ရွာထက်ဝက်ခန့် မီးရှို့ခံရသည့် ညောပြင်ရွာ အကူအညီလိုအပ်
Dawei Watch
January 11, 2024စစ်ကောင်စီတပ် မီးရှို့မှုကြောင့် ရွာထက်ဝက်နီးပါး မီးလောင်ပျက်စီးသွားသည့် ညောပြင်ရွာရှိ လူဦးရေတစ်ထောင်ကျော်အတွက် အရေးပေါ်အကူအညီလိုအပ်နေကြောင်း ကူညီပေးနေသူတို့က ပြောသည်။ ညောပြင်ကျေးရွာကို စစ်ကောင်စီတပ်က ဇန်နဝါရီလ ၈ ရက်က မီးရှို့ဖျက်ဆီးခဲ့ရာ အိမ်ခြေ ၁၀၀ ခန့်ပျက်စီးကြောင်း စစ်ဘေးရှောင်များကိုကူညီပေးနေသူတို့က ဆိုသည်။ လွန်ခဲ့သည့် ဆယ်လခန့် ၂၀၂၃ ခုနှစ် မတ်လကလည်း အိမ်ခြေ ၅၀ ကျော်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ဖူးသည်။ ညောပြင်ကျေးရွာသည် အိမ်ခြေ ၅၀၀ ခန့်ရှိ ရွာကြီးတစ်ရွာဖြစ်ပြီးလက်ရှိတွင် ရွာထက်ဝက်နီးပါး မီးရှို့ဖျက်ဆီးခံလိုက်ရပြီဖြစ်ကြောင်း ဒေသခံတို့ကဆိုသည်။ ညောပြင်ကျေးရွာအနီးရှိ အောက်ကျောက်ဝပ်ကျေးရွာတွင်လည်း စစ်ကောင်စီတပ်က နေအိမ် ၄ဆောင်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်းဒေသခံတို့ကဆိုသည်။ မတ်လ ကလည်း အောက်ကျောက်ဝပ်ရွာတွင် နေအိမ် ၇၀ ကျော်မီးရှို့ခံရဖူးသည်။ လက်ရှိအချိန်အထိ စစ်ကောင်စီတပ်က ညောပြင်၊ အောက်ကျောက်ဝပ်ရွာအောက်ဘက်သို့ ဆက်လက်စစ်ကြောင်းထိုးလျက်ရှိကြောင်း […]


