ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ကျောက်တော် တောင်ရှည်တောင်ဗျူဟာကုန်းကြီးကို AA သိမ်းယူ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်နက်ချ

Dawei Watch

January 7, 2024

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် တောင်ရှည်တောင်ဗျူဟာကုန်းကြီးက စစ်ကောင်စီတပ်ဖွဲ့ဝင်အားလုံး လက်နက်ချပြီး စခန်းကုန်းကြီးကို ရက္ခိုင့်တပ်တော် (AA) က သိမ်းယူလိုက်ကြောင်း မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့က ပူးတွဲထုတ်ပြန်သည်။  ကျောက်တော်မြို့နယ် တင်းမကျေးရွာအနီးက တောင်ရှည်တောင်တွင် တပ်စွဲထားသည့် ဗျူဟာကုန်းကို AA က ဒီဇင်ဘာလ ၂၅ ရက်မှ စတင်ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်းသတင်းအချို့တွင် ဖော်ပြသည်။  အဆိုပါဗျူဟာကုန်းသည် ကျောက်တော်-ပလက်ဝ ရေလမ်းကြောင်း ကုလားတန်မြစ်ဘေးတွင် တည်ရှိကြောင်း ဒေသတွင်း သတင်းဌာနတစ်ခုဖြစ်သည့် Western News သတင်းတစ်ရပ်တွင် ဖော်ပြသည်။  အဆိုပါဗျူဟာကုန်းကြီးကို စတင်တိုက်ခိုက်ပြီး ၁၃ ရက်အကြာ ဇန်နဝါရီလ ၆ ရက် ညပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်နက်ချခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။  နောက်ဆက်တွဲ သတင်းများကို ဆက်လက်ထုတ်ပြန်မည်ဟု ဆိုသည်။  သိမ်းယူရန် ထက်ဝက်တစ်ပျက် ကျန်ရှိနေသေးသည့် ဗျူဟာကုန်းများအားလုံးကို အပြီးသတ်သိမ်းယူနိုင်ရန် ဆက်လက်ကြိုးပမ်းနေကြောင်း AA က ဆိုသည်။ ရခိုင်ပြည်နယ် […]

ကန်ချနဘူရီတွင် မလေးရှားသွားမည့် မြန်မာလုပ်သားများ ကားတိုက်မှုဖြစ်၊ ရှစ်ဦးဒဏ်ရာရ

Dawei Watch

January 7, 2024

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင် စန်ခရာဘူရီဒေသတွင် တရားမဝင် ဝင်ရောက်လာသော မြန်မာ အလုပ်သမားများအား တင်ဆောင်လာသော ပစ်ကပ်ကားသည် လမ်းဘေးဓါတ်တိုင်နှင့် တိုက်မိပြီး မြန်မာအလုပ်သမား ရှစ်ဦး ဒဏ်ရာရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ မြန်မာအလုပ်သမားများ ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာနေကြောင်း သတင်းရရှိထားသဖြင့် ထိုင်းအာဏာပိုင်များက စန်ခရာဘူရီဒေသတွင် ဇန်နဝါရီလ ၅ ရက်နေ့ နံနက် ၃ နာရီခန့်က စစ်ဆေးရေးဂိတ်ချ စစ်ဆေးနေခဲ့ကြောင်း ဖော်ပြသည်။ ပစ်ကပ်ကားသည် စစ်ဆေးရေးဂိတ်အရောက်တွင် အရှိန်လျှော့ဟန်ပြကာ အရှိန်ဖြင့် ပြန်မောင်းကာ အတားအဆီး များကို တိုက်၍ ထွက်ပြေးမောင်းနှင်ခဲ့ကြောင်း သတင်းများတွင် ရေးသားထားသည်။  အာဏာပိုင်များက လိုက်လံဖမ်းဆီးရာ ပစ်ကပ်ကားသည် အရှိန်လွန်ကာ လမ်းချော်ပြီး ဓါတ်တိုင်ကို ဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။ ကားပေါ်တွင် မြန်မာအလုပ်သမား အမျိုးသား ၂၃ ဦး၊ အမျိုးသမီး ၇ ဦး စုစုပေါင်း ၃၀ ဦးလိုက်ပါလာခဲ့ပြီး ဆယ်ကျော်သက်များ အပါအဝင် […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

Dawei Watch

January 6, 2024

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဒီဇင်ဘာလ ၃၁ ရက်နေ့မှ ဇန်နဝါရီလ ၆ ရက်နေ့အထိ နိုင်ကျဉ်းအနည်းငယ်ပဲပါတဲ့ စစ်ကောင်စီလွတ်ငြိမ်း လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် စစ်ကောင်စီက အကျဉ်းသား ကိုးထောင်ကျော်ကို လွှတ်ပေးရာမှာ နိုင်ငံရေး အကျဉ်းသား အနည်းငယ်ပဲ ပါဝင်ပါတယ်။ ဇန်နဝါရီလ ၄ရက်နေ့မှာ ကျရောက်တဲ့ ၇၆နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် နိုင်ငံတစ်ဝန်းက အကျဉ်းသား၊ အကျဉ်းသူ ၉၆၀၀ ကျော်ကို လွှတ်ပေးခဲ့တာပါ။ ဒီထဲမှာ နိုင်ငံရေးအကျဉ်းသား အနည်းငယ်ပဲပါတယ်လို့ လွတ်ငြိမ်းခွင့်ပေးတဲ့နေ့မှာပဲ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ထုတ်ဖော်ပြောဆိုပါတယ်။ ဒါပေမဲ့ ကိန်းဂဏန်းဖော်ပြတာမျိုးတော့ မရှိပါဘူး။ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ကတော့ အကျဉ်းထောင် ၂၈ ခုကနေ နိုင်ငံရေး […]

တပ်မိသားစုလုံခြုံရေး၊ တရုတ်နှင့် ချစ်ကြည်ရေး မပျက်စေရန် လောက်ကိုင်တွင် လက်နက်ချခြင်းဖြစ်သည်ဟု စစ်ကောင်စီဆို

Dawei Watch

January 6, 2024

လောက်ကိုင်မြို့ရှိ တပ်မိသားစုဝင်များ လုံခြုံရေးနှင့် တရုတ်နိုင်ငံဘက်ခြမ်း လက်နက်ကြီးကျည်ကျပြီး နှစ်နိုင်ငံ ချစ်ကြည်ရေး မပျက်ပြားစေရန် လောက်ကိုင်တွင် လက်နက်ချခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပေါ်ပြူလာနယူးစ်သတင်းဌာနသို့ ပြောဆိုထားသည်။ တရုတ်ဘက်ခြမ်းသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသောကြောင့် တရုတ်နိုင်ငံသား ထိခိုက်သေဆုံးမှုရှိသဖြင့် တရုတ်နိုင်ငံဘက်က ပြင်းပြင်းထန်ထန် ကန့်ကွက်ထားသည်။ ယင်းသို့ အခြေအနေတွင် တရုတ်-မြန်မာ ချစ်ကြည်ရေးကို ထည့်သွင်းစဉ်းစားဆုံးဖြတ်ရခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။ “အဲဒီဘက်မှာက မြန်မာ့တပ်မတော်က ပစ်ခတ်တာမဟုတ်ဘဲနဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေက ပစ်ခတ်ပြီး မြန်မာ့တပ်မတော်က ပစ်ခတ်သယောင် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု ပျက်ပြားအောင်လုပ်ဆောင်နေတာတွေ ရှိပါတယ်။ အဲဒီအချက်တွေကို ထည့်သွင်းစဥ်းစားခဲ့ပြီး ဒေသခံ တပ်မှူးများအနေနဲ့ အကောင်းဆုံး စဥ်းစားခဲ့တာလို့ပဲ ပြောချင်ပါတယ်” ဟု ၎င်းက ပေါ်ပြူလာနယူးစ်သို့ ပြောဆိုသည်။ လောက်ကိုင်ကိစ္စနှင့် ပတ်သက်၍ စစ်ကောင်စီတပ်သားများအပြင် […]

သကျက်တောရွာရှိ နေအိမ်များကို စစ်ကောင်စီတပ်မီးရှို့၊ မီးရှို့ခံရသည့်နေအိမ် သုံးဆယ်ကျော်အထိရှိလာ

Dawei Watch

January 6, 2024

လောင်းလုံးမြို့နယ် သကျက်တောကျေးရွာရှိနေအိမ်များကို စစ်ကောင်စီတပ်က ယနေ့ ဇန်နဝါရီလ ၆ရက် နံနက် ၁၀ နာရီခန့်မှစပြီး မီးရှို့နေကြောင်း ဒေသခံအချို့က ပြောသည်။ မီးရှို့ခံထားရသည့်နေအိမ် ၄ ဆောင်ရှိသည့်အနက် သုံးဆောင်မှာ လုံးဝပျက်စီးသွားကြောင်း ဒေသခံအချို့က ဆိုသည်။ ဓနိမိုး သစ်သားအိမ်သုံးဆောင်၊ တိုက်အိမ်တစ်ဆောင်မီးရှို့ခံရခြင်းဖြစ်ပြီး သစ်သားအိမ်သုံးဆောင်မှာ လုံးဝပျက်စီးသွားကြောင်း ၎င်းတို့က ပြောဆိုသည်။ “သစ်အိမ်တွေကတော့ မရတော့ဘူးလို့ပြောတယ်။ တိုက်အိမ်တစ်ဆောင်ကတော့ မီးသတ်ပေးမယ့်သူရှိလို့ အားလုံးတော့ မလောင်သွားဘူး” ဟု တိမ်းရှောင်နေရသည့်ဒေသခံတစ်ဦးက ပြောသည်။ စစ်ကောင်စီတပ်သည် ဇန်နဝါရီလ ၅ ရက်ကတည်းက ရွာသို့ ရောက်ရှိလာပြီး ရွာရှိဘုန်းကြီးကျောင်းတစ်ကျောင်းတွင် တပ်စွဲထားခြင်းဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။ ယနေ့ နံနက်ပိုင်းမှစပြီး သကျက်တောရွာထဲ မွှေနှောက်ရှာဖွေကာ နေအိမ်မီးရှို့ခြင်းဖြစ်ကြောင်း ဒေသခံအချို့၏ ပြောပြချက်အရသိရသည်။ အနီးအနားရှိဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်နေကြရပြီး စားနပ်ရိက္ခာလိုအပ်ချက်လည်း […]

စစ်ကောင်စီလွတ်ငြိမ်းတွင် နိုင်ငံရေးအကျဉ်းသား လေးရာကျော်သာ လွတ်မြောက်

Dawei Watch

January 6, 2024

လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် စစ်ကောင်စီက နိုင်ငံတစ်ဝန်းက အကျဉ်းသား၊ အကျဉ်းသူ ကိုးထောင်ကျော် လွှတ်ပေးရာတွင် နိုင်ငံရေးအကျဉ်းသား လေးရာကျော်သာပါဝင်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPNM) က ထုတ်ပြန်သည်။ အကျဉ်းထောင် ၂၈ခုက နိုင်ငံရေးအကျဉ်းသား ၄၄၀ ဦး လွတ်မြောက်သည်ဟု ကနဦးကောက်ယူထားသည့် စာရင်းများအရ သိရကြောင်း ဇန်နဝါရီလ ၅ ရက်တွင် ထုတ်ပြန်ထားသည်။ အကျဉ်းထောင်အများစုတွင် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခြင်း မရှိခဲ့ကြောင်းလည်း ဖော်ပြသည်။ အင်းစိန်အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ ၂၃၀ဦးဖြင့် အများဆုံးလွတ်မြောက်ခဲ့ပြီး မန္တလေး အိုးဘိုအကျဉ်းထောင်က ၁၄၀ ဦးဖြင့် ဒုတိယအများဆုံး လွတ်မြောက်ခဲ့ကြောင်း ဖော်ပြသည်။ ၇၆ နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် နိုင်ငံတဝန်းက အကျဉ်းသား၊ အကျဉ်းသူ ၉၆၀၀ ကျော်ကို စစ်ကောင်စီက ပြစ်ဒဏ်လျှော့ပေါ့ပြီး […]

လောက်ကိုင်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၃၀၀ကျော် လက်နက်ချကြောင်း မြောက်ပိုင်းမဟာမိတ်ပြော

Dawei Watch

January 6, 2024

ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့တွင် ဒေသကွက်ကဲမှုစစ်ဌာနချုပ် ဒကစ အပါအဝင် တပ်ရင်းစခန်းအားလုံးက တပ်ဖွဲ့ဝင် ၂၃၀၀ ကျော် ဇန်နဝါရီလ ၅ရက်တွင် လက်နက်ချကြောင်း မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်သည်။ လောက်ကိုင် ဒကစ အပါအဝင် ယင်းပတ်ဝန်းကျင်ရှိ တပ်ရင်းစခန်းအားလုံး လက်နက်ချခြင်းဖြစ်ပြီး လက်နက်ချ သူများထဲတွင် ဗိုလ်မှူးချုပ် အဆင့်ရှိသူ ခြောက်ဦး၊ အရာရှိ ၂၂၈ ဦး ပါဝင်ကြောင်း ဖော်ပြသည်။ ပွိုင့် ၂၀၂၂ ဟုလူသိများသော ကိုးကန့်အခေါ် “နမ်ထင်းမိန်ရှန်း” က စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၆၀ ကျော်လည်း လက်နက်ချသဖြင့် လက်နက်ချသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် စုစုပေါင်း ၂၃၈၉ ဦးရှိကြောင်း ဆိုသည်။ ယင်းအပြင် မိသားစုဝင်လည်း ၁၆၀၀ ကျော်ရှိကြောင်း မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ထားသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ သွားလို့သည့်နေရာနှင့် […]

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

Dawei Watch

January 5, 2024

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဒီဇင်ဘာလ ၃၀ ရက်နေ့မှ ဇန်နဝါရီလ ၅ ရက်နေ့အထိ အစ္စရေးအတွက် သူလျှိုလုပ်ပေးသည်ဟု စွပ်စွဲချက်ဖြင့် လူပေါင်း ၃၄ ဦးကို တူရကီဖမ်းဆီး အစ္စရေးထောက်လှမ်းရေးဌာန Mossad အတွက် သူလျှိုလုပ်ပေးတယ်ဆိုပြီး မသင်္ကာသူ ၃၄ ဦးကို တူရကီအာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။ ဒါအပြင် နောက်ထပ် ၁၃ ယောက်ကိုလည်း ရဲတပ်ဖွဲ့က ရှာဖွေနေဆဲပါ။ တူရကီအစိုးရရှေ့နေရုံးကနေ အကြမ်းဖက်မှု တိုက်ဖျက်ရေး စုံစမ်းစစ်ဆေးရေးအနေနဲ့ ပြည်နယ် ၈ ခုက နေရာပေါင်း ၅၇ နေရာကို ရဲတပ်ဖွဲ့က တပြိုင်နက်တည်း စီးနင်းရှာဖွေ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ မသင်္ကာသူတွေက နိုင်ငံခြားသားတွေကို ရှာဖွေစောင့်ကြည့် ထောက်လှမ်းတာတွေ တိုက်ခိုက်တာတွေ […]