ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ရောင်းမော်ရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဆယ်ကျော်သေဆုံးဟု KNLA ပြော

Dawei Watch

March 2, 2024

ထားဝယ်မြို့နယ်၊ ရောင်းမော်ရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဆယ်ကျော်သေဆုံးကြောင်း ကရင် အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA ထံက သိရသည်။ ရောင်းမော်ရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးစခန်းကို ယနေ့ မတ်လ ၂ ရက် နံနက်ပိုင်းတွင် KNLAနှင့် PDF ပူးပေါင်းတပ်တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း KNLA ထံမှ သိရသည်။ အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဆယ်ကျော်သေဆုံးပြီး လက်နက်ခဲယမ်းများစွာ ရရှိကြောင်း KNU တပ်မဟာ ၆ ၏ KNLA တပ်ရင်း (၂၇) နှင့် KNU တပ်မဟာ ၄ တပ်ရင်း (၁၂) ၏ တပ်ရင်းမှူး စောမှူးဂေက ပြောသည်။ “သေနတ် ၁၅ လက်ရတယ်။ ကျွန်တော်တို့ဘက်က တစ်ယောက်ကျတယ်။ လေယာဉ်နဲ့ ဗုံးလာကြဲတာက […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

Dawei Watch

March 2, 2024

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှ မတ် ၂ ရက်နေ့အထိ ရခိုင်မှာ စျေး၊ ဆေးရုံတွေတိုက်ခိုက်ခံရလို့ အရပ်သား အစုလိုက်သေဆုံးဒဏ်ရာရ ရခိုင်ပြည်နယ်မှာ စျေး၊ ဆေးရုံတွေကို လေကြောင်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် အရပ်သားတွေ အစုလိုက်အပြုံလိုက် ထိခိုက်သေဆုံးဒဏ်ရာတွေ ရခဲ့ကြပါတယ်။ စစ်တွေမြို့မစျေးက ကိုရီးယားဆိပ်ကမ်းပျံကျစျေးမှာ ဖေဖော်ဝါရီလ ၂၉ရက်နေ့ နံနက်ပိုင်းက စျေးရောင်း၊ စျေးဝယ်သူတွေနဲ့ စည်ကားနေချိန်မှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ လူ ၁၂ ဦး သေဆုံးပြီး ၈၀ ခန့် ဒဏ်ရာရခဲ့ပါတယ်။ အဲဒီထဲက ၃၀ကျော်က ဒဏ်ရာပြင်းထန်ပြီး အလတ်စား၊ အသေးစား ဒဏ်ရာရတာ ၅၀ လောက် ရှိပါတယ်။ […]

ထားဝယ်အရှေ့တောဒေသက စစ်ဘေးရှောင် ခုနစ်ထောင်ကျော် အကူအညီလိုအပ်

Dawei Watch

March 2, 2024

ထားဝယ်အရှေ့တောဒေသတွင် စစ်ဘေးရှောင်ပြည်သူများအတွက် အကူအညီများ လိုအပ်နေကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၄) က မြိတ်-ထားဝယ်ခရိုင်ထံက သိရသည်။ နှစ်ဖက်တိုက်ပွဲနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင် နေရသည့် ကျေးရွာ ၁၂ ရွာခန့်ရှိပြီး လူဦးရေအားဖြင့် ၇၀၀၀ ကျော်ရှိကြောင်း KNU တပ်မဟာ(၄)က မြိတ်-ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။ စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာ၊ ဆေးဝါး၊ အမိုးအကာနှင့် အိပ်ယာထိုင်ခင်းများ လိုအပ်နေပြီး လူဦးရေတစ်ထောင်ခန့်အတွက်သာ အကူအညီရသေးကြောင်း ၎င်းက ဆိုသည်။ “နေရာချပေးဖို့က ခက်တယ်။ အခြေအနေအရလည်း IDP လိုနေရာမှာ နေရာချထားပေးဖို့ကလည်း လေကြောင်း တိုက်ခိုက်မှုအတွက် စိုးရိမ်တယ်။ သူတို့သွားချင်တဲ့နေရာကို သွားဖို့ကျွန်တော်တို့ခွင့်ပြုတယ်။ သူတို့ လုံခြုံဖို့ အတွက်က အရေးကြီးတယ်။ပြီးမှ လိုအပ်တဲ့အစားအစာတွေ တခြားအကူအညီတွေကို […]

ထိုင်းလွှတ်တော်ထဲတွင် မြန်မာပြည်သူများ၏ ဒုက္ခများကို ပထမဆုံးပြသ

Dawei Watch

March 2, 2024

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ရှိ လွှတ်တော်ထဲတွင် စစ်အာဏာသိမ်းပြီး ၃ နှစ်အကြာ မြန်မာနိုင်ငံအတွင်းရှိ ပဋိပက္ခများနှင့် ပြည်သူများ ဒုက္ခရောက်နေသည့် ပုံရိပ်များကို ယနေ့တွင် ပထမဆုံးအကြိမ် ပြသထားသည်။ မြန်မာတိုင်းရင်းသားများ၏ နေထိုင်မှုပုံစံနှင့် နယ်စပ်တစ်လျှောက်ရှိ စစ်ဘေးရှောင်များ၏ အသုံးအဆောင်များကို အနုပညာလက်ရာပြခန်းအနေဖြင့် ပထမဆုံးအကြိမ် ဖွင့်လှစ်ပြသနေခြင်းဖြစ်သည်။ အနုပညာပြခန်းကို မတ်လ ၂ ရက်နေ့နှင့် ၃ ရက်နေ့များတွင် ပြသထားမည်ဖြစ်ပြီး ပွဲကို Spirit in Education Movement (SEM) က ဦးစီးကျင်းပခြင်းဖြစ်သည်။ ယနေ့တွင် ထိုင်းလွှတ်တော်၌ ၃ နှစ်ကြာ အာဏာသိမ်းထားသော မြန်မာ့အရေး ဖြေရှင်းနိုင်ရန်အတွက် ထိုင်းနိုင်ငံရေးသမားများနှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် မြန်မာ့ဒီမိုကရေစီ အင်အားစုအဖွဲ့များပါဝင်သော ၂ ရက်ကြာ ဆွေးနွေးပွဲကျင်းပနေစဉ် အနုပညာပြခန်းကို ပြသထားခြင်းဖြစ်သည်။ ဆွေးနွေးပွဲတွင် […]

လေကြောင်းတိုက်ခိုက်မှုကြောင့် ထွက်ပြေးသည့်ဒေသခံ ဆိုင်ကယ်မတော်ဆမှုကြောင့်သေဆုံး

Dawei Watch

March 2, 2024

စစ်ကောင်စီတပ်က ထားဝယ်မြို့နယ် ရောင်းမော်အနီးဝန်းကျင်သို့ လေကြောင်းဖြင့် တိုက်ခတ်ချိန် ထွက်ပြေးတိမ်းရှောင်သည့် ဒေသခံတစ်ဦး ဆိုင်ကယ်မတော်တဆမှုဖြစ်ပြီး သေဆုံးသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။ ယနေ့ မတ်လ ၂ ရက် နံနက် ၁၀ နာရီခန့်တွင် စစ်ကောင်စီတပ်က ရောင်းမော်ရွာအနီးသို့ ရဟတ်ယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ရောင်းမော်ရွာထိပ်တွင်တပ်စွဲထားသည့် စစ်ကောင်စီ၊ ပျူစောထီးအဖွဲ့ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က တိုက်ခိုက်ချိန် စစ်ကောင်စီတပ်က လေကြောင်းပစ်ကူဖြင့် ပြန်လည်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအချို့ကပြောသည်။ စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးအများအပြားကြဲချနေသဖြင့် အနီးနားကျေးရွာမှ ဒေသခံများ ကြောက်လန့်ထွက်ပြေးခဲ့ကြရကြေင်း ၎င်းတို့က ဆိုသည်။ ယင်းသို့ ထွက်ပြေးသူများထဲမှ ဆေးဖြတ်ကုန်းရွာသူ အသက် ၂၈ နှစ်အရွယ် မအေးသက်မော်ဆိုသူမှာ ဆိုင်ကယ်မတော်တဆမှုဖြစ်ပွားပြီး သေဆုံးသွားကြောင်း ဒေသခံတို့က ပြောဆိုသည်။ Dawei Watch က တွေ့ရှိထားသည့် ဓာတ်ပုံတစ်ခုထဲတွင်လည်း […]

လောင်းလုံး သဘော့ဆိပ်ရွာကို စစ်ကြောင်းဝင်ရောက်နေပြီး ရွာခံအချို့ဖမ်းခံထားရ

Dawei Watch

March 2, 2024

လောင်းလုံးမြို့နယ် သဘော့ဆိပ်ရွာကို ယနေ့ (မတ် ၂) မနက်စောစောတွင် စစ်ကောင်စီ ခြေလျှင်စစ်ကြောင်း ရောက်ရှိလာပြီး ရွာခံများလည်း အဖမ်းခံထားရကြောင်း ဒေသခံများကပြောသည်။ စစ်ကောင်စီ စစ်ကြောင်းက ယနေ့ နံနက် ၉ နာရီအချိန်ခန့်တွင် သဘော့ဆိပ်ရွာအတွင်း‌ရှိ နေအိမ်အချို့ကို ဝင်ရောက်စစ်ဆေးခဲ့ပြီး ခရီးသွားဒေသခံအချို့ကို ဖမ်းဆီးထားကြောင်း၊ ယနေ့နေ့လယ်ပိုင်းအထိ ဖမ်းဆီးထားသူများမှ အချို့ကိုသာ ပြန်လွတ်ပေးသေးကြောင်း ဒေသခံတစ်ဦးကပြောသည်။ “သေနတ်ပစ်ခတ်တာမျိုးတော့ မကြားရသေးဘူး။ စာသင်ကျောင်းရှေ့မှာ မနက်က ဖမ်းခံထားရသူရှိတယ်။ သုံးယောက်ကပြန်လွတ်လာပါပြီ နှစ်ယောက်ကိုတော့ ဖမ်းခေါ်သွားတယ် ဒဏ်ရာရထားတာလည်းတွေ့ရတယ်”ဟု ၎င်းကပြောသည်။ စစ်ကြောင်းရောက်ရှိနေမှုကြောင့် သဘော့ဆိပ်ရွာသားများ နေအိမ်စွန်ခွာထွက်ပြေးနေကြရပြီး အနီးဝန်းကျင်ကျေးရွာများမှ ဒေသခံများလည်း တိမ်းရှောင်နေကြရကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၅ ရက်နေ့က မောင်းမကန်နယ်မြေရဲစခန်းကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ ယခုရက်ပိုင်းအတွင် […]

လောင်းလုံးရှိ ကျေးရွာအချို့ စက်သုံးဆီပြတ်လပ်

Dawei Watch

March 2, 2024

လောင်းလုံးမြို့နယ်ရှိ ကျေးရွာအချို့တွင် စက်သုံးဆီပြတ်လပ်မည်ဆိုသည့် ကောလာဟလ ထွက်ပေါ်နေပြီး အလုယက်ဝယ်ယူနေကြကြောင်း ဒေသခံတို့ထံမှ သိရသည်။ ထို့ကြောင့် ကျေးရွာအချို့တွင် စက်သုံးဆီများပြတ်လပ်နေပြီး ဝယ်ယူမရဘဲဖြစ်နေကြောင်း ၎င်းတို့က ဆိုသည်။ လောင်းလုံးမြို့၏ တောင်ဘက်ကျေးရွာများတွင် ယင်းကဲ့သို့ စက်သုံးဆီပြတ်နေခြင်းဖြစ်ပြီး အလုအယက် လိုက်လံဝယ်ယူနေကြခြင်းဖြစ်သည်။ “ဒီမနက်(ဆိုင်ကယ်)ဆီလိုက်ထည့်တာ နှစ်လီတာပဲ ရလာတယ်။ အဲဒါတောင် တန်းစီစောင့်ပြီးမှရတာ။ ရလိုရငြားလိုက်မေးနေတဲ့သူလည်းတစ်ပုံကြီးပဲ” လို့ လောင်းလုံးမြို့နယ် ကဒက်ကြီးကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။ ရန်ကုန်- မော်လမြိုင်ကားလမ်းပေါ်ရှိတံတားပျက်စီးသွားခြင်း၊ ရန်ကုန်ဆိပ်ကမ်းရှိ စက်သုံးဆီတင်သင်္ဘော မီးလောက်သွားခြင်း၊ ထားဝယ်- လောင်းလုံးလမ်းပိုင်းရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်က စက်သုံးဆီတင်ဆောင် လာသည့်ကားများကို ဖြတ်သန်းခွင့်မပြုခြင်းကြောင့် စက်သုံးဆီပြတ်လပ်မည်ဆိုသည့် ကောလာဟလသတင်းများထွက်ပေါ်လျှက်ရှိသည်။ ယင်းနောက်စက်သုံးဆီဝယ်ယူသူများလာပြီး ပြတ်လပ်သွားခြင်းဖြစ်သည်။ ထားဝယ်မြို့ပေါ်တွင်မူ စက်သုံးဆီပြတ်လပ်ခြင်းမရှိကြောင်းစုံစမ်းသိရှိရသည်။ ဒေသတွင်းကျေးရွာများကို စက်သုံးဆီဖြန့်ဖြူးရောင်းချပေးနေသည့် ထားဝယ်မြို့ကမ်းနားလမ်းရှိ စက်သုံးဆီအရောင်းကုမ္ပဏီတစ်ခုတွင်မူ ဓာတ်ဆီအမျိုးအစားတစ်ခုပြတ်လပ်နေသည်မှာ ၂ ရက်ရှိနေပြီဖြစ်ကြောင်း […]

သရက်ချောင်း ရောင်းမော်ရွာဘက်တွင် တိုက်ပွဲဖြစ်၊ စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲ

Dawei Watch

March 2, 2024

သရက်ချောင်းမြို့နယ်၊ ရောင်းမော်ရွာဘက်တွင် စစ်ကောင်စီ၊ ပျူစောထီးနှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ နှစ်ဖက်တိုက်ပွဲပွားဖြစ်နေပြီး စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ကြောင်း ဒေသခံအချို့က ပြောသည်။ ယနေ့ မတ်လ ၂ရက် နံနက် ၅ နာရီခွဲခန့်တွင် ရောင်းမော်ရွာထိပ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့ စခန်းချနေထိုင်သည့် နေရာကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ကြောင်း ၎င်းတို့က ဆိုသည်။ နံနက် ၁၀ နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားသည့်နေရာနှင့် အနီးပတ်ဝန်းကျင်ကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ကြောင်း ကင်းရှေ့ရွာက ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့က ပြန်ကြားရေးတာဝန်ခံ ရဲဘော်ကျောက်ခဲကမူ “အခုထိ ကြဲနေသေးတယ်။ လေယာဉ်က တစ်စီးပဲ။ Mi-2 စစ်ရောင်၊ ကြဲတာကတော့ စော်ဖျား၊ အင်းပြားတဝိုက်ပဲ။ လူတွေလည်း အခုပြေးနေလွှားနေကြတယ်” ဟု ယနေ့ နံနက် […]