဉ်ခြံသို့ သွားလာသည့် ဒေသခံများကို နှုတ်ဖြင့် ပြောဆိုသတိပေးလိုက်ခြင်းဖြစ်ကြောင်း ဥယျာဥ်ခြံပိုင်ရှင်များထံက သိရသည်။ ဇန်နဝါရီလ ၂ ရက်နေ့က ကလိန်အောင်မြို့ ကျောက်ရှပ်ရွာအခြေစိုက် စစ်ကောင်စီ ခမရ ၄၀၉ တပ်ရင်း ဒရုန်းဖြင့် ဗုံးချခံရပြီးနောက် […]


