တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ
Dawei Watch
March 8, 2024ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ မတ်လ ၂ ရက်နေ့မှ ၈ ရက်နေ့အထိ ဘန်ကောက်လေဆိပ်တွင် ပန်ဒါနီအပါအဝင် တိရိစ္ဆာန် ၈၇ ကောင်ကို မှောင်ခိုသယ်ရန် ကြိုးပမ်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်ရဲ့ သုဝဏ္ဏဘူမိလေဆိပ်မှာ ခရီးဆောင်အိတ်တွေထဲကနေ မျိုးသုဉ်းပျောက်ကွယ်ဖို့ အန္တရာယ်ရှိနေတဲ့ ပန်ဒါနီတစ်ကောင် အပါအဝင် တိရိစ္ဆာန် ၈၇ ကောင်ကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ မတ်လ ၆ ရက်နေ့က ထိုင်းအာဏာပိုင်များက ထုတ်ပြန်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ကို ပျံသန်းမယ့် လေကြောင်းခရီးစဉ်ပေါ် လိုက်ပါမယ့် အိန္ဒိယနိုင်ငံသား ၆ ယောက်ရဲ့ ခရီးဆောင်အိတ်တွေထဲကနေ ရှာတွေ့ခဲ့တာပါ။ ခရီးဆောင်အိတ်တွေထဲကနေ ပန်ဒါနီ၊ cotton-top tamarin လို့ခေါ်တဲ့ မျောက်တစ်မျိုး၊ ကြောင်တံငါနဲ့ ဆူလာဝီစီဝက်ဝံတစ်ကောင် […]


