ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထားဝယ်တွင် အိမ်ငှားနေသူများ ဧည့်စာရင်းစရိတ် အကုန်အကျများလာ

Dawei Watch

January 9, 2024

ထားဝယ်မြို့ပေါ် တွင် အိမ်ငှားနေထိုင်သူများ ဧည့်စာရင်းစရိတ် ပိုမိုကုန်ကျလာကြောင်း အိမ်ငှား နေထိုင်သူများ ထံမှသိရသည်။ ယခင်က ဧည့်စာရင်းစရိတ် ကျပ် ၂၀၀၀ဖြင့် တစ်လ တစ်ကြိမ်သာ တိုင်ရပြီး ပြီးခဲ့သော ဒီဇင်ဘာလ တတိယပတ်ကစပြီး ၁၅၀၀ ကျပ်ဖြင့် တစ်ပတ်တစ်ကြိမ် တိုင်နေရကြောင်း မြို့ပေါ် အိမ်ခန်းငှားနေသူအချို့က ပြောသည်။ ထို့ကြောင့် ယခင်ကထက် ဧည့်စာရင်းစရိတ် တစ်လလျှင် ကျပ် လေးထောင်ခန် ပိုမိုကုန်ကျလာခြင်းဖြစ်ကြောင်း ထားဝယ်မြို့ပေါ် အိမ်ခန်းငှားနေသူတစ်ဦးကပြောသည်။ “အခုဆို တစ်လလောက်ရှိတော့မယ်။ အပတ်တိုင်းတိုင်နေရတာ” ဟု ၎င်းကပြောသည်။ ဧည့်စာရင်းစရိတ် တိုးလာသည့်အပြင် ယခင်က တင်းကျပ်လာကြောင်းလည်း အိမ်ခန်းငှားရမ်း နေထိုင်သူတို့က ဆိုသည်။ တစ်ပတ်တစ်ကြိမ် တိုင်လာရပြီးနောက်ပိုင်း အိမ်ငှားနေထိုင်သူများ၏ ဓာတ်ပုံ၊ ဖုန်းနံပါတ်များကိုလည်း တစ်ပါတည်း တောင်းခံလာခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ […]

ချွန်ဘူရီတွင် MoU မြန်မာလုပ်သား ၇၀ ကျော် ရောင်းစားခံရပြီး ဒုက္ခရောက်နေ

Dawei Watch

January 9, 2024

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်တွင် တရားဝင်လာရောက် လုပ်ကိုင်သော မြန်မာအလုပ်သမား ၇၀ ကျော်သည် ရောင်းစားခံရသည့် အပြင် အလုပ်လည်း ပုံမှန်မလုပ်ရသဖြင့် ဒုက္ခရောက်နေကြကြောင်း အလုပ်သမားများနှင့် ကူညီဆောင်ရွက်ပေးနေသော WAG အဖွဲ့ထံမှ သိရသည်။ အဆိုပါအလုပ်သမားများသည် နှစ်နိုင်ငံအစိုးရ နားလည်မှုစာချွန်လွှာ MoU စနစ်ဖြင့် လာရောက် လုပ်ကိုင်ကြသူများဖြစ်သည်။  မြန်မာအလုပ်သမား ၇၁ ဦးကို မြန်မာအေဂျင်စီ Moe Thit Yan က ထိုင်းနိုင်ငံ ပထုံဌာနီရှိ Apisit ကုမ္ပဏီတွင် လုပ်ကိုင်ရန် ၂ နှစ်စာချုပ်ချုပ်ဆို၍ ပြီးခဲ့သောနှစ် အောက်တိုဘာလ ၁၇ ရက်နေ့က စေလွှတ်ခဲ့ကြောင်း အလုပ်သမားများထံမှ သိရသည်။ ထိုင်းနိုင်ငံသို့ ရောက်သောအခါ စာချုပ်ပါလုပ်ငန်းခွင်သို့ မဟုတ်ဘဲ ချွန်ဘူရီခရိုင်ရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုသို့ ပို့ဆောင်ခံရကြောင်း အလုပ်သမားများက ပြောသည်။ စာချုပ်ပါ Apisit ကုမ္ပဏီသူဌေးက မြန်မာအလုပ်သမား ၇၀ ကျော်ကို တစ်ဦးလျှင် ဘတ် ၂၀၀၀ ဖြင့် ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုသို့ ရောင်းစားခဲ့ခြင်းဖြစ်ကြောင်း အလုပ်သမားတစ်ဦးက ဆိုသည်။ “မင်းတို့သူဌေးကတော့ […]

ဂန္တဝင်​တေးသံရှင် ဒေါ်မာမာအေးကွယ်လွန်

Dawei Watch

January 9, 2024

ဂန္တဝင်​တေးသံရှင် ဒေါ်မာမာအေး ယ​နေ့မနက်(ဇန်နဝါရီ ၉ ရက် မနက် ၅:၅၈)တွင် အ​မေရိကန်ပြည်​ထောင်စု၌ ကွယ်လွန်သွားပြီဟု အ​မေရိကအ​ခြေစိုက် VOA သတင်းဌာနက ​ဖော်ပြသည်။

ညောပြင်ရွာကို စစ်ကောင်စီတပ် မီးထပ်ရှို့

Dawei Watch

January 8, 2024

လောင်းလုံးမြို့မှ တောင်ဘက်မိုင် ၃၀ ကျော်အကွာ ညောပြင်ကျေးရွာရှိ နေအိမ်များကို စစ်ကောင်စီတပ်က ထပ်မံမီးရှို့နေကြောင်း ဒေသခံအချို့ကပြောသည်။ ယနေ့ ဇန်နဝါရီလ ၈ရက် ညနေ ၅ နာရီကျော်တွင် ညောပြင်ရွာထဲသို့ စစ်ကောင်စီတပ် ဝင်ရောက်လာပြီး ရွာအနောက်ဘက်ပိုင်းရှိ နေအိမ်များကို မီးရှို့ကြောင်း ဒေသခံအချို့က ဆိုသည်။ “သူတို့ (စစ်ကောင်စီတပ်) က ဖိုးဖိုကျောက်ကမ်းခြေမှာရှို့ပြီးမှ ရွာထဲဝင်လာပြီးရှို့တာ။ အခုဆိုရင် ရွာနောက်ပိုင်းထဲမှာ အိမ်တွေအကုန်ပါသွားပြီ” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။ ဒေသခံများမှာ စစ်ကြောင်းထိုးလာနေသည့်သတင်းကြောင့် ကြိုတင်တိမ်းရှောင်နေချိန် ရွာထဲဝင်ပြီး မီးရှို့ခြင်းဖြစ်ကြောင်း ဆိုသည်။ စစ်ကောင်စီတပ်သည် လောင်းလုံးမြို့နယ်တောင်ဘက်ကျေးရွာများကို အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေသည်မှာ ၁၄ရက် ကြာမြင့်လာပြီဖြစ်သည်။ ဇန်နဝါရီလ ၇ရက် ညနေပိုင်းကတည်းက ညောပြင်၊ ဖိုးဖိုးကျောက်ကမ်းခြေတကြောသို့ ရောက်ရှိနေခြင်းဖြစ်သည်။ ‌ဖိုးဖိုးကျောက်ကမ်းခြေတွင် တစ်ညစခန်းချပြီးနောက် […]

ကျောက်တောင်ရွာက ပျူစောထီးခေါင်းဆောင် ပစ်ခတ်ရှင်းလင်းခဲ့ဟု ပုလောစစ်ကြောင်းထုတ်ပြန်

Dawei Watch

January 8, 2024

ပုလောမြို့နယ်၊ ပလောက်မြို့နယ်ခွဲ၊ ကျောက်လုံးကြီးကျေးရွာအုပ်စု၊ ကျောက်တောင်ရွာက ပျူစောထီးခေါင်းဆောင် ကိုမောင်တုတ်(ခ) တုတ်တုတ်ဆိုသူကို ပုလောစစ်ကြောင်း-(၁)က ဒီဇင်ဘာ ၂၃ ရက်မှာ ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ထုတ်ပြန်လာသည်။ အသက် ၅၆ နှစ်ရှိပြီဖြစ်တဲ့ ကိုမောင်တုတ်ဆိုသည့် ပျူစောထီးခေါင်းဆောင်မှာ လက်နက်အားကိုးဖြင့် ကျောက်တောင်ရွာက ရော်ဘာခြံရှင်တွေထံမှ တစ်လကို ငွေကျပ် သုံးသောင်း လစဉ်အခွန်ကောက်နေသလို ရွာသူရွာသားများကို ခြိမ်းခြောက်ခြင်း၊ ဖိနှိပ်ခြင်းတို့ပြုလုပ်ခဲ့သည်ဟု ပုလောစစ်ကြောင်း-(၁)၏ ထုတ်ပြန်ချက်က ဆိုသည်။ ယင်းအပြင် သရက်ချောင်းမြို့နယ်၊ ပဲဒက်ကျေးရွာတွင် စစ်ကောင်စီတပ်သားများနှင့်အတူ ကင်းစောင့်ခြင်း၊ ရပ်ရွာထဲက လူငယ်များကို ပြည်သူ့စစ်လုပ်ရန် စည်းရုံးသိမ်းသွင်းခြင်းများ ပြုလုပ်ခဲ့သဖြင့် သတ်ဖြတ်ရှင်းလင်းခဲ့ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ကိုမောင်တုတ်မှာ ကျောက်တောင်ကျေးရွာ ရာအိမ်မှူးဖြစ်သလို ပျူစောထီးအဖွဲ့ဝင်ဖြစ်သည်မှာ မှန်ကန်ကြောင်း၊ ရော်ဘာခြံရှင်များထံက အခွန်ကောက်ခံခဲ့သည်ဆိုသည်မှာလည်း မှန်ကန်ကြောင်း ကျောက်လုံးကြီးကျေးရွာအုပ်စုမှ စစ်ကောင်စီ၏ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက […]

ရေး၊ နှစ်ကရင်ကျေးရွာသားတစ်ဦး ပစ်သတ်ခံရ

Dawei Watch

January 8, 2024

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့နယ်ခွဲရှိ နှစ်ကရင်ကျေးရွာတွင် အမျိုးသားတစ်ဦး ပစ်သတ်ခံရကြောင်း ဒေသခံများထံမှသိရသည်။ နှစ်ကရင်ကျေးရွာခံ ကိုရွေမိုးဆိုသူသည် ဇန်နဝါရီလ ၆ ရက်နေ့က ခြံထဲတွင် အိပ်နေစဉ် လက်နက်ကိုင်လူတစ်စုက လာရောက်ပစ်ခတ်သွားခဲ့ခြင်းဖြစ်သည်။ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ကိုရွှေမိုးသည် ညာဘက်မေးစေ့အောက် ကျည်ဆန်ထိမှန်ခဲ့သလို၊ ရင်ဘက်တွင်လည်း ကျည်ထိမှန်ခဲ့ပြီး အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးသွားခဲ့သည်။ “သူက ခြံမှာပုခက်နဲ့ အိပ်နေတာ။ အဲ့အချိန်မှာ သေနတ်သမားတွေက ရောက်လာပြီးတော့ ပစ်ထည့်သွားတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။ ကိုရွှေမိုးကို မည်သည့်လက်နက်ကိုင်အဖွဲ့က မည်သည့်အကြောင်းကြောင့် ပစ်ခတ်ရှင်းလင်းသွားခဲ့သည်ကိုမူ မသိရှိရသေးပေ။ စစ်ကောင်စီထောက်ခံ တယ်လီဂရမ်ချန်နယ်များတွင် ကိုရွှေမိုးကို KNLA တပ်မဟာ(၆) ရင်း(၂၇) ခွဲ(၄)မှ စုမှူးအဆင့်ရှိ ပဒဲကော(ခ)သားခွီးအဖွဲက ပစ်ခတ်ရှင်းလင်းခဲ့သည်ဟု ရေးသားဖော်ပြထားသည်။ နယ်မြေစိုးမိုးနိုင်ရေးအတွက် KNLA နှင့် PDF […]

ထားဝယ်အကျဥ်းထောင်တွင် နိုင်ငံရေးအကျဥ်သားတစ်ဦး ဆေးကုသခွင့်မရခဲ့ဘဲ မျက်စိကွယ်

Dawei Watch

January 8, 2024

ထားဝယ်အကျဥ်းထောင်တွင် နိုင်ငံရေးအကျဥ်သားတစ်ဦး ဆေးကုသခွင့်မရခဲ့ဘဲ မျက်စိကွယ်သွားကြောင်း ထားဝယ်နိုင်ငံရေးအကျဥ်းသားများကွန်ရက် (DPPN) ထံကသိရသည်။ မျက်စိကွယ်သွားသည့် နိုင်ငံရေးအကျဥ်းသားသည် ၂၀၂၁ ခုနှစ်က ၊ ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက် တွင် စစ်ကောင်စီ၏ဖမ်းဆီးခြင်းခံရပြီး ပုဒ်မ ၅၂ (က) နှင့် ၅၀၅ (က) တို့ဖြင့် ထောင် ၉ နှစ်ချခံထားရသည့် အသက် ၅၇ နှစ်အရွယ် ဦးထွန်းဝေ ဖြစ်သည်။ ဦးထွန်းဝေသည် အကျဥ်းထောင်အတွင်း မျက်စိတိမ်စွဲဝေဒနာ စတင်ခံစားခဲ့ရပြီး ပြီးခဲ့သည့်နှစ် ဇွန်လတွင် ၎င်း၏မျက်စိတိမ်အခြေအနေဆိုးရွာလာသဖြင့် အကျဥ်းထောင်ဆေးမှူးက ခွဲစိတ်ကုသရန်လိုအပ်ကြောင်း ပြောခဲ့သည်ဟု မိသားစု၏ပြောကြားချက်ကို ကိုးကားပြီး နီးစပ်သူတစ်ဦးကပြောသည်။ ခွဲစိတ်ကုသနိုင်ရန် အကျဥ်းထောင်ပြင်ပဆေးရုံသို့ သွားရောက်ကုသခွင့်ကို ကာယကံရှင်နှင့်မိသားစုဘက်က အကြိမ်ကြိမ်ခွင့်တောင်းခဲ့သော်လည်း ထောင်အာဏာပိုင်များဘက်က ခွင့်မပြုသဖြင့် မျက်စိကွယ်သည်အထိအခြေအနေဆိုးရွားသွားကြောင်း ၎င်းကဆက်ပြောသည်။ ထားဝယ်အကျဥ်းထောင်အတွင်း ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေ […]

ထိုင်းတွင် အသားစိမ်းများ ကိုင်တွယ်၊စားသုံးမှုမှတစ်ဆင့် ကူးစက်ရောဂါ ဖြစ်ပွားမှုများလာ

Dawei Watch

January 8, 2024

ထိုင်းတွင် လွန်ခဲ့သော သုံးပတ်အတွင်း အသားစိမ်းကိုင်တွယ်၊စားသုံးမှုမှတစ်ဆင့် အကြားအာရုံဆုံးရှုံးပြီး လူကို သေစေနိုင်သော Streptococcus suis ရောဂါ ကူးစက်ဖြစ်ပွားမှု များပြားလာနေကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ပြီးခဲ့သည့် ၂၁ ရက်အတွင်း ကူးစက်ရောဂါဖြစ်ပွားနေသူ အနည်းဆုံ ၁၃၇ ဦးအထိ ရှိလာပြီး သေဆုံးသူ ၈ ဦးအထိ ရှိနေပြီဖြစ်ကြောင်း ဇန်နဝါရီလ ၅ ရက်နေ့တွင် ထိုင်းအာဏာပိုင်များ၏ ပြောကြားချက်ကို ဖော်ပြထားသည်။ ကူးစက်ပြန့်ပွားမှုနှင့် လူသေဆုံးမှုကို နခွန်ရက်ချာစီမားခရိုင်တွင် အများဆုံးတွေ့ရှိရပြီး ရောဂါပိုးရှိနေသော ဝက်သားစိမ်းစားသုံးခြင်း သို့မဟုတ် ကိုင်တွယ်ခြင်းများကတစ်ဆင့် ကူးစက်ပျံ့နှံ့လာခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ Streptococcus suis ရောဂါသည် ရောဂါပိုးရှိနေသော ဝက်သားများကို အစိမ်းစားသုံးခြင်း၊ ကိုင်တွယ်ခြင်းကတစ်ဆင့် အလွယ်တကူ ကူးစက်ခံရနိုင်သော ရောဂါပိုး တစ်မျိုးဖြစ်ကြောင်း ဖော်ပြထားသည်။ ရောဂါကူးစက်ခံရပါက […]