ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ဇဟာရွာတွင် လက်နက်ကြီးကျ ကလေးတစ်ဦးအပါဝင် နှစ်ဦးဒဏ်ရာရ

Dawei Watch

March 3, 2024

ထားဝယ်မြိုနယ် ဇဟာရွာတွင် လက်နက်ကြီးကျရောက် ပေါက်ကွဲမှုကြောင့် ကလေးငယ်တစ်ဦးအပါဝင်နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှသိရသည်။ မတ်လ ၂ ရက်နေ့ ည ၇ နာရီခန့်တွင် ဇဟာရွာ ကားလမ်းမအရှေ့ဘက်ရှိ အိမ်ဝိုင်းတစ်ခုအနီးသို့ လက်နက်ကြီးတစ်လုံး ကျရောက်ပေါက်ကွဲခဲခြင်းဖြစ်သည်။ လက်ကြီးကျည်စ ထိမှန်မှုကြောင့် အသက် ၁၂ နှစ်အရွယ်ရှိ မောင်မိုးဇော်ဦး၏ ဘယ်ဘက်ခြေထောက်တွင် ဒဏ်ရာရရှိခဲ့သလို အသက် ၆၅ နှစ်အရွယ်ရှိ ဦးဝင်းစိန်၏ ပခုံးနှင့် နောက်ကျောတွင်လည်း လက်နက်ကြီး စများထိမှန်ခဲ့သည်ဟု ဒေသခံတစ်ဦးကပြောသည်။ ” ထမင်းစားပြီးလို့ အိမ်မှာထိုင်နေတုန်း အိမ်ဘေးလာကျတာ တူဝရီး နှစ်ယောက် ထိသွားတာပေါ့”ဟု ၎င်းကပြောသည်။ တိုက်ပွဲဖြစ်နေခြင်းမျိုးမရှိဘဲ လက်နက်ကြီးလာကျခြင်းဖြစ်ပြီး မည်သည့်အရပ်က ပစ်ခတ်ခဲ့သည်ဆိုသည်ကိုလည်း မသိရသေးကြောင်း ၎င်းကဆိုသည်။ ထိခိုက်ဒဏ်ရာရသူများမှာ ထားဝယ်ဆေးရုံကြီးတွင် ဆေးကုသနေပြီး မစိုးရိမ်ရတော့ကြောင်းလည်း ဒေသခံများထံမှ သိရသည်။ […]

ရခိုင်တွင် မွတ်ဆလင်များကို စစ်မှုထမ်းခိုင်းခြင်းမှာ မတည်ငြိမ်မှုကို ကြီးထွားစေမည်ဟု AA ပြော

Dawei Watch

March 3, 2024

ရခိုင်ပြည်နယ်တွင် စစ်ကောင်စီက မွတ်ဆလင်အသိုင်းအဝိုင်းကို အဓမ္မစစ်မှုထမ်းခိုင်းခြင်းမှာ ရခိုင်တွင် အသိုင်းအဝိုင်း များကြား ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးကို ကြီးမားသော ခြိမ်းခြောက်မှုဖြစ်စေကြောင်း ရက္ခိုင့်တပ်တော် AA က မတ်လ ၂ရက်နေ့တွင် ထုတ်ပြန်သည်။ စစ်တွေ၊ ကျောက်ဖြူ၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်တို့တွင် မွတ်ဆလင်များကို စစ်ကောင်စီတပ်က စစ်မှုထမ်းခိုင်း နေကြောင်း ဒေသတွင်းသတင်းများတွင် ဖော်ပြချက်အရသိရသည်။ မွတ်ဆလင်အသိုင်းအဝိုင်းအား နည်းလမ်းပေါင်းစုံသုံးကာ အတင်းအဓမ္မ စစ်မှုထမ်းရန် ကြိုးစားအားထုတ်နေကြောင်း AA က ဆိုသည်။ စစ်တပ်သည် စစ်ရေး၊ နိုင်ငံရေးအကျပ်အတည်း ကြုံတွေ့ရတိုင်း ရခိုင်ပြည်နယ်ရှိ ရခိုင်နှင့် မွတ်ဆလင် အသိုင်းအဝိုင်း တို့ကြား လူမျိုးရေး၊ ဘာသာရေးဆိုင်ရာ ပဋိပက္ခ ဖြစ်ပွားစေရန် လုပ်ဆောင်လေ့ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ယင်းသို့ လုပ်ဆောင်ခြင်းသည် ရခိုင်ပြည်နယ်အတွင်း အတူနေထိုင်ကြသော အသိုင်းအဝိုင်းများကြားတွင် […]

ရောင်းမော်ရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဆယ်ကျော်သေဆုံးဟု KNLA ပြော

Dawei Watch

March 2, 2024

ထားဝယ်မြို့နယ်၊ ရောင်းမော်ရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဆယ်ကျော်သေဆုံးကြောင်း ကရင် အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA ထံက သိရသည်။ ရောင်းမော်ရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးစခန်းကို ယနေ့ မတ်လ ၂ ရက် နံနက်ပိုင်းတွင် KNLAနှင့် PDF ပူးပေါင်းတပ်တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း KNLA ထံမှ သိရသည်။ အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဆယ်ကျော်သေဆုံးပြီး လက်နက်ခဲယမ်းများစွာ ရရှိကြောင်း KNU တပ်မဟာ ၆ ၏ KNLA တပ်ရင်း (၂၇) နှင့် KNU တပ်မဟာ ၄ တပ်ရင်း (၁၂) ၏ တပ်ရင်းမှူး စောမှူးဂေက ပြောသည်။ “သေနတ် ၁၅ လက်ရတယ်။ ကျွန်တော်တို့ဘက်က တစ်ယောက်ကျတယ်။ လေယာဉ်နဲ့ ဗုံးလာကြဲတာက […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

Dawei Watch

March 2, 2024

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှ မတ် ၂ ရက်နေ့အထိ ရခိုင်မှာ စျေး၊ ဆေးရုံတွေတိုက်ခိုက်ခံရလို့ အရပ်သား အစုလိုက်သေဆုံးဒဏ်ရာရ ရခိုင်ပြည်နယ်မှာ စျေး၊ ဆေးရုံတွေကို လေကြောင်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် အရပ်သားတွေ အစုလိုက်အပြုံလိုက် ထိခိုက်သေဆုံးဒဏ်ရာတွေ ရခဲ့ကြပါတယ်။ စစ်တွေမြို့မစျေးက ကိုရီးယားဆိပ်ကမ်းပျံကျစျေးမှာ ဖေဖော်ဝါရီလ ၂၉ရက်နေ့ နံနက်ပိုင်းက စျေးရောင်း၊ စျေးဝယ်သူတွေနဲ့ စည်ကားနေချိန်မှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ လူ ၁၂ ဦး သေဆုံးပြီး ၈၀ ခန့် ဒဏ်ရာရခဲ့ပါတယ်။ အဲဒီထဲက ၃၀ကျော်က ဒဏ်ရာပြင်းထန်ပြီး အလတ်စား၊ အသေးစား ဒဏ်ရာရတာ ၅၀ လောက် ရှိပါတယ်။ […]

ထားဝယ်အရှေ့တောဒေသက စစ်ဘေးရှောင် ခုနစ်ထောင်ကျော် အကူအညီလိုအပ်

Dawei Watch

March 2, 2024

ထားဝယ်အရှေ့တောဒေသတွင် စစ်ဘေးရှောင်ပြည်သူများအတွက် အကူအညီများ လိုအပ်နေကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၄) က မြိတ်-ထားဝယ်ခရိုင်ထံက သိရသည်။ နှစ်ဖက်တိုက်ပွဲနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင် နေရသည့် ကျေးရွာ ၁၂ ရွာခန့်ရှိပြီး လူဦးရေအားဖြင့် ၇၀၀၀ ကျော်ရှိကြောင်း KNU တပ်မဟာ(၄)က မြိတ်-ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။ စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာ၊ ဆေးဝါး၊ အမိုးအကာနှင့် အိပ်ယာထိုင်ခင်းများ လိုအပ်နေပြီး လူဦးရေတစ်ထောင်ခန့်အတွက်သာ အကူအညီရသေးကြောင်း ၎င်းက ဆိုသည်။ “နေရာချပေးဖို့က ခက်တယ်။ အခြေအနေအရလည်း IDP လိုနေရာမှာ နေရာချထားပေးဖို့ကလည်း လေကြောင်း တိုက်ခိုက်မှုအတွက် စိုးရိမ်တယ်။ သူတို့သွားချင်တဲ့နေရာကို သွားဖို့ကျွန်တော်တို့ခွင့်ပြုတယ်။ သူတို့ လုံခြုံဖို့ အတွက်က အရေးကြီးတယ်။ပြီးမှ လိုအပ်တဲ့အစားအစာတွေ တခြားအကူအညီတွေကို […]

ထိုင်းလွှတ်တော်ထဲတွင် မြန်မာပြည်သူများ၏ ဒုက္ခများကို ပထမဆုံးပြသ

Dawei Watch

March 2, 2024

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ရှိ လွှတ်တော်ထဲတွင် စစ်အာဏာသိမ်းပြီး ၃ နှစ်အကြာ မြန်မာနိုင်ငံအတွင်းရှိ ပဋိပက္ခများနှင့် ပြည်သူများ ဒုက္ခရောက်နေသည့် ပုံရိပ်များကို ယနေ့တွင် ပထမဆုံးအကြိမ် ပြသထားသည်။ မြန်မာတိုင်းရင်းသားများ၏ နေထိုင်မှုပုံစံနှင့် နယ်စပ်တစ်လျှောက်ရှိ စစ်ဘေးရှောင်များ၏ အသုံးအဆောင်များကို အနုပညာလက်ရာပြခန်းအနေဖြင့် ပထမဆုံးအကြိမ် ဖွင့်လှစ်ပြသနေခြင်းဖြစ်သည်။ အနုပညာပြခန်းကို မတ်လ ၂ ရက်နေ့နှင့် ၃ ရက်နေ့များတွင် ပြသထားမည်ဖြစ်ပြီး ပွဲကို Spirit in Education Movement (SEM) က ဦးစီးကျင်းပခြင်းဖြစ်သည်။ ယနေ့တွင် ထိုင်းလွှတ်တော်၌ ၃ နှစ်ကြာ အာဏာသိမ်းထားသော မြန်မာ့အရေး ဖြေရှင်းနိုင်ရန်အတွက် ထိုင်းနိုင်ငံရေးသမားများနှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် မြန်မာ့ဒီမိုကရေစီ အင်အားစုအဖွဲ့များပါဝင်သော ၂ ရက်ကြာ ဆွေးနွေးပွဲကျင်းပနေစဉ် အနုပညာပြခန်းကို ပြသထားခြင်းဖြစ်သည်။ ဆွေးနွေးပွဲတွင် […]

လေကြောင်းတိုက်ခိုက်မှုကြောင့် ထွက်ပြေးသည့်ဒေသခံ ဆိုင်ကယ်မတော်ဆမှုကြောင့်သေဆုံး

Dawei Watch

March 2, 2024

စစ်ကောင်စီတပ်က ထားဝယ်မြို့နယ် ရောင်းမော်အနီးဝန်းကျင်သို့ လေကြောင်းဖြင့် တိုက်ခတ်ချိန် ထွက်ပြေးတိမ်းရှောင်သည့် ဒေသခံတစ်ဦး ဆိုင်ကယ်မတော်တဆမှုဖြစ်ပြီး သေဆုံးသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။ ယနေ့ မတ်လ ၂ ရက် နံနက် ၁၀ နာရီခန့်တွင် စစ်ကောင်စီတပ်က ရောင်းမော်ရွာအနီးသို့ ရဟတ်ယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ရောင်းမော်ရွာထိပ်တွင်တပ်စွဲထားသည့် စစ်ကောင်စီ၊ ပျူစောထီးအဖွဲ့ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က တိုက်ခိုက်ချိန် စစ်ကောင်စီတပ်က လေကြောင်းပစ်ကူဖြင့် ပြန်လည်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအချို့ကပြောသည်။ စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးအများအပြားကြဲချနေသဖြင့် အနီးနားကျေးရွာမှ ဒေသခံများ ကြောက်လန့်ထွက်ပြေးခဲ့ကြရကြေင်း ၎င်းတို့က ဆိုသည်။ ယင်းသို့ ထွက်ပြေးသူများထဲမှ ဆေးဖြတ်ကုန်းရွာသူ အသက် ၂၈ နှစ်အရွယ် မအေးသက်မော်ဆိုသူမှာ ဆိုင်ကယ်မတော်တဆမှုဖြစ်ပွားပြီး သေဆုံးသွားကြောင်း ဒေသခံတို့က ပြောဆိုသည်။ Dawei Watch က တွေ့ရှိထားသည့် ဓာတ်ပုံတစ်ခုထဲတွင်လည်း […]

လောင်းလုံး သဘော့ဆိပ်ရွာကို စစ်ကြောင်းဝင်ရောက်နေပြီး ရွာခံအချို့ဖမ်းခံထားရ

Dawei Watch

March 2, 2024

လောင်းလုံးမြို့နယ် သဘော့ဆိပ်ရွာကို ယနေ့ (မတ် ၂) မနက်စောစောတွင် စစ်ကောင်စီ ခြေလျှင်စစ်ကြောင်း ရောက်ရှိလာပြီး ရွာခံများလည်း အဖမ်းခံထားရကြောင်း ဒေသခံများကပြောသည်။ စစ်ကောင်စီ စစ်ကြောင်းက ယနေ့ နံနက် ၉ နာရီအချိန်ခန့်တွင် သဘော့ဆိပ်ရွာအတွင်း‌ရှိ နေအိမ်အချို့ကို ဝင်ရောက်စစ်ဆေးခဲ့ပြီး ခရီးသွားဒေသခံအချို့ကို ဖမ်းဆီးထားကြောင်း၊ ယနေ့နေ့လယ်ပိုင်းအထိ ဖမ်းဆီးထားသူများမှ အချို့ကိုသာ ပြန်လွတ်ပေးသေးကြောင်း ဒေသခံတစ်ဦးကပြောသည်။ “သေနတ်ပစ်ခတ်တာမျိုးတော့ မကြားရသေးဘူး။ စာသင်ကျောင်းရှေ့မှာ မနက်က ဖမ်းခံထားရသူရှိတယ်။ သုံးယောက်ကပြန်လွတ်လာပါပြီ နှစ်ယောက်ကိုတော့ ဖမ်းခေါ်သွားတယ် ဒဏ်ရာရထားတာလည်းတွေ့ရတယ်”ဟု ၎င်းကပြောသည်။ စစ်ကြောင်းရောက်ရှိနေမှုကြောင့် သဘော့ဆိပ်ရွာသားများ နေအိမ်စွန်ခွာထွက်ပြေးနေကြရပြီး အနီးဝန်းကျင်ကျေးရွာများမှ ဒေသခံများလည်း တိမ်းရှောင်နေကြရကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၅ ရက်နေ့က မောင်းမကန်နယ်မြေရဲစခန်းကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ ယခုရက်ပိုင်းအတွင် […]