ဘီးလင်း ပျဉ်သာတံတား မိုင်းခွဲခံရပြီး ပြိုကျပျက်စီး
Dawei Watch
March 6, 2024မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ပျဉ်သာကျေးရွာ ဘီးလင်း-ဖာပွန်ကားလမ်းပေါ်ရှိ ပျဉ်သာတံတား ယနေ့ မတ်လ ၆ရက် နံနက်ပိုင်းက မိုင်းခွဲဖျက်ဆီးခံရပြီး ပြိုကျပျက်စီးသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။ အရှည် ပေ ၁၂၀၊ အကျယ် ၂၄ ပေရှိသည့် ပျဉ်သာတံတားသည် ယနေ့ နံနက် ၁ နာရီကျော်က မိုင်းဖောက်ခွဲခံရခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ မိုင်းဖောက်ခွဲခံရမှုကြောင့် တံတားပြိုကျ ပျက်စီးသွားပြီး ကား၊ ဆိုင်ကယ်များ ဖြတ်သန်းသွားလာ၍ မရသည့်အခြေအနေဖြစ်နေကြောင်း ဒေသခံတို့က ပြောဆိုသည်။ “လောလောဆယ် တံတားက ဖြတ်သန်းသွားလာလို့ မရတော့ဘူး။ လုံးဝကိုပြိုကျပျက်စီးသွားတယ်။ အဲဒီဒေသတဝိုက်က လူတွေကတော့ သွားလာရေးအတွက် အခက်အခဲဖြစ်သွားပြီး” ဟု ဒေသခံတစ်ဦးက ပြောသည်။ ပျဉ်သာတံတားသည် ဘီးလင်းမြို့နယ်နှင့် ဖာပွန်မြို့နယ်ကို ဆက်သွယ်ထားသည့် ခရိုင်ချင်းဆက် လမ်းပေါ်ရှိ တံတားဖြစ်ပြီး […]


