ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

လွတ်လပ်ရေးနေ့တွင် သောင်းကျန်းနေသည့်မျောက်ကို ထားဝယ်မီးသတ်ဖမ်းဆီး

Dawei Watch

January 4, 2024

လွတ်လပ်ရေးနေ့ဖြစ်သော ယနေ့(ဇန်နဝါရီ ၄)တွင်နေအိမ်များအပေါ် ပြေးလွှားသောင်းကျန်းနေသည့် မျောက်ကို ရပ်ကွက်နေသူများက တိုင်ကြားသဖြင့် သွားရောက်ဖမ်းဆီးထားကြောင်း ထားဝယ်ခရိုင် မီးသတ်ဦးစီးဌာနထံမှ သိရသည်။ အဆိုပါမျောက်သည် ယနေ့ နေ့လယ် ၁၂ နာရီခန့်က ထားဝယ်မြို့ပိန္နဲတောရပ်ကွက်ရှိ နေအိမ်များပေါ် တက်ရောက် ပြေးလွှားနေမှုကြောင့် ရပ်ကွက်နေပြည်သူများ၏ အကူအညီတောင်းခံမှုအရ ထားဝယ်မြို့နယ် မီးသတ်တပ်ဖွဲ့ ဝင်များမှ သွားရောက်ဖမ်းဆီးထားခြင်းဖြစ်ကြောင်း ထားဝယ်ခရိုင် မီးသတ်ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။ “ဟိုအိမ်ခုန် ဒီအိမ်ခုန်လုပ်နေတာကြောင့် ကျွန်တော်တို့ သွားပြီး ထိန်းသိမ်းထားတယ် အစာတွေလည်း ကျွေးထားပါတယ်”ဟု အထက်ပါတာဝန်ရှိသူကပြောသည်။ အဆိုပါမျောက်ပိုင်ရှင်မှာ ယနေ့ ၂ နာရီဝန်းကျင်ခန့်အထိ မပေါ်သေးသဖြင့် ထားဝယ်မြို့နယ် မီးသတ်ဦးစီးဌာနရုံးမှာပင် ထိန်းသိမ်းထားကြောင်း တာဝန်ရှိသူကဆိုသည်။ ပိုင်ရှင်မှန်များအနေဖြင့် အဆိုပါမျောက်ကို ထားဝယ်မြို့နယ်မီးသတ်စခန်းတွင် သက်သေအထောက်အထားပြ၍ လာရောက်ထုတ်ယူနိုင်ကြောင်း မီးသတ်ဌာန၏ ထုတ်ပြန်ချက်အရသိရသည်။ ယခုနှစ် […]

ဆန္ဒပြပွဲသတင်းယူနေချိန် ကားဖြင့်တိုက်ပြီးဖမ်းဆီးခံရသည့် ဓာတ်ပုံသတင်းထောက် ကိုကောင်းဆက်လင်းပြန်လွတ်

Dawei Watch

January 4, 2024

ဆန္ဒပြပွဲ သတင်းရယူနေချိန် စစ်ကားဖြင့်ဝင်တိုက်ကာ ဖမ်းဆီးခံခဲ့ရသည့် ဓာတ်ပုံသတင်းထောက် ကိုကောင်းဆက်လင်း ယနေ့ ဇန်နဝါရီလ ၄ရက်နေ့တွင် အင်းစိန်အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသည်။ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၅ရက်က ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်းတွင် ဆန္ဒပြပွဲကို စစ်ကောင်စီတပ်က ကားဖြင့် ဝင်တိုက်ဖြိုခွဲဖမ်းဆီးခဲ့သည်။ ယင်းဆန္ဒပြပွဲတွင် သတင်းယူနေသည့် ကိုကောင်းဆက်လင်းလည်း ကားဖြင့် တိုက်ခံရပြီး ဒဏ်ရာအပြင်းအထန်ရကာ ဖမ်းဆီးခံခဲ့ရသည်။ ယင်းနောက် စစ်ကောင်စီက ကိုကောင်းဆက်လင်းကို ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ (က) ဖြင့် ထောင်သုံးနှစ် ချမှတ်ခဲ့သည်။ ဖမ်းဆီးခံရပြီး၂နှစ်အကြာတွင် လွတ်ငြိမ်းခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသည်။ “နိုင်ငံရေးနဲ့ ပတ်သက်ပြီး ကျွန်တော့်သူငယ်ချင်းတွေ အထဲမှာ (ထောင်ထဲမှာ) အများကြီးကျန်ခဲ့သေးတယ်။ သူတို့ကိုလည်း အမြန် ပြန်လွတ်စေချင်တယ်။ ကျွန်တော် အမေ့ဆီပြန်ချင်တယ်။ ကျွန်တော့အမေဆုံးတာ ရှစ်လပြည့်ပြီ။ […]

ထိုင်းတောင်ပိုင်းရှိ မေတ္တာရိပ် မြန်မာကျောင်းတွင် လွတ်လပ်ရေးနေ့ကျင်းပ

Dawei Watch

January 4, 2024

ထားဝယ်ဒေသခံကလေးရာချီ ပညာသင်ယူနေသည့် ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီမြို့ရှိ မေတ္တာရိပ် မြန်မာကျောင်းတွင် ၇၆ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲကို ယနေ့ ကျင်းပနေသည်ကို တွေ့ရစဉ်။

လွတ်ငြိမ်းတွင်ပါဝင်သည့် ထားဝယ်ထောင်မှ အကျဥ်းကျနေသူများ စတင်လွှတ်ပေး

Dawei Watch

January 4, 2024

စစ်ကောင်စီ၏ လွတ်ငြိမ်းစာရင်းတွင် ပါဝင်သည့် ထားဝယ်အကျဥ်းထောင်မှ အကျဥ်းသား၊ အကျဥ်းသူများကို စတင်လွှတ်ပေးနေပြီဖြစ်ကြောင်း သိရှိရသည်။ ထားဝယ်အကျဉ်းထောင်မှ ၈၀ ဝန်းကျင်ခန့် လွတ်မြောက်မည်ဟု သတင်းများ ထွက်နေသော်လည်း အတည်ပြုနိုင်ခြင်း မရှိသေးပေ။ ယင်းလွတ်မြောက်စာရင်းတွင် နိုင်ငံရေးအကျဉ်းသားများ ပါဖွယ်ရှိကြောင်း သတင်းများထွက်နေပြီး မည်မျှပါမည်ကိုမူ မသိရသေးပေ။ လတ်တလောရရှိသည့် သတင်းအရ လွတ်ရက်စေ့ခါနီး နိုင်ငံရေးအကျဉ်းသူ ၃ ဦးသာ ပါသေးကြောင်း သိရသည်။ ယနေ့ ကျရောက်သည့် ၇၆ နှစ်မြောက် လွတ်လပ်ရေးနေ့တွင် စစ်ကောင်စီက လွတ်ငြိမ်းခွင့်ရသူများကို ထုတ်ပြန်လိုက်ပြီး နိုင်ငံတဝန်းအကျဉ်းထောင်များရှိ အကျဉ်းသား၊ အကျဉ်းသူ ၉၆၅၂ဦးနှင့် နိုင်ငံခြားသား အကျဉ်းသား၊ အကျဉ်းသူ ၁၁၄ ဦးတို့ကို ပြစ်ဒဏ်လျှော့ပေါ့ကာ လွတ်ငြိမ်းခွင့်ပြုကြောင်း ဖော်ပြထားသည်။ ပုံစာ – လွတ်ငြိမ်းဖြင့်လွတ်လာသူများကို ထားဝယ်ထောင်ရှေ့တွင် ယနေ့ […]

မြိတ်တွင် မီးသင်္ဂြိုဟ်စရိတ်စျေးတက်

Dawei Watch

January 4, 2024

မြိတ်မြို့တွင် မီးသင်္ဂြိုဟ်စရိတ်ကို ဇန်နဝါရီလ ၁ ရက်ကစပြီး ကျပ်ငါးထောင် တိုးမြှင့်ကောက်ခံမည်ဖြစ်ကြောင်း မြိတ်မြို့ မီးသင်္ဂြိုဟ်နာရေးအသင်းထံက သိရသည်။ ယခင်က ၂ဝဝဝဝ ကျပ်ကောက်ခံနေရာမှ ၂၅၀၀၀ ကျပ်သို့ တိုးမြှင့်ကောက်ခံမည်ဖြစ်သည်။ “ မီးသင်္ဂြိုဟ်စရိတ်မြှင့်တာက ထင်းတွေကလည်း လိုက်တိုက် (လိုက်သယ်) တဲ့အခါ စရိတ်က တအားကြီးတယ်။ဝန်ထမ်းစရိတ်တွေလည်းရှိတယ်။ စျေးမတင်ပေးရင်လည်း လုပ်နေတဲ့ဝန်ထမ်းက စားဖို့မလောက်တော့ဘူး။ အဲဒါကြောင့် အားလုံးတိုင်ပင်ပြီး ၅၀၀၀ တိုးကောက်တာပါ” ဟု အသင်း တာဝန်ရှိသူက ပြောသည်။ မီးသင်္ဂြိုဟ်စရိတ်အလှူငွေကို မီးသဂြိုဟ်ရန်အတွက် ထင်းဖိုးနှင့် ဝန်ထမ်းစရိတ်အတွက် အဓိကသုံးခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ မြိတ်မြို့၊ ကလွင်ရပ် ဘာသာပေါင်းစုံ သုသာန်တွင် ဆရာတော်များအတွက် မီးသင်္ဂြိုဟ် စက်တစ်လုံး၊ သီလရှင်များအတွက် မီးသင်္ဂြိုဟ်စက်တစ်လုံး ၊ ဘာသာပေါင်းစုံအတွက် မီးသင်္ဂြိုဟ်စက်နှစ်လုံး စုစုပေါင်း […]

ပလက်ဝမြို့နယ်က စခန်းနှစ်ခုကို AA သိမ်းယူ

Dawei Watch

January 4, 2024

ချင်းပြည်နယ် ပလက်ဝမြို့နယ်က ခမောင်းဝနှင့် ချင်းလက်ဝစခန်းကုန်းတို့ကို သိမ်းယူနိုင်ခဲ့ကြောင်း ရက္ခိုင့်တပ်တော် (AA) က ထုတ်ပြန်သည်။ ခမောင်းဝစခန်းကုန်းကို ဇန်နဝါရီလ ၂ရက်နေ့တွင် သိမ်းယူနိုင်ခဲ့ပြီး ချင်းလက်ဝစခန်းကုန်းကို ဇန်နဝါရီလ ၃ ရက်နေ့တွင် သိမ်းယူနိုင်ခဲ့ကြောင်း ဖော်ပြသည်။ စခန်းကုန်းများကို သိမ်းယူရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ရုပ်အလောင်းများ ရရှိပြီး လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင် ပစ္စည်းအမြောက်အမြားကိုလည်း သိမ်းဆည်းရမိကြောင်း ထုတ်ပြန်ထားသည်။ ပလက်ဝဒေသတွင် ကျန်ရှိနေသေးသည့် ဗျူဟာကုန်းများဖြစ်သည့် ၂၈၉ ဗျူဟာကုန်းနှင့် မီးဝဗျူဟာကုန်းတို့နှင့် စခန်း ရှစ်ခုကိုလည်း ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း AA က ဆိုသည်။ ပလက်ဝဒေသအတွင်းသာမက ရခိုင်ဒေသအတွင်းရှိ စစ်ကောင်စီတပ်စခန်းတစ်ခုမျှမကျန်အောင် တိုက်ခိုက်သွားမည်ဟုလည်း ဆိုသည်။ ဒီဇင်ဘာလ ၂၇ရက်၊ ၂၈ ရက်နေ့တို့လည်း ပလက်ဝမြို့နယ်ထဲက ခဝဲဗျူဟာကုန်းနှင့် […]

စစ်ရဟတ်ယာဉ်ပစ်ချခံရမှု ခြောက်ဦးသေဆုံးပြီး ဗိုလ်မှူးတစ်ဦးဖမ်းမိဟုထုတ်ပြန်

Dawei Watch

January 4, 2024

ကချင်လွတ်မြောက်ရေးတပ်မတော် KIA ဌာနချုပ် လိုင်ဇာမြို့အနီး စစ်ကောင်စီတပ်ရဟတ်ယာဉ် ပစ်ချခံရမှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦးသေဆုံးပြီး ဗိုလ်မှူးတစ်ဦး ဖမ်းမိကြောင်း မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့က ပူးတွဲ ထုတ်ပြန်ထားသည်။ နာဖာ့တပ်စခန်းကို ရိက္ခာနှင့် လက်နက်ခဲယမ်း လာရောက်ပို့ဆောင်သည့် Mi-17 ရဟတ်ယာဉ်တစ်စီးကို ညီနောင်သုံးဖွဲ့၏ မဟာမိတ်ဖြစ်သည့် KIA က ပစ်ချနိုင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ဒဏ်ရာရထားသည့် ရဟတ်ယာဉ်မှူးဖြစ်သူ စစ်တက္ကသိုလ် DSA အမှတ်စဉ် ၄၅ ကျောင်းဆင်း ဗိုလ်မှူး ဇော်မျိုးသန့်ကို ဖမ်းမိထားပြီး တွဲဖက်ရဟတ်ယာဉ်မှူး ဗိုလ်ကြီးကောင်စံသိန်းမှာ သေဆုံးကြောင်း လူမှုကွန်ရက်တွင် သတင်းပျံ့နေသည်။ စစ်ကောင်စီက ဇန်နဝါရီလ ၃ရက် နေ့လယ်ပိုင်းတွင် လက်နက်နှင့် ရိက္ခာလာပို့သည့် ရဟတ်ယာဉ်နှစ်စင်းအနက် တစ်စင်းကို ပစ်ချနိုင်ခဲ့ကြောင်း KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြု ပြောဆိုထားသည်။ […]

အကျဉ်းသား ကိုးထောင်ကျော်ကို စစ်ကောင်စီက လွတ်ငြိမ်းခွင့်ပေး

Dawei Watch

January 4, 2024

၇၆နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် အကျဉ်းသား၊ အကျဉ်းသူ ကိုးထောင်ကျော်ကို ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြုကြောင်း စစ်ကောင်စီက ယနေ့ ဇန်နဝါရီလ ၄ရက်တွင် ထုတ်ပြန်ကြေညာသည်။ နိုင်ငံတဝန်းအကျဉ်းထောင်များရှိ အကျဉ်းသား၊ အကျဉ်းသူ ၉၆၅၂ဦးနှင့် နိုင်ငံခြားသား အကျဉ်းသား၊ အကျဉ်းသူ ၁၁၄ ဦးတို့ကို ပြစ်ဒဏ်လျှော့ပေါ့ကာ လွတ်ငြိမ်းခွင့်ပြုခြင်းဖြစ်ကြောင်း ဖော်ပြသည်။ နောက်တစ်ကြိမ် ထပ်မံပြစ်မှုကျူးလွန်လျှင် ယခုကျန်ရှိသည့် ပြစ်ဒဏ်ကိုပါ တစ်ပေါင်းတည်း ကျခံရမည်ဟု ကန့်သတ်ချက်ဖြင့် လွတ်ပေးခြင်းဖြစ်သည်။ လွတ်ငြိမ်းခွင့်ရသူများအနက် နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ မည်မျှပါဝင်သည်ကို မသိရသေးပေ။ နိုင်ငံခြားသား အကျဉ်းသား၊ အကျဉ်းသူတို့ကိုမူ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုပြီးနောက် ပြည်နှင်ဒဏ်ပေး လိုက်ကြောင်း ထုတ်ပြန်ထားသည်။ အာဏာသိမ်းမှုကို ဆန့်ကျင်သဖြင့် ဖမ်းဆီးခံခဲ့ရသူ ၂၅၀၀၀ ကျော်ရှိပြီး ယင်းအနက် ၁၉၀၀၀ ကျော်မှာ ထိန်းသိမ်းခံထားရဆဲဖြစ်ကာ ရှစ်ထောင်ကျော်မှာ ထောင်ဒဏ်ချမှတ်ခံထားရကြောင်း […]