လောင်းလုံး သဗြေရှောင်ရွာတွင် စစ်ကောင်စီတပ်က နေအိမ်မီးရှို့၍ အိမ်ရှင်ကိုဖမ်းဆီး
Dawei Watch
January 3, 2024လောင်းလုံးမြို့နယ် သဗြေရှောင်ရွာတွင် စစ်ကောင်စီတပ်က နေအိမ်တစ်ဆောင်ကို ယနေ့ နံနက် (ဇန်နဝါရီ ၃)က မီးရှို့ခဲ့ပြီး အိမ်ရှင်အမျိုးသားကို ဖမ်းဆီးထားကြောင်း ဒေသခံများထံမှ သိရသည်။ မြခါးပတ်ရွာနှင့် မြေခံတောင်တွင် တပ်စွဲထားသည့် စစ်ကြောင်းနှစ်ကြောင်းပေါင်း၍ ယနေ့ နံနက်က သဗြေရှောင်ရွာဘက်သို့ စစ်ကြောင်းထိုးချိန်တွင် သပြေရှောင်ကျေးရွာအုပ်စု ဟင်းချိုတောရွာ သင်္ချိုင်းအနီးရှိ အိမ်သုံးဆေးရောင်းချသည့်ဆိုင်အား မီးရှို့လိုက်ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကဆိုသည်။ အဆိုပါဆေးဆိုင်ပိုင်ရှင်အား အရင်ဖမ်းဆီးပြီးမှ နေအိမ်အားမီးရှို့လိုက်ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။ “အိမ်ကဆေး ရောင်းတဲ့အိမ်ပါ။ အိမ်ကတော့ပြာကျသွားပြီ အဲဒီအိမ်က လူကိုလည်း ဖမ်းထားတယ်”ဟု ၎င်းကပြောသည်။ ယင်းစစ်ကြောင်းမှာ ယနေ့နေ့လယ်ပိုင်းတွင် ဟင်းချိုတောရွာနှင့် သဗြေရှောင်တိုက် ကျောင်းအနီး ရောက်ရှိနေသဖြင့် ဒေသခံများ ဘေးလွတ်ရာ ထွက်ပြေးနေကြရကြောင်း ရွာခံတစ်ဦးကဆိုသည်။ အဆိုပါစစ်ကောင်စီစစ်ကြောင်းသည် ဒီဇင်ဘာလ ၂၇ ရက်နေ့မှစပြီး လောင်းလုံးမြို့နယ်ရှိ ကျေးရွာအချို့ကို အင်အားအလုံးအရင်း […]


