ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထားဝယ်တွင် ကွမ်းသီးဈေးအနည်းငယ်ပြန်တက်

Dawei Watch

January 10, 2024

ထားဝယ်တွင် ယခုအပတ်အတွင်း ကွမ်းသီးဈေး တစ်ပိဿာလျှင် ကျပ် နှစ်ထောင် အထက်သို့ ပြန်တက်လာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ ပြီးခဲ့သည့် လေးလခန့်က ထားဝယ် ကွမ်းသီးရာသီအဖွင့်ဈေးမှာ တစ်ပိဿာ ကျပ် နှစ်ထောင်အောက်သာရှိသော်လည်း ယခု ဇန်နဝါရီ ပထမပတ်အတွင်း ကျပ် ၂၆၀၀အထိ ဈေးတက်လာခြင်းဖြစ်သည်။ ပြီးခဲ့သည့် သုံးလေးရက်ခန့်ကစပြီး ကွမ်းသီးခြောက် တစ်ပိဿာ ၂၆၀၀ ဈေးဖြင့် ဝယ်နေကြောင်း ထားဝယ်မြို့မှ ကွမ်းသီးပွဲရုံ ပိုင်ရှင် အမျိုးသမီးတစ်ဦးကပြောသည်။ “ကျွန်မတို့က ပြည်တွင်း ညှပ်ပွဲရုံတွေကိုပဲ ပို့တယ် ဆိုတော့ ရန်ကုန်ဘက်က ဝယ်လိုအားပေါ်မူတည်ပြီးဈေး အပြောင်းအလဲရှိတယ်” ဟု သူမကပြောသည်။ မြန်မာနိုင်ငံ တစ်နှံတစ်လျားရှိ ဒေသထွက်ကွမ်းသီးများကို အိန္ဒိယနိုင်ငံဈေးကွက်သို့အများဆုံးတင်ပို့သည်။ ပြီးခဲ့သည့် နှစ်က မြန်မာ-အိန္ဒိယနှစ်နိုင်ငံနယ်စပ်ဖြစ်သည့် စစ်ကိုင်းတိုင်း တမူးနယ်စပ်ဂိတ်မှ မြန်မာအလုပ်သမားများ တရားမဝင် […]

မှတ်တမ်းရုပ်ရှင် ဒါရိုက်တာရှင်ဒေဝီကို စစ်ကောင်စီက ထောင်ဒဏ်တစ်သက်တစ်ကျွန်းချ

Dawei Watch

January 10, 2024

မှတ်တမ်းရုပ်ရှင် ဒါရိုက်တာတစ်ဦးဖြစ်သည့် ရှင်ဒေဝီကို စစ်ကောင်စီက ထောင်ဒဏ်တစ်သက်တစ်ကျွန်း အမိန့်ချမှတ်လိုက်ကြောင်း မိသားစုဝင်ထံမှ သိရသည်။ ဒါရိုက်တာရှင်ဒေဝီကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ ည၊ ၅၄ (ဃ) တို့ဖြင့် တရားစွဲဆိုခဲ့ပြီး ယနေ့ (ဇန်နဝါရီလ ၁၀ ရက်)တွင် အင်းစိန်ထောင်တွင်းတရားရုံးက ယင်းသို့အမိန့်ချခဲ့ကြောင်း မိသားစုဝင် ကိုမြင့်သူကပြောသည်။ အသက် ၅၀ နှစ်အရွယ် ဒါရိုက်တာရှင်ဒေဝီသည် မှတ်တမ်းရုပ်ရှင်ပေါင်းမြောက်များစွာ ရိုက်ကူးခဲ့သူတစ်ဦးဖြစ်ပြီး ဇာတ်ကားအချို့ကို နိုင်ငံတကာ ရုပ်ရှင်ပွဲများတွင် ပြသခဲ့သည်။ ၎င်းရိုက်ကူးခဲ့သည့် မှတ်တမ်းရုပ်ရှင်အချို့မှာ နိုင်ငံတကာရုပ်ရှင်ပွဲတော်များတွင် အကောင်းဆုံးမှတ်တမ်းရုပ်ရှင်ဆု ကိုလည်း ရရှိထားသူဖြစ်သည်။ ၎င်းသည် မှတ်တမ်းရုပ်ရှင်ဒါရိုက်တာတစ်ဦးဖြစ်သည့်အတွက် ရိုက်ကူးရေးတွင် အသုံးပြုရန်အတွက် ရိုက်ကူးရေးသုံး ဒရုန်းတစ်စီးကို အွန်လိုင်းမှတစ်ဆင့် မှာယူပြီး သွားယူချိန် ၂၀၂၃ ခုနှစ်အောက်တိုဘာလ ၁၅ ရက်နေ့တွင် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ကိုမြင့်သူက […]

မင်းပြားမြို့တွင် စစ်ကောင်စီတပ်ရင်းများကို AA ဝင်တိုက်ပြီးနောက် တိုက်ပွဲပြင်းထန်

Dawei Watch

January 10, 2024

ရခိုင်ပြည်နယ် မင်းပြားမြို့ရှိ စစ်ကောင်စီတပ်ရင်းများကို ရက္ခိုင့်တပ်တော် AA က ဝင်ရောက်တိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်ဘက်က လေကြောင်းက ပြန်လည်တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေကြောင်း ဒေသတွင်းသတင်းများတွင် ဖော်ပြသည်။ မင်းပြား ကျိန်းတောင်ရှိ စစ်ကောင်စီတပ်စခန်းနှင့် စစ်ကောင်စီတပ်ရင်း ၃၇၉၊ ၃၈၀၊ ၅၄၁ တို့ကို AA က ယနေ့ ဇန်နဝါရီလ ၁၀ ရက် နံနက် အာရုဏ်တက်ချိန်တွင် တိုက်ခိုက်ကြောင်း ဖော်ပြသည်။ ယင်းမတိုင်ခင် ဇန်နဝါရီလ ၉ ရက်ညတွင် စစ်ကောင်စီတပ်ရင်းက လက်နက်များဖြင့် ပစ်ခတ်နေကြောင်းလည်း ဆိုသည်။ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး၊ လက်နက်ငယ်များအပြင် လေကြောင်းဖြင့် မြို့ထဲသို့ ပစ်ခတ်နေသဖြင့် ပြည်တော်လှ၊ ဦးစိုးတင့်ရပ်ကွက်နှင့် ဖားပြိုကျေးရွာတို့တွင် ရဟန်းတစ်ပါးနှင့် အရပ်သား သုံးဦးထက်မနည်း ထိခိုက် ဒဏ်ရာရပြီး မင်းပြားမြို့စျေးတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲ […]

ဗဟိုကော်မတီဝင်‌တိုးချဲ့ဖွဲ့စည်းရန် မွန်ပြည်သစ်ပါတီညီလာခံ ဆုံးဖြတ်

Dawei Watch

January 10, 2024

မွန်ပြည်သစ်ပါတီ လုပ်ငန်စဉ်များ ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန်အတွက် ဗဟိုကော်မတီဝင် တိုးချဲ့ဖွဲ့စည်းသွားရန် မွန်ပြည်သစ်ပါတီ ၁၁ ကြိမ်မြောက် ညီလာခံက ဆုံးဖြတ်လိုက်ကြောင်း ယင်းပါတီကထုတ်ပြန်သည်။ တိုးချဲ့ဗဟိုကော်မတီတွင် လူငယ်၊ အမျိုးသမီး၊ မျိုးချစ်ပုဂ္ဂိုလ်၊ ပညာရှင်တို့ပါဝင်ခွင့်ပြုထားပြီး အရေအတွက်အားဖြင့် ၇ ဦး ပါဝင်ခွင့် ပြုထားကြောင်း ပါတီညီလာခံ လမ်းညွန်ချက်တွင် ဖော်ပြထားသည်။ တိုးချဲ့ဗဟိုကော်မတီဝင် အချက်အလက်များနှင့် ပတ်သက်ပြီး လူငယ်ဖြစ်ပါက အသက် ၂၅ မှ ၃၅ ကြားဖြစ်ရမည်ဖြစ်ကြောင်း၊ ပါတီလမ်းစဉ်ကို လက်ခံသူ၊ ပါတီက ချမှတ်ထားသည့် စည်းမျဉ်းဥပဒေများ လိုက်နာပြီး၊ ပါတီက ချမှတ်ပေးသည့် လုပ်ငန်းတာဝန်များကိုကျေပွန်စွာ ထမ်းဆောင်သူဖြစ်ရမည်ဖြစ်ကြောင်း ပါတီလမ်းညွှန်ချက်တွင် ပါရှိသည်။ ယင်းအပြင် တိုးချဲ့ဗဟိုကော်မတီဝင်များသည် ဘွဲ့တံဆိပ်တစ်ခုခုရရှိထားရန်၊ လူမှုအဖွဲ့အစည်းတစ်ခုခုတွင် တာဝန်ထမ်းဆောင်ခဲ့ဖူးရမည်ဖြစ်ကြောင်း၊ အနည်းဆုံး ပါတီညီလာခံတစ်ကြိမ်တွင်အချိန်ပြည့် တာဝန်ထမ်းဆောင်နိုင်ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ ၁၁ […]

ဒေါ်လာငါးသိန်းဖြင့် စင်ကာပူလေဆိပ်မှထွက်ခွာရန်ကြိုးပမ်းသည့် လက်နက်ပွဲစားအပါအဝင် မြန်မာသုံးဦးအရေးယူခံရ 

Dawei Watch

January 10, 2024

စင်ကာပူဒေါ်လာ ငါးသိန်းကျော်ကို သတင်းမပို့ဘဲ ယူဆောင်လာပြီး စင်ကာပူနိုင်ငံ ချန်ဂီလေဆိပ်မှ ထွက်ခွာရန် ကြိုးပမ်းသည့် မြန်မာနိုင်ငံသားသုံးဦး အရေးယူခံရကြောင်း စင်ကာပူရဲတပ်ဖွဲ့က ဇန်နဝါရီလ ၅ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။ ဦးကျော်မင်းဦးဆိုသူသည် စင်ကာပူဒေါ်လာ ၅၀၈,၉၂၅ ကို ငွေသားအဖြစ် မကြေညာခဲ့ဘဲ ချန်ဂီလေဆိပ်မှ ထွက်ခွာရန် ပြီးခဲ့သည့် ကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။  ၎င်းသည် နောက်ထပ်မြန်မာနှစ်ဦးဖြစ်သည့် ဦးဝေဆာထွန်းနှင့် ဦးဝင်းမြင့်ဆိုသူတို့ကို ဒေါ်လာခွဲယူ သယ်ဆောင်ခိုင်းခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။  ဦးဝေဆာထွန်းက ဒေါ်လာနှစ်သိန်းခွဲ၊ ဦးဝင်းမြင့်က ဒေါ်လာ ၂၄၉၀၀၀၊ ဦးကျော်မင်းဦးက ၉၉၂၅ ဒေါ်လာ သယ်ဆောင် လာခဲ့ကြောင်း စင်ကာပူရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။  ငွေသားမှောင်ခိုသယ်ဆောင်မှုဖြင့် အရေးယူခံရသည့် ဦးကျော်မင်းဦးဆိုသူသည် စစ်ကောင်စီအတွက် စစ်လက်နက် ဝယ်ပေးသည့် ပွဲစားဖြစ်သဖြင့် အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့အရေးယူထားသည့် Sky Aviator ကုမ္ပဏီ တည်ထောင်သူ ဖြစ်ကြောင်း ဧရာဝတီသတင်းတစ်ရပ်တွင် ဖော်ပြသည်။  စင်ကာပူလေဆိပ်မှ ထွက်ခွာလျှင် ဒေါ်လာ နှစ်သောင်းသာ သယ်ဆောင်ခွင့်ရှိပြီး အထက်ပါ မြန်မာသုံးဦးမှာ […]

မဟာချိုင်တွင် မြန်မာလုပ်သား ၁၇ ဦး လုပ်အားခမရဘဲ အလုပ်ထုတ်ခံရ

Dawei Watch

January 10, 2024

ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင် မဟာချိုင်ဒေသရှိ ပါကင်ပိတ်ပစ္စည်းပို့စက်ရုံတွင် လုပ်ကိုင်နေသော မြန်မာအလုပ်သမား ၁၇ ဦးမှာ လုပ်အားခမရဘဲ အလုပ်မှ ထုတ်ပယ်ခံလိုက်ရကြောင်း ကူညီဆောင်ရွက်ပေးနေသော WAG အဖွဲ့ထံမှ သိရသည်။ မြန်မာအလုပ်သမားများသည် ဒီဇင်ဘာလတွင် အလုပ်လုပ်ထားသော လုပ်အားခကို ရရှိခဲ့ခြင်းမရှိဘဲ ဇန်နဝါရီလ ၂ ရက်နေ့တွင် အလုပ်ရှင်က အလုပ်မှ ထုတ်ပယ်ခဲ့ခြင်းဖြစ်ကြောင်း အဖွဲ့ထံမှ သိရသည်။ အလုပ်သမားများအတွက် လုပ်အားခ တစ်လစာ စုစုပေါင်း ဘတ် ၂၁၀၀၀၀ ကျော်ကို ထုတ်ပေးခဲ့ခြင်းမရှိဘဲ အလုပ်မှ ထုတ်လိုက်ခြင်းဖြစ်သည်။ မြန်မာအလုပ်သမားများသည် MoU စနစ်ဖြင့် ဝင်လာသော အလုပ်သမားများဖြစ်ပြီး အေဂျင်စီက စေလွှတ်ခဲ့သော လုပ်ငန်းခွင်တွင် အဆင်မပြေသဖြင့် အခြားအလုပ်ပြောင်းရွှေ့နိုင်ရေး အလုပ်ထွက်စာ (ဘိုင်ကျန့်အော်) တောင်းဆိုခဲ့ကြောင်း၊ သို့သော်လည်း အလုပ်ထွက်စာသည် အလုပ်သမားများဆီ ရောက်ရှိလာခြင်းမရှိဘဲ ပွဲစားလက်ထဲတွင် သက်တမ်းကုန်ဆုံးသွားခဲ့ကြောင်း သိရသည်။ ယင်းကြောင့် […]

ပလက်ဝမြို့အနီး တိုက်ပွဲပြင်းထန်၊ မြို့သိမ်းယူနိုင်ရေးကြိုးပမ်းနေကြောင်း AA ပြော

Dawei Watch

January 10, 2024

ချင်းပြည်နယ် ပလက်ဝမြို့အနီးတွင် စစ်ကောင်စီတပ်စခန်းအနည်းငယ်သာ ကျန်ရှိတော့ပြီး တိုက်ပွဲပြင်းထန်နေကာ မြို့ကိုသိမ်းယူနိုင်ရေး ကြိုးပမ်းနေကြောင်း ရက္ခိုင့်တပ်တော် (AA) က ထုတ်ပြန်သည်။  ဇန်နဝါရီလ ၉ရက်နေ့ တစ်ရက်လုံး ပလက်ဝမြို့အနီးဝန်းကျင်တွင် AAနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးပစ်ကူ၊ ဂျက်တိုက်လေယာဉ်တို့ဖြင့် လာရောက်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။  AA ဘက်ကလည်း မြို့သိမ်းယူနိုင်ရေးအတွက် ဆက်လက်တိုက်ခိုက်နေပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ရုပ်အလောင်းအများအပြားနှင့် လက်နက်ခဲယမ်းများ ရရှိကြောင်း ဇန်နဝါရီလ ၉ရက်တွင် AA က ထုတ်ပြန်ထားသည်။  ယင်းအပြင် ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်နှင့် ပလက်ဝ အစပ်ရှိ စစ်ကောင်စီတပ်၏ မီးဝဗျူဟာကိုလည်း သိမ်းယူနိုင်ရေး ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း ဆိုသည်။  ယင်းတိုက်ပွဲတွင်လည်း စစ်ကောင်စီတပ်ဘက်က ဂျက်တိုက်လေယာဉ်များဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။  ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင်လည်း စစ်ကောင်စီတပ် ခမရ ၅၄၀ တပ်ရင်းက အင်အား ၅၀ကျော်ပါ […]

တနင်္သာရီ မြို့ဟောင်းရွာက မိုင်းနင်းမိသည့်ရွာသား ခြေနှစ်ဖက်စလုံးဆုံးရှုံး

Dawei Watch

January 9, 2024

တနင်္သာရီမြို့နယ်၊ မော်တုံးကျေးရွာအုပ်စု၊ မြို့ဟောင်းရွာက မိုင်းနင်းမိသည့် ရွာသားတစ်ဦး ခြေထောက်နှစ်ဖက်စလုံး ဆုံးရှုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။ မြို့ဟောင်းရွာသား အသက် ၄၅နှစ်အရွယ် အမျိုးသားသည် ဒီဇင်ဘာလ ၃၀ ရက် ညနေပိုင်းက ဝါးခုတ်သွားစဉ် အမှတ် ၃၀၆ စစ်ကောင်စီ အမြောက်တပ်ရင်း၏ တောင်ဘက် ပေ ၁ဝဝ ဝန်းကျင်အကွာတွင် မိုင်းနင်းမိခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။ မိုင်းနင်းမိသည့်နေ့က ဘယ်ဘက် ခြေထောက် ဖြတ်တောက်လိုက်ရပြီး ညာဘက်ခြေထောက်မှာလည်း ဒဏ်ရာပြင်း ထန်သဖြင့် ဇန်နဝါရီလ ၇ရက်တွင် ဖြတ်တောက်လိုက်ရကြောင်း ကူညီပေးနေသူတစ်ဦးက ပြောဆိုသည်။ အဆိုပါအမျိုးသားသည် ဒဏ်ရာပြင်းထန်သဖြင့် ဒီဇင်ဘာလ ၃၁ ရက်တွင် တနင်္သာရီမြို့ဆေးရုံမှတစ်ဆင့် မြိတ်မြို့ရှိ စစ်ဆေးရုံသို့ လွှဲပြောင်းထားရကြောင်း မော်တုံးရွာသားတစ်ဦးက ဆိုသည်။ “တနင်္သာရီမြို့ဆေးရုံကို အရင်ဆုံး သယ်ဆောင်သွားပြီး […]