ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထားဝယ်တွင် ကွမ်းယာဆိုင်ထဲ ဗုံးပစ်သွင်းသူနှစ်ဦးမှာ စစ်ကောင်စီတပ်သားများဟု ထားဝယ်ခရိုင်တပ်ရင်းထုတ်ပြန်

Dawei Watch

January 5, 2024

ထားဝယ်မြို့ ဗျောတောဝရပ်ကွက်တွင် ကွမ်းယာဆိုင်ထဲ ဗုံးပစ်သွင်းသူနှစ်ဦးမှာ စစ်ကောင်စီတပ်သားများဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် ထားဝယ်ခရိုင်အမှတ် (၁) တပ်ရင်းက ဇန်နဝါရီလ ၄ ရက်နေ့က ထုတ်ပြန်သည်။ တော်လှန်ရေးအင်အားစုက လုပ်ဆောင်ခြင်း မဟုတ်ဘဲ စစ်ကောင်စီ ခလရ ၁၀၄ တပ်ရင်းက တပ်သားနှစ်ဦးက တော်လှန်ရေးသမားအသွင်ယူ၍ လုပ်ဆောင်ခဲ့သည်ကို စုံစမ်းသိရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ဇန်နဝါရီလ ၂ ရက်နေ့ မွန်းလွဲ ၂ နာရီကျော်က ထားဝယ်မြို့ ဗျောတောဝရွာလယ် ဇရပ်အနီး ကွမ်းယာဆိုင်ထဲသို့ အမျိုးသားနှစ်ဦးက လက်ပစ်ဗုံးဖြင့် ပစ်သွင်းခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါဗုံးမှာ ပေါက်ကွဲသွားခြင်းမရှိဘဲ ဗုံးပစ်သူနှစ်ဦးစလုံးကို ရပ်ကွက်နေသူများက ဝိုင်းဝန်းဖမ်းဆီးမှုကြောင့် ဖမ်းမိခဲ့ပြီး အဆိုပါအမျိုးသားနှစ်ဦးမှာ စစ်ကောင်စီတပ်သားများဖြစ်နေသည်ကို သိရကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။ “စစ်သားဆိုတာသေချာတယ်။ မူးရူးပြီးလာတယ်။ ဘယ်တပ်ရင်းကဆို‌တာတော့ […]

ထားဝယ်တွင် သံပရာသီးတစ်လုံး ကျပ် ၆၀၀အထိ ပေးဝယ်နေရ

Dawei Watch

January 5, 2024

ထားဝယ်တွင် နွေရာသီ သံပရာသီး အထွက်နည်းလာခြင်းနှင့် ဈေးကွက်အတွင်း အဝင်နည်းနေခြင်းတို့ကြောင့် ဈေးကွက်တွင် ယခုအပတ် သံပရာသီးတစ်လုံးကို ၆၀၀ ကျပ် အထိ ပေးဝယ်နေရကြောင်း စျေးကွက်အတွင်းမှ သိရသည်။ ပြီးခဲ့သည့် မိုးတွင်းကာလက သံပရာသီးအငယ်တစ်လုံးကို ၅၀ ကျပ်မှ ၁၀၀ကျပ်၊ သံပရာသီးအကြီးတစ်လုံးကို ကျပ် ၂၀၀ မှ ၂၅၀ကျပ်ခန့်အထိသာ စျေးရှိကြောင်း စျေးကွက်အတွင်းမှ သိရသည်။ သို့သော် ဒီဇင်ဘာလ နောက်ဆုံးအပတ်မှ ဇန်နဝါရီလ ပထမအပတ်ထဲတွင် သံပရာသီးအငယ်တစ်လုံးလျှင် ၃၀၀ ကျပ်၊ သံပရာသီးအကြီးတစ်လုံးလျှင်၅၀၀ကျပ်မှ ၆၀၀ကျပ်အထိ ပေးဝယ်နေရကြောင်း ထားဝယ်မုန့်လက်သုပ်ရောင်းသည့် အိမ်ရှင်မတစ်ဦးက ပြောသည်။ “မနှစ်ကဆို ၃၀၀ အများဆုံးပဲ။ ဒီနှစ်ကုန်ခါနီးကစပြီး တက်လာတာ။ မုန့်လက်သုပ်ထဲ သံပရာသီး မထည့်ပေးနိုင်တော့ဘူး။ ချဉ်ရည်ဘူးပဲ ထားပေးထားတော့တယ်” ဟု ၎င်းက […]

မြိတ်အကျဉ်းထောင်က လွတ်မြောက်လာသူများတွင် နိုင်‌ငံရေးအကျဉ်သား မပါဟုဆို

Dawei Watch

January 5, 2024

လွတ်လပ်ရေးနေ့တွင် မြိတ်အကျဉ်းထောင်က လွှတ်ပေးလိုက်သူများအထဲတွင် နိုင်ငံရေးအကျဉ်းသားများ ပါဝင်ခြင်း မရှိကြောင်း မြိတ်မြို့ခံအချို့က ပြောသည်။ မြိတ်အကျဉ်းထောင်က အမျိုးသား ၇၃ ဦး၊ အမျိုးသမီး ၁၁ ဦး စုစုပေါင်း ၇၄ ဦးကို လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းသိရသည်။ “မူးယစ်ဆေးသမားနဲ့ ခိုးဆိုးလုနှိုက်တွေပဲ လွှတ်ပေးတာ။ နိုင်ငံရေးအကျဉ်းသားတစ်ယောက်မှ မပါဘူး။ အဲဒါသေချာတယ်” ဟု အကျဉ်ထောင်နှင့် နီးစပ်သူတစ်ဦး၏ ပြောဆိုချက်ကို ကိုးကားပြီး မြိတ်ဒေသခံတစ်ဦးက ပြောသည်။ မြိတ်မြို့နယ် ကျောက်ဖြူတောင် ရဲဘက်စခန်းကလည်း အမျိုးသား ၂၇ ဦးကို ပြန်လွှတ်ပေးခဲ့ကြောင်း စုံစမ်းသိရသည်။ ထားဝယ်အကျဉ်းထောင်တွင်မူ အမျိုးသား ၇၀ ဦး၊ အမျိုးသမီး ၁၄ ဦးကိုပြန်လွှတ်ပေးခဲ့ပြီး ထိုအထဲတွင် နိုင်ငံ‌ရေးအကျဉ်းသူ သုံးဦးသာ ပါဝင်ကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းတို့ထံမှ သိရသည်။ ကော့သောင်းအကျဉ်းထောင်က […]

လောက်ကိုင်ဒကစ လက်နက်ချထွက်ခွာ၊ ကိုးကန့်ဒေသကို MNDAA သိမ်းယူ

Dawei Watch

January 5, 2024

လောက်ကိုင်တွင် နောက်ဆုံးကျန်ရှိသည့် ဒေသကွက်ကဲမှုစစ်ဌာနချုပ် ဒကစနှင့် နန်ထင်းမိန်တောင်စခန်းက စစ်ကောင်စီ တပ်သားများ လက်နက်ချထွက်ခွာပြီးနောက် ကိုးကန့်ဒေသတစ်ခုလုံးကို ကိုးကန့်တပ် MNDAA က သိမ်းယူနိုင်ပြီဆိုနိုင်သည်။ လောက်ကိုင် ဒကစနှင့် နန်ထင်းမိန်တောင်စခန်းက စစ်ကောင်စီတပ်တို့သည် ကိုးကန့်တပ်နှင့် ကြိုတင် ညှိနှိုင်းကာ ဇန်နဝါရီလ ၄ရက်တွင် လက်နက်ချခြင်းဖြစ်ဖြစ်ကြောင်း ဒေသတွင်းသတင်းများတွင် ဖော်ပြသည်။ ယင်းနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များကို လားရှိုးဘက်သို့ MNDAA ၏ စီစဉ်မှုဖြင့် ပြန်လည်ပေးပို့ နေကြောင်း ဆိုသည်။ စစ်ကောင်စီတပ် လက်နက်ချ ထွက်ခွာသည့် ရုပ်သံမှတ်တမ်းများလည်း လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည်။ စစ်ကောင်စီတပ်သားအားလုံး ဆုတ်ခွာပြီဖြစ်သဖြင့် ကိုးကန့်ဒေသတွင် ပြည်သူ့စစ်ခေါင်းဆောင် ပယ်ရှောက်ချိန်၏ အမာခံ နေရာ အနည်းငယ်ကလွဲပြီး နေရာအားလုံးကို ကိုးကန့်နှင့် ပူးပေါင်းတပ်ဖွဲ့က ထိန်းချုပ်လိုက်ပြီ ဖြစ်ကြောင်း ရွှေဖီမြေ […]

မွန်တွင် အကျဉ်းသားခြောက်ရာကျော်လွတ်၊ နိုင်ငံရေးအကျဉ်းသား ၃၁ ဦးသာပါ

Dawei Watch

January 5, 2024

မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောင်အသီးသီးက လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွတ်လာသူ ၆၇၀ဦးတွင် နိုင်ငံရေး အကျဉ်းသား ၃၁ ဦးသာပါဝင်ကြောင်း အကျဉ်းထောၚ်နှင့် နိုင်ငံရေးအကျဉ်းသားများကို ကူညီပေးနေသူ တို့ထံမှ သိရသည်။ စစ်ကောင်စီက ၇၆ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောင်၊ အချုပ်ထောင်၊ အကျဉ်းစခန်းအသီးသီးမှ အကျဉ်းသား၊ အကျဉ်းသူ ၆၇၀ ဦးကို ပြန်လွှတ်ပေးခဲ့သည်။ ကျိုက်မရောအကျဉ်းထောင်က ၁၀၃ဦး၊ မော်လမြိုင်အချုပ်ထောင်က ၃၅၀ဦး၊ သထုံအကျဉ်းထောင်က ၉၃ဦး၊ မုပ္ပလင် (အမျိုးသမီး) ကုန်ထုတ်စခန်းက ၃၅ဦး၊ အင်္ဂဘိုနှင့် တောင်စွန်း အလုပ်စခန်းများက ၄၁ဦး၊ ဇင်းကျိုက်ကုန်ထုတ်စခန်းက ၁၇ဦး၊ ရင်းငြိမ်အလုပ်စခန်းက ၂၀ဦး၊ အင်းဗြောင်အလုပ်စခန်းက ၁၁ဦးတို့ပါဝင်ကြောင်း အကျဉ်းထောင်များ၏စာရင်းအရ သိရသည်။ မွန်ပြည်နယ်အတွင်း ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) ဖြင့် […]

တော်လှန်ရေးနယ်မြေက လွတ်လပ်ရေးနေ့

Dawei Watch

January 4, 2024

ပုလောဒေသ၊ ရှေ့တန်းနယ်မြေတစ်နေရာတွင် စစ်ဘေးရှောင် ပြည်သူများအတွက်​ပြည်သူ့ကာကွယ်ရေးရဲဘော်များက လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ နှင့် အကျွေးအမွေးအစီအစဥ်များ ပြုလုပ် ကျင်းပပေးခဲ့ကြသည်။

ဧရာဝတီတိုင်း လူမှုရေးဝန်ကြီးနှင့် မန္တလေးမြို့တော်ဝန်အပါအဝင် နိုင်ငံရေးအကျဉ်းသား အနည်းငယ်သာပြန်လွတ်

Dawei Watch

January 4, 2024

စစ်ကောင်စီက လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုရာတွင် နိုင်ငံရေးအကျဉ်းသားအနည်းငယ်သာ ပါဝင်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်သည်။ စစ်ကောင်စီက နိုင်ငံတဝန်းရှိ အကျဉ်းသား၊ အကျဉ်းသူ ၉၆၀၀ ကျော်ကို ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁ (၁) အရ လွှတ်ပေးလိုက်ရာတွင် ဧရာဝတီတိုင်း လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးနှင့် မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင် အပါအဝင် နိုင်ငံသားအကျဉ်းသား အနည်းငယ်သာ ပါဝင်ကြောင်း ဖော်ပြသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက်တွင် လူမှုရေးဝန်ကြီး တာဝန်ယူခဲ့သည့် ဒေါက်တာလှမြတ်သွေးမှာ ပုသိမ်အကျဉ်းထောင်မှ ယနေ့ ဇန်နဝါရီလ ၄ရက်တွင် ပြန်လည်လွတ်မြောက်လာခြင်းဖြစ်သည်။ ဒေါက်တာလှမြတ်သွေးကို စစ်ကောင်စီက ၂၀၂၃ ခုနှစ် ဇန်နဝါရီလတွင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (ခ) ဖြင့် ထောင်ဒဏ် ၂နှစ် ချမှတ်ထားခြင်းဖြစ်သည်။ […]

တနင်္သာရီတိုင်း ကောင်စီဥက္ကဋ္ဌဟောင်းကို စစ်ကောင်စီက ဝဏ္ဏကျော်ထင်ဘွဲ့ပေး

Dawei Watch

January 4, 2024

အာဏာသိမ်းပြီးနောက် တနင်္သာရီတိုင်းကောင်စီဥက္ကဋ္ဌ အဖြစ်ခန့်အပ်ခံရသူ ဦးတင်အောင်ကို ဇန်နဝါရီလ ၄ ရက် ၊ လွတ်လပ်ရေးနေ့တွင် စစ်ကောင်စီက ဝဏ္ဏကျော်ထင်ဘွဲ့ပေးအပ်ခဲ့သည်။ ဦးတင်အောင်သည် ၂၀၁၆ ခုနှစ်မှ ၂၀၂၀ပြည့်နှစ်အထိ တနင်္သာရီတိုင်း တရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် တာဝန်ယူကာ အငြိမ်းစားယူပြီးနောက် အာဏာသိမ်းမှု နောက်ပိုင်းတွင် တနင်္သာရီတိုင်းကောင်စီ ဥက္ကဋ္ဌအဖြစ် ၆ လ ခန့်အပ်ခံခဲ့ရသည်။ ဝဏ္ဏကျော်ထင် ဘွဲ့ပေးရာတွင် တိုင်းကောင်စီဥက္ကဋ္ဌအနေဖြင့် ပေးခြင်းမဟုတ်ဘဲ တိုင်းတရားသူကြီးချုပ် အငြိမ်းအစားအဖြစ် ပေးခြင်းဖြစ်ပြီး ၎င်းနှင့်အတူ တနင်္သာရီတိုင်းက တိုင်းတရားသူကြီးချုပ် အငြိမ်းစား ဦးမြင့်ဝင်းဆိုသူလည်း ဝဏ္ဏကျော်ထင်ဘွဲ့ပေးခြင်းခံရသည်။ ယင်းအပြင် ၂၀၀၈ အခြေခံဥပဒေရေးဆွဲရာတွင် ပါဝင်ခဲ့သူ တနင်္သာရီတိုင်းက ပညာရေးဝန်ထမ်းသုံးဦးနှင့် ထွေအုပ်ဝန်ထမ်း တစ်ဦးအပါအဝင် အမျိုးသား ၁၉ ဦးကိုလည်း စစ်ကောင်စီက လူမှုထူးချွန် ပထမဆင့် ဆုတံဆိပ်များ […]